အခန်း (၈၉၈)
Vol. 60 Ch. 898
“ဟားဟား.ဟားဟားဟားဟား”
“ဟားဟား..ဟားဟားဟား”
“ဟားဟား”
ရှစ်ဖုန့်၏ စကားတို့အားကြားပြီးနောက် လင်မိသားစု၏ကျင့်ကြံသူများ အထူးသဖြင့် လင်မိသားစု ၏ အကြွင်းမဲ့ကျွမ်းကျင်သူများမှာ ထျန်းဟန်တိုက်ကြီးတစ်ခုလုံးအတွင်းအရယ်ရဆုံးသော ဟာသ ပြက်လုံးတစ်ခုကိုကြားလိုက်ရသကဲ့သို့ ဟက်ဟက်ပက်ပက်ရယ်မောကြကုန်၏။
၎င်းတို့မှာ ကြီးမြတ်သော ဧကရာဇ် လင်ဝူထံမှ ဆင်းသက်လာသော လင်မိသားစုမှလူများဖြစ်ကြသည်။ အခြားတစ်ဖက်မှကြည့်လျှင် လင်မိသားစုအတွင်း၌ အကြွင်းမဲ့ ကျွမ်းကျင်သူဆယ့်ငါးယောက်ရှိသည်ဖြစ်သည်။ယခုဤလူကား တကယ်ကြီးသူတို့၏ဒန်တန်ကို ဖျက်ဆီးရန် ထိုသို့မဟုတ်ပါက ဝိညာဉ်ကို အပိုင်းပိုင်းအစစ်ဖြစ်အောင်လုပ်မည်ဖြစ်သည်ဟုပြောနေ၏။
ထိုသို့သောစကားများက လင်မိသားစုကသာပြောသင့်သော စကားများဖြစ်သည်။
“ယိုမင်က အံ့ဩဖို့ကောင်းတဲ့သူတစ်ယောက်လို့ငါထင်ခဲ့တာ. သူကအရူးဖြစ်နေတာပဲ”
လင်မိသားစု၏ဒုတိယအကြီးအကဲ လင်ရွှင်းက လှောင်ရယ်လိုက်ပြီး အထင်သေးမှုအပြည့်ဖြင့် ပြောလိုက်သည်။
“ဒီလူတွေက အစကတည်းက ကောလဟာလတွေကြောင့်သာ ပုံကြီးချဲ့ခံထားရတာ.. ရေတွင်းအောက်ခြေက ဖားတွေကသာ သူတို့က ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ကိုရောက်နေလို့ မိုက်တယ်လို့ထင်တာလေ…ငါတို့လင်မိသားစုမှာဆို ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်တွေမချို့တဲ့ဘူး. ဒီကမ္ဘာပေါ်မှာ နတ်ဘုရားနယ်ပယ်ကိုသာမရောက်ရင် ကမ္ဘာ့နံပါတ်တစ်ကျင့်ကြံသူဆိုတာမရှိဘူး”
အကြီးအကဲလင်ဝေ့ကပြောလိုက်၏။
ဤအချိန်တွင် အခြားတစ်ဖက်ရှိ လင်မိသားစု၏ အကြွင်းမဲ့ကျွမ်းကျင်သူများထဲ၌ မပြုံးမရယ်ဘဲ ခြားနားမှုရှိသော အသွင်ကို ဆက်တိုက်ထိမ်းထားသည့်သူမှာ မိသားစုခေါင်းဆောင်ဖြစ်သော လင်ဟွင်းပင်ဖြစ်သည်။ သူ၏မျက်လုံးတို့က ကိုယ့်ကိုယ်ကိုယ် ယိုမင်ပြန်လည်ဝင်စားခြင်းဖြစ်သည်ဟု ဝန်ခံထားပြီးဖြစ်သော သူ့ရှေ့ရှိလူအား ဂရုတစိုက်ဖြင့် ကြည့်ရှုနေ၏။
ကမ္ဘာပေါ်ရှိလူအားလုံးက လွန်ခဲ့သောတဆယ့်ခြောက်နှစ်က ယိုမင်ကျဆုံးသွားသည်ကို သိကြသည်ဖြစ်သည်။ ဆယ့်ခြောက်နှစ်ကြာပြီးသည့်နောက်တွင် ယိုမင်တစ်ယောက်ပြန်လည်မွေးဖွားလာခဲ့သည်ဟု ကမ္ဘာကြီးကတကယ်ပြောခဲ့သည်။ သေပြီးပြန်လည်ဝင်စားလောသော သူတစ်ယောက်က ကမ္ဘာပေါ်ရှိ သာမန်အမြင်များဖြင့် လုံးဝကွဲထွက်နေသည်ဖြစ်၏။ သို့သော် ယိုမင်ကတော့ ထိုသို့ဖြစ်အောင်လုပ်ခဲ့သည်ဖြစ်သည်။
ယိုမင်က သိမ်းပိုက်ခံထားရခြင်းမဟုတ်သည်ကိုလည်းလင်ဟွင်း မြင်နိုင်ပြီးဖြစ်သည်။သူ၏ရုပ်နှင့်နာမ်က သာမန်လူတစ်ဦးနှင့်ခြားနားခြင်းမရှိပေ။ ထိုထက်ပိုသည်မှာ ၎င်းကားတကယ်ကြီး အသက်ဆယ့်ခြောက်နှစ်အရွယ်ခန္ဓာကိုယ်ဖြစ်နေခြင်းဖြစ်သည်။ ယင်းမှာ သူအစစ်အမှန်ပြန်လည်ဝင်စားလာသကဲ့သို့ပင်ဖြစ်၏။
လင်မိသားစုမှ ကျင့်ကြံသူများ၏ရယ်မောမှုအား ရင်ဆိုင်ရရာတွင် ရှစ်ဖုန့်၏အမူအယာကတည်ငြိမ်ပြီးပြောင်းလဲမှုမရှိပေ။
သူ၏နောက်၌ရှိနေသော တစ္ဆေစစ်သူကြီးရှစ်ဦးက တစ်နည်းနည်းဖြင့်ပေါက်ကွဲလိုသောအသွင်ရှိ၏။ထိုလူများ၏တစ်ပြိုင်နက်တည်း ရယ်မောမှုနှင့်စော်ကားမှုတို့အားကြားရ မြင်ရသောအခါတွင်သူတို့အနေဖြင့်မည်ကဲ့သို့ ဒေါသမထွက်ဘဲပါမည်နည်း။
“ထူးဆန်းတယ်..ဒါကတကယ်ကိုထူးဆန်းတာပဲ…ဒီကမ္ဘာမှာ ဒီလိုပြန်လည်ဝင်စားတာမျိုးကတကယ်ရှိနေတယ်..ငါ..လင်ဟွင်း ဒီနေ့တကယ်ကို အမြင်ပွင့်သွားပြီ”
ဤအချိန်တွင် တစ်ချိန်လုံးတိတ်နေခဲ့သော လင်ဟွင်းက ထပ်မံစကားပြောလိုက်သည်။သူ၏အကြည့်က ရှစ်ဖုန့်ပေါ်သို့ကျရောက်နေ၏။
ထို့နောက်လင်ဟွင်းကပြော၏။
“ယိုမင် ဒီတစ်ခေါက်မင်း ငါတို့လင်မိသားစုကိုလာပြီး ငါ့ရဲ့လင်ယင်တောင်ကိုကျူးကျော်တာက …လင်စန်ရဲ့ကိစ္စကြောင့်မဟုတ်ဘူးမလား”
ရှစ်ဖုန့်က လင်ဟွင်းအားကြည့်၍ သရော်ကာပြောလိုက်သည်။
“မင်းဒါကိုမှန်းဆမိတဲ့ပုံပဲ”
ထို့နောက် ရှစ်ဖုန့်က ဝန်ခံလိုက်၏။
“ဟုတ်တယ်.. ဒီသခင်လေးရဲ့မျက်လုံးထဲမှာလင်စန်က ခွေးတစ်ကောင်ဝက်တစ်ကောင်နဲ့မခြားနားဘူး.. ပုံမှန်ဆို ခွေးတစ်ကောင်ဝက်တစ်ကောင်လောက်အတွက်နဲ့ ဒီသခင်လေး မြောက်ပိုင်းဒေသကြီးကို လာမှာမဟုတ်ဘူး”
ရှစ်ဖုန့်၏အသံကပျောက်ကွယ်သွားသကဲ့သို့ သူ့ရှေ့၌ဒူးထောက်နေသောလင်စန်မှာလည်း ထိန်းချုပ်ခံထားရသလို မပြောင်းမလဲရှိနေသည်။ ရှစ်ဖုန့်ပြောနေသော ခွေးတစ်ကောင်ဝက်တစ်ကောင်အကြောင်းသူ့အကြောင်းမဟုတ်သကဲ့သို့ပင်ဖြစ်၏။
လင်ဟွင်း၏မျက်နှာကဖြည်းဖြည်းချင်းအေးစက်လာသည်။ သူ၏ညာလက်အား ဓားလက်ချောင်းအသွင်ပြုလုပ်ပြီး လင်ယင်တောင်ကိုထိုးညွှန်ကာ အေးစက်စွာပြောလိုက်သည်။
“ငါသာမှန်းတာမမှားရင်.. မင်းက အဲ့တောင်ထဲက မကောင်းဆိုးဝါးလေးအတွက်လာတာပဲ”
“မကောင်းဆိုးဝါးလေး”
လင်ဟွင်း၏စကာတို့အားကြားပြီးနောက် ရှစ်ဖုန့်က ဤစကားတို့ကို ရေရွတ်လိုက်သည်။ ရုတ်ခြည်းသူ၏မျက်နှာက ပုံမှန်မဟုတ်စွာအေးစက်လာသည်။
သူ၏ညီဖြစ်သူ ရှစ်လင်မှာ တောင်တန်းအနက်ပိုင်းတစ်နေရာ၌ စွန့်ပစ်ခံခဲ့ရသည်မှာ မွေးကတည်းကဖြစ်သည်။ ကံကောင်းစွာဖြင့် သူက အစာပြတ်ခြင်း သို့မဟုတ် သေခြင်း သို့မဟုတ် ဝံပုလွေရိုင်းတို့၏စားသောက်ခြင်းကို မခံခဲ့ရခြင်းဖြစ်သည်။ သူမအားသူ၏မိခင်ဖြစ်သူ ပုယွဲ့က ကောက်ယူခဲ့ပြီး ကလေးဘဝထဲက သူနှင့်အတူရှိနေခဲ့ခြင်းဖြစ်။
ထိုကောင်မလေးက လွန်စွာ နာခံလွယ်သောကောင်မလေးဖြစ်သည်။ အလွန်ငယ်ရွယ်သောအရွယ်တည်းကပင် မိသားစုကို ကူညီပေးခဲ့သည်။ သူ့နောက်ကိုလည်း အမြှီးသေးလေးတစ်ခုနှယ် အမြဲလိုက်ခဲ့သည်ဖြစ်သည်။ သူ၏မိသားစုကအရမ်းဆင်းရဲသောကြောင့်သူမအား အရသာရှိသော စားသောက်ဖွယ်ရာများကို ပင်သူမကျွေးမွေးခဲ့ရပေ။သို့သော်ထိုအတွက်သူမထက်တွန့်တက်သည်ဟူ၍သူကြားရ ခြင်းမရှိချေ။
သူမရယ်မောမှုကို သူမကြာခဏမြင်တွေ့ခဲ့ရသည်။ သကြားသီးချောင်းလေးတစ်ခုကပင် သူမအားအချိန်တော်တော်ကြာ ပျော်ရွှင်အောင်လုပ်နိုင်ခဲ့သည်။ သူမကထိုအရာကိုဖွက်ထားပြီးဖြည်းဖြည်းချင်းသာစားခဲ့သည်ဖြစ်သည်။
“မကောင်းဆိုးဝါးလေး .သူက မကောင်းဆိုးဝါးလေးလို့ဘယ်ကောင်ကပြောတာလဲ.. ဒါကငါ့ရဲညီမ ရှစ်လင်ကွ.. သူက ငရဲဘုံဘုံနန်းရဲ့မင်းသမီးလေးရှစ်လင်..”
ရုတ်ခြည်းရှစ်ဖုန့်၏မျက်နှာက ခက်ထန်လာသည်။ ရှစ်ဖုန့်၏ပါးစပ်မှ ကျယ်လောင်စွာအော်ဟစ်သောအသံ ရုတ်တရက်ထွက်ပေါ်လာ၏။ သူ၏ကိုယ်မှအားကောင်းသောအော်ရာ ကလည်းထိုးတက်လာသည်။
“သတ်..ဒီနေ့လင်မိသားစုကိုငါ့အတွက်သတ်စမ်း.. ဘယ်သူမှအသက်ရှင်လျက်မထားနဲ့..”
ရှစ်ဖုန့်ကရှေ့သို့ထပ်မံထိုးညွှန်ပြီး အော်ပြောလိုက်သည်။ သူ၏အော်သံက ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ပဲ့ တင်ထပ်သွား၏။
“သတ်”
“သတ်”
“သတ်”
“သတ်”
ထို့နောက် ရှစ်ဖုန့်၏နောက်မှာကြုံးဝါးသံများကို ဆက်တိုက်ကြားလာရ၏။
ရှစ်ဖုန့်လက်အောက်ရှိတစ္ဆေစစ်သူကြီးရှစ်ဦးနှင့် သူ၏တပည့်များက အစောပိုင်းကတည်းက တိုက်ခိုက်လိုစိတ်တို့ကို ဖိနှိမ်ထားခြင်းဖြစ်သည်။ ယခု ရှစ်ဖုန့်က “သတ်”ဟူသောစကားလုံးအားပြောချိန်တွင် တိုက်ခိုက်လိုစိတ်တို့ကို ပြတ်သားစွာ ထင်ထင်ရှားရှားထုတ်လွှတ်လိုက်ကြ၏။
ရှစ်ဖုန့်၏အသံပျောက်ကွယ်သွားပြီးပြီးချင်း ပုံရိပ်ဆယ့်သုံးခုက ရုတ်တရက်လှုပ်ရှားလိုက်ပြီး ရှေ့သို့တစ်ဟုန်ထိုးပျံတက်သွားသည်။
တစ်ချိန်တည်းတွင် ရှစ်ဖုန့်၏ရှေ့၌ဒူးထောက်နေသောလင်စန်ကလည်း လှုပ်ရှားလိုက်သည်။ လွှတ်ပေးခံလိုက်ရသောအကျဉ်းသားတစ်ဦးကဲ့သို့ လင်မိသားစုဝင်များထံလျှင်မြန်စွာပျံသန်းသွား၏။
“ဟမ်”
လင်မိသားစုမခေါင်းဆောင်လင်ဟွင်းမှာကျွမ်းကျင်သူများနှင့်လင်စန်တို့ကရုတ်ခြည်းလှုပ်ရှားသည်ကို တွေ့လိုက်ရသောအခါတွင် ရှေ့ဆုံး၌ရှိနေသောသူက နောက်ဘက်ရှိ လင်မိသားစုဝင်များကို အော်ပြောလိုက်သည်။
“ တိုက်..ယိုမင်နဲ့ဒီသူခိုးတွေကိုသတ်ကြစမ်း.လင်စန်လေး.သူ့ကြည့်ရတာနည်းနည်း ထူးဆန်းနေတယ်”
ထို့နောက်လင်ဟွင်းက သူ့နောက်ရှိလင်မိသားစုဝင်များကို ထပ်မံအော်ပြောလိုက်သည်။
“လင်မိသားစုဝင်အားလုံး.ငါ့အမိန့်ကိုနားထောင်ကြ.. ငါတို့ရဲ့စိတ်ဝိညာဉ်ရှေးဟောင်းအစီအရင်ကိုခင်းကျင်းပြီး ရန်သူတွေကိုသတ်ဖို့ငါ့ကိုကူညီကြ”
“ဟုတ်”
လင်ဟွင်း၏အမိန့်အားကြားပြီးနောက် လင်မိသားစုဝင်များက ပြိုင်တူ တုန့်ပြန်လိုက်ကြ၏။ ထို့နောက်သူတို့၏လက်များဖြင့် ဆန်းကြယ်သောရုန်းများအားစတင်ပုံဖော်ကြတော့၏။
“တိုက်”
“သတ်”
လင်မိသားစုမှ ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်များမှာ သူတို့ထံသို့ အပြင်းလာနေသောသူများကိုမြင်ရပြီး လင်စန်အား ကြားရသောအခါ ပြိုင်တူသတ်ဟုအော်လိုက်ကြ၏။ ထို့နောက်ပုံရိပ်ဆယ်ခုကျော်က ရှေ့သို့တစ်ဟုန်ထိုးချီတက်သွားသည်။
ဤအချိန်တွင်အာရုံစိုက်မှုအခံရဆုံးသူမှာ ရန်သူအုပ်စု၏ရှေ့ဆုံးမှပျံသန်းလာနေသော လင်စန်ဖြစ်၏။ လင်စန်ပေါ်လာသည့်အခိုက်အတန့်တွင်သူက လေထဲ၌လှုပ်ရှားခြင်းမရှိဘဲ ဒူးထောက်နေခဲ့သည်။ သူ၏မျက်နှာကခံစားချက်မဲ့နေပြီးအသံပင်ထွက်ခြင်းမရှိပေ။
ယခု သူက ပျံသန်းလာ ချိန်တွင် လည်းသူ၏မျက်နှာကခံစားချက်မဲ့နေသည်။ ယင်းမှာလင်စန်က ရန်သူ၏လျှို့ဝှက် ပညာရပ် ကျရောက်နေပြီး ရန်သူ၏ထိန်းချုပ်မှုအောက်သို့ရောက်နေဖို့များ၏။
“ဒီကောင်က ရန်သူရဲ့ထိန်းချုပ်မှုအောက်ရောက်နေပြီ..ဒါကသူတို့အတွက်လောင်စာပဲဖြစ်လိမ့်မယ်.. အနာဂတ်ပြဿနာအတွက်တိုက်ရိုက်သတ်လိုက်တာပဲကောင်းတယ်”
ဤအချိန်တွင် ဆံပင်အဖြူနှင့် လင်မိသားစုမှအကြီးအကဲက တစ်ဟုန်ထိုးပျံသန်းလာနေသော လင်စန်အားကြည့်၍ လေးနက်သောအသံဖြင့်ပြောလိုက်၏။
စကားပြောနေသကဲ့သို့ အကြီးအကဲက ဓားလက်ချောင်းတစ်ခုကိုပြုလုပ်လိုက်ပြီး ခုတ်ပိုင်းလိုက်သည်။
အကြီးအကဲ၏ဓားလက်ချောင်းကတစ်ဝက်သို့ရောက် ချိန်တွင် သူ့ဘေးရှိအကြီးအကဲက ရုတ်တရက်အော်ပြောလိုက်သည်။
“လင်ရှု .မင်းဘာလုပ်တာလဲ”
ထိုအဘိုးအိုက လင်စန်၏စီနီယာဖြစ်သည်။ ဝါစဉ်အရ သူက လင်စန်၏ဦးလေးဖြစ်၏။ သူတို့၏မိသားစုအဆင့်အတန်းလင်မိသားစုအတွင်းကြီးစွာတိုးမြင့်လာရခြင်းက နောက်မျိုးဆက်သစ်ပါရမီရှင်လင်စန်ပေါ်ထွက်လာခြင်းကြောင့်ဖြစ်သည်။
လင်စန်မှာ ဤအချိန်တွင် အသိမရှိပုံပေါ်သည်ဖြစ်ရာ ၎င်းအနေဖြင့် မည်ကဲ့သို့ အခြားသူများအား ထိခိုက်စေနိုင်ပါမည်နည်း။သူကလျှင်မြန်စွာလက်ချောင်းကိုရှေ့သို့ထုတ်လိုက်ပြီး လင်ရှုအမည်ရသောအဘိုးအို၏ တိုက်ခိုက်မှုကိုကြားဖြတ်ဟန့်တားလိုက်သည်။
ဆက်ရန်………..
သာသာပြန်သူ-ARISE