← Chapters

အခန်း (၈၉၁)

Vol. 60 Ch. 891

အခန်း (၈၉၁)

Vol. 60 Ch. 891

“အိုး..ဒါကတကယ်ပြန်ပြင်နိုင်တာလား”

ရှောင်းထျန်းရီက သွေးကျောက်ပြားအားပြန်နိုင်သည်ဟု ပြောသည်ကို ကြားရသောအခါတွင် ရှစ်ဖုန့်၏ အမူအယာကပြောင်းလဲသွားသည်။

သွေးကျောက်ပြားကတကယ့်ကို ရတနာတစ်ပါးဖြစ်သည်။ ၎င်း၌ အကန့်သတ်မဲ့သောနေရာလွတ်တစ်ခုရှိပြီး လွန်စွာအသုံးဝင်သည်ဖြစ်သည်။ ၎င်းက ကမ္ဘာငယ်လေးတစ်ခုကဲ့သို့ပင်ဖြစ်၏။

သို့သော်သူ၎င်းအားရရှိစဉ်တွင်၎င်းက များစွာထိခိုက်ထားပြီးဖြစ်သည်။ ရှစ်ဖုန့်အနေဖြင့် ၎င်းလုံးဝထိခိုက်ပျက်စီးသွားပြီး ထပ်မံသုံးမရနိုင်တော့မည်ကို စိတ်ပူခဲ့သည်ဖြစ်၏။

“လုံးဝပြင်နိုင်ဖို့ကတော့ လက်ရှိကျွန်တော်ရဲ့သန့်စင်မှုမှာကျွမ်းကျင်မှုအရတော့ ပင်ကိုယ်အားဖြင့်မဖြစ်နိုင်သေးဘူး.. ဒါပေမဲ့..ထပ်ပြီးထိခိုက်မှုမရှိဘဲ တည်ငြိမ်သွားအောင်တော့ ကျွန်တော် ပြန်ပြင်နိုင်တယ်.”

ရှောင်းထျန်းရီက အမှန်အတိုင်းဖြေလိုက်၏။

ခဏရပ်တန့်ပြီးနောက် ရှောင်းထျန်းရီက ဆက်ပြောသည်။

“ကျွန်တော်အာရုံခံမိတယ်. အခု ဒီသွေးကျောက်ပြားက ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်စွမ်းအားကို ထုတ်လွှတ်နိုင်တယ်..ဒါပေမဲ့ အရမ်းကိုထိခိုက်မှုဖြစ်ထားတယ်.. အကယ်၍ထပ်ပြီးသာအသက်သွင်းလိုက်ရင် ဒါကလုံးဝပျက်စီးသွားတော့မှာ”

“ကျွန်တော်ပြန်ပြင်ပြီးရင် ဒါကကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ် တစ်ယောက်ရဲ့စွမ်းအားမျိုးထုတ်လွှတ်နိုင်မယ်လို့ ကျွန်တော့်ကို ကျွန်တော်ယုံကြည်မှုရှိတယ်.. အဲ့ထာထက်ပိုတာက ထပ်ပြီးထိခိုက်ပျက်စီးတော့မှာမဟုတ်ဘူး”

ရှောင်းထျန်းရီ၏ စကားတို့အားကြားပြီးနောက်ရှစ်ဖုန့်က ခေါင်းညိမ့်လိုက်သည်။ သူကပြောလိုက်၏။

“ကောင်းပြီ..ဒါဆို နောက်ရက်အနည်းငယ်အတွင်းမင်းဒီသွေးကျောက်ပြားကို စပြီးတော့ပြင်နိုင်တယ်”

“အင်း”

ရှောင်းထျန်းရီက ပြန်တုန့်ပြန်လိုက်သည်။ ထို့နောက် သူက သွေးကျောက်ပြားကိုစတင်ပြင်ဆင်လိုက်၏။ ဝုန်းဆိုသောအသံတစ်ခုနှင့်အတူ သူ၏လက်ဖဝါးအတွင်း နှင်းဖြူရောင်မီးတောက်အမျှင်တန်းလေးများထွန်းလင်းလာသည်။

ထို့နောက်ရှောင်းထျန်းရီက နှင်းဖြူရောင် မီးပြင်းဖိုအားသူ၏သိုလှောင်လက်စွပ်အတွင်းမှ ထုတ်ယူလိုက်သည်။

“အမ်”

ဤအချိန်တွင် သိပ်မဝေးသောနေရမှာ စွမ်းအင်အတက်အကျကိုခံစားမိသောကြောင့်ရှစ်ဖုန့်က ရုတ်တရက်မျက်မှောင်ကြုတ်လိုက်သည်။ စွမ်းအင်အတက်အကျလာရာနေရာက လောချင်းချွမ်ရှိသော ဘက်မှဖြစ်၏။

ရှစ်ဖုန့်ကရှောင်းထျန်းရီအားလျှင်မြန်စွာပြောလိုက်သည်။

“မင်းရဲ့ စတုတ္ထစီနီယာအကို လှုပ်ရှားမှုတစ်ခုပြုလုပ်လာပြီ.. ငါအဲ့ကိုတစ်ချက်သွားကြည့်အုံးမယ်”

“သွားပါဆရာ”

ရှောင်းထျန်းရီကပြောလိုက်သည်။ သူ၏ လက်တို့က စနစ်တကျ သေသေသပ်သပ်အသွင်ဖြင့် အလုပ်လုပ်နေဆဲဖြစ်၏။ရှစ်ဖုန့်၏စကားတို့က သူ၏သန့်စင်ခြင်းနည်းစနစ်များ အပေါ်လုံးဝသက်ရောက်မှုမရှိပေ။

ထို့နောက်ရှစ်ဖုန့်၏ ပုံရိပ်က လှုပ်ရှားသွားပြီး လောချင်းချွမ်ရှိရာဘက်သို့လျှင်မြန်စွာပျံသန်းသွားသည်။

ရှစ်ဖုန့်ရောက်လာသောအခါတွင် ဟင်းလင်းပြင်ထဲ၌တင်ပျဉ်ခွေထိုင်နေသော လောချင်းချွမ်ကို မြင်တွေ့လိုက်ရရုံသာမက လင်ယဲ့ဖုန်း၊ မိုရှောင်ယောင်နှင့် နင်ချန်တို့ကိုပါထိုနေရာ၌မြင်တွေ့လိုက်ရသည်။

အားလုံး၏ မျက်လုံးများက လောချင်းချွမ်အပေါ်၌ရှိနေ၏။

ဤအချိန်တွင် ငရဲဘုံဘုံနန်းအတွင်းရှိ လွန်စွာအေးစက်သောယင်စွမ်းအင်လှိုင်များက တလိပ်လိပ်ထနေသော ဒီရေအနလား လောချင်းချွမ်ထံသို့ဦးတည်နေသည်။ လောချင်းချွမ်၏ကိုယ်က ဧရာမတောင်ကြီးတစ်လုံးကဲ့သို့ တလိပ်လိပ်ထနေသောစွမ်းအင်များအား သူ၏နှလုံးနှင့်ထိတွေဝါးမျိုနေ၏။

“နောက်ဆုံးတော့ဒီကလေးဒီခြေလှမ်းကိုရောက်သွားပြီ”

ရှစ်ဖုန့်ကစွမ်းအင်များကိုဝါးမျို နေသည့်လောချင်းချွမ်အားကြည့်၍ တီးတိုးရေရွတ်လိုက်သည်။

ရှစ်ဖုန့်ကတီးတိုးရေရွတ်နေသကဲ့သို့ ဟင်းလင်းပြင်ထဲ၌ကိုးရက်ကြာထိုင်နေခဲ့သောလောချင်းချွမ်၌ ရုတ်တရက် အဖြူရောင်အလင်းတစ်ခုလင်းလက်လာသည်။

လွန်ခဲ့သောကိုးရက်က ရှစ်ဖုန့်၏လမ်းညွှန်ပြသမှုအောက်တွင် လောချင်းချွမ်တစ်ယောက် ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ခြေလှမ်းတစ်ဝက်သို့ဝင်ရောက်ခဲ့သည်။ ယနေ့ ကိုးရက်ကြာမြင့်ပြီးနောက်တွင် သူက ကျန်နေသော ခြေလှမ်းကို ဖြတ်ကျော်ပြီး ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်သို့ အစစ်အမှန်ခြေချကာ အထွတ်အထိပ်ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်တစ်ဦးဖြစ်လာသည်။

အဖြူရောင်အလင်းကပျောက်ကွယ်သွားပြီး လောချင်းချွမ်၏ပုံရိပ်က အားလုံး၏မျက်လုံးရှေ့၌ တစ်ဖန်ပြန်ပေါ်လာသည်။ လောချင်းချွမ်၏ကိုယ်မှ စွမ်းအားကြီး အော်ရာတစ်ခု ထိုးတက်လာ၏။

သူ့ထံသို့ဦးတည်နေသောလွန်စွာအေးစက်မှောင်မိုက်သောစွမ်းအင်များကလည်း ပျောက်ကွယ်သွားသည်။ မျက်လုံးများပိတ်ထားသောလောချင်းချွမ်က သူ၏မျက်လုံးတို့ကိုဖြည်းညှင်းစွာဖွင့်လိုက်သည်။

“ဟားဟား. ဟားဟားဟားဟား… ဟားဟားဟားဟားဟား”

ဤအချိန်တွင် လောချင်းချွမ်က သူ့ရှေ့ရှိလူများ၏အကြည်များအားလျစ်လျူရှုထားပြီး သူ့ဖာသာသူဟက်ဟက်ပက်ပက် ရယ်မောနေသည်။

“စွမ်းအား..စွမ်းအား.. ငါမကြုံစဖူးစွမ်းအားပမာဏတစ်ခုကိုခံစားမိတယ်ကွ”

လောချင်းချွမ်ကသူ၏လက်သီးတို့အားကျစ်နေအောင်ဆုပ်ပြီး သူ၏လက်သီးအတွင်း၌ ပါဝင်သောစွမ်းအားကြီးစွမ်းအားတို့ကို ခံစားကာ ဆက်လက်ရယ်မောနေသည်။

သူ၏အော်ရာတစ်ခုလုံးကသိသိသာသာ ပြောင်းလဲသွားသည်။ သူ၏ဆံပင်ရှည်နှင့်ဝတ်ရုံတို့ကလေမတိုက်ပါဘဲ တဖျပ်ဖျပ်လူးလွန့်နေပြီး အထွတ်အထိပ်ကျွမ်းကျင်သူတစ်ဦး ၏ အရှိန်အဝါကိုပြသနေသည်။

“ဒီကလေး ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ကိုဒီနေ့မှ ခြေချနိုင်ခဲ့ပြီ..သူပျော်လို့ရူးသွားတာပဲဖြစ်ရမယ်”

မိုရှောင်ယောင်ကသူ့ရှေ့ရှိ လောချင်းချွမ်အားကြည့်ပြီး အထင်သေးမှုအပြည့်ဖြင့်ပြောလိုက်သည်။

“ဘယ်လိုလုပ်ပြီးမပျော်ဘဲနေမှာလဲ.. လွန်ခဲ့တဲ့ နှစ်ဝက်သူဆရာနဲ့တွေ့တုန်းက သူက ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်ထဲမှာပဲရှိသေးတာ.. နှစ်ဝက်လောက်လေးပဲ ဆရာ့နောက်ကိုသူလိုက်ပြီး ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ကို‌ခြေချနိုင်ခဲ့တာလေ”

“ဒီကမ္ဘာပေါ်မှာ ကြိုးကြိုးစားစားကျင့်ကြံပြီး ဖြည်းဖြည်းချင်းတစ်လှမ်းစီပိုသန်မာလာတဲ့ပါရမီရှင်တွေအများကြီးရှိတယ်.. အကယ်၍ တစ်စုံတစ်ယောက်ကနှစ်ဝက်လေးနဲ့ ကြယ်သုံးပွင့်ကနေ ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ကိုဝင်ရောက်သွားနိုင်တာကိုသူတို့ကြားရင် သေချာပေါက်တုန်လှုပ်သွားကြမှာပဲ”

လင်ယဲ့ဖုန်းကပြောလိုက်၏။

“ဟားဟား.ဆရာ..အကြီးဆုံးစီနီယာအကို. ဒုတိယစီနီယာအကို..အားလုံး ဒီကိုရောက်နေကြတာပဲ”

ဤအချိန်တွင်လောချင်းချွမ်က သူ့ရှေ့ရှိ ရှစ်ဖုန့်နှင့်အခြားသူများအား သတိပြုမိပြီး သူတို့ထံရယ်မောပြောဆိုလိုက်သည်။ တင်ပျဉ်ခွေထိုင်နေသော သူ၏ကိုယ်ကဖြည်းဖြည်းချင်းထလာပြီး မှောင်မိုက်သောဟင်းလင်းပြင်ထဲ၌ ဝင့်ကြွားစွာရပ်လိုက်၏။

“ဆရာ..ကျွန်တော်ဆရာစိတ်ပျက်အောင်မလုပ်ခဲ့ပါဘူး. နောက်ဆုံးတော့ကျွန်တော်ကြယ်ကိုးပွင့် ဧကရာဇ်နယ်ပယ်ကိုဝင်ရောက်နိုင်ခဲ့ပြီ..”

လောချင်းချွမ်ကရှစ်ဖုန့်အား လွန်စွာစိတ်လှုပ်ရှား ပျော်ရွှင်မှုတို့ဖြင့်ပြောလိုက်သည်။

“အင်း”

ရှစ်ဖုန့်ကခြားနားမှုမရှိခေါင်းညိမ့်ပြီးပြောလိုက်၏။

“တစ်နေ့မင်းဒီလိုအောင်မြင်မှုမျိုးရမယ်ဆိုတာကို ငါသိနေတာကြာပြီ”

“နောက်ရက်အနည်းငယ်အတွင်း မင်းရဲ့ကျင့်ကြံမှုကိုတည်ငြိမ်အောင်လုပ်ထားသင့်တယ်.. ခုနှစ်ရက်နေပြီးရင် မင်းတို့အားလုံးငါနဲ့အတူ မြောက်ပိုင်းဒေသကြီးကိုသွားပြီး လင်မိသားစုကို ရင်ဆိုင်တိုက်ခိုက်ကြမယ်”

“အဲ့အချိန်ကြရင် ကျွန်တော်ချင်းချွမ်က အကောင်းဆုံးကြိုးစားပြီး ဆရာ့အတွက်ရန်သူအားလုံးကို အမြစ်ဖျက်သုတ်သင်ပေးပါမယ်”

လောချင်းချွမ်က ပြတ်သားခိုင်မာစွာပြောလိုက်၏။

“ဧကရာဇ်နယ်ပယ်ငါးယောက်လည်းကျန်နေသေးတယ်.. တစ်နေ့ကျွန်တော်သူတို့ကိုသေချာပေါက်သတ်ပစ်မယ်”

ထိုအချိန်ကရှစ်ဖုန့်အားလုပ်ကြံခဲ့သော ဧကရာဇ်ခုနှစ်ပါးတွင် ဓားဧကရာဇ်ယွဲ့ရှောင်းနှင့် မိုးကြိုးဧကရာဇ် အောင်းလိုင်ရှင်းတို့က အသတ်ခံရပြီးဖြစ်သည်။ သူတို့ကတစ္ဆေတစ်သောင်း၏ ညှင်းပန်းနှိပ်စက်ခြင်းကိုခံကြေရသည်ဖြစ်၏။ ၎င်းတို့ထဲတွင်ငါးယောက်ကျန်နေသေး သည်ဖြစ်သည်။

လင်ယဲ့ဖုန်းက လောချင်းချွမ်၏စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်ကိုပြောလိုက်သည်။

“ဆရာ.အမှောင်စီရင်စုကနေပို့လိုက်တဲ့သတင်းတစ်ခုကျွန်တော်တို့ရထားတယ်.. ဧကရာဇ်ငါးယောက်ရဲ့ဂိုဏ်းတွေနဲ့နယ်မြေတွေကို ကျွန်တော်တို့လူတွေလွှတ်ခဲ့တယ်.. ဒါပေမဲ့ဧကရာဇ်ငါးယောက်က ပြန်မလာဘဲ အခုပျောက်ဆုံးနေတယ်.. ကျွန်တော်တို့သူတို့ကိုမလွှတ်မှာကိုသူတို့သိပြီး မသိနိုင်တဲ့နေရာတစ်ခုကိုသူတို့ထွက်ပြေးသွားပုံပဲ”

“ဧကရာဇ်ငါးယောက်ထွက်ပြေးမယ်ဆိုတာက ငါ့ရဲ့မျှော်မှန်းထားမှုအတွင်းမှာရှိတယ်.. ဒါက အံ့ဩစရာမဟုတ်ဘူး. ယဲ့ဖုန်း ကံကြမ္မာတောင်တန်းကလူတွေကို မျက်စိဒေါက်ထောက်ကြည့်ဖို့လူတွေလွှတ်လိုက်.. အဘိုးကြီး ထျန်းယုံရဲ့ဘာသဲလွန်စတွေ့တွေ့ ချက်ချင်းငါတို့ကိုသတင်းပေးဖို့ပြော”

ရှစ်ဖုန့်ကပြောလိုက်သည်။

ထျန်းဟန်တိုက်ကြီးက တကယ်ကျယ်ပြောသည်ဖြစ်၏။ အကယ်၍ ဧကရာဇ်ငါးယောက်သာ တကယ်ပုန်းအောင်းလိုလျှင် ၎င်းတို့အားရှာဖွေရန်လွယ်မည်မဟုတ်ပေ။ သို့သော် ကံကြမ္မာအဘိုးအိုဖြစ်သော အဘိုးကြီးထျန်းယုံသာ သူတို့ရှာတွေ့လျှင် ၎င်း၏ ကံကြမ္မာတာအိုအပေါ်ထိန်းချုပ်နိုင်မှုအရ ၎င်းကကွဲပြားလိမ့်မည်ဖြစ်သည်။

ထိုထက်ပိုသည်ကားရှစ်ဖုန့်၌ တပည့်နှစ်ယောက်ပျောက်ဆုံးနေဆဲဖြစ်သည်။ လန်အောင်းယွဲ့နှင့် ယွမ်ရီမုံ့တို့ မည်သည့်နေရာ၌ရှိနေသည်ကို မသိရချေ။ ထိုအဘိုးအိုပေါ်တွင်သူမှီခိုအားထားဖို့ လိုသည်ဖြစ်သည်။

“ကျွန်တော်နားလည်ပါပြီဆရာ”

လင်ယဲ့ဖုန်းကခေါင်းညိမ့်ပြီးပြောလိုက်သည်။

ထို့နောက်လင်ယဲ့ဖုန်းကသူ၏သိုလှောင်လက်စွပ်အတွင်းမှ အမှောင်ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်သည်။ လင်ယဲ့ဖုန်းက ဆန်းကြယ်သောဆီးလ်တစ်ခုအား ကျောက်တုံးအတွင်းထည့်သွားလိုက်၏။ အမှောင်ကျောက်တုံးပေါ်တွင် မှောင်မိုက်သောအလင်းတစ်ခုလင်းလက်သွားသည်။

ဤဆန်းကြယ်အမှောင်ကျောက်တုံးကို ဖြတ်သန်းပြီး လင်ယဲ့ဖုန်းက အမှောင်စီရင်စုမှလူများထံသို့ သူပေးပို့ရန်လိုအပ်သောအချက်များကို ပေးပို့ပြီးဖြစ်သည်။

“နောက်ခုနှစ်ရက်အတွင်းမင်းတို့အားလုံး မင်းတို့ကိုယ်မင်းတို့ပြင်ဆင်ထားသင့်တယ်. ခုနှစ်ရက်နေပြီးရင် မြောက်ပိုင်းဒေသကြီးမှာ ဖုံးကွယ်နေတဲ့ လင်မိသားစုကို ငါတို့တိုက်ခိုက်မယ်”

ရှစ်ဖုန့်ကသူ၏တပည့်သုံးဦးနှင့်မြေးတပည့်တစ်ဦးတို့အားကြည့်၍ လေးနက်သောအသံဖြင့်ပြောလိုက်သည်။

“ဟုတ်ကဲ့”

လေးယောက်လုံးကတုန့်ပြန်လိုက်ကြ၏။

ဆက်ရန်………….

ဘာသာပြန်သူ-ARISE

All Chapters