← Chapters

အခန်း (၈၉၇)

Vol. 60 Ch. 897

အခန်း (၈၉၇)

Vol. 60 Ch. 897

သို့သော်မည်မျှပင်လင်ဟွမ်လက်သင့်မခံနိုင်ပါစေ သို့တည်းမဟုတ် မည်မျှပင်ခက်ထန်နေပါစေယင်းကအသုံးမဝင်ပေ။ဤကမ္ဘာအတွင်းတွင် နောင်တတရားအတွက်ကုရာနန္ထိ ဆေးဟူ၍မရှိပေ။

လွန်ခဲ့သော တစ်နှစ်ခန့်က သူလက်လွတ်စပယ်သတ်ဖြတ်ပစ်နိုင်သောလူငယ်အား ထပ်မံသတ်နိုင်ခြင်းမရှိတော့ပေ။လင်ဟွမ်အတွက်မူ သူကဒုက္ခိတတစ်ယောက်ဖြစ်သွား ရပြီဖြစ်သည်။

“လင်လဲ့..လင်လဲ့..ခွေးမ.. နင်သာငါ့ကိုမတားခဲ့ရင် လွန်ခဲ့တဲ့တစ်နှစ်တည်းကဒီတိရစ္ဆာန်ကို ငါသတ်ပြီးလောက်ပြီ”

ခက်ထန်နေ‌သော လင်ဟွမ်က နှလုံးသားထဲ၌ ကျိန်ဆဲနေသည်။ ထိုအမျိုးသမီး၏ပုံရိပ်က သူ၏စိတ်ထဲ၌ပေါ်လာ၏။ ထို့နောက် လင်ဟွမ်၏စိတ်အတွင်း ထိုအမျိုးသမီးအား တစ်စစီဆွဲဖြဲပစ်နေသည်။

သူမအား တစစီမဆွဲဖြဲခင် သူက ……………………..

လင်ယင်တောင်ထွတ်၏ ကောင်းကင်ထက်တွင် ရှစ်ဖုန့်ဦးဆောင်လာသော ကျွမ်းကျင်သူများက လှည့်လိုက်ပြီး ရှစ်ဖုန့်ကဲ့သို့ တူညီသော ဦးတည်ချက်ရှိရာ ကောင်းကင်ထံကြည့်လိုက်သည်။ ရှေ့ဘက်ရှိဟင်းလင်ပြင်အား သူတို့အာရုံခံမိပြီးဖြစ်ပြီးစွမ်းအားကြီးအော်ရာဆယ်ခုကျော်က တစ်ဟုန်ထိုးချဉ်းကပ်လာသည်ဖြစ်သည်။

ထိုအော်ရများ၏နောက်၌ မရေတွက်နိုင်လောက်အောင်များပြားသော အော်ရာများလိုက်ပါလာသည်။ လင်မိသားစုမှ ကျွမ်းကျင်သူများအားလုံးထွက်လာပြီးသူတို့ထံသို့ဦးတည်လာပုံရသည်။

“အော်ရာဆယ့်ငါးခု.. ဒီလင်မိသားစု.. ငါကလင်စန်ကိုခေါ်ထားပြီး အဘိုးအိုနှစ်ဦးကိုသတ်ခဲ့တာတောင် သူတို့မှာတကယ်ကြီးကြယ်ကိုးပွင့် ဧကရာဇ်နယ်ပယ်ဆယ့်ငါးယောက်ရှိနေသေးတယ်. ဧကရာဇ်လင်ဝူရဲ့ မျိုးဆက်တွေလို့မျှော်လင့်ထားတဲ့အတိုင်းပဲ”

ရှစ်ဖုန့်က သူ၏ပါးစပ်အားဖွင့်ဟလိုက်ပြီး ပြောလိုက်သည်။သို့သော် သူ၏အမူအယာကပြောင်းလဲသွား၏။ သူ၏နှုတ်ခမ်းထောင့်က တွန့်ကွေးသွားပြီး အေးစက်သောအပြုံးတစ်ခုထွက်ပေါ်လာသည်။

“ဒီနေ့ပြီးရင် ငါတို့ထျန်းဟန်တိုက်ကြီးရဲ့ သမိုင်းမှာ လင်မိသားစုက အပြီးပျောက်ကွယ်သွားလိမ့်မယ်”

ရှစ်ဖုန့်၏ ဂရုမထားသောလေသံနှင့်စကားလုံးတို့က ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ ပဲ့တင်ထပ်သွားသည်။

လူငယ်၏စကားများအား လင်မိသားစုမှ သခင်လေးများကြားသောအခါတွင် သူတို့၏ အမူအယာများက ထပ်မံပြောင်းလဲသွားသည်။ သူတို့က လက်သီးတို့ကို ကျစ်နေအောင်ဆုပ်ပြီး ဒေါသတရားတို့ဖြင့်ပြည့်နှက်နေ၏။

“မောက်မာတယ်..ဒီလူကအရမ်းမောက်မာလွန်းတယ်”

“စကားကြီးစကားကျယ်နဲ့ ..ဒီနေ့ငါ့ရဲ့လင်မိသားစုကို မင်းဘယ်လိုပျောက်ကွယ်သွားအောင်လုပ်မလဲဆိုတာကိုကြည့်အုံးမယ်”

“ဒီအဘိုးကြီးလည်းအရမ်းသိချင်မိတယ်.. မောက်မာတဲ့ကလေးတစ်ယောက်က ငါတို့လင်မိသားစုကိုပျောက်ကွယ်သွားအောင်လုပ်မယ်ဆိုတာ ဘာကိုပြောချင်တာလဲ”

“ငါရဲ့လင်မိသားစုကို ကျူးကျော်ဝင်ရောက်တယ်..ငါ့လင်မိသားစုက တပည့်တွေကို သတ်တယ်..ငါ့ရဲ့လင်ယင်တောင်ကို ကျူးကျော်တယ်..ငါ့ရဲ့လင်မိသားစုက အကြီးအကဲနှစ်ယောက်ကို သတ်ပစ်တယ်.. ဒီပြစ်မှုအားလုံးက သေမိန့်ပေးလို့ရနေပြီ”

အော်သံများကတစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်။ ထို့နောက် အခြားတစ်ဖက်ရှိ ဟင်းလင်းပြင်ထဲမှပုံရိပ်များ တစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်။ ထို့နောက်၎င်းတို့ကရှစ်ဖုန့်နှင့်အခြားသူများ၏ ရှေ့‌၌ပေါ်လာ၏။

လင်မိသားစု၏ ရှေ့တန်း၌ ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ဆယ့်ငါးယောက် ရောက်လာသည်။ အလယ်ဗဟိုတွင်တစ်နည်းနည်းဖြင့်ရင်းနီးပုံရသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က ဝင့်ကြွားစွာရပ်နေ၏။ အခြားသော လူဆယ့်နှစ်ယောက်လုံး၌ အဖြူရောင်ဆံပင်များရှိကြသည်။ တစ်ချက်ကြည့်ရုံဖြင့် ဤအဘိုးအိုအားလုံးက အသက်ရှင်နေထိုင်ခဲ့ကြသည်မှာ အချိန်တော်တာ်ကြာနေပြီဟု ပြောနိုင်သည်ဖြစ်သည်။

၎င်းတို့၏နောက်တွင် များပြားလှသေ လင်မိသားစုမှ ကျင့်ကြံသူများလိုက်ပါလာသည်။

ရှစ်ဖုန့်၏အကြည့်က အလယ်ရှိသက်လတ်ပိုင်းအရွယ် လူသုံးယောက်ပေါ်သို့ကျရောက်သွားသည်။ နောက်ဆုံးတွင် သူ၏အကြည့်က အလယ်ရှိလူပေါ်သို့ကျရောက်သွားသည်။ သူကအေးစက်စွာပြောလိုက်သည်။

“မင်းက လင်မိသားစုရဲ့ခေါင်းဆောင် လင်ဟွင်းဖြစ်မယ်ထင်တယ်”

“ငါပဲ. မင်းတို့ကျူးကျော်သူတွေကရော ဘယ်သူတွေလဲ.. ငါ့ရဲ့လင်မိသားစုထဲဘယ်လိုတောင် ရဲရဲတင်းတင်းကျူးကျော်ပြီး ငါ့လူတွေကို သတ်ရဲတာလဲ. မင်းသေဖို့ထိုက်တန်နေပြီ”

လင်မိသားစုခေါင်းဆောင် လင်ဟွင်းက ပြောလိုက်သည်။

“လင်မိသားစုရဲ့ခေါင်းဆောင် တစ်ယောက်အနေနဲ့မင်းက မှန်ကန်ဖြောင့်မတ်အောင်သင်ပေးဖို့ပျက်ကွက်ခဲ့တယ်..ဆိုးယုတ်မှုတွေနဲ့ပြည့်နှက်နေတဲ့လက်ခံနိုင်ဖွယ်မရှိတဲ့ ကိစ္စမျိုးစုံကို ကျူးလွန်တဲ့ တိရစ္ဆာတစ်ကောင်ကို မွေးထုတ်ပေးခဲ့တယ်.. အသက်ရှစ်ဆယ်အဘွားအိုတစ်ဦး ကိုတောင်ချမ်းသာမပေးခဲ့တဲ့သူ .. ဒီသခင်လေးဒီကိုရောက်လာတာက မင်းတို့လင်မိသားစုဆီကနေဖြေရှင်းချက်ကို လိုချင်လို့ပဲ”

ရှစ်ဖုန့်ကစကားပြောနေသကဲ့သို့ သူ၏ရှေ့၌သွေးနီရောင်အလင်း တစ်ခုလင်းလက်လာသည်။ အလင်းရောင်ပျောက်ကွယ်သွားသောအခါတွင် လင်မိသားစု ၏ကျင့်ကြံသူများရှေ့၌ ဒူးထောက်နေသောပုံရိပ်တစ်ခုပေါ်လာ၏။

“လင်စန်”

“အကိုစန်”

“ဝမ်းကွဲလင်စန်..သူ..သူ”

ရှစ်ဖုန့်၏ရှေ့၌ဒူးထောက်နေသောလင်စန်အား တွေ့လိုက်ရသောအခါတွင် လင်မိသားစုဝင်များမှာ အံ့အားသင့်စွာ ပြောဆိုလိုက်ကြသည်။

လင်မိသားစုမှသခင်လေးများမှာ လင်စန်အားမြင်တွေ့လိုက်ရသောအခါတွင် အလျှင်အမြန်တုန်လှုပ်အံ့အားသင့်စွာပြောလိုက်ကြသည်။ ဤလူငယ်လေးက လင်မိသားစုမှ စွမ်းအားကြီးအကြီးအကဲနှစ်ဦးကို သတ်ပစ်ခဲ့ရုံသာမက ရက်ပေါင်းများစွာသူတို့မြင်တွေ့ရခြင်းမရှိသော ဦးလေးလင်စန်ပင်၎င်း၏လက်အတွင်း၌ ကျရောက်နေရသည်။

“ဝမ်းကွဲလင်စန်. သူကလည်း ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ထဲကို ဝင်ရောက်နေတဲ့ လင်မိသားစုရဲ့ပါရမီရှင် အထွတ်အထိပ်ကျွမ်းကျင်သူတစ်ဦးပဲ”

ဤသို့အရေးကြီးသောအခိုက်အတန့်တွင် သူတို့၏နှလုံးသားအတွင်းရှိ ပါရမီရှင်က တကယ်ကြီး စိတ်မချမ်းမြေ့ဖွယ်ကောင်း အောင်ဟင်းလင်ပြင်ထဲ၌ဒူးထောက်နေသည်ကိုတွေ့ရသည်။ ယင်းကသူတို့အတွက်လက်သင့်ခံနိုင်ဖို့ခက်ခဲသည်ဖြစ်၏။ သူတို့အတွက် ထိုလူငယ်က လင်စန်အားသတ်ပစ်သည့်အချက်ထက်ပင် ယင်းက လက်သင့်ခံနိုင်ဖို့ပို၍ခက်ခဲသည်ဖြစ်သည်။

“မင်း.သူ့ကိုလွှတ်စမ်း”

လင်မိသားစုခေါင်းဆောင်လင်ဟွင်းမှာ လင်စန်အားမြင်တွေ့လိုက်ရသောအခါတွင် သူ၏မျက်နှာထက်၌ဒေါသတို့ဖြင့်ပြည့်နှက်နေသည်။ သူ၏ညာလက်အား ဓားလက်ချောင်းအသွင်ပြုလုပ်ပြီး ရှစ်ဖုန့်ထံသို့အမိန့်ပေးသောလေသံဖြင့်အော်ပြောလိုက်သည်။

“ဒီသခင်လေးပြောတဲ့လူယုတ်မာဆိုတာ ဒီသူတောင်းစားပဲ. ဒီနေ့ဘာပဲဖြစ်နေပါစေ မင်းတို့လင်မိသားစု ဖြေရှင်းချက်တစ်ခုပေးရမယ်”

သူ့အနေဖြင့်လင်စန်အားမည်ကဲ့သို့ ဤအတိုင်းပြန်ပေးနိုင်ပါမည်နည်း။

“မင်း”

လင်ဟွင်း၏မျက်လုံးတို့ကျဉ်းမြောင်းသွား ပြီးရှစ်ဖုန့်ထံအေးစက်စွာကြည့်လိုက်သည်။ သူကအေးစက်စွာပြောလိုက်သည်။

“မင်းက နမည်ကျော်ပြန်လည်မွေးဖွားလာတဲ့ ငရဲဘုံကိုးခု ဧကရာဇ် ယိုမင်လား”

ထိုနေ့က လင်မိသားစုမှလင်စန်ထွက်သွားချိန်တွင် မည်သူမှမသိသော်လည်း လင်ဟွင်းကတော့သိသည်ဖြစ်သည်။

လင်စန်ထွက်သွားချိန်တွင် သူ့အား ငရဲဘုံကိုးခုဧကရာဇ်နှင့် အလင်းစီရင်စုမှ ကျွမ်းကျင်သူများဖိတ်ခေါ်နေသည့်အကြောင်းကိုပြောခဲ့သည်ဖြစ်သည်။သို့သော်လင်ဟွင်းထိုအချိန်က ဂရုမထားခဲ့ပေ။

ယခုလင်စန်အားသူထပ်မံမြင်တွေ့ရချိန်တွင် မည်သူကိုမှ၎င်းမသတ်နိုင်ခဲ့ရုံမက အဖမ်းပင်ခံနေရသည်ဖြစ်သည်။

“ငရဲဘုံကိုးခု ဧကရာဇ် .ယိုမင်”

“ယိုမင်.. ဒါကကောလဟာလတွေထဲက ငရဲဘုံကိုးခု ဧကရာဇ်ပဲ.. ယိုမင်..ဒီကမ္ဘာမှာ ပြန်လည်မွေးဖွားလာတယ်ဆိုတာကသူလား”

လင်ဟွင်း၏စကားတို့ထွက်ပေါ် လာလာချင်းနောက်ဘက်ရှိ လင်မိသားစုဝင်များမှာရုတ်ခြည်းအံ့အားသင့်ကုန်သည်။

“ဘာ.သူကငရဲဘုံကိုးခု ဧကရာဇ် ယိုမင်လား. မဖြစ်နိုင်တာ”

သခင်လေးများအုပ်စုထံမှအံ့အားသင့်သောအသံများထွက်ပေါ်လာသည်။

“ငရဲဘုံကိုးခု ဧကရာဇ် ယိုမင်.. ငရဲဘုံကိုးခု ဧကရာဇ် ယိုမင်. သူက ငရဲဘုံကိုးခု ဧကရာဇ် ယိုမင်ပဲ”

ဤအချိန်တွင် လောချင်းချွမ်၏ လျှာဆွဲထုတ်ပြီး ဒန်တန်ဖျက်ဆီးခြင်းကို ခံထားရသော လင်ဟွမ်က နှလုံသားထဲ၌ မယုံကြည်နိုင်စွာဖြင့်ပြောလိုက်သည်။

ထို့နောက်သူကဆက်တိုက်အော်ဟစ်လိုက်၏။

“အား…………….”

“အား.. ငရဲဘုံကိုးခု ဧကရာဇ် ယိုမင်.. အရမ်းကိုနီးစပ်ခဲ့တာ.. ငါလင်ဟွမ် ပြန်လည်မွေးဖွားလာတဲ့ ငရဲဘုံကိုးခုဧကရာဇ်ကိုသတ်နိုင်ဖို့ နီးစပ်ခဲ့တာ..လင်လဲ့..လင်လဲ့.. သောက်ကျိုးနည်းခွေးမ.. အားလုံးကနင့်အမှားပဲ..အားလုံးကနင့်အမှားပဲ ခွေးမ.. အကယ်၍ငါ့ရဲ့လင်မိသားစုသာ တစ်ခုခုဖြစ်ခဲ့ရင် နင်ကလင်မိသားစုအတွက်ခွင့်မလွှတ်နိုင်စရာ ငမိုက်သားဖြစ်လိမ့်မယ်”

လင်ဟွမ်မှာ မိသားစုခေါင်းဆောင်လင်ဟွင်းက ရှစ်ဖုန့်သည် ပြန်လည်မွေးဖွားလာသော ငရဲဘုံကိုးခု ဧကရာဇ်ဖြစ်သည်ဟု ပြောသည်ကို ကြားရသောအခါတွင် သူပို၍ လက်သင့်မခံနိုင်ဖြစ်လာသည်။

ဤအချိန်တွင် လင်ဟွင်းကမေးလိုက်သည်ကို ရှစ်ဖုန့်ကပြန်ဖြေလိုက်သည်။

“ဟုတ်တယ်..ဒီသခင်လေးက ယိုမင်ပဲ”

ထို့နောက်ရှစ်ဖုန့်ကအေးစက်စွာ ပြောလိုက်သည်။

“ဒီနေ့မင်းတို့လင်မိသားစုကို ရင်ဆိုင်ဖို့ ဒီသခင်လေးကိုယ်တိုင် စစ်တပ်ကိုဦးဆောင်လာတာ..အကယ်၍ မင်းတို့ထဲကဒန်တန်ကိုဖျက်ဆီးပစ်ရင် မင်းတို့အသက်ကိုငါချမ်းသာပေးမယ်… မဟုတ်ရင် မင်းတို့ဝိညာဉ်ပါ ဖျက်ဆီးခံရမယ်”

“မင်းတို့အမှိုက်အဖြစ်ခံမလား.ဝိညာဉ်ဖျက်ဆီးခံမလား. ရွေးချယ်မှုက မင်းတို့လက်ထဲမှာပဲ”

ထို့နောက်ရှစ်ဖုန့်က ဘေးဘက်ရှိ လင်မိသားစုဝင်များအား အေးစက်စွာကြည့်လိုက်ပြီးလေးနက်သော ပုံစံဖြင့် ၎င်းတို့၏ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေ၏။

ဆက်ရန်…..

ဘာသာပြန်သူ-ARISE

All Chapters