← Chapters

အခန်း (၈၉၆)

Vol. 60 Ch. 896

အခန်း (၈၉၆)

Vol. 60 Ch. 896

အဖြူရောင်ဝတ်ရုံအား ဝတ်ဆင်ထားသော ကြယ်ကိုးပွင့် ဧကရာဇ်နယ်ပယ် အဘိုးအိုနှစ်ဦးက အတူတကွ ပူးပေါင်းတိုက်ခိုက်လိုက်ကြသည်။ ကိုယ့်သေခြင်းတရားကို ကိုယ်တိုင်ကိုယ်ကျတောင်းဆိုနေသော လူငယ်က သေချာပေါက်သေလိမ့်မည်ဟု သူတို့ခံစားရ၏။ ၎င်းအတွက် ရှန်သန်ရန်သံသယရှိမလိုပေ။

ယင်းမှာ သူတို့နှစ်ဦးစွမ်းအားအပေါ်၌ အကြွင်းမဲ့ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေသောကြောင့်ပင်ဖြစ်သည်။

၎င်းတို့ကအထွတ်အထိပ်ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာနေပြီးဖြစ်သော သူများဖြစ်သည်။ သူတို့နှစ်ယောက်ပူးပေါင်းထုတ်ဖော်ခင်း ကျင်းပြသသော လက်ဝါးပုံရိပ်က လင်မိသားစု၏စွမ်းအားကြီးသိုင်းပညာရပ်များထဲမှတစ်ခုဖြစ်၏။ ဤလူငယ်၌ ပါရမီစွမ်းရည်ရှိပြီးဤကဲ့သို့အသက်ငယ်ငယ်လေးနှင့် ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်ခဲ့နိုင်ခဲ့လျှင်တောင် ၎င်းအနေဖြင့်သူတို့နှစ်ဦးအား မည်ကဲ့သို့ ယှဉ်နိုင်ပါမည်နည်း။

သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုနှင့်ရင်ဆိုင် ရသည်တွင်သေချာပေါက်သေရ လိမ့်မည်သာဖြစ်သည်။

ရှစ်ဖုန့်က သူ့ထံသို့ဦးတည်လာနေသော ဧရာမအစိမ်းရောင်လက်ဝါးရိပ်ကြီးအားကြည့်၍ အထင်သေးမှုအပြည့်ဖြင့်ပြောလိုက်သည်။

“သက်ကြားအိုကြီးနှစ်ကောင်..ဒါက မင်းတို့ရဲ့ပူးပေါင်းတိုက်ခိုက်မှုလား. နှစ်ပေါင်းများစွာကျင့်ကြံခဲ့ကြတာက အလကားအချိန်ဖြုန်းတီးခဲ့ကြတဲ့ပုံပဲ”

စကားပြောနေသကဲ့သို့ ရှစ်ဖုန့်၏ ပျံသန်း‌နေသော ပုံရိပ်ကလည်း ရပ်တန့်ခြင်းမရှိပေ။ သူ၏ညာလက်အား ကျစ်နေအောင်ဆုပ်လိုက်ပြီး လာနေသော ဧရာမအစိမ်းရောင်လက်ဝါးကြီးထံသို့ ရုတ်တရက် လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။

“ချိုးဖျက်စမ်း”

ရှစ်ဖုန့်ကကြုံးဝါးလိုက်သကဲ့သို့ သူ၏လက်သီးကလည်း ဧရာမလက်ဝါးကြီးနှင့် တွေ့ဆုံသွားသည်။

တစ်ချိန်တည်းတွင် လင်မိသားစုမှ အဘိုးအိုနှစ်ဦး၏ အမူအယာများက ပြောင်းလဲသွား၏။ သူတို့၏လက်ဝါးပုံရိပ်အားထိမှန်သွားသော လူငယ်၏ လက်သီးချက်မှစွမ်းအားကို သူတို့အာရုံခံမိသည်ဖြစ်သည်။

“မဟုတ်ဘူး..မဖြစ်နိုင်ဘူး.. ဒီကမ္ဘာမှာ ဘယ်လိုလုပ်ပြီး ဒီလိုစွမ်းအားမျိုးရှိနေရတာလဲ”

“သူ့လက်သီးချက်ကစွမ်းအားက တကယ်ကြီး ငါတို့နှစ်ယောက်ရဲ့ပူးပေါင်းစွမ်းအားကို ဖိနှိပ်နိုင်တယ်.. .ဒါက.. ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ”

လင်မိသားစုမှ အဘိုးအိုနှစ်ဦးမှာ တုန်လှုပ်အံ့အားသင့်နေသည်။ တီးတိုးရေရွတ်နေသကဲ့သို့ သူတို့၏မျက်နှာမျာထက်၌ မယုံကြည်မှုများဖြင့်ပြည့်နှက်နေ၏။

ထို့နောက် အမှန်တရားက သူတို့၏မျက်လုံးရှေ့မှောက်၌ပေါ်လာသည်။ ရှစ်ဖုန့်လက်သီးချက်မှစွမ်းအားက ဧရာမအစိမ်းရောင်လက်ဝါးရိပ်ကြီးအား ချက်ချင်းဖျက်ဆီးသွားသည်။ သူ၏ကိုယ်က အစိမ်းရောင်လက်ဝါးရိပ်ကြီးအား တိုက်ရိုက်ဖြတ်သန်းပြီး ဧရာမလက်ဝါးရိပ်ကြီးက ဘာသဲလွန်စမှမကျန်အောင်ပျောက်ကွယ်သွားသည်။

“သက်ကြားအိုကြီးနှစ်ကောင် …မင်းတို့အသက်တွေကိုပေးစမ်း”

အဘိုးအိုနှစ်ဦး ၏ အစိမ်းရောင်လက်ဝါးရိပ်ကြီးအား ဖျက်ဆီးပြီးနောက် ရှစ်ဖုန့်က မြင့်မား သော အမြန်နှုန်းဖြင့် အဘိုးအိုနှစ်ဦးထံဆက်လက်ပျံသန်းသွား၏။

ဤအချိန်တွင်ရှစ်ဖုန့်၏အထင်သေး မှုအပြည့်ဖြင့်လှောင်ပြောသော အပြုံးက ပို၍ ပီပြင်လာသည်။

“မြန်မြန် ဆုတ်.. ငါတို့ မိသားစု ဝင်တွေနဲ့ သွားပူးပေါင်းကြစို့”

လူငယ်က မြင့်မားသောအမြန်နှုန်းဖြင့်ဆက်လက်ပျံသန်းလာသည်ကို တွေ့ရသောအခါတွင် အဘိုးအိုနှစ်ဦးက စတင်ကြောက်စိတ်ဝင်လာသည်။ ယခင်တိုက်ခိုက်မှုတို့ ဖလှယ်မှုအရ ဤလူငယ်ကား ကိုယ့်ကိုယ်ကိုယ်အသေလာခံသည်မဟုတ်မှန်းသူတို့သဘောပေါက်ကြသည်ဖြစ်သည်။ ထိုအစား ၎င်း၌ သူတို့နှစ်ဦးအား သတ်ရန် ခွန်အားရှိသည်ဖြစ်သည်။

ထို့နောက် သူတို့နှစ်ဦးသား ရှစ်ဖုန့်နှင့်ထိပ်တိုက်တွေ့မှုကို ရှောင်ရှားရန် အတွက် အလျှင်အမြန်ဆုတ်ခွာလိုက်သည်။

“ဟမ့်..ပြေးချင်တာလား”

ဤအချိန်တွင် ရှစ်ဖုန့်၏ ပဥ္စမမြောက်တပည့်ဖြစ်သူ ရှောင်းထျန်းရီက နောက်ဘက်ရှိလူအုပ်အတွင်းမှ အထင်းသေမှုအပြည့်ဖြင့်နှာခေါင်း ရှုံ့လိုက်သည်။

ထို့နောက် ရှောင်းထျန်းရီက လျှင်မြန်စွာ ဆုတ်ခွာနေသော အဘိုးအိုနှစ်ဦးထံ ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်ဖြင့် တိုက်ခိုက်လိုက်သည်။

“အား”

“အား”

ရုတ်ခြည်း အလျှင်အမြန်ဆုတ်ခွာနေသော အဘိုးအိုနှစ်ဦး၏ကိုယ်က တုန်ယင်လာပြီး ပျံသန်းနေခြင်းရပ်တန့်သွားသည်။ သူတို့၏မျက်နှာများထက်တွင်နာကျင်မှုများဖြင့်ပြည့်နှက်နေပြီး ပါးစပ်တို့မှလည်း နာကျင်မှုအပြည့်ဖြင့် ဟစ်အော်နေသည်။

ရှောင်းထျန်းရီက ကမ္ဘာ့နံပါတ်တစ် အဂ္ဂရိတ်သန့်စင် ဆရာသခင်ဖြစ်သည်။ သူ၏ အဂ္ဂရိတ်သန့်စင်တာအိုက ဧကရာဇ်နယ်ပယ်သို့ ရောက်သည်မှာ မကြာသေးသော်လည်း သူ၏ ဝိညာဉ်စွမ်းအားက မကြာခင်ကမှ ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိသည်ဟု မဆိုလိုပေ။

လွန်ခဲ့သောနှစ်ပေါင်းများစွာက ငရဲဘုံကိုးခုဝိညာဉ်ပညာရပ်အားကျင့်ကြံသော ရှောင်းထျန်းရီမှာ ဧကရာဇ်နယ်ပယ်သို့ရောက်ရှိနေနှင့်ပြီးဖြစ်သည်။ ယခု သူ၏ ဝိညာဉ်စွမ်းအားက ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်၏။

သူက ကမ္ဘာနံပါတ်တစ် အဂ္ဂိရိတ်သန့်စင်ဆရာသခင်ဖြစ်သည်သာမက အားအကောင်းဆုံးသော ဝိညာဉ်စွမ်းအားနှင့်လူဟူ၍လည်း ပြော၍ရသည်ဖြစ်သည်။

ရှောင်းထျန်းရီ၏ ကြယ်ကိုးပွင့် ဧကရာဇ်နယ်ပယ် ဝိညာဉ်စွမ်းအားဖြင့် အဆက်မပြတ်တိုက်ခိုက်မှုအောက်တွင် ဆုတ်ခွာထွက်ပြေးနေသော အဘိုးအိုနှစ်ဦး၏ ဝိညာဉ်စွမ်းအားတို့က တိတ်တဆိတ် ထိခိုက်သွားသည်။

၎င်းတို့ထံသို့ တစ်ဟုန်ထိုးဦးတည်နေသော ရှစ်ဖုန့်အနေဖြင့် ဤကဲ့သို့ ကြီးမားသော အခွင့်အရေးကြီးတစ်ခုအား လက်လွှတ်ခံလိမ့်မည်မဟုတ်ပေ။ သူ၏ လက်သီးတို့အား တင်းနေအောင်ဆုပ်ပြီး အဘိုးအိုနှစ်ဦး၏ရှေ့သို့လျှင်မြန်စွာရောက်ရှိသွားသည်။ သူ၏လက်သီးနှစ်ခုအား ၎င်းတို့၏ရင်ဘက်များထံချိန်ရွယ်ပြီး ရုတ်တရက် ထိုးသွင်းလိုက်သည်။

“အူး”

“အား”

အဘိုးအိုနှစ်ဦး၏ပါးစပ်မှ နာကျင်စွာဖြင့် အသံနှစ်ခုထွက်ပေါ်လာသည်။ သူတို့အသိပြန်ဝင်လာသည့်အချိန်တွင် သူတို့အနေဖြင့်ကံဆိုးမိုးမှောင်ကျနှင့်ပြီးဖြစ်သည်ကို တွေ့လိုက်ရသည်။

ရှစ်ဖုန့်၏လက်သီးတို့က ၎င်းတို့၏ နှလုံးအတွင်းရက်ရက်စက်စက်ဖောက်ဝင်သွားပြီဖြစ်၏။

“မင်းတို့အားလုံး အခုသေလို့ရပြီ”

ရှစ်ဖုန့်က အဘိုးအိုနှစ်ဦးအား အေးစက်စွာပြောလိုက်သည်။ ထို့နောက် အဘိုးအိုနှစ်ဦးမှာ သူတို့ကိုယ်အတွင်းရှိသွေးများက ပြင်းထန်းစွာဆူပွက်လာသည်ကို ခံစားရသည်။ ၎င်းက ပြောင်းပြန်စီးဆင်းနေပြီး သူတို့၏နှလုံးထံသို့စုစည်းလာသည်။

သူတို့၏ခန္ဓာကိုယ်တစ်လျှောက်လုံး ဖော်ပြ၍မရနိုင်သော နာကျင်မှုတို့ပျံ့နှံ့လာသည်။ ထို့နောက် သူတို့၏ခန္ဓာကိုယ်များက လျှင်မြန်စွာရှုံ့တွလာပြီး သူတို့၏ အသိက ဖြင်းဖြည်းချင်းဝေးဝါးပျောက်ကွယ်လာသည်။

လင်မိသားစုမှ အမည်မသိ ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်နှစ်ဦးမှာ ကျဆုံးသွားပြီဖြစ်သည်။

အလောင်းနှစ်ခုမှသွေးတို့ကလည်း အကုန်အစင် ဝါးမျိုခံလိုက်ရပြီးဖြစ်၏။ ရှစ်ဖုန့်က သေခြင်းစွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်တို့ကိုလည်း လျှင်မြန်စွာ ဝါးမျိုလိုက်သည်။ ထို့နောက်သူ၏လက်တို့အားယမ်းထုတ်လိုက်ကာ ရှုံ့တွနေသော အလောင်းနှစ်ခုအား မြေပြင်ထက်သို့ပစ်ထုတ်လိုက်သည်။

ဤအချိန်တွင် ရှစ်ဖုန့်၏မျက်လုံးတို့က မှေးစင်းသွားသည်။ သူ၏ခန္ဓာကိုယ်အားလှည့်လိုက်ပြီး ရှေ့သို့စိုက်ကြည့်လိုက်၏။

“အမ်..နောက်ထပ်အဟန့်အတား ရောက်လာပြီပဲ. ကြည့်ရတာ တကယ့်တိုက်ပွဲစတော့မယ်နဲ့တူတယ်.. လင်မိသားစု”

ရှစ်ဖုန့်၏အနောက်ဘက်သိပ်မဝေးသော ဟင်းလင်းပြင်ထဲ၌ အခြားသောလူငယ်ပုံရိပ်များက တိတ်တဆိတ်ပုန်းကွယ်နေကြ၏။ သို့သော် ဤအချိန်တွင်လင်မိသားစု၏ သခင်လေးများဖြစ်ကြသော ဤလူငယ်လေးများအားလုံး လွန်စွာတုန်လှုပ်သော အမူအယာများဖြစ်နေကြပြီး သူတို့၏မျက်နှာများက အလွန်အံ့ဩသော အမူအယာများဖြစ်နေကြသည်။

“ဒီလူတွေ..မဟုတ်ဘူး.. ဒီလူ ..ဒီလူငယ်လေးတစ်ယောက်တည်းက လင်ယင်တောင်ထိပ်ကိုစောင့်ကြပ်နေတဲ့ အကြီးအကဲနှစ်ယောက်ကိုသတ်နိုင်ခဲ့တယ်”

လင်မိသားစု ဝင်များဖြစ်သည်နှင့်အညီ လင်ယင်တောင်ထိပ်အား စောင့်ကြပ်နေကြသော အကြီးအကဲနှစ်ယောက်လုံးက ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်များဖြစ်သည်ကို သူတို့အားလုံးကောင်းစွာသိသည်ဖြစ်သည်။

သို့သော်ယခုအခါတွင် ဤလူနှစ်ယောက်က ဤကမ္ဘာအတွင်းအမြင့်မားဆုံးသောသိုင်းတာအိုနယ်ပယ်သို့ရောက်ရှိနေကြသော်လည်းဤလူငယ်၏ကိုယ်တိုင်ကိုယ် ကျသတ်ဖြတ်ခြင်းကိုခံခဲ့ရသည်ဖြစ်သည်။

“ဒီလူငယ်ရဲ့စွမ်းအားက ဒီလိုနယ်ပယ်တစ်ခုကိုရောက်နေခဲ့ပြီ. ဒါ..ဒါက လင်ဟွမ်ပြောသလိုမျိုး ကျတ်တီးမြေဖြစ်တဲ့အရှေ့ပိုင်းဒေသကြီးကနေလာတဲ့ အမှိုက်တစ်ယောက်ဆိုတာတကယ်ပဲလား”

“ဒါ..ဒါကို အမှိုက်လို့ခေါ်တာလား”

ဤအချိန်တွင် သူတို့အားလုံး၏ အကြည့်များက လင်ဟွမ်၏ကိုယ်ပေါ်သို့ရောက်ရှိနေကြသည်။

လင်ဟွမ်၏ဒန်တန်က က ဖျက်ဆီးခံရပြီး သူ၏လျှာက ဆွဲထုတ်ခံလိုက်ရသော်လည်း သူ့အား လင်မိသားစု၏ သခင်လေးတစ်ဦးအဖြစ်ခေါ်၍ရသေးသည်ဖြစ်သည်။ သူ၏တောင်းဆိုမှုအရ ဆေးခန်းမသို့တိုက်ရိုက်ပို့ဆောင်ခြင်းမရှိဘဲ ဤနေရာသို့ခေါ်လာခြင်းဖြစ်သည်။

လင်မိသားစုအား အတင်းဝင်ရောက်ပြီးသူ့အား ဒုက္ခိတဖြစ်အောင်လုပ်ခဲ့သော ဤလူများအား လင်မိသားစု၏ ကျွမ်းကျင်သူများ၏လက်အတွင်း၌ ဆိုးဆိုးဝါးဝါးသေဆုံးသည်ကို လင်ဟွမ်တစ်ယောက်သူ၏မျက်လုံးတို့ဖြင့် ကိုယ်တိုင်ကိုယ်ကျမြင်တွေ့လိုသည်ဖြစ်သည်။

သို့သော်လင်ဟွမ်အနေဖြင့် ယခုအဖြစ်အပျက်ကို မျှော်လင့်ထားခြင်းမရှိပေ။ သူဤအရာအားလုံးဝမမျှော်လင့် ထားခြင်းပင်ဖြစ်သည်။ သူ၏မျက်လုံးအတွင်း၌ အရှေ့ပိုင်းဒေသကြီးအတွင်းမှ ပုရွက်ဆိတ်လေးတစ်ကောင်နှင့်မခြားနားသော ထိုလူက ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ် နှစ်ယောက်အား ယခုလေးတင်သတ်ပစ်ခဲ့၏။

ဤမြင်ကွင်းအားမြင်တွေ့ရသောအခါတွင် လင်ဟွမ်အနေဖြင့် အိမ်မက်မက်နေသကဲ့သို့ခံစားရသည်။ ယခင်က အရှေ့ပိုင်းဒေသကြီးအတွင်းရှိ နိုင်ငံငယ်လေးတစ်ခုအတွင်းတွင် ထိုလူက ဘိုးဘေးနယ်ပယ် ကျင့်ကြံသူပမွှားလေးတစ်ဦးသာဖြစ်သည်။

ထိုအချိန်က လင်လဲ့သာသူ့ကိုမတားဆီးခဲ့လျှင် ထိုသူတောင်းစားကိုသူသတ်ခဲ့ပြီးဖြစ်သည်။ ဘယ်လိုလုပ်ပြီး၎င်းအား ဤကဲ့သို့အရမ်းထကြွသောင်းကျန်းခွင့်ပေးပါမည်နည်း။ဘယ်လိုလုပ်ပြီးသူကဤကဲ့သို့ဖြစ်နိုင်ပါမည်နည်း။

“အား”

လွန်ခဲ့သောတစ်နှစ်ကအကြောင်းနှင့်ယခုကဲ့သို့ အခြေအနေသူဆိုက်ရောက်နေရသည်ကိုတွေးမိသောအခါတွင် လင်ဟွမ်တစ်ယောက်ရုတ်ခြည်းဒေါသအိုးပေါက်ကွဲလာသည်။ သူ၏မျက်လုံးတို့ကနီရဲနေပြီး သူ၏မျက်နှာကထပ်မံကြမ်းကြုတ် ခက်ထန်လာသည်။သူက အော်ဟစ်လိုက်သည်။

“အား..အား.အား”

“ငါဒါကိုလက်သင့်မခံနိုင်ဘူး..ဒါကိုလက်သင့်မခံနိုင်ဘူး”

ထိုအချိန်ကသာ ထိုခွေးမလင်လဲ့က သူ့ကို မတားဆီးခဲ့လျှင် ဤသူတောင်းစားလေးအားထိုအချိန်ကသူသတ်နိုင်ခဲ့သည်ဖြစ်သည်။

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

All Chapters