အခန်း (၈၉၄)
Vol. 60 Ch. 894
“လင်ဟွာလည်း သေပြီ”
ရုတ်တရက် အဝေးသို့ပျံသန်းတက်သွားသော လူသုံးယောက်က ရူးသွပ်သွားသကဲ့သို့ အော်ဟစ်ရုံသာမက သုံးယောက်လုံး မြေပြင်ထက်သို့ပြုတ်ကျလာပြီးနောက် သေဆုံးသွားပြီးဖြစ်သည်ကို လင်မိသားစုမှ သခင်လေးများ မြင်တွေ့လိုက်ရသည်။
ဤလူသုံးယောက်အားလုံးက မဟာသူတော်စင်နယ်ပယ်များဖြစ်ကြသည်။ အမြင့်တစ်ခုမှ ပြုတ်ကျခြင်းက ၎င်းတို့အားသတ်ရန်အတွက် မလုံလောက်ပေ။ ၎င်းတို့သေဆုံးရသည့်အကြောင်းအရင်း ရုတ်တရက်ကောင်းကင်ထဲ၌ နာကျင်စွာဖြင့်အော်ဟစ်မှုကြောင့်ဖြစ်သည်။
မမြင်နိုင်သော စွမ်းအားတစ်ခုက ၎င်းတို့၏အသက်များအား တိတ်တဆိတ်နှုတ်ယူသွားခြင်းဖြစ်သည်။
ဤသို့ပြုလုပ်ခဲ့သည့်သူက သူတို့ရှေ့မှ ဤလူငယ်လေးဖြစ်ရမည်ဖြစ်သည်။ သူက ဆယ့်ခြောက်ဆယ့်ခုနှစ်အရွယ်ခန့်သာ ရှိသေးသော်လည်း မည်သူကမှ သူ၏သိုင်းနယ်ပယ်အဆင့်ကို မြင်နိုင်ခြင်းမရှိပေ။
ရုတ်ခြည်း လင်မိသားစု၏သခင်လေးများက ရှစ်ဖုန့်ထံကြည့်လိုက်ပြီး သူတို့၏ကိုယ်များပေါ်သို့ ချင်းနင်းဝင်ရောက်လာသည့်ပို၍ အေးစက်သောအေးစိမ့်မှုကို ခံစားလိုက်ရသည်။
ရှစ်ဖုန့်က လင်မိသားစုမှ သခင်လေးများအား ထပ်မံကြည့်လိုက်သည်။ သူ၏မျက်လုံးတို့က ကျဉ်းမြောင်းသွားပြီး သူ၏မျက်နှာထက်၌သိသာထင်ရှားသော အေးစက်မှုတစ်ခုရှိနေသည်။ သူကအေးစက်စွာထပ်မံပြောလိုက်၏။
“ငါမင်းကိုတို့ကိုမေးနေတယ်. အကယ်၍ ထပ်ပြီးထွက်ပြေးဖို့ကြိုးစားရင် ဘယ်သူမဆို ထွက်လာမဲ့ရလဒ်ကို မြင်တွေ့စေရမယ်”
“အသက်ရှူဆယ်ကြိမ်.. အသက်ရှူဆယ်ကြိမ်အတွင်းဘယ်သူကမှမဖြေရင် မင်းတို့အားလုံး ငရဲကိုသွားလို့ရပြီ”
“တစ်”
ထိုစကားလုံးထွက်ပေါ်လာသည့်အ ခိုက်အတန့်တွင် ဧရိယာတစ်ခုလုံးရုတ်ခြည်းတိတ်ကျသွားသည်။ ဤအချိန်တွင် မည်သူကမှသူတို့ရှေ့ရှိဤလူငယ်လေး၏ စကားလုံးများအပေါ်သံသယမဝင်ရဲပေ။
“နှစ်”
နောက်ထပ်စကားတစ်ခွန်းထပ်မံထွက်ပေါ်လာပြန်သည်။ ဤစကားလုံးအား ကြားသောအခါတွင် သခင်လေးများမှာ သူတို့၏နှလုံးသားများတုန်ယင်လာသည်။
“သုံး”
ရှစ်ဖုန့်က “သုံး”ဟု ထပ်မံရေရွတ်လိုက် ချိန်တွင် ဖိနှိပ်ခံရသော အခြေအနေကို ထပ်မံတောင်ခံနိုင်ခြင်းမရှိသော လင်မိသားစု၏ သခင်လေးတစ်ယောက်က အော်ပြောလိုက်သည်။
“ငါသိတယ်.. မင်းရဲ့ညီမဘယ်မှာလဲဆိုတာကိုငါသိတယ်”
ဤလူစကားပြောလိုက်သည့်အခိုက်အတန့်တွင် တစ်စုံတစ်ယောက်က ၎င်းအား သတိပေးလိုက်၏။
“ လင်ယန်.. မင်းရူးနေပြီလား. မိသားစုခေါင်းဆောင်သာ အပြင်လူကို အဲ့မကောင်းဆိုးဝါးလေးအကြောင်း မင်းပြောပြတာကိုသိသွားရင် မင်းကိုအရှင်လတ်လတ်အရေခွံဆုတ်လိမ့်မယ်”
“ဟုတ်တယ်.. လင်ယန်.. အဲ့မကောင်းဆိုးဝါးလေးက ငါတို့လင်မိသားစုအတွက် ဘယ်လောက်အရေးကြီးလဲဆိုတာကိုမင်းမသိတာလား.. အခုမင်းမသေရင်တောင်.. အဲ့မကောင်းဆိုးဝါးလေးအကြောင်း အပြင်လူကိုမင်းပြောတယ်ဆိုတာ မိသားစုခေါင်းဆောင်သိသွားတာနဲ့ စည်းကမ်းထိန်းသိမ်းအပြစ်ပေးခန်းမကို သေချာပေါက်ရောက်အောင်လုပ်လိမ့်မယ်.. အဲ့အချိန်ကြ..မင်းမသေရင်တောင်.. မင်းရဲ့အရေခွံတွေဆုံးရှုံးရလိမ့်မယ်”
“ငါ..”
လင်မိသားစုမှသခင်လေးနှစ်ဦး၏စကား တို့အားကြားပြီးနောက် လင်ယန်ဟုခေါ်သော သခင်လေး၏မျက်နှာထက်တွင်ရုတ်ခြည်း တုန့်ဆိုင်းမှုတို့ပြသလာသည်။
ရှစ်ဖုန့်မှာ မျက်လုံးတို့မှေးစင်းသွားပြီး စိတ်ဘဝင်မကျမှုကိုပြသလာ၏။
“အား”
“အား”
ရုတ်ခြည်းဤကမ္ဘာအတွင်း စူးစူးဝါးဝါးအော်ဟစ်သံနှစ်ခုက ထပ်မံထွက်ပေါ်လာသည်။
ယင်းမှာ လင်ယန်အား တားဆီးရန်ကြိုးပမ်းခဲ့သော သခင်လေးနှစ်ဦးထံမှလာခြင်းဖြစ်သည်။ ထိုမျှမက ၎င်းတို့၏မျက်နှာများကရှုံ့တွပြီး အကျည်းတန်နေကာ လွန်စွာနာကျင်ခံစားခဲ့ရသည့်နှယ်ဖြစ်သည်။
လင်မိသားစု၏ကျန်နေသော သခင်လေးများမှာ ၎င်းတို့နှစ်ဦးကလည်း အစောပိုင်းက လူသုံးယောက်ကဲ့သို့ အော်ရာလုံးဝမရှိတော့ဘဲ သေဆုံးသွားပြီဖြစ်သည်ကို တွေ့လိုက်ရသည်။
မူလက ၎င်းတို့လူဆယ့်ငါးယောက်ရှိသည်ဖြစ်သည်။ သူတို့အားလုံးက လင်မိသားစု၏သခင်လေးများဖြစ်ကြသည်။ မူလက သူတို့၏စိတ်တိုင်းကျကစားနိုင်ရန်အတွက် လင်မိသားစုမှထွက်ခွာ၍ ပြင်ပသို့သွားရန်စီစဉ်ထားခဲ့ကြသည်။
ယခုလင်မိသားစုမှသူတို့မထွက်ခွာနိုင်ခင်မှာပင် သူတို့ထဲမှ ငါးဦးသေဆုံးသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ လျှာဆွဲထုတ်ခံရကာ ၎င်းတို့၏လက်အတွင်းကျရောက်နေသော လင်ဟွမ်လည်းရှိသေးသည်ဖြစ်သည်။ ဝမ်းနည်းဖွယ်အဆုံးသတ်က စိတ်ကူးကြည့်ဖို့ပင်ခက်ခဲသည်ဖြစ်သည်။
လင်မိသားစုမှသခင်လေးကိုးယောက်တို့မှာ သူတို့ဝန်းကျင်ရှိလေထုက ပို၍အေးစက်လာသလိုရုတ်ခြည်း ခံစားလိုက်ရသည်။
ရှစ်ဖုန့်၏အကြည့်က လင်ယန်ဟုခေါ်သော လူငယ်ထံသို့ကျရောက်သွားသည်။ သူက ၎င်းကိုကြည့်၍ အေးစက်စွာပြောလိုက်၏။
“လေး”
“ငါး”
“ခြောက်”
အချိန်ကကုန်ဆုံးလာသကဲ့သို့ လင်မိသားစု၏သခင်လေးများမှာလည်း သူတို့၏နှလုံးသားထဲ၌ ပြင်းထန်စွာ ရုန်းကန်နေကြသည်ဖြစ်သည်။ လူများအားသဲလွန်စမကျန်သတ်ဖြတ်ပစ်သောရက်စက်သည့်ပုဂ္ဂိုလ်က ခြောက်အထိရေတွက်ပြီးဖြစ်သည်။ အကယ်၍နောက်ထပ် အသက်ရှူလေးကြိမ်ရောက်လျှင် သူတို့အားလုံးသေရလိမ့်မည်ဖြစ်သည်။
“ခုနှစ်”
အသက်ရှူသုံးကြိမ်သာကျန်တော့သည်ဖြစ်သည်။
“ပြောမယ်..ငါပြောမယ်.. ငါမင်းကိုပြောပါ့မယ.. သူက လင်မိသားစုရဲ့တောင်ထွတ်မှာပါ”
ပြောလိုက်သောသူက လင်ယန်ဟုခေါ်သော လူငယ်ပင်ဖြစ်သည်။
အစောပိုင်းသူ၏နှလုံးသားအတွင်းပြင်းထန်စွာ ရုန်းကန်ပြီးနောက် အကယ်၍သူသာမပြောလျှင် ချက်ချင်းသေရလိမ့်မည်ကို လင်ယန်ယုံကြည်သည်ဖြစ်သည်။ ဤလူအားထိုမကောင်းဆိုးဝါးလေး၏တည်နေရာကို ပြောပြလိုက်ခြင်းကပို၍ကောင်းသည်ဖြစ်၏။ သူသေခြင်းတရားမှလွတ်ကောင်း လွတ်နိုင်သည်ဖြစ်သည်။
အဓိကပြဿနာက သူ့ဘေးရှိဤလူများသာ မပြောလျှင် မည်သူကမှသူဤသတင်းအားဖြန့်သည်ကိုသိမည်မဟုတ်ပေ။
ဤသတင်းအား ထုတ်ဖော်ရခြင်းက သူ့ကိုယ်သူသာကယ်တင်သည်မက ၎င်းတို့အားလုံးကိုလည်းကယ်တင်ခြင်းဖြစ်သည်။
“လင်မိသားစုရဲ့တောင်ထွတ်ကဘယ်နေရာမှာလဲ”
ရှစ်ဖုန့်က လင်ယန်ကို ထပ်မံမေးလိုက်သည်။
လင်ယန်က အရှေ့ဘက်သို့ ထိုးညွှန်ပြပြီးပြောလိုက်သည်။
“မင်းသာအရှေ့ဘက်ကို ဆက်ပြီးပျံသွားရင် တောင်ဆယ့်သုံးလုံးကို တွေ့လိမ့်မယ်.. မြူခိုးအထူဆုံးတောင်ထွတ်ကလင် မိသားစုရဲ့ဖုံးကွယ်ထားတဲ့တောင်ထွတ်ပဲ”
“ငါသိပြီ”
ရှစ်ဖုန့်က ပြောလိုက်၏။
ထို့နောက်သူ၏အသံက ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ပဲ့တင်ထပ်လာသည်။
“သွားစို့”
“ဆရာ ကျွန်တော်ဒီကောင်ကိုဘာလုပ်သင့်လဲ”
လောချင်းချွမ်က သူ၏လက်ထဲရှိလင်ဟွမ်ကိုမြှောက်ပြပြီး ရှစ်ဖုန့်ကသွားမည်ဟုပြောသည် ကိုကြားသောအခါတွင် မေးလိုက်သည်။
ရှစ်ဖုန့်က ခေါင်းပင်မလှည့်ဘဲပြန်ဖြေလိုက်၏။
“ဒီကောင်က ရက်စက်ကြမ်းကြုတ်တယ်. သူ့ကိုသတ်တာက သူ့အတွက်အရမ်းလွယ်ကူတယ်.. သူ့ရဲ့ဒန်တန်ကိုဖျက်ဆီးပြီး အသုံးမဝင်တဲ့အမှိုက်တစ်ကောင်လိုရှင်သန်ခိုင်းလိုက်”
“အား.အား..အား..အား..အား.အား”
လောချင်းချွမ်၏လက်ထဲ၌ အကိုင်ခံထားရသောလင်ဟွမ်မှာ ရှစ်ဖုန့်၏စကားများကို ကြးသည်ဖြစ်သည်။ သူ၏မျက်နှာထက်တွင် ကြောက်လန့်မှုတို့တွဲခိုနေပြီးအော်ဟစ်လိုက်၏။
“အား.အား..အား.အား”
သူ၏လျှာအားဆွဲထုတ်ခံထားရသောကြောင့် သူဘာပြောသည်ကို မည်သူမှမသိကြချေ။
သို့သော်လင်ဟွမ်အနေဖြင့် အရှေ့ပိုင်းဒေသကြီးမှ အမှိုက်တစ်ကောင်၏လက်အတွင်းသို ယနေ့၌ကြရောက်ရလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။
“အား”
လောချင်းချွမ်ကလင်ဟွမ်၏ဒန်တန်အားလက်ဖြင့်တောက်လိုက်သကဲ့သို့ လင်ဟွမ်၏ပါးစပ်မှနောက်ထပ် စူးစူးဝါးဝါးအော်သံတစ်ခုထွက်ပေါ်လာပြန်သည်။
ကျင့်ကြံသူတစ်ယောက် အထူးသဖြင့် လင်မိသားစုမှကျင့်ကြံသူတစ်ယောက်အတွက် ဒန်တန်ပျက်စီးပြီး အမှိုက်တစ်ကောင်ဖြစ်လာရသည်က ရိုးရှင်းစွာပင်သေသည်ထက်ပို၍ဆိုးရွားသော ကံတရားဖြစ်သည်။
ထိုထက်ပိုသည်ကားလင်ဟွမ်မှာ အမြဲမောက်မာခဲ့ပြီးရန်သူများစွာရှိသည်ဖြစ်သည်။ ယခု သူကဒုက္ခိတဖြစ်သွားပြီး သူ၏အနာဂတ်နေ့ရက်များကလည်း ကောင်းမွန်လိမ့်မည်မဟုတ်ပေ။
လင်အာက လင်မိသားစု၏တောင်ထွတ်၌ ရှိနေသည်ကို သိပြီးနောက် ရှစ်ဖုန့်ကထပ်မံနေခြင်းမရှိဘဲ လေထဲသို့တက်လိုက်သည်။
ထို့နောက်ချက်ချင်း လင်ယဲ့ဖုန်း၊ တစ္ဆေစစ်သူကြီးရှစ်ဦးနှင့်အခြားနှစ်ယောက်တို့ကလည်း ရှစ်ဖုန့်၏နောက်မှလိုက်ပါလာသည်။
လောချင်းချွမ်က သူ့လက်ထဲရှိလင်ဟွမ်အား အမှိုက်တစ်ခုကဲ့သို့မြေပြင်ပေါ်သို့ ပစ်လွှတ်လိုက်ပြီး လူအုပ်နှင့်အတူလေထဲပျံတက်လိုက်သည်။
လူအုပ်က ရှစ်ဖုန့်၏နောက်မှလိုက်ပါလာပြီး လင်မိသားစုအတွင်းလျှင်မြန်စွာပျံသန်းသွားသည်။ သူတို့ကလင်မိသားစု၏သခင်လေးပြောခဲ့သော ရှစ်လင်ရှိရာ အရှေ့ဘက်ရှိ စိတ်ဝိညာဉ်ဆုတ်ခွာခြင်း တောင်ထိပ်သို့ဦးတည်နေခြင်းဖြစ်သည်။
အောက်ဘက်ရှိ လင်မိသားစုမှသခင်လေးကိုးယောက်တို့မှာ သူတို့၏ခေါင်းများကိုမော့၍ ကောင်းကင်ကိုထိုးခွင်းပြီးထွက်ခွာသွားသော ပုံရိပ်များကိုကြည့်လိုက်သည်။ ထို့နောက်မှသာသူတို့၏စိတ်ရော ကိုယ်ပါဖြည်းညှင်းစွာသက်သာရာရကြ၏။
အစောပိုင်းကခံစားချက်က သူတို့အနေဖြင့်တကယ်ကြီးငရဲတံခါးဝသို့ အလည်ထွက်လိုက်ရသည့်နှယ်ဖြစ်သည်။ သူတို့အားလုံးသေခြင်းတရားနှင့်နီးစပ်ခဲ့သည်ဖြစ်၏။
“အဲ့..အဲ့လူတွေက ဘယ်..ဘယ်သူတွေလဲ.. သူ..သူတို့က ငါတို့လင်မိသားစုကို လုံးဝကြောက်ပုံမရဘူး. သူ့ကိုရင်ဆိုင်ရတာက မိသားစုခေါင်းဆောင်နဲ့ ငါတို့ရဲ့ဘိုးဘေးတွေကို ရင်ဆိုင်ရသလို မွန်းကျပ်မှုကိုခံစားရတယ်”
ဆက်ရန်…..
ဘာသာပြန်သူ-ARISE