အခန်း (၈၉၂)
Vol. 60 Ch. 892
မျက်စိတစ်မှိတ်အတွင်း အချိန်ခုနှစ်ရက်ကကုန်ဆုံးသွားသည်။
ငရဲဘုံဘုံနန်းတွင်စစ်တပ်က စတင်စုစည်းနေပြီဖြစ်သည်။
ရှစ်ဖုန့်က တစ္ဆေစစ်သူကြီးရှစ်ဦး၊ တပည့်လေးဦး၊မြေးတပည့်တစ်ဦးနှင့် သန်းပေါင်းများစွာသော လက်ရွေးစင်တစ္ဆေစစ်သည်များကို လင်မိသားစုအား ဆန့်ကျင်တိုက်ခိုက်ရန်အတွက်စုစည်းထား ခဲ့သည်။
ယခင်တိုက်ပွဲတွင် လက်ရွေးစင် တစ္ဆေစစ်သည် ခြောက်သောင်း သုတ်သင်ခံလိုက်ရသည်။ ရှစ်ဖုန့်က ငဲရဲဘုံဘုံနန်းမှ တစ္ဆေစစ်သည်များကိုပို၍ ပြန်လည်စုစည်းခဲ့ပြီး တစ္ဆေစစ်သည်အရေအတွက်က နောက်ထပ်သန်းချီသို့ရောက်ရှိခဲ့၏။
ကောင်းကင်နှင့်မြေပြင်ကြားထဲတွင် သတ်ဖြတ်ခြင်းအော်ရာ တစ်ခုပြည့်နှက်နေသည်။
“တိုက်ပွဲအတွက် ငါ့နောက်ကို လိုက်ခဲ့ကြလော့. မင်းတို့ရဲ့စိတ်တွေကို ဖြေလျော့ထားကြ”
ရှစ်ဖုန့်က သူ့ရှေ့ရှိသန်းပေါင်းများစွာသော တစ္ဆေစစ်သည်များကိုကြည့်ရင်း အော်ပြောလိုက်သည်။
ရှစ်ဖုန့်၏အမိန့်ပေးမှုအောက်တွင် သန်းပေါင်းများစွာသော တစ္ဆေစစ်သည်များက သူတို့၏စိတ်ကို ဖြေလျော့ထားလိုက်ကြသည်။
ရှောင်းထျန်းရီတစ်ယောက် လွန်ခဲ့သော ရက်အချို့က သွေးကျောက်ပြားကို ပြင်ဆင်ခဲ့သည်။ တိုက်ပွဲဝင်မည့်နေ့တွင် ရှစ်ဖုန့်က သူ့အားခဏငှားထားသော ရှေးဟောင်းရတနာအားလုံးနှင့်အတူ ရှောင်းထျန်းရီ ပြန်လာခဲ့၏။
ဤအချိန်တွင် ရှစ်ဖုန့်ကအတွေးဖြင့်လှုပ်ရှားလိုက်သည်။ သူ့ရှေ့ရှိကြီးမားသောဧရိယာတစ်ခုလုံး သွေးနီရောင်အလင်းတစ်ခုလင်းလက်သွားပြီး ကောင်းကင်နှင့်မြေပြင်ပင် လှုပ်ခါသွားသည်။
ထို့နောက် သန်းနှင့်ချီသောတစ္ဆေစစ်သည်များအားလုံးက သွေးကျောက်ပြားအတွင်းဝင်ရောက်သွားကြ၏။
“သွားစို့”
ရှစ်ဖုန့်က တစ္ဆေစစ်သူကြီးရှစ်ဦး၊တပည့်လေးဦးနှင့် မြေးတပည့်တစ်ဦးတို့ကို အော်ပြောလိုက်သည်။
ထို့နောက်သူကဦးဆောင်ပြီး ရွှတ်ခနဲထွက်သွား၏။
…………..
မြောက်ပိုင်းဒေသကြီး၏ လင်မိသားစု၌ဖြစ်သည်။
ယနေ့လင်ဟွင်း၊ ပထမအကြီးအကဲလင်ဝေ့နှင့် ဒုတိယအကြီးအကဲ လင်ရွှယ်တို့က ပုံမှန်အတိုင်းလင်ဝူတောင်ထိပ်သို့သွားပြီး သူတို့ပြောခဲ့သည့်ထိုမကောင်းဆိုးဝါးလေးကိုသွားကြည့်ကြသည်။
သို့သော် သူတို့ထွက်ခွာကာနီးတွင် အစောင့်တစ်ဦးကရုတ်တရက်ရောက်လာပြီး အော်ပြောလိုက်သည်။
“မိသားစုခေါင်းဆောင် . အပြင်မှာလူဆယ်ယောက်ကျော်ရောက်နေပါတယ်.. သူတို့က မိသားစုခေါင်းဆောင်ကိုတွေ့ချင်နေပါတယ်.. ကျွန်တော်ဒီကိုလာပြီးသတင်းလာပို့တာပါ”
“သူတို့ကငါ့ကိုတွေ့ချင်တာလား”
အစောင့်၏စကားများအားကြားပြီးနောက် လင်ဟွင်းက မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ရှုပ်ထွေးသော ပုံစံတစ်ခုကိုပြသလာသည်။ သူကမေးလိုက်သည်။
“အဲ့လူတွေကဘယ်သူတွေလဲ.. သူတို့ရဲ့သိုင်းနယ်ပယ်ကရော ဘယ်အဆင့်လဲ”
“ကျွန်တော်ဒီလူတွေကို တစ်ခါမှမမြင်ဖူးပါဘူး. .သူတို့ကကျွန်တော်တို့လင်မိသားစုကိုအရင်က တစ်ခါမှမလာဖူးလောက်ပါဘူး.သူတို့ရဲ့ သိုင်းနယ်ပယ်ကိုက ကျွန်တော်မမြင်နိုင်ဘူး”
အစောင့်က အမှန်အတိုင်းဖြေလိုက်သည်။
သူကကြယ်သုံးပွင့်သူတော်စင်နယ်ပယ်လေးသာရှိသောမထင်မရှားအစောင့်လေး တစ်ဦးသာဖြစ်သည်။ ပြင်ပရှိလူများ၏သိုင်းနယ်ပယ်အားသူမည်ကဲ့သို့ပြောနိုင်ပါမည်နည်း။
“ကောင်းပြီ..ငါသိပြီ. ငါ့မှာအရေးကြီးကိစ္စလုပ်စရာရှိလို့ ဧည့်သည်တွေနဲ့မတွေ့နိုင်ဘူးလို့သူတို့ကိုပြောလိုက်”
လင်ဟွင်းက စိတ်မရှည်သောအမူအယာတစ်ခုကိုပြသပြီး အစောင့်ကိုပြောလိုက်သည်။
“နားလည်ပါပြီ”
အစောင့်ကနက်ရှိုင်းသောအသံဖြင့်အော်ပြောလိုက်သည်။ ထို့နောက်သူကလှည့်ထွက်ပြီးတောင်းတန်းဂိတ်ဝသို့ပျံသွားလိုက်၏။
အစောင့်ထွက်ခွာသွားပြီးနောက် လင်ဟွင်း၏ဘေး၌ရပ်နေသော ဒုတိယအကြီးအကဲ လင်ရွှယ်က အထင်သေးစွာဖြင့်ပြောလိုက်၏။
“ ကျုပ်အမြင်အရတော့ ကျုပ်တို့လင်မိသားစုရယ် အကိုကြီးရယ်နဲ့ မိတ်ဆွေဖြစ်ချင်နေကြတဲ့ နောက်ထပ်အမှိုက်တစ်အုပ်ပဲနေမှာ.. အကိုကြီး ဒီလူတွေကိုအာရုံမစိုက်တာက အကိုကြီးအတွက်အကောင်းဆုံးပဲ”
“ဒါပေါ့ ငါဂရုမစိုက်ဘူး ကောင်းပြီ.သွားကြစို့.”
လင်ဟွင်းကပြောလိုက်သည်။ ထို့နောက်သူတို့သုံးဦးကဆက်လက်ဆင်းသက်သွား၏။
လင်မိသားစု တောင်တန်းဂိတ်ဝရှေ့တွင် အစောင့်ပြန်ရောက်လာပြီး ဂိတ်ဝရှေ့ရှိ လူဆယ့်လေးယောက်အားပြောလိုက်သည်။
“အားလုံးပဲ.. ကျုပ်တို့အရှင်က အရေးကြီးကိစ္စလုပ်ဖို့ရှိနေတယ်.. ဧည့်သည်တွေကိုလက်ခံပြီး အချိန်ကုန်မခံနိုင်သေးဘူး..ကျေးဇူးပြုပြီး ပြန်လိုက်ကြပါ”
လူဆယ့်လေးယောက်မှာ ရှစ်ဖုန့်၊တစ္ဆေစစ်သူကြီးရှစ်ဦး၊ သူ၏တပည့်လေးဦးနှင့် မြေးတပည့်ဖြစ်သူနင်ချန်တို့ဖြစ်ကြသည်။
“ညီကို ဒါကလင်မိသားစု အမှားနော်”
အစောင့်၏စကားတို့အားကြားပြီးနောက် လောချင်းချွမ်ကပြောလိုက်သည်။
“ငါတို့ဒီကိုလာခဲ့တာက လင်မိသားစုကိုအလည်လာပြီး လင်မိသားစုခေါင်းဆောင်လင်ဟွမ်နဲ့တွေ့ဆုံဖို့ပဲ. ဘယ်လိုလုပ်သူကတံခါးပိတ်ပြီး ငါတို့ကိုတွေ့ဖို့ငြင်းဆန်တာလဲ. ဒါကဧည့်သည်တွေကိုဆက်ဆံတဲ့ပုံလား”
“ကျုပ်တို့အရှင်မှာ အရေးကြီးကိစ္စလုပ်စရာရှိနေတယ်.. ဧည့်သည်တွေကိုတွေ့ဖို့အချိန်ကုန်မခံနိုင်သေးတာပါ”
လောချင်းချွမ်၏ စကားအားကြားသောအခါတွင် အစောင့်ဖြစ်သူကစိတ်ရှည်စွာရှင်းပြသည်။
သူ့ရှေ့ရှိလူဆယ့်လေးယောက်၏ သိုင်းနယ်ပယ်အားသူမြင်တွေ့နိုင်ခြင်းမရှိပေ။ ယင်းမှာ ဤလူဆယ့်လေးယောက်၏ သိုင်းနယ်ပယ်များက သူ၏အထက်၌ရှိနေသည်ဟုဆို လိုခြင်းဖြစ်သည်။ လောချင်းချွမ်အားလေးစားစွာ ပြောနေသည့်အကြောင်းပြချက်က သူ့ထက်သန်မာသောထိုလူများအား လေးစားသောကြောင့်ဖြစ်သည်။
“ဒါဆို..”
ဤအချိန်တွင် လောချင်းချွမ်က ဒုက္ခများသော အသွင်ဖြင့် ရုတ်တရက်အစောင့်ကိုပြောလိုက်သည်။
“ ဒီလိုဆိုရင်.ဇွတ်ဝင်မှ ကျုပ်တို့ကို အပြစ်လာမတင်ပါနဲ့. အကယ်မင်းတို့လင်မိသားစုက တစ်ယောက်ယောက်ကို မတော်တဆသတ်မိရင်လည်း ကျုပ်တို့ကို အပြစ်မတင်နဲ့”
“သင်.သင်တို့က ကျုပ်တို့လင်မိသားစုကို ဇွတ်ဝင်ချင်တာလား”
လောချင်းချွမ်၏ စကားများအားကြားလိုက်ရသောအခါတွင် လင်မိသားစုအစောင့်၏မျက်နှာက ရုတ်ခြည်းတောင့်တင်းသွားသည်။
“ဟားဟား..ဟားဟားဟားဟား.. ငါတို့လင်မိသားစုထဲကို ဇွတ်ဝင်မှာတဲ့ ..ဟာသပဲ. ဒါကတကယ်ကိုဟာသတစ်ခုပဲ”
ဤအချိန်တွင် သိပ်မဝေးသောနေရာမှ ရယ်မောသံများထွက်ပေါ်လာပြီး အထင်သေးသောစကားများလည်းထွက်ပေါ်လာသည်။
“ဟားဟား”
“ဟားဟားဟား”
ထို့နောက်ရယ်မောသံကလိုက်ပါလာသည်။
ဤစကားလုံးများနှင့်ရယ်မောသံတို့အားကြားရပြီးနောက် ဂိတ်စောင့်သောအစောင့်က လည့်လိုက်ပြီး လှေကားများထံသို့ကြည့်လိုက်သည်။ ထိုနေရာတွင် ဖောင်းကြွဝတ်စုံများနှင့်လူငယ်တစ်စုပေါ်လာသည်။
ဤလူငယ်များအား မြင်တွေ့သောအခါတွင် အစောင့်ဖြစ်သူက ၎င်းတို့အား လျှင်မြန်စွာ ဦးညွှတ်ပြီး ပြောလိုက်သည်။
“နှုတ်ဆက်ပါတယ် သခင်လေးတို့”
ဤလူများက လင်မိသားစု၏ သ ခင်လေးများဖြစ်နေကြသည်။
“ကောင်းပြီး.. အရမ်းယဉ်ကျေးနေဖို့မလိုဘူး”
အသက်ဆယ့်ငါးဆယ့်ခြောက်ခန့်ရှိသော ဝင့်ကြွားဟန်ရှိသည့်လူငယ်တစ်ယောက်က သူ၏လက်တိုအား အစောင့်ထံဝေ့ယမ်းပြလိုက်သည်။
အစောပိုင်းကစကားပြောလိုက်သူမှာ ဤလူငယ်လေးမှလွှဲပြီးအခြားသူမဟုတ်ပေ။ ဤလူငယ်အားတစ်ချက်ကြည့်ရုံဖြင့် ရှစ်ဖုန့်မှတ်မိသည်ဖြစ်သည်။ ဤလူငယ်က သူ၏ညီမဖြစ်သူရှစ်လင်ကို ခေါ်ဆောင်သွားသည့်နေကရှိနေခဲ့သူဖြစ်သည်။ ထို့နေ့က သူ့အား ၎င်းက သတ်ရန်ကြိုးစားခဲ့သည်ဖြစ်၏။
သူသာမှတ်မိတာမှန်မည်ဆိုလျှင် ဤလူငယ်မိသားစုနမည်က လင်ဖြစ်ပြီး ၎င်း၏နမည်က ဟွမ်ဖြစ်သည်။
တစ်ချိန်တည်းတွင် လင်ဟွမ်ကလည်းလောချင်းချွမ်၏နောက်ရှိလူအုပ်ထဲမှ ရှစ်ဖုန့်ကိုချက်ချင်းမြင်တွေ့လိုက်သည်။ သူ၏အမူအယာက ထပ်မံပြောင်းလဲသွားပြီး ပြည်တည်တည်အမူအယာတစ်ခုဖြစ်ပေါ်လာသည်။
“ရို့. လင်မိသားစုကို အတင်းဇွတ်ဝင်ချင်နေတဲ့သူက ဘယ်သူများလဲလို့ငါသိချင်နေတာ. အရှေ့ပိုင်းဒေသကြီး က သူတောင်းစားတစ်ယောက်ဖြစ်တဲ့ မင်းကိုး..ဟားဟားဟားဟား”
“ဘာ. အရှေ့ပို်ငးဒေသကြီးက သူတောင်းစားတစ်ယောက်လား. ဝမ်းကွဲလင်ဟွမ်. ဒီလူတွေကတကယ်ပဲအရှေ့ပိုင်းဒေသကြီးကလား.. ကောလဟာလတွေအရ အရှေ့ပိုင်းဒေသကြီးမှာ ဧကရာဇ်နယ်ပယ်တစ်ယောက်တောင်မရှိဘူးဆို”
“အရှေ့ပို်ငးဒေသကြီးတဲ့လား. အရှေ့ပိုင်းဒေသကြီးက သူတောင်းစားတွေက ငါတို့လင်မိသားစုထဲကို အတင်းဝင်ချင်နေတာလား.. ဟားဟား..စိတ်ဝင်စားစရာပဲ. ဒါကတကယ်စိတ်ဝင်စားစရာပဲ.. ဒီနေ့ သူတို့တွေဘယ်လို ဇွတ်ဝင်မလဲဆိုတာကို ငါဒီမှာစောင့်ကြည့်နေမယ်”
“ငါတို့လင်မိသားစုထဲကို ဇွတ်ဝင်ဖို့လုပ်တာက သေဖို့လုပ်တာပဲ. ငါတို့လင်မိသားစုထဲက ဘယ်စွမ်းအားကြီးသူမဆို သူတို့ကို သုတ်သင်ပစ်နိုင်စွမ်းရှိတယ်”
လင်ဟွမ်၏ စကားတို့အား ကြားပြီးနောက် လင်မိသားစု၏သခင်လေးများက တစ်ယောက်ပြီးတစ်ယောက် ပြောလိုက်ကြသည်။
သို့သော် အများစု မျက်နှာထက်တွင် ပျော်စပျက်စအမူအယာများရှိကြပြီး ပြပွဲကောင်းတစ်ခုအားစောင့်ကြည့်ရန်စောင့်ဆိုင်းနေကြ၏။
သူတို့ကဤပြို်ငဘက်ကင်းမိသားစုအတွင်း၌ နေတာကြာပြီး ပြပွဲကောင်းတစ်ခု မမြင်ရသည်မှာ ကြာပြီဖြစ်ကောင်းဖြစ်နိုင်သည်။ သူတို့ကငယ်ရွယ်သေးသောကြောင့် လင်မိသားစုအတွင်း ဇွတ်ဝင်ရဲသောသူကိုလုံးဝမမြင်ဖူးပေ။ သူတို့ကြားပင်မကြားဖူးချေ။
ဤအချိန်တွင် လင်ဟွမ်ဟုအမည်ရသောသခင်လေးက ထပ်မံပြောလိုက်ပြီးရှစ်ဖုန့်အား လှောင်ပြောင်လိုက်သည်။
“သူတောင်းစား အဲ့တုန်းက အရှေ့ပို်ငးဒေသကြီးမှာ မင်းရဲ့ချပ်ဝတ်ကိုငါသဘောကျလို့ မင်းကိုသတ်ပြီး ချပ်ဝတ်ကိုယူဖို့လင်ကောင်းကိုလွှတ်ခဲ့တယ်.. ဒါပေမဲ့သူလုံးဝပြန်မလာခဲ့ဘူး. သူ့ကိုမင်းပဲသတ်တာဖြစ်ရမယ်”
“ဒီနေ့ငါတို့လင်မိသားစုကိုလာပြီး အဲ့တာကို ပေးမယ်လို့ ငါမမျှောင်လင့်ထားဘူး. နာနာခံခံနဲ့ သွေးချပ်ဝတ်ကို အခုဒီသခင်လေးကို လွှဲပေးလိုက်”
ဆက်ရန်……
ဘာသာပြန်သူ-ARISE