← Chapters

အခန်း (၈၉၅)

Vol. 60 Ch. 895

အခန်း (၈၉၅)

Vol. 60 Ch. 895

လင်မိသားစု၏ သခင်လေးများမှာ လေကိုထိုးခွင်းကာ အဝေးသို့ပျံသန်းထွက်ခွာသွားကြသော ဒါဇင်နှင့်ချီသည့် ပုံရိပ်များအား မော့ကြည့်၍ ထိုအကြောင်းကို ပြောဆိုနေကြ၏။

ကံကောင်းစွာဖြင့်၎င်းတို့က အဝေးသို့ပျံသန်းထွက်ခွာသွားကြာပြီးဖြစ်သော‌ကြောင့် သူတို့၏အသက်များက လုံခြုံသွားပြီဖြစ်သည်။

သို့သော် ၎င်းတို့က လင်မိသားစုအတွင်း ခွင့်ပြုချက်မရှိဘဲ သခင်လေးငါးယောက်အားသတ်ဖြတ်ကာ လင်ဟွမ်၏လျှာကိုဆွဲထုတ်ပြီး၎င်း၏ဒန်တန်ကိုဖျက်ဆီးခဲ့ကြသည်ဖြစ်သည်။ ၎င်းတို့က ထိုမကောင်းဆိုးဝါးလေးရှိနေသော လင်ယင် တောင်ထိပ်ကိုလည်းသွားကြသည်ဖြစ်၏။ ဤလူများအနေဖြင့် သေခြင်းတရားနှင့် များစွာဝေးကွာကြတော့မည်မဟုတ်ပေ။

အောက်ဘက်ရှိကျောက်လှေကားများပေါ်တွင် ညစ်ပတ်ရှုပ်ပွပြီး ခွေးသေတစ်ကောင်ကဲ့သို့လဲလျောင်းနေသော ခန္ဓာကိုယ်တစ်ခုရှိနေသည်။ ၎င်းက လောချင်းချွမ်၏ လျှာအားဆွဲထုတ်ကာ ဒန်တန်ဖျက်ဆီးခြင်းကို ခံခဲ့ရသော လင်ဟွမ်ပင်ဖြစ်သည်။

လင်ဟွမ်က သူ၏ခေါင်းကို ဖြည်းညှင်းစွာမော့လိုက်ပြီး ညစ်ပတ်ပေရေနေသောလည်း ခက်ထန်သော အမူအယာရှိနေသည့် မျက်နှာအားလှစ်ဟာပြကာ ကောင်းကင်ထဲသို့ကြည့်နေသည်။ ဒါဇင်နှင့်ချီသော ပုံရိပ်များက ပျောက်ကွယ်သွားပြီဖြစ်သော်လည်း သူကတော့၎င်းတို့အား မြင်တွေ့နေရပုံရ၏။

ထို့နောက်လင်ဟွမ်က လက်သီးတို့ကိုကျစ်နေအောင်ဆုပ်လိုက်ပြီး ခက်ထန်ကြမ်းကြုတ်သော အမူအယာတစ်ခုကို မျက်နှာထက်၌ပြသလာသည်။ သူကပါးစပ်ဖြင့် ရေရွတ်လိုက်၏။

“ဟမ်….”

သို့သော် ၎င်း၏လျှာဆွဲထုတ်ခံထားရခြင်းကြောင့် ဆွံ့အသူတစ်ယောက်ဖြစ်လာပြီး သူဘာပြောလဲဆိုသည်ကို မည်သူကမှမသိကြချေ။

အငြိုးအတေးများနှင့်ပြည့်နှက်နေမှုကို သူ၏မျက်နှာပြင်တစ်ခုတည်း၌ သာမြင်တွေ့နိုင်သည်။

သူ၏လျှာကဆွဲထုတ်ခံရပြီး ဒန်တန်အားအတင်းအကျပ်ဖျက်ဆီးခံခဲ့ရသည်ဖြစ်သည်။ သူ့၌မည်ကဲ့သို့ ကြီးမားသော နှလုံးသားတစ်ခုရှိနေနိုင်ပါမည်နည်း။

“အရှေ့ပိုင်းဒေသကြီးက ဆန်ကုန်မြေလေးတွေ. မင်းတို့သေချာပေါက် သေခြင်းဆိုးနဲ့သေရမယ်. မင်းတို့သေချာပေါက်သေရမယ်ကွ..အရှေ့ပိုင်းဒေသကြီးက ဆန်ကုန်မြေလေးတွေ..”

လင်ဟွမ်က သူ၏နှလုံးသားထဲ၌ ဤကဲ့သို့ပြောဆိုနေပြီး သူ၏ခန္ဓာကိုယ်က ပြင်းထန်စွာ လှုပ်ခါနေသည်။

ရှစ်ဖုန့်ကနောက်ရှိလူအုပ်ကို ဦးဆောင်ပြီး လင်မိသားစုမှလင်ယန်ဟုခေါ်သော သခင်လေး၏လမ်းညွှန်ပြသမှုအရ အရှေ့ဘက်သို့ အပြင်းချီတက်နေသည်။ သိပ်မကြာခင် မြေပြင်၌မြူတို့ရစ်သိုင်းနေကာ တိမ်စိုင်တိမ်တိုက်တို့ ဝန်းရံနေသည့် တောင်တန်းများက သူ၏မြင်ကွင်းထဲ၌ပေါ်လာသည်။

“တောင်ထွတ်ဆယ့်သုံးခု.. ကြည့်ရတာဒါဖြစ်မဲ့ပုံပဲ”

ရှစ်ဖုန့်က ထိုတောင်ထွတ်များအားကြည့်၍ ပြောလိုက်သည်။

ထို့နောက်သူက တောင်ဆယ့်သုံးလုံး၏အသွင်အပြင်များကို စစ်ဆေးလိုက်သည်။ လင်ယန်၏ အဆိုအရ အထူထဲဆုံးမြူခိုးများဝန်းရံနေသည့် တောင်ထွတ်က သူ၏ညီမရှစ်လင်ရှိသောနေရာဟုဆိုသည်။

“ဒါကလင်ယင်တောင်ထွတ်ဖြစ်မယ်”

သိပ်မကြာခင် မြူထိုးထူထပ်ပြီး အသက်ဓာတ်ပေါကြွယ်ဝသော တောင်တစ်လုံးကိုရှစ်ဖုန့်တွေ့လိုက်ရသည်။ အထူးသဖြင့် ပျံ့နှံ့နေသော မြူခိုးများဖြစ်ပြီး အခြားတောင်များရှိ တိမ်တိုက်များနှင့်မြူခိုးများက နှိုင်းယှဉ်ခြင်းငှာမစွမ်းသာပေ။

ဤသည်ကားသံသယဖြစ်ဖွယ်မရှိ လင်ယင်တောင်ထွတ်ဖြစ်သည်။

“ဒီတောင်ပဲ..ဆင်းကြစို့”

ရှစ်ဖုန့်က လင်ယင်တောင်ထွတ်ကိုညွှန်ပြပြီး နောက်ရှိလူများကိုပြောလိုက်သည်။ သူကလင်ယင်တောင်ထွတ်ထံ သို့ထိုးဆင်းလိုက်၏။

“ရဲတင်းလိုက်တာ.. မင်းတို့ကဘယ်သူတွေလဲ..မင်းတို့ ဘယ်လိုတောင်ငါ့ရဲ့လင်မိသားစုထဲကိုကျူးကျော်ရဲတာလဲကွ”

ဤအခိုက်အတန့်တွင် အိုမင်း မှုန်မှိုင်းသော ဟိန်းဟောက်သံတစ်ခုက လင်ယင်တောင်ထွတ်မှ ထွက်ပေါ်လာပြီး လွန်စွာအားကောင်းသောအော်ရာနှစ်ခုကလည်း မြင့်တက်ထွက်ပေါ်လာသည်။

ရှစ်ဖုန့်နှင့်သူ၏အဖွဲ့က အားကောင်းသော အားကောင်းသော အော်ရာနှစ်ခုကိုခံစားမိပြီး လူဆယ့်လေးယောက်က ချက်ချင်းရပ်တန့်လိုက်ကြ၏။ ရှစ်ဖုန့်၏မျက်လုံးတို့က ကျဉ်းမြောင်းသွားကာ တီးတိုးရေရွတ်လိုက်သည်။

“ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်နှစ်ယောက်”

“ဒီမှာ တကယ်ပဲစောင့်ကြပ်နေတဲ့ ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ် နှစ်ယောက်ရှိနေတာပဲ.. လင်အာ သေချာပေါက်ဒီမှာပဲရှိရမယ်”

လင်စန်၏စကားများမှတစ်ဆင့် ရှစ်လင်က ၎င်းတို့လင်မိသားစုအတွက်အရမ်းအရေးကြီးသည်ကို ရှစ်ဖုန့်သိထားပြီးဖြစ်သည်။ သို့သော် ဤနေရာ၌သူမအားစောင့်ကြပ်ရန် ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်နှစ်ဦးရှိနေလိမ့်မည်ဟုတော့ သူလုံးဝမမျှော်လင့်ထားခဲ့ပေ။

ထို့နောက်ချက်ချင်း လင်ယင်တောင်ထိပ်၏ သိပ်သည်းသော အဖြူရောင်မြူခိုးများကြားထဲမှ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသောလောကီရေးရာကိုအဖတ်မလုပ်တော့သကဲ့သို့ မသေမျိုးအော်ရာများနှင့် လူနှစ်ဦး ထိုးထွက်လာသည်ကို မြင်တွေ့လိုက်ရ၏။

သို့သော် အဘိုးအိုနှစ်ဦး၏မျက်နှာထက်တွင် မောက်မာမှုတို့ရှိနေပြီး နှစ်ခေါင်းတို့က အပေါ်ကို ပင့်ကာ အထင်သေးသောပုံစံဖြင့်၎င်းတို့ကရှစ်ဖုန့်တို့ကိုကြည့်နေသည်။

အစောပိုင်းကပြောခဲ့သော အဘိုးအိုကထပ်မံပြောလိုက်သည်။

“ဒီလင်ယင်တောင်ထွတ်က ငါတို့လင်မိသားစုအတွက် အရေးကြီးတဲ့နေရာတစ်ခုပဲ.. ငါတို့လင်မိသားစုခေါင်းဆောင်ရဲ့ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ ဝင်ခွင့်မရှိဘူး. အသက်ရှူဆယ်ကြိမ်အတွင်းမင်းတို့ထွက်သွား..မဟုတ်ရင် မင်းတို့ဒီမှာပဲထာဝရနေသွားရလိမ့်မယ်”

အသံပျောက်ကွယ်သွားသည်နှင့်ရှေ့ဆုံးရှိအားကောင်းသော အော်ရာတို့ဖြာထွက်နေသော အဘိုးအိုက ရှစ်ဖုန့်နှင့်အခြားသူများအား သိမ်းကျုံးကြည့်လိုက်သည်။

သူတို့၏အမြင်တွင် သူတို့နှစ်ဦးက လွန်စွာ အားကောင်းသော ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်များဖြစ်ပြီး ဖြာထွက်နေသောအော်ရာမှဖိအားက ဤအဆင့်နိမ့်ကျင့်ကြံသူများကို တုန်လှုပ်သွားစေရန်လုံလောက်သည်ဖြစ်သည်။

သို့သော်ရှစ်ဖုန့်နှင့်အခြားသူများက အဆင့်နိမ့်ကျင့်ကြံသူများမည်ကဲ့သို့ဖြစ်နိုင်ပါမည်နည်း။ ၎င်းတို့ကြားထဲတွင် ဤလူနှစ်ယောက်ကသာ အဆင့်နိမ့်သူများဖြစ်သည်။

“သက်ကြားအိုကြီးနှစ်ကောင်.. ကိုယ့်ကိုယ်ကိုယ်ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ရောက်နေတာကို အရမ်းမိုက်တယ်ထင်နေတာလား.ဒီသခင်လေးတစ်ယောက်တည်းနဲ့ မင်းတို့နှစ်ယောက်ကို သတ်ပစ်လို့ရတယ်..”

ရှစ်ဖုန့်ကသူ့ရှေ့ရှိအဘိုးအိုနှစ်ဦးအား အေးစက်စွာကြည့်၍ မမြင်နိုင်သောဖိအားတို့ထုတ်လွှတ်နေသော အဘိုးအိုအားစိုက်ကြည့်ကာ အေးစက်စွာပြောလိုက်သည်။

ထို့နောက်ရှစ်ဖုန့်က သူ၏ညာလက်အားအားလက်သည်း အသွင်ပြောင်းပြီးရှေ့သို့ဆန့်ထုတ်လိုက်၏။ ရုတ်ခြည်း ကူးလူးလာသော မမြင်နိုင်သည့်ဖိအားမှာ ရှစ်ဖုန့်လက်သည်း၏ အပိုင်းပိုင်းချေမွခြင်းကိုခံလိုက်ရသည်။

“ဟမ်”

“ဘာဖြစ်နေတာလဲ”

“ဟမ်..ဘာဖြစ်သွားတာလဲ”

စွမ်းအားကြီးအော်ရာ ဖျက်ဆီးခံလိုက်ရသောအခါတွင် အဘိုးအိုနှစ်ဦးက တစ်ချိန်တည်းအံ့အားသင့်စွာ ပြောလိုက်ကြသည်။

ထို့နောက်မှသာသူတို့၏ခေါင်းကို မော့ပြီး ရှေ့ရှိ လူငယ်နှင့်သူ့နောက်ရှိလူများ ကိုကြည့်လိုက်သည်။

အစကသူတို့ကမမြင်သောကြောင့်မသိကြချေ။ သေချာနီးနီးကပ်ကပ်ကြည့်လိုက်ပြီးနောက် လင်မိသားစုမှ လွန်စွာစွမ်းအားကြီးသော အဘိုးအိုနှစ်ဦး၏ မျက်နှာအမူအယာများက သိသိသာသာပြောင်းလဲသွားကြသည်။ ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ဆယ့်သုံးယောက်အား သူတို့ရှေ့၌ တကယ်ကြီးတွေ့နေရခြင်းဖြစ်သည်။

ရှောင်းထျန်းရီမှလွဲ၍ ရောက်လာသော လူအားလုံး၏ သိုင်းနယ်ပယ်များက ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်များဖြစ်ကြသည်။

“မင်းတို့ကဘယ်သူတွေလဲ.. ဘယ်လိုလုပ်ပြီးအထွတ်အထိပ်ဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူအများကြီးက ငါတို့လင်မိသားစုနဲ့ လင်မိသားစုရဲ့လင်ယင်တောင်ထိပ်ကို လာရတာလဲ”

အဘိုးအိုတစ်ဦးက အံ့အားသင့်စွာပြောလိုက်သည်။

တစ်စုံတစ်ခု ဆိုးရွားစွာဖြစ်တော့မည့် ကြိုတင်နမိတ်စိတ်အာရုံကိုလည်း သူခံစားလိုက်ရသည်။ ဤအထွတ်အထိပ် ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်များ လင်ယင်တောင်ထွတ်သို့လာရခြင်းက ဤတောင်အတွင်းရှိ မွေးရာပါစိတ်ဝိညာဉ်ခန္ဓာကိုယ်နှင့် ကောင်မလေးကြောင့်ဖြစ်ရမည်ဖြစ်သည်။

“ဒီသခင်လေးတို့ ဘယ်သူဆိုတာကို စိတ်ပူမနေနဲ့.. ဒီသခင်လေးရဲ့လမ်းမှာလာပိတ်တဲ့ သူအကုန်သေရမယ်.. မင်းတို့သက်ကြားအိုနှစ်ကောင်ကို ဒီသခင်လေးတစ်ယောက်တည်းသတ်လို့ရတယ်လို့ပြောထားပြီးသား”

ရှစ်ဖုန့်ကရှေ့ရှိ အဘိုးအိုနှစ်ဦးအားအေးစက်စွာအော်ပြောလိုက်သည်။

ထို့နောက်ရှစ်ဖုန့်က ၎င်းတို့ကနှင့်အရေမရအဖတ်မရမပြောတော့ဘဲ အဘိုးအိုနှစ်ဦးအားအရင်ဆုံးသတ်ရန် တစ်ဟုန်ထိုးဦးတည်လိုက်သည်။

ဖုံးကွယ်နေသောမိသားစုဖြစ်သည့် လင်မိသားစု ၌ ထူးခြားသော နောက်ခံတစ်ခုရှိရမည်သာဖြစ်သည်။ ယ ခင်ကတွေ့ခဲ့သော လင်စန်နှင့် ယခု ဤနေရာ၌ တောင်အားစောင့်ကြပ်နေသော လူအားလုံးက ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်များဖြစ်ကြသည်။ ၎င်းတို့၌ အထွတ်အထိပ် ဧကရာဇ်နယ်ပယ်မည်မျှရှိမည်ကို မည်သူသိနိုင်မည်နည်း။

မည်သို့ပင်ဆိုစေကာမူ ဤတစ်ကြိမ်မြောက်ပိုင်းဒေသကြီးသို့ရှစ်ဖုန့်လာရသည့်ရည်ရွယ်ချက်က လင်မိသားစုနှင့်တိုက်ပွဲဆင်နွှဲရန်ဖြစ်သည်။ ယခု ဤအခွင့်အရေးကိုယူ၍ တက်နိုင်သမျှ များများသတ်ပြီး ၎င်းတို့၏အင်အားကိုလျှော့ချရမည်ဖြစ်သည်။

သူတို့ထံသို့ပျံသန်းလာသော ရှစ်ဖုန့်အားကြည့်၍ အစောပိုင်းက ရှစ်ဖုန့်ပြောဆိုသော စကားတို့အားကြားရပြီးနောက် အဘိုးအိုတစ်ဦးကဒေါသတကြီးအော်ပြောလိုက်သည်။

“မောက်မာလိုက်တဲ့ကောင်လေး.. မင်းကသေချင်မှတော့မင်းရဲ့ဆန္ဒကိုဖြည့်ပေးရတာပေါ့”

“သတ်”

ထို့နောက်အဘိုးအိုနှစ်ဦးက နက်ရှိုင်းသောအသံဖြင့်အော်ပြောလိုက်ကြပြီး နှစ်ယောက်စလုံးတစ်ကြိမ်တည်းတွင် လက်တို့ဖြင့်ဆီးလ်များကိုပုံဖော်လိုက်ကြကာ ပျံသန်းလာသောရှစ်ဖုန့်ထံသို့ လက်ဝါးများရိုက်ထုတ်လိုက်ကြ၏။

လေတို့ကအဆက်မပြတ်လှည့်ပတ်ပြီးစိတ်ဝိညာဉ်စွမ်းအင်တို့စီးဆင်းကာ အဘိုးအိုနှစ်ဦး၏ရှေ့တွင် ဧရာမ အစိမ်းရောက်လက်ဝါးကြီးဖွဲ့စည်းဖြစ်ပေါ်လာသည်။

ဤအစိမ်းရောင်လက်ဝါးကြီးက ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်နှစ်ဦး ၏စွမ်းအားကိုစုစည်းထားခြင်းဖြစ်သည်။ သာမန်ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်တစ်ဦး၏ တိုက်ခိုက်မှုက ၎င်းအား လုံးဝယှဉ်နိုင်မည်မဟုတ်ပေ။

အဘိုးအိုနှစ်ဦးက သူတို့ထံသို့တစ်ဟုန်ထိုးဦးတည်လာနေသော လူငယ်ကိုကြည့်နေသည်။သူတို့၏တိုက်ခိုက်မှုက လူငယ်အားတရကြမ်းထိမှန်တော့မည်ဖြစ်သည်။ သူတို့၏နှလုံးသားအတွင်း၌ ဤမောက်မာသောလူငယ်သေချာပေါက်သေရမည်သာဖြစ်သည်။

ဆက်ရန်………

ဘာသာပြန်သူ-ARISE

All Chapters