အခန်း (၈၉၀)
Vol. 60 Ch. 890
လင်စန်မှာ သူ့ထံသို့ တစ်ဟုန်ထိုးလာနေသော သိပ်သည်းများပြားလှသည့် ယင်ဝိညာဉ်များကို မြင်တွေ့လိုက်ရသည်။ သူ့၌ အနည်းငယ်သော ခုခံနိုင်စွမ်းပင်ရှိမနေချေ။ အရမ်းကြောက်လန့်လွန်းသောကြောင့် သူ၏ မျက်နှာပင် ဖြူဖျော့နေသည်။
လင်စန်ကသူ၏ခေါင်းကိုမော့လိုက်ပြီး ရှစ်ဖုန့်ထံအော်ပြောလိုက်သည်။
“ယိုမင် မင်းတစ်ခုခုပြောစရာရှိတယ်ဆိုရင် ပြောရအောင်.. အဲ့မကောင်းဆိုးဝါးလေးအကြောင်း သတင်းလေးပဲမလား. ငါမင်းကိုပြောပြမယ်.ငါသိသမျှ အကုန်မင်းကိုပြောပြမယ်”
လင်စန်မှာ ထပ်ပြီးခေါင်းမာရဲခြင်းမရှိပေ။
ဤအချိန်တွင်ရှစ်ဖုန့်မှာ လင်စန်၏စကားတို့အားကြားပြီးနောက် အောက်ရှိ ဝိညာဉ်ထံသို့သူ၏ခေါင်းကိုအနည်းငယ်ခါယမ်းပြလိုက်ပြီး ပြောလိုက်သည်။
“မင်းကအခုမှပြောချင်တာလား. ဒါပေမဲ့စိတ်မကောင်းပါဘူး. အရမ်းနောက်ကျသွားပြီ.. တစ္ဆေထောင်ပေါင်းများစွာရဲ့ကိုက်ခဲမှုကို မင်းမြည်းစမ်းပြီးမှာ အမှန်ကိုပြောလိမ့်မယ်လို့ငါထင်တယ်”
“မင်းကအခြားတစ်ဖက်မှာ အဲ့ဆန်ကုန်မြေလေးတွေနဲ့ ပူးပေါင်းပြီးထျန်းယောင်တောင်မှာ ငါ့ကိုသတ်ဖို့ကြိုးစားခဲ့တယ်. ဒီအပြစ်ပေးမှုက မင်းနဲ့ထိုက်တန်တယ်”
“ကောင်းပြီး အဓိပ္ပါယ်မရှိတာတွေမပြောကြစို့..ပျော်ပျော်ပါးပါးတစ်ချက်ကြိုးစားကြည့်ရအောင်”
ရှစ်ဖုန့်စကားပြောပြီးပြီးချင်းသူ့မျက်နှထက်ရှိ ပြည်တည်တည်အမူအယာက ပျောက်ကွယ်သွားပြီး အေးစက်မှုတစ်ခုအဖြစ်ပြောင်းလဲသွားသည်။
“ဟင့်အင်း..မဟုတ်ဘူး.မဟုတ်ဘူး.မလုပ်နဲ့”
များပြားလှသောယင်ဝိညာဉ်များကလင်စန်၏ဝိညာဉ်ကိုဝန်းရံလာသည်။ လင်စန်လွန်စွာတုန်လှုပ်သွားသည်။ သူ၏မျက်လုံးတို့ကပြူးကျယ်နေပြီး ငယ်သံပါအောင်အော်ဟစ်လိုက်၏။
ထို့နောက်များပြားလှသောယင်ဝိညာဉ်များက လင်စန်ထံ ထိုးဆင်းလာသည်။
“အား..အား..အား.အား..အား..အား.”
နှိုင်းယှဉ်ဖော်ပြ၍မရနိုင်လောက်သော စူးစူးဝါးဝါးအော်သံက ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ပဲ့တင်ထပ်လာသည်။
ရှစ်ဖုန့်ကအောက်သို့ အေးစက်စွာကြည့်နေဆဲဖြစ်ပြီး ယင်ဝိညာဉ်ထောင်ပေါင်းများစွာ၏ကိုက်ခဲမှုအားခံစားပြီးနောက် နာခံလာမည့်လင်စန်ကိုစောင့်ဆိုင်းနေသည်။
ဝိညာဉ်က ဤမျှနာကျင်မှုကိုခံစားတွေ့ကြုံပြီးနောက် မည်သူကမျှ ထပ်မံခံစားကြည့်ချင်ရဲမည်မဟုတ်သလို ခေါင်းလဲမာရဲမည်မဟုတ်ပေ။
ရှစ်ဖုန့်ကနှစ်နာရီအထိစောင့်နေခဲ့၏။ နှစ်နာရီပြည့်ပြီးနောက် ရှစ်ဖုန့်ကအော်ပြောလိုက်သည်။
“ပျောက်ကွယ်စမ်း”
ယင်ဝိညာဉ်များမှာ ခမ်းနားထည်ဝါသော အသံကိုကြားလိုက်ရသည်နှင့် နောက်ထပ်တစ်ကြိမ် ထိတ်လန့်သွားကြပြီး ဘက်ပေါင်းစုံသို့ ဆုတ်ခွာထွက်ပြေးသွားကြသည်။ မကြာခင် လင်စန်၏ဝိညာဉ်ကပြန်လည်ပေါ်လာသည်။
သို့သော် ဤအကြိမ်တွင် လင်စန်မှာ စုတ်ပြတ်နေပြီး မှတ်မိဖို့ပင်ခဲယဉ်းကာ လေထဲက ဖယောင်းတိုင်တစ်ခုနှယ်ဖြစ်နေသည်။
“ဝိညာဉ်ပြန်လာခြင်း”
ရှစ်ဖုန့်က ထပ်မံအော်ပြောလိုက်သည်။ ရှစ်ဖုန့်၏စိတ်ထိန်းချုပ်မှုအောက်တွင် လင်စန်၏ဝိညာဉ်က ရှစ်ဖုန့်လက်ထဲရှိဆုပ်ကိုင်ထားသောခန္ဓာကိုယ်အတွင်းသို့ရောက်သည်အထိ မျောလွင့်လာသည်။ ရှစ်ဖုန့်၏စိတ်ထိန်းချုပ်မှုအောက်တွင် ဝိညာဉ်နှင့်ခန္ဓာကိုယ်က လျှင်မြန်စွာပြန်လည်ပေါင်းစည်းသွားသည်။
လင်စန်၏ကိုယ်ကရုတ်ခြည်းတုန်ယင်သွားသည်။ သူ၏ ဝိညာဉ်က ကာယခန္ဓာကိုယ်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်၏။ သူ့ဝိညာဉ်၏ကြီးစွာသောထိခိုက်ဒဏ်ရာ ရမှုကြောင့် သူ၏မျက်နှာကရုတ်ခြည်းသေလုနီးပါးဖြူဖျော့သွားသည်။ ၎င်းက အဖြူရောင်စက္ကူတစ်ရွက်နှယ်ဖြစ်သည်။ လွန်စွာ ပြင်းထန်သော နာမကျန်းမှုအားထိတွေ့ဖြတ်ကျော်ခဲ့ရသည့်လူတစ်ယောက်နှယ်ဖြစ်သည်။
ထို့နောက်လင်စန်၏မျက်လုံးတို့ ဖြည်းညှင်းစွာပွင့်လာသည်။
“အခုမင်းဘယ်လိုခံစားရလဲ”
ရှစ်ဖုန့်ကလင်စန်အား အေးစက်သောအပြုံးတစ်ခုနှင့်မေးလိုက်သည်။
“ယိုမင်..မင်း”
ရှစ်ဖုန့်၏စကားမှလင်စန်အသိ ပြန်ဝင်လာသည်။ ရှစ်ဖုန့်အားသူထပ်မံကြည့်ချိန်တွင် သူ၏မျက်နှာထက်၌ မကျေချမ်းမှုတို့ဖြင့်ပြည့်နှက်နေပြီး သူ့ရှေ့ရှိထိုလူအား တကယ် ဝါးမျိုပစ်ချင်သကဲ့သို့ပင်ဖြစ်သည်။
အစောပိုင်းကတွေ့ကြုံခံစားခဲ့ရသော တစ္ဆေထောင်ပေါင်းများစွာကိုက်ခဲခြင်းကိုခံရသည့်နာကျင်မှုက သူ့အား အပိုင်းပိုင်းစုတ်ဖြဲပစ်တော့မည်သကဲ့သို့ ခံစားရစေသည်။ တစ္ဆေထောင်ပေါင်းများစွာ၏ကိုက်ခဲခံရခြင်းထက် ပို၍နာကျင်စေသော မည်သည့်အပြစ်ပေးမှုမျိုးကိုမှ လင်စန်စဉ်းစား၍မရချေ။
“မင်းညှင်းပန်းနှိပ်စက်ခံရတာ မလုံလောက်သေးတဲ့ပုံပဲ”
လင်စန်၏ မကျေမချမ်းဖြစ်နေသော မျက်နှာအားကြည့်၍ ရှစ်ဖုန့်၏မျက်နှာကပြောင်းလဲသွားပြီး လင်စန်ကိုအေးစက်စွာပြောလိုက်သည်။
ရှစ်ဖုန့်၏ စကားတို့အားကြားပြီးနောက် လင်စန်၏ မျက်နှာကထပ်မံပြောင်းလဲသွားသည်။ သူ၏မျက်နှာထက်မှ မကျေချမ်းမှုတို့က ချက်ချင်းပျောက်ကွယ်သွားပြီး ရှစ်ဖုန့်အား အသနားခံသောလေသံဖြင့်လျှင်မြန်စွာပြောလိုက်သည်။
“ ဟင့်အင်း..ဟင့်အင်း. လုံလောက်ပါပြီ..လုံလောက်ပြီ.. လုံလောက်ပါပြီ”
“လင်မိသားစုကနေ မင်းတို့ပြန်ခေါ်သွားတဲ့လင်ရွှင်းရဲ့သမီး ဘယ်လိုနေလဲ”
ရှစ်ဖုန့်ကထပ်မံမေးလိုက်၏။ ယခုအချိန်၌သူဂရုအစိုက်ဆုံးသောသူမှာ သူ၏ညီမဖြစ်သူရှစ်လင်ပင်ဖြစ်သည်။
“ကောင်းတယ်..အရမ်းကောင်းတာ.. သူလင်မိသားစုကိုပြန်ရောက်ရောက်ချင်း ငါတို့လင်မိသားစိုက သူ့ကို ပျော်အောင်အကောင်းဆုံးကျင့်ကြံမှု အရင်းအမြစ်တွေကိုပေးထားတယ်”
လင်စန်ကပြန်ဖြေလိုက်သည်။
“အကောင်းဆုံးကျင့်ကြံမှုအတွက် အရင်းအမြစ်တွေကိုမင်းတို့က ပေးထားတာလား..”
လင်စန်၏ စကားတို့အားကြားရသောအခါတွင် ရှစ်ဖုန့်ကမျက်မှောင်ကြုတ်သွားပြီး အံ့အားသင့်မှုနှင့် စိတ်ရှုပ်ထွေးမှုအမူအယာတစ်ခုကို ပြသလာသည်။ ထို့နောက်တစ်စုံတစ်ခုကိုတွေးမိပြီး လင်စန်အားထပ်မံမေးလိုက်သည်။
“မင်းတို့ရဲ့ရည်ရွယ်ချက်ကဘာလဲ”
“ငါတို့..လင်မိသားစုက… ငါတို့ရဲ့..လင်မိသားစုက..”
လင်စန်ထပ်မံပြောလိုက်ချိန်တွင် သူ၏မျက်နှာထက်၌ တုန့်ဆိုင်းမှုတို့ဖြစ်ပေါ်လာသည်။
လင်စန်၏ တုန့်ပြန်မှုအားတွေ့ရသောအခါတွင် ရှစ်ဖုန့်ကစိတ်မရှည်စွာ ပြောလိုက်သည်။
“ငါထပ်မေးလို့ မင်းထပ်ပြီးထစ်ငေါ့နေရင် နောက်တစ်ကြိမ် မင်းသူတို့လိုဖြစ်လိမ့်မယ်.. မင်းအဲ့အောက်မှာ ထာဝရနေရမယ်”
ရှစ်ဖုန့်ကစကားပြောရင်းအောက်ဘက်ရှိ သွေးမြစ်ကိုထိုးညွှန်ပြလိုက်သည်။ ဤအချိန်တွင် ထိုနေရာ၌ တစ္ဆေများဖြင့်ပြည့်ကျပ်နေပြီး မိုဖန်းချန်၊ဝူချန်ရွှယ်နှင့်အခြားသူများ၏ ဝိညာဉ်အကျွင်းအကျန်များကို ကိုက်ခဲနေသည်။
ရှစ်ဖုန်၏စကားအားကြားလိုက်ရချိန်တွင် လင်စန်ထပ်မံတုန်ယင်သွားသည်။ သူ့ရှေ့ရှိလူကတကယ်ရက်စက်သောသူဖြစ်သည်ကို သူသိသည်ဖြစ်သည်။ ၎င်းကဘာမဆိုလုပ်နိုင်စွမ်းရှိ၏။ သူကလျှင်မြန်စွာပြောလိုက်သည်။
“ဟင့်အင်း.ငါမလုပ်ဘူး.ငါတကယ်မလုပ်ပါဘူး.. ငါသိသမျှအကုန်ငါမင်းကိုပြောပြပါမယ်.. ငါတို့လင်မိသားစုမှာ ငါတို့ဘိုးဘေးလင်ဝူ အမွေပေးခဲ့တယ် ကျောက်စိမ်းဆွဲသီးရှိတယ်..ဒါပေမဲ့ငါတို့ကအဲ့တာကို အသက်မသွင်းနိုင်ဘူး. မွေးရာပါစိတ်ဝိညာဉ်ခန္ဓာကိုယ်နဲ့သူကပဲ အဲ့တာကိုအသက်သွင်းနိုင်တာ”
“ကျောက်စိမ်းဆွဲသီးမှာ ဘာလျှို့ဝှက်ချက်တွေရှိလို့လဲ”
ရှစ်ဖုန့်ကထပ်မံမေးလိုက်သည်။
“ဒါက…ကျောက်စိမ်းဆွဲသီးမှာ ငါတို့ဘိုးဘေး အမွေပေးခဲ့တဲ့ အထွတ်အထိပ် ကျင့်ကြံခြင်းပညာရပ်နဲ့သိုင်းပညာရပ်တွေတင်မကဘူး.. နတ်ဘုရားတစ်ပါးဖြစ်လာနိုင်တဲ့လျှို့ဝှက်ချက်နဲ့ ငါတို့ဘိုးဘေးရဲ့ ရွှမ်းလက်နက်ကို မြှုပ်နှံထားတဲ့ နေရာပါပါတယ်.. သူသာကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ဖြစ်လာတဲ့အချိန်ကြရင် ကျောက်စိမ်းဆွဲသီးရဲ့လျှို့ဝှက်ချက်တွေကို အပြည့်အဝ ဖွင့်နိုင်လိမ့်မယ်”
လင်စန်ကပြောလိုက်၏။
“လင်မိသားစုရဲ့ကျောက်စိမ်းဆွဲသီး”
ရှစ်လင်အားသူ၏မိခင်ကောက်ယူခဲ့စဉ်က သူမ၌ “လင်”ဟူသောစကားလုံးကို ထိုးထွင်းထားသည့် ကျောက်စိမ်းဆွဲသီးတစ်ခုဝတ်ဆင်ထားသည်ကို ရှစ်ဖုန့်ချက်ချင်းပြန်အမှတ်ရလိုက်သည်။ သူက၎င်းအားတစ်ခါစူးစမ်းရန်ကြိုးပမ်းခဲ့သော်လည်း စွမ်းအားကြီး အားတစ်ခုကသူ့ကိုတားမြစ်ရပ်တန့်ခဲ့၏။
ကျောက်စိမ်းဆွဲသီး၌ ပါဝင်သောသတင်းအချက်လောက်ကိုသာရှစ်ဖုန့်ရရှိခဲ့သည်ဖြစ်၏။
“ဒီတော့အဲ့ကောင်မလေးက မင်းတို့လင်မိသားစု ထိန်းချုပ်မှုအောက်ကိုရောက်နေတယ်ပေါ့ သူကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ဖြစ်လာတဲ့အချိန်ကြရင် သူ့ကိုမသတ်ခင်အရင်မင်းတို့က လျှို့ဝှက်ချက်ကိုအတင်းအကျပ် ပြောခိုင်းမှာပေါ့”
ရှစ်ဖုန့်ကထပ်မံအေးစက်စွာပြောလိုက်သည်။
သို့သော်အချက်အလက်များအား ရရှိပြီးမှဖြစ်သောကြောင့် သူစိတ်သက်သာရာရစွာဖြင့်ဖြည်း ညှင်းစွာသက်ပြင်းချမိသည်။ ထိုသို့ဆိုလျှင်သူ၏ညီမဖြစ်သူ ရှစ်လင်အနေဖြင့် အချိန်တစ်ခုအထိ အသက်အန္တရာယ်ရှိလိမ့်မည်မဟုတ်ပေ။
“ဟုတ်ပါတယ်..အမှန်ပဲ”
လင်စန်က အမှန်အတိုင်းဖြေလိုက်သည်။
ထို့နောက်လင်စန်ကပြောလိုက်သည်။
“ဒါကဖြစ်သမျှအကုန်ပဲ. ငါသိသမျှမင်းကိုပြောပြပြီးပြီ.အခု မင်းငါ့ကိုလွှတ်ပေးနိုင်မလား..ဒီဘဝမှာ ငါမင်းနဲ့ထပ်ပြီးလုံးဝရန်သူမလုပ်တော့ပါဘူးလို့ ကျိန်ဆိုတယ်.. အကယ်၍ ငါသာဒီကျမ်းကျိန်တာကို ချိုးဖောက်ခဲ့ရင် ကမ္ဘာပေါ်က အားအကောင်းဆုံး ကပ်ဘေးဒုက္ခကိုခံစားရပြီး ပြာအဖြစ်ပြောင်းလဲသွားပါစေ”
“မင်းကိုလွှတ်ပေးရမှာလား”
လင်စန်၏ စကားများနှင့်ကျမ်းကျိန်မှုတို့အား ကြားပြီးနောက် ရှစ်ဖုန့်ကသရော်ပြုံးပြုံးလိုက်ပြီး ပြောလိုက်သည်။
“အကယ်၍ငါသာ အဲ့နေ့ကထျန်းယောင်တောင်ပေါ်မှာ မင်းလက်ထဲကျရောက်သွားရင် မင်းကောငါ့ကိုလွှတ်ပေးမှာလား.. မင်းကငါ့အသက်ကိုလိုချင်တာကြောင့် မင်းလဲသေဖို့အတွက်ပြင်ဆင်ထားရမှာပဲ”
“ရက်နည်းနည်းနေပြီးရင် ငါမင်းတို့လင်မိသားစုကိုသွားမှ ပြီးမှ မင်းကိုသတ်မယ်”
ရှစ်ဖုန့်ကစကားပြောပြီးနောက် လင်စန်နှင့်ထပ်မံစကားပြောအချိန်ဖြုန်းခြင်းမရှိချေ။သူကလင်စန်ကိုဆုပ်ကိုင်ပြီး ကောင်းကင်ထဲသို့လျှင်မြန်စွာပျံသန်းလိုက်သည်။ မကြာခင် ရှစ်ဖုန့်၏ ရှေးဟောင်းရတနာများအား လေ့လာနေသော ရှောင်းထျန်းရီကိုသူတွေ့လိုက်သည်။ သွေးနီရောင်အလင်းတစ်ချက် လင်းလက်သွားပြီး ရှစ်ဖုန့်က လင်စန်အားသွေးကျောက်ပြားအတွင်းသို့ ထပ်မံထည့်ထားလိုက်သည်။
ဤအချိန်တွင် လာနေသောရှစ်ဖုန့်အား မြင်တွေ့လိုက်ရသည့်ရှောင်းထျန်းရီက ရှစ်ဖုန့်အားရုတ်တရက်ပြောလိုက်သည်။
“ဆရာ.. ဒီရက်တွေမှာဒီပျက်စီးနေတဲ့ သွေးကျောက်ပြားကို ကျွန်တော်လေ့လာခဲ့တယ်.. ကျွန်တော့်ရဲ့လက်ရှိကျွမ်းကျင်မှုနဲ့ဆိုရင် ဒါကနည်းနည်းလောက်တော့ပြင်လို့ရနိုင်တယ်… ဒါက ထပ်ပြီးပျက်စီးတော့မှာမဟုတ်ဘူး”
ဆက်ရန်……..
ဘာသာပြန်သူ-ARISE