အခန်း (၈၉၃)
Vol. 60 Ch. 893
လင်မိသားစု တောင်တန်းဂိတ်၏ရှေ့တွင် လင်မိသားစု၏ သခင်လေး လင်ဟွမ်က အရှေ့ပိုင်းဒေသကြီးမှ တောသားလေး အား ပျော်စေပျက်စေအမူအယာဖြင့်ကြည့်နေသည်။
လင်ဟွမ်သာမက လင်မိသားစု ၏ အခြားသော သခင်လေးများကလည်း ပြပွဲကောင်းတစ်ခုအား ကြည့်ရန်စောင့်ဆိုင်းနေသကဲ့သို့ ပျော်စေပျက်စေအမူအယာမျိုး ဖြင့်ကြည့်နေကြသည်။
အစောပိုင်းကသူတို့ကြားရသော တစ်စုံတစ်ယောက်က လင်မိသားစုအတွင်း ချိုးဖောက်ဝင်ချင်သည်ဆိုသည်အား သူတို့ ၏နှလုံးသားထဲသို့ထည့်ထားခြင်းမရှိပေ။ သေခြင်းနှင့်ရှင်ခြင်း၏ ခြားနားချက်အား သိရှိခြင်းမရှိသောတစ်စုံတစ်ယောက်က သူတို့၏လင်မိသားစုအတွင်းသို့ တကယ်ကြီးဇွတ်ဝင်ရောက်စေရန်ကိုပင်သူတို့၏နှလုံးသားထဲ၌ မျှော်လင့်နေမိကြသော လူအချို့ပင်ရှိသေးသည်။ ထို့နောက် မိသားစုအတွင်းရှိအကြီးအကဲများက ထွက်လာပြီး ၎င်းတို့အား သတ်ဖြတ်လိမ့်မည်ဖြစ်သည်။
“ငါမင်းကို သွေးချပ်ဝတ်တော့မပေးဘူး.အဲ့အစား မင်းကို မရေမတွက်နိုင်အောင်တော့ပါးရိုက်ပေးမယ်”
ရှစ်ဖုန့်က ကျောက်လှေကားများပေါ်ရှိ လင်ဟွမ်အား စိုက်ကြည့်၍ အေးစက်စွာအော်ပြောလိုက်သည်။
ရှစ်ဖုန့်၏အသံ ပျောက်ကွယ်သွားသကဲ့သို့ လောချင်းချွမ်က ရုတ်ခြည်းတစ်ယောက်တည်းလှုပ်ရှားကာ သူ၏ပုံရိပ်က လျှပ်စီးကဲ့သို့ ဖျက်ခနဲဖြစ်သွားကာ ကျောက်လှေကားများပေါ်ရှိ လင်ဟွမ်ထံသို့ ဦးတည်လိုက်သည်။
“အား..မကောင်းတော့ဘူး”
တောင်တန်းဂိတ်ဝအားစောင့်ကြပ်နေသောအစောင့်မှာ လောချင်းချွမ်၏လှုပ်ရှားမှုအား တွေ့လိုက်ရသောအခါတွင် မူလက ၎င်းကိုတားဆီးချင်ခဲ့သည်။ သို့သော် လောချင်းချွမ်၏အမြန်နှုန်းကို သူလိုက်နိုင်ခြင်းမရှိပေ။ သူသဘောပေါက်ကလိုက်သည့်အချိန်တွင် ၎င်းက လင်ဟွမ်၏ရှေ့သို့ရောက်နေနှင့်ပြီဖြစ်သည်။
“မင်း”
ရောက်လာသောသူအားတွေ့လိုက်ရသောအခါတွင် လင်ဟွမ်၏မျက်နှာထက်၌ လွန်စွာ ထိတ်လန့်တုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်သွားသည်။ ဤလူက သူ၏ကြီးမားသော လက်တစ်ဖက်အားလှမ်း၍ သူ၏လည်ချောင်းသို့ ဆုပ်ကိုင်လိုက်မည်ဟု သူမယုံကြည်ခဲ့ပေ။
ဤအချိန်တွင် လင်ဟွမ်သာ လွန်စွာတုန်လှုပ်သွားသည်သာမက ရှိနေသော သခင်လေးများပင် တုန်လှုပ်သွားကြသည်။
ထို့နောက် လောချင်းချွမ်၏ပုံရိပ်က ထပ်မံဖျက်ခနဲဖြစ်သွားပြီး ရှစ်ဖုန့်၏နံဘေးသို့ လျှပ်စီးအလင်းတန်းတစ်ခုကဲသို့ ပြန်လည်ရောက်ရှိလာသည်။ သူကသူ့လက်ထဲရှိလွန်စွာတုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်နေသော လင်ဟွမ်အား ရှစ်ဖုန့်၏ရှေ့တွင်ထားလိုက်သည်။
ရှစ်ဖုန့်နှင့်လွန်စွာ နီးကပ်လာရင်း လင်ဟွမ်ကတုန်လှုပ်အံ့အားသင့်နေရာမှာ ရုတ်ခြည်းအသိပြန်ဝင်လာသည်။ သူကရှစ်ဖုန့်ကိုအေးစက်စွာကြည့်၍ ပြောလိုက်သည်။
“ကောင်းတယ်..အရမ်းကောင်းတယ်.. မင်းလိုအရှေ့ပိုင်းဒေသကြီးက မျိုးမစစ်လေးက လင်မိသားစုထဲမှာ ငါ့ကိုတိုက်ခိုက်ရဲတယ်. မင်းသေချာပေါက်ဒီအတွက်နောင်တရလိမ့်မယ်”
ထို့နောက်လင်ဟွမ်ကရှစ်ဖုန့်၏ ဝန်းကျင်ရှိလူများအားမကျေမချမ်းဖြင့်ကြည့်၍ ယုတ်ယုတ်ကန်းကန်းပြောလိုက်သည်။
“မင်းတို့အားလုံးသေရမယ်. .. မင်းတို့တွေ ..ဒီသူတောင်းစားနဲ့ ပက်သက်တဲ့မင်းတို့အားလုံးကိုလည်း ငါတို့လင်မိသားစုက သုတ်သင်လိမ့်မယ်”
“ဒီကောင်က ငယ်ပေမဲ့ စိတ်ကတော့ တကယ်ယုတ်မာတာပဲ..ချင်းချွမ်သူ့လျှာကိုဆွဲထုတ်လိုက်.. အခုကစပြီး သူ့အသံကိုငါမကြားချင်တော့ဘူး”
ရှစ်ဖုန့်ကလောချင်းချွမ်ကိုပြောလိုက်သည်။
ရှစ်ဖုန့်ကပြောပြီးနောက်လင်ဟွမ်ကိုထပ်မံအာရုံစိုက်ခြင်းမရှိတော့ပေ။ သူကလောချင်းချွမ်ကို ကျော်ပြီး ကျောက်လှေကားများထံသို့ ဆက်လျှောက်သွားလိုက်သည်။
“မင်း.. မင်းဘာလုပ်နေတာလဲ. မင်း.. .မင်းသေချင်နေတာပဲ. သူကသေဖို့တောင်းဆိုနေတာ. မင်းဒါကိုလုပ်လို့မရဘူး. ဒါကလင်မိသားစုပဲ.ငါက လင်မိသားစုက သခင်လေးပဲ”
မကြာခင် လင်ဟွမ်တစ်ယောက်တုန်လှုပ်နေပြီး ပျာယာခက်နေသော အသံက နောက်မှလိုက်ပါလာသည်။
သို့သော် ၎င်းက လင်မိသားစု၏သခင်လေးဖြစ်နေလျှင်တောင် လောချင်းချွမ်က မည်ကဲ့သို့ဂရုစိုက်ပါမည်နည်း။ ထို့နောက်ချက်ချင်းကောင်းကင်နှင့် မြေပြင်ကြားထဲ၌နှိုင်းယှဉ်ဖော်ပြ၍မရနိုင်သောစူးစူးဝါးဝါးအော်ဟစ်သံတစ်ခုထွက် ပေါ်လာသည်။
လင်မိသားစု၏အစောင့်မှာ သတင်းများအား တင်ပြရန်အတွက် တောင်းတန်းဂိတ်ဝ၌ရှိမနေတော့သည်မှာကြာပြီဖြစ်သည်။ သို့သော်အစောပိုင်းကပြပွဲအား စောင့်ကြည့်နေကြသော သခင်လေးများကတော့ကျောက်လှေကားများထက်၌ ကျန်ရစ်နေဆဲဖြစ်သည်။ သို့သော် ဤအချိန်တွင် သူတို့အနေဖြင့်ထပ်မံပြပွဲအား ကြည့်လိုခြင်းမရှိကြတော့ပေ။
တစ်စုံတစ်ယောက်က လင်ဟွမ်၏လျှာအား လင်မိသားစုနှင့်သက်ဆိုင်သော တောင်တန်းဂိတ်ဝဖြစ်သည့် ဤနေရာ၌ဆွဲထုတ်လိမ့်မည်ဟု သူတို့ လုံးဝမထင်ထားခဲ့ကြပေ။
ထိုထက်ပိုသည်ကား ဤလူများမှာ ကျတ်တီးမြေဖြစ်သော အရှေ့ပိုင်းဒေသကြီးမှဖြစ်သည်ဟု လင်ဟွမ်ပြောခဲ့သည်ကို သူတို့ကြားခဲ့ရခြင်းဖြစ်သည်။ ကောလဟာလများအရ အရှေ့ပိုင်းဒေသကြီး၌ ဧကရာဇ်နယ်ပယ်တစ်ဦးထွက်ပေါ်မလာဟု ဆို၏။ ယခုထွက်ပေါ်လာသော လူများက အရမ်းကိုရက်စက်ပြီး အကြောက်အလန့်ကင်းမဲ့လိမ့်မည်ဟု သူတို့လုံးဝမထင်ထားခဲ့ကြပေ။
ဤအချိန်တွင် ရှစ်ဖုန့်မှာလင်မိသားစု၏သခင်လေးများထံသို့ တစ်လှမ်းခြင်း ဦးတည်နေဆဲဖြစ်၏။
ဤလူကသူတို့ထံသို့ လျှောက်လှမ်းလာနေသည်ကို တွေ့ရသောအခါတွင် ကျောက်လှေကားများထက်ရှိ သခင်လေးများမှာ အလိုအလျောက် နောက်သို့ဆုတ်လိုက်ကြသည်။
လက်ရှိရှိနေသော မည်သူမှ ဤလူ၏ သိုင်းနယ်ပယ်ကို မပြောနိုင်ပေ။ ယင်းက ဤလူ၏ကျင့်ကြံမှုက သူတို့၏ အထက်၌ ရှိနေသည်ဟု ဆိုလိုခြင်းဖြစ်သည်။
အရှေ့ပိုင်းဒေသကြီးမှ ရက်စက်ကြမ်းကြုတ်ပြီး အကြောက်အလန့်ကင်းသော ဤအကောင်အနေဖြင့် မလုပ်ဝံ့သည့်အရာရှိမည်မဟုတ်ပေ။
“မင်း..အနားကိုကပ်မလာနဲ့”
ဤအချိန်တွင် လင်မိသားစုမှနောက်ထပ်လူငယ်တစ်ဦးက အောက်ရှိရှစ်ဖုန့်ကို အော်ပြောလိုက်သည်။
“အိုး”
သခင်လေးဖြစ်သူ၏ စကားတို့အားကြားရသောအခါတွင် ရှစ်ဖုန့်က ခဏရပ်လိုက်ပြီး သွားပေါ်အောင်ပြုံးလိုက်သည်။ သူက အထက်ရှိ လင်မိသားစု သခင်လေးများထံသို့တစ်ချက်ကြည့်၍ မေးလိုက်သည်။
“ မင်းတို့လို အဆင့်အတန်းမြင့်မား ကြတဲ့သခင်လေးတွေက ငါ့လို အရှေ့ပိုင်းဒေသကြီးက ကျင့်ကြံသူတစ်ဦးကိုကြောက်လို့လား”
ရှစ်ဖုန့်၏စကားအားကြား လိုက်ရသောအခါတွင် လင်မိသားစုမှသခင်လေးတစ်ယောက်က ချက်ချင်းသူ၏ကျောကိုမတ်ကာ ခိုင်မာပြတ်သားစွာပြောဆိုလိုက်၏။
“ကြောက်တယ်တဲ့လား.ငါတို့က လင်မိသားစုကသခင်လေးတွေပဲ.. ဘာလို့ငါတို့ကမင်းကိုကြောက်ရမှာလဲ”
“မင်းတို့မကြောက်တာကောင်းတာပေါ့”
ရှစ်ဖုန့်ကပြောလိုက်သည်။ ထို့နောက် သူက လှေကားများပေါ်သို့ဆက်လက်လျှောက်သွားလိုက်၏။ သူလျှောက်လှမ်းနေရင်းထပ်မံပြောလိုက်သည်။
“ငါ့မှာမင်းတို့ကို မေးစရာရှိတယ်.. မင်းတို့ငါ့ကိုဖြေရင် ငါမင်းတို့ကို ခက်ခဲအောင်မလုပ်ဘူး. အကယ်၍ ငါနဲ့မပူးပေါင်းရင် လင်ဟွမ်လိုမင်းတို့အဆုံးသတ်ရလိမ့်မယ်”
နောက်ဆုံးစကားအားပြောသောအခါတွင် ရှစ်ဖုန့်၏မျက်နှာက ချက်ချင်းအေးစက်သွားပြီး အေးစက်သွေးအေးစွာပြောလိုက်သည်။
ရှစ်ဖုန့်၏ရုတ်တရက်ပြောင်းလဲမှုက လင်မိသားစု၏သခင်လေးများအား ကမ္ဘာကြီး၏အပူချိန်ရုတ်ခြည်းထိုးကျသွားသကဲ့သို့ခံစားရစေသည်။ တစ်ချိန်တည်းတွင် အလိုအလျောက်ခိုက်ခိုက်တုန်စေသော အေးစက်သည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုကသူတို့ကို တိုက်ခိုက်လာ၏။
ခဏရပ်ပြီးနောက် ရှစ်ဖုန့်က ထပ်မံပါးစပ်ကိုဖွင့်ဟလိုက်ပြီး လင်မိသားစုမှ သခင်လေးများကိုပြောလိုက်သည်။
“လင်မိသားစု အရင်ခေါင်းဆောင်လင်ရွှင်းရဲ့ သမီးဘယ်မှာလဲ”
“လင်မိသားစု အရင်ခေါင်းဆောင်ရဲ့သမီးလား”
ဤနမည်အားပြောလိုက်ချိန်တွင် လင်မိသားစုမှ သခင်လေးတစ်ယောက်၏ မျက်နှာကပြောင်းလဲသွားသည်။ ဤလူငယ်မည်သည့်အကြောင်းအားပြောနေသည်ကို သူချက်ချင်းသိလိုက်၏။
လင်မိသားစုဝင်တစ်ယောက်ဖြစ်သည်နှင့်အညီ ထိုလူက လင်မိသားစု အတွက်မည်မျှအရေးကြီးသည်ကိုကောင်းစွာသိသည်ဖြစ်သည်။ အပြင်လူတစ်ယောက်အား ဤသတင်းကို မည်ကဲ့သို့ထုတ်ပြောနိုင်ပါမည်နည်း။
ထို့နောက်လင်မိသားစုမှသခင်လေးက ရုတ်ခြည်းလှုပ်ရှားလိုက်ပြီး လေကိုထိုးခွင်းကာ ထွက်ပြေးဖို့ကြိုးစားလိုက်သည်။
တစ်ချိန်တည်းတွင် ထိုသခင်လေးသာမက လင်မိသားစုမှအခြားသခင်လေး နှစ်ဦးကလည်း လျှင်မြန်စွာ ပျံသန်းလိုက်၏။
“ဟမ့်..ပြေးချင်တာလား”
ပုံရိပ်သုံးခုအားကြည့်၍ ရှစ်ဖုန့်က အထင်သေးမှုအပြည့်ဖြင့်နှာခေါင်း ရှုံ့လိုက်သည်။ထို့နောက် ဝိညာဉ်စွမ်းအားကို အသက်သွင်းပြီး ငရဲဘုံကိုးခု ဝိညာဉ်လှုပ်ခတ်ဆီးလ်အားအသက်သွင်းကာ ပုံရိပ်သုံးခုကို တိုက်ခိုက်လိုက်၏။
“အား”
“အား”
“အား”
ရုတ်တရက်ကောင်းကင်ထဲမှ စူးစူးဝါးဝါးအော်သံသုံးခု ထွက်ပေါ်လာသည်။
လင်မိသားစုမှ အခြားသခင်လေးများမှာ ကောင်းကင်ထဲသို့ ဘာမှဖြစ်ပုံမရဘဲ ပျံသန်းသွားသော သခင်လေးသုံးဦးက တကယ်ကြီးနာကျင်သောအမူအယာ များဖြင့်အော်ဟစ်နေသည်ကို မြင်တွေ့လိုက်ရသည်။
ထို့နောက် ၎င်းတို့၏ ကိုယ်များက တစ်ဟုန်ထိုးပြန်လည်ပြုတ်ကျလာ၏။
“ဘန်း..ဘန်း..ဘန်း”
သခင်လေးသုံးယောက်က ကျန်နေခဲ့သောသူတို့၏အဖော်များဘေးသို့ပြုတ်ကျလာသည်။
ဤအချိန်တွင် လင်မိသားစု၏ သခင်လေးများအဖွဲ့မှ သခင်လေးတစ်ယောက်က သူ့ဘေးသို့ပြုတ်ကျလာသောကိုယ်ကိုကြည့်လိုက်ပြီး တုန်လှုပ်ထိတ်လန့်စွာဖြင့်အော်ပြောလိုက်၏။
“လင်..လင်ယုသေပြီ..သေပြီ”
“အား.ဘာ..သေ..သေပြီ”
“လင်..လင်ယွဲ့.သူ..သူလည်းသေသွားပြီ”
ဆက်ရန်……..
ဘာသာပြန်သူ-ARISE