← Chapters

အခန်း (၈၉၉)

Vol. 60 Ch. 899

အခန်း (၈၉၉)

Vol. 60 Ch. 899

လင်မိသားစု၏ လင်ယင်တောင်ကောင်းကင်ထက်၌ဖြစ်သည်။

လင်မိသားစု၏အကြီးအကဲလင်ရှုမှာမူလက သူ၏ဓားလက်ချောင်းအားအသုံးပြု၍ သူ့ထံသို့ပျံသန်းလာနေသော လင်စန်အား တိုက်ခိုက်ရန် လုပ်ခဲ့၏။

ဤအချိန်တွင် လင်ရှု၏ဘေး၌ရှိနေသော လင်မိသားစု၏ နောက်ထပ်အကြီးအကဲဖြစ်သူ လင်ဖန်းက လင်ရှုထံသူ၏ လက်ချောင်းတို့ကို ထိုးညွှန်ပြီး လင်စန်အားတိုက်ခိုက်သော လင်ရှု၏တိုက်ခိုက်မှုကို ကြားဖြတ်ဟန့်တားလိုက်သည်။

“ခွေးအိုကြီးလင်ဖန်း.မင်းဘာလုပ်နေတာလဲ”

သူ၏တိုက်ခိုက်မှုအား ကြားဖြတ်ဟန့်တားခံလိုက်ရသောအခါတွင် လင်ရှုကရုတ်ခြည်း ဒေါသတကြီးအော်ဟစ်လိုက်သည်။

သူတို့နှစ်ဦးလုံးကလင်မိသားစုဝင်များ ဖြစ်ကြသော်လည်း သူတို့နှစ်ဦး၌သွေးသားတော်စပ်မှုဟူ၍မရှိပေ။ ထိုထက်ပိုသည်ကားနှစ်ပေါင်းများစွာ သူတို့နှစ်ဦးက တစ်ယောက်နှင့်တစ်ယောက်ဆန့်ကျင်အကြံအစည်များ ထုတ်ကြပြီး ကိုယ်ပိုင်ဂိုဏ်းမိသားစုများအတွက် အဆုံးမဲ့ အငြင်းပွားမှုများဖြစ်ခဲ့ကြသည်ဖြစ်၏။

သူ၏တိုက်ခိုက်မှုအား အတင်းအကျပ်ကြားဖြတ်ဟန့်တားခံလိုက်ရသည်ကို တွေ့ရသောအခါတွင် လင်ရှုက လင်ဖန်းကို အလျှင်အမြန်ဆဲဆိုလိုက်သည်။

“ဟမ့်”

ဤအချိန်တွင် လင်ဖန်းကလည်း ဒေါသတကြီး နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။

“ ခွေးအိုကြီး လင်ရှု စန်လေးက လင်မိသားစုဝင်တစ်ယောက်ဖြစ်နေတုန်းပဲ.. ခု သူက တစ်ခြားတစ်ယောက်ရဲ့ထိန်းချုပ်ခံရချိန်မှာ ငါတို့ကသူ့ကို အမှောက်သိပ်ရုံပဲတက်နိုင်တယ်.. ဒါပေမဲ့ မင်းက တော့ တကယ်ကြီး သူ့ကိုသတ်ဖို့ လှုပ်ရှားခဲ့တယ်”

“ဟမ့်.. ငါတို့လင်မိသားစုရဲ့ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူတွေက ငါတို့လင်မိသားစုရဲ့ သိုင်းပညာတွေနဲ့ နည်းစနစ်တွေကိုကျင့်ကြံလေ့ကျင့်ကြတဲ့သူတွေကြီးပဲ . သူ့ကိုဖမ်းဖို့ပြောတာက လုပ်ရတာထက်လွယ်တယ်ကွ”

လင်ရှကလည်း နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် လက်နှစ်ဖက်လုံးဖြင့်ဆန်းကြယ်သော လက်ဝါးပုံရိပ်တစ်ခုကို ဖန်တီးလိုက်သည်။ အလွန်လျှင်မြန်စွာဖြင့်ပင် သူ့ထံသို့လာနေသော လင်စန်ထံသို့ လက်သည်းတစ်ခုကိုတွန်းထုတ်လိုက်၏။

“မင်းဘယ်လိုတောင်ထပ်ပြီးတိုက်ခိုက်ရဲတာလဲ.. ငါကသေနေတယ်လို့မင်းတကယ်ပဲထင်နေတာလား”

လင်ရှု၏ တိုက်ခိုက်မှုအား ထပ်မံတွေ့လိုက်ရသောအခါတွင် လင်ဖန်းက ဒေါသတကြီးထပ်မံအော်ဟစ်လိုက်သည်။ ထို့နောက် သူလက်ချောင်းအားလင်ရှုထံထပ်မံထိုးညွှန်လိုက်၏။ ဤအကြိမ်တွင် လင်ရှု၏တိုက်ခိုက်မှုအား သူက ကြားဖြတ်ဟန့်တားခြင်းမပြုဘဲ လင်ရှု၏ဦးခေါင်းထံတိုက်ရိုက်ချိန်ရွယ်လိုက်သည်။

“ဟမ့်..ခွေးအိုကြီးလင်ဖန်း. ရဲတင်းလိုက်တာ.”

လင်ဖန်းကသူ့အားရုတ်တရက်တိုက်ခိုက်လာသည်ကိုတွေ့ရသောအခါတွင် လင်ရှုက အော်ဟစ်လိုက်သည်။ မူလက လင်စန်အားတိုက်ခိုက်နေသော သူ၏လက်သည်းက ချက်ချင်း ဦးတည်ချက်ပြောင်းသွားပြီး လင်ဖန်း၏လက်ချောင်းထံပေါက်ကွဲဦးတည်လိုက်၏။

အကွာအဝေးတစ်ခုအတွင်း ရှစ်ဖုန့်က တစ်ယောက်နှင့်တစ်ယောက်တိုက်ခိုက် နေသော အဘိုးကြီးနှစ်ဦးအားကြည့်၍ သရော်လိုက်သည်။

“ ဒီသူရဲဘောကြောင်တဲ့ကောင်က ငါ့ကိုလိမ်ရဲတဲ့ပုံမရဘူး. .သူ့ကိုငါးစာအနေနဲ့ထားပြီး အဘိုးကြီးနှစ်ယောက်တစ်ဖက်နဲ့တစ်ဖက် ငြင်းခုန်နေအောင် သေချာပေါက်လုပ်နိုင်တယ်ပြောတယ်.အဲ့တာက ဒီအဘိုးကြီးနှစ်ယောက်ဖြစ်ပုံပဲ.. အခု သူတို့က မငြင်းခုန်တော့ဘဲ တစ်ဖက်နဲ့တစ်ဖက်တိုက်ခိုက်နေပြီ”

လင်စန်က ရှစ်ဖုန့်၏လက်အတွင်း၌ ကျရောက်နေခဲ့သည်ဖြစ်သည်။ ပင်ကိုယ်အားဖြင့် ရှစ်ဖုန့်က ၎င်း၏တန်ဖိုးရှိမှုအားလုံးကိုလိုချင်ခဲ့သည်ဖြစ်၏။ ငရဲဘုံဘုံန်းအတွင်းတွင် လင်စန်အား ၎င်းကိုမည်ကဲ့သို့ အသုံးချရရန်အကြိမ်များစွာမေးခဲ့သည်။

တစ္ဆေတစ်သောင်းတို့၏ကိုက်ခဲခြင်း ကိုခံခဲ့ရသောလင်စန်မှာ လုံးဝ ကို နာခံနေခဲ့သည်။ အခြေခံအာဖြင့် ရှစ်ဖုန့်မေးသမျှကို သူဖြေခဲ့သည်ဖြစ်၏။ သူ့ရှေ့၌ ရှိနေသော အဘိုးအိုနှစ်ဦး၏အားနည်းချက်အားလင်စန်က ၎င်းတို့၏စရိုက်အပေါ်အခြေခံပြီး ညွှန်ပြထားခြင်းဖြစ်သည်။

“ဝုန်း”

လင်မိသားစု၏ အထွတ်အထိပ်စွမ်းအားကြီး ကျင့်ကြံသူအုပ်စုထံမှ ရုတ်တရက် ပေါက်ကွဲသံတစ်ခု ဆက်တိုက်ထွက်ပေါ်လာသည်။

နှစ်ဖက်လုံးရှိ ရန်သူများက ပြင်းထန်စွာထိပ်တိုက်တွေ့ကြတော့မည်ဖြစ်သော်လည်း လင်မိသားစုမှာ သူတို့ကြားထဲ၌ပင် ကိုယ့်အချင်းချင်း စတင်တိုက်ခိုက်နေကြ၏။ လင်ရှု၏လက်သည်းနှင့် လင်ဖန်း၏ လက်ချောင်းတို့က ပြင်းထန်စွာ ထိပ်တိုက်တွေ့သွားသည်။ အစောပို်ငးကမြေပြင်ကိုလှုပ်ခတ် တုန်ခါစေသော ပေါက်ကွဲမှုမှာ သူတို့နှစ်ဦး၏ ထိပ်တိုက်တွေ့မှုကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ထို့နောက် အထွတ်အထိပ်စွမ်းအားကြီးသူ နှစ်ဦး ၏တိုက်ခိုက်မှုများအောက်တွင် ဟင်းလင်းပြင်တစ်ခုလုံး ပြင်းထန်စွာလှုပ်ခတ်လာပြီး ဖရိုဖရဲဖြစ်လာသည်။

“ဒါက.. ဒီသောက်အဘိုးကြီးနှစ်ကောင်ကတော့ အခုကဘယ်အချိန်မို့လဲ.. ဘာလို့သူတို့ကတိုက်ခိုက်နေသေးတာလဲ.. အခု ကြီးမားတဲ့ရန်သူက ရှေ့ကိုရောက်နေတာကို သူတို့က ရန်ဖြစ်နေနို်ငသေးတယ်.. ချီးပဲ”

လင်မိသားစု၏ ခေါင်းဆောင် လင်ဟွင်းမှာ ရုတ်တရက် သူ၏ရှေ့ရှိ လင်ရှုနှင့်လင်ဖန်းတို့၏တိုက်ခိုက်မှုများကိုတွေ့လိုက်ရပြီး မနေနိုင်ပဲ ဆဲဆိုမိလိုက်သည်။

“အား. မကောင်းတော့ဘူး”

ဤအချိန်တွင် လင်ဟွင်းက ရုတ်ခြည်းအလန့်တကြား ထပ်မံအော်ဟစ်လိုက်သည်။

ခံစားချက်မဲ့နေသောလင်စန်က ဤအချိန်၌ ရုတ်တရက် အရှိန်တင်လိုက်သည်ကို သူတွေ့လိုက်ရသည်။ သူ၏ပုံရိပ်က တစ်ဟုန်ထိုး ပျံသန်းလာပြီး မကြာခင်တွင် အဘိုးကြီးနှစ်ဦးဖြစ်သောလင်ရှုနှင့်လင်ဖန်းတို့၏ရှေ့သို့ရောက်ရှိလာသည်။

“မြန်မြန် ..လင်စန်ကိုတားကြာ. သူ့ကိုသတိထား”

လင်ဟွင်းက လင်မိသားစုမှ ထိပ်တန်းစွမ်းအားကြီးသူများကို အသားကုန်အော်ဟစ်လိုက်သည်။ သူ၏ပုံရိပ်ကလည်း လေကိုထိုးခွင်းသွားပြီး အရှိန်တင်လိုက်၏။

လင်ရှုနှင့်လင်ဖန်းတို့က တစ်ဖက်နှင့်တစ်ဖက်အမြဲတန်း သရေကျခဲ့သည်ဖြစ်သည်။ ဤအချိန်တွင် သူတို့နှစ်ဦးကတစ်ဖက်နှင့်တစ်ဖက်တိုက်ခိုက်နေရပြီး သူတို့၏စွမ်းအားများအား ထိန်းချုပ်ထားကြ၏။

သို့သော်လင်ဟွင်း၏အော်သံက လင်မိသားစု၏စွမ်းအားကြီးကျွမ်းကျင် သူနှစ်ဦးဖြစ်သော လင်ရှုနှင့်လင်ဖန်းတို့ကဲ့သို့သောလူများအတွက်ပင် ပြန်လည်တုန့်ပြန်နိုင်ရန် အရမ်းနောက်ကျနေခဲ့ပြီဖြစ်၏။

လင်စန်၏လက်တို့က လက်ဝါးများအဖြစ်ဖွဲ့စည်းသွားပြီး လင်ရှုနှင့်လင်ဖန်းတို့အား အစွမ်းကုန်တိုက်ခိုက်ခဲ့သည်။

“အား”

“အား”

ရုတ်ခြည်း နာကျင်မှုအပြည့်ဖြင့် အော်သံလှိုင်းနှစ်ခုက ထွက်ပေါ်လာသည်။

“လင်မိသားစုရဲ့ဒီအရူး တွေ က အသက်ရှည်ရှည်နေထိုင်ခဲ့တာတောင် တကယ်ကြီးခွေးတွေလိုမျိုးနေခဲ့မယ်လို့ငါမထင်ထားဘူး. ဆရာ့ရဲ့အစီအစဉ်က တကယ်ကြီးအရမ်းမြန်မြန်နဲ့အောင်မြင်ခဲ့တယ်.. ငါတောင်ဘာမှလုပ်စရာမလိုဘူး”

ပျံသန်းနေဆဲဖြစ်သော ရှောင်းထျန်းရီက အဘိုးအိုနှစ်ဦးအားတိုက်ခိုက်လိုက်သော လင်စန်၏ ကြမ်းကြုတ်သောလက်ဝါးနှစ်ခုအားမြင်တွေ့လိုက်ချိန်တွင် သရော်လိုက်သည်။

မူလကရှစ်ဖုန့်၏အစီအစဉ်၌ ရှောင်းထျန်းရီ ပူးပေါင်းပါဝင်ရန်လိုအပ်သေးသည်ဖြစ်သည်။ သူ၏ ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ရှိသော ဝိညာဉ်စွမ်းအားက လင်စန်၏ချောင်းတိုက်မှုကို ပို၍ ပြည့်စုံအောင်ပြုလုပ်နိုင်သည်ဖြစ်သည်။

သို့သော်ရှေ့ကိုအာရုံစိုက်နေသော ရှောင်းထျန်းရီအနေဖြင့် ယခုဘာကိုမှပင်လုပ်စရာမလိုခဲ့ပေ။

“ချီးပဲ..ချီးပဲ”

လင်မိသားစု၏ ခေါင်းဆောင်ဖြစ်သူ လင်ဟွင်းတစ်ယောက် တိုက်ခိုက်နေသော လင်ရှုနှင့်လင်ဖန်းတို့အဘိုးကြီးနှစ်ယောက် အဆုံးသတ်၌ လင်စန်၏ တိုက်ခိုက်ခြင်းခံလိုက်ရသည်ကိုတွေ့ရသောအခါတွင် မနေနိုင်ဘဲ ဆဲဆိုလိုက်သည်။

“ချီးပဲ.လင်စန်..ထင်ထားသလို သူက ယိုမင်ထိန်းချုပ်တာကိုခံထားရတာ.. အားလုံးပဲ အတူတူတိုက်ခိုက်ပြီးသူ့ကိုသတ်ကြ”

လင်မိသားစု၏ ဒုတိယအကြီးအကဲဖြစ်သူ လင်ရွှယ်ကလည်း ဒေါသတကြီးအော်ဟစ်လိုက်သည်။

ဤအချိန်တွင် လင်ရွှယ်ပြောနေစရာပင်မလိုပေ။ တိုက်ခိုက်မှုများက လင်စန်ပေါ်သို့အဆက်မပြတ်ကျ ရောက်လာပြီးဖြစ်သည်။

သူတို့အနေဖြင့် လင်စန်အား မသတ်သော်လည်း ယခုအခါ မဖြစ်မနေ၎င်းကိုထိခိုက်မှုများအောင်လုပ်ပြီး ၎င်း၏တိုက်ခိုက်မှုစွမ်းရည်ဆုံးရှုံးအောင်လုပ်ရမည်ဖြစ်သည်။

“ကောင်းပြီ.တိုက်ကြစို့”

သူ၏ကိုယ်အားလှုပ်ရှားခြင်းမရှိသေးသောရှစ်ဖုန့်က လင်မိသားစုဝင်များ၏ လှုပ်ရှားမှုအားမြင်တွေ့လိုက်ရသောအခါတွင် လင်မိသားစုဝင်များနှင့်လျှင်မြန်စွာထိပ်တိုက်တွေ့တော့မည့် သူ၏တစ္ဆေစစ်သူကြီးရှစ်ဦးနှင့် တပည့်များအား အေးစက်စွာအော်ပြောလိုက်သည်။

ထို့နောက် ရှစ်ဖုန့်၏စိတ်ကလှုပ်ရှားသွား၏။ သူ၏နောက်ဘက်ရှိ ကောင်းကင်အတွင်းကြီးမားသော ဧရိယာကြီးတစ်ခုလုံး သွေးနီရောင်အလင်းတို့လင်းလက်သွားသည်။ အနက်ရောက်ချပ်ဝတ်များနှင့် သိပ်သည်းများပြားသော သန်းနှင့်ချီသည့် တစ္ဆေစစ်သည်များအားလုံးကို ရှစ်ဖုန့်က ထုတ်လွှတ်လိုက်သည်။ တစ္ဆေများအား ဟစ်အော်သံလှိုင်းများနှင့် တဝှီဝှီမြည်နေသော လေပြင်းများက ကုန်းမြေအား ဖြတ်သန်းတိုက်ခိုက်လာသည်။

“သတ်”

ရှစ်ဖုန့်က သူ၏လက်ကိုဝေ့ယမ်းပြီး ရှေ့သို့ထိုးညွှန်ပြလိုက်သည်။ သူ၏အော်သံက ကောင်းကင်ထဲ၌ ရိုက်ခတ်သွားပြီး တစ္ဆေစစ်သည်များအားလုံး၏နားထဲသို့ဝင်ရောက်သွားသည်။

“သတ်”

“သတ်”

“သတ်”

အော်သံလှိုင်းများက ပဲ့တင်ရိုက်ခတ်နေ၏။ သန်းနှင့်ချီသောတစ္ဆေစစ်သည်များက ရှစ်ဖုန့်၏အမိန့်အောက်တွင် ရှေ့သို့တလိမ့်လိမ့်ချီတက်သွားသည်။

ဤအချိန်တွင် ရှစ်ဖုန့်၏ပုံရိပ်ကလည်းလျှင်မြန်စွာ လှုပ်ရှားသွား၏။ သူကလေကိုထိုးခွင်းပြီး တိုက်ပွဲအတွင်းဝင်ရောက်ရန်ပြင်လိုက်သည်။ လေကိုထိုးခွင်းလိုက်သကဲ့သို့ သူ၏လက်ထဲ၌သွေးနီရောင်အလင်း တစ်ခုလင်းလက်လာကာ သွေးသောက်ဓားကသူ၏လက်အတွင်း ပေါ်လာသည်။

သူ၏လက်ထဲရှိ သွေးသောက်ဓားကိုငုံ့ကြည့်လိုက်ပြီး ရှစ်ဖုန့်က၎င်းအားအေးစက်စွာပြောလိုက်သည်။

“ဒီနေ့. လင်မိသားစုကိုအစုလိုက်အပြုံလိုက် သတ်ပြီးရင် မင်းကို မြင့်မားတဲ့နယ်ပယ်တစ်ခုရောက်အောင်ငါကကူညီမယ်”

သွေးသောက်ဓား၏ လက်နက်စိတ်ဝိညာဉ်ဖြစ်သော သွေးလစန္ဒြာ သားရဲက ရှစ်ဖုန့်၏စကားအားကြားသောအခါတွင် ရှစ်ဖုန့်၏လက်အတွင်းဓားက စတင်ပြင်းထန်စွာတုန်ခါလာသည်။ သွေးသောက်ဓားမှ ပြင်းထန်သော တိုက်ပွဲဝင်စိတ်တို့ မြင့်တက်လာ၏။

“ဒါတွေက.. ငရဲဘုံကိုးခု ဧကရာဇ်ရဲ့ အမိန့်အောက် နမည်ကျော် တစ္ဆေစစ်သည်တွေလား. တစ်ယောက်စီတိုင်းက တကယ်ပဲ ခက်ထန်ကြမ်းကြုတ်လိုက်တာ”

“ဦးလေးလင်စန်က အကြီးအကဲ လင်ရှုနဲ့ လင်ဖန်းတို့ကိုဒဏ်ရာရအောင်လုပ်ထားတယ်..လက်ရှိအခြေအနေက ငါတို့လင်မိသားစုအတွက်အရမ်းကို မသင့်တော်ဘူး.. ငါတို့ဘာလုပ်သင့်လဲ”

အခြားတစ်ဖက်ရှိဟင်းလင်ပြင်ထဲတွင် လင်မိသားစု၏သခင်လေးများက သူတို့၏မျက်နှာများထက်၌ စိုးရိမ်ပူပန်သောအမူအယာများပြသလာသည်။

ဆက်ရန်…….

ဘာသာပြန်သူ-ARISE

All Chapters