← Chapters

အခန်း (၉၀၀)

Vol. 60 Ch. 900

အခန်း (၉၀၀)

Vol. 60 Ch. 900

လင်စန်၏တိုက်ခိုက်မှုက လင်မိသားစု၏ အကြီးအကဲနှစ်ဦးဖြစ်သော ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်နှစ်ဦးအား များစွာ ထိခိုက်သွားစေသည်။ ၎င်းအားကြည့်ရုံဖြင့် အခြေအနေကသိသိသာသာပြောင်းလဲသွားသည်ကိုသိနိုင်သည်ဖြစ်သည်။

လင်မိသားစုမှလူများမှာ တိုက်ခိုက်မှုများကိုအဆက်မပြတ်ထုတ်ဖော်ပြီး လင်စန်၏ကိုယ်ပေါ်သို့ကျရောက်စေ လိုက်သည်။ တိုက်ခိုက်မှုပေါင်းများစွာ၏ အောက်တွင် လင်စန်လည်းများစွာထိခိုက်ထား သည်ဖြစ်သည်။ ၎င်းအားကြည့်လိုက်လျှင် သေရန်သိပ်လိုတော့သည်ကိုမြင်ရနိုင်သည်ဖြစ်သည်။

ဤအချိန်တွင်ရှစ်ဖုန့်၏ တပည့်လေးဦးဖြစ်သော လင်ယဲ့ဖုန်း၊မိုရှောင်ယောင်၊ လောချင်းချွမ်နှင့် တိုက်ခိုက်မှုအားဦးဆောင်သော ရှောင်းထျန်းရီတို့က လည်းရောက်ရှိလာပြီဖြစ်သည်။ သူတို့၏နောက်တွင် တစ္ဆေစစ်သူကြီးရှစ်ဦးနှင့် နင်ချန်လည်းလိုက်ပါလာသည်။

လင်စန်က များစွာထိခိုက်သွားပြီး ထပ်မံခြိမ်းခြောက်နိုင်စွမ်းမရှိတော့ပေ။ လင်မိသားစုမှကျွမ်းကျင်သူများ၏ တိုက်ခိုက်မှုများက ချက်ချင်းပြောင်းလဲသွားပြီး လင်ယဲ့ဖုန်းနှင့်အခြားသူများအား အဆက်မပြတ်တိုက်ခိုက်လိုက်သည်။ သူတို့အားလုံး၏တိုက်ခိုက်မှုများက ရှောင်းထျန်းရီပေါ်တွင်အာရုံစူးစိုက်ထားသည်။

လင်မိသားစု၏ အားကောင်းသော ကျင့်ကြံသူများမှာ ဤလူက ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်မဟုတ်သည်ကို ရှာတွေ့သွားကြသည်ဖြစ်သည်။ သို့သော် သူတို့၌ထူးဆန်းသောခံစားချက်တစ်ခု ကိုရနေကြသည်။ ထိုထက်ပိုသည်ကား ၎င်းမှာ ထို အထွတ်အထိပ် ဧကရာဇ်နယ်ပယ်များနှင့် အတူတကွပျံသန်းနေခြင်းဖြစ်သည်။ ယင်းကပို၍ ထူးဆန်းသည်ဖြစ်၏။

လက်ဝါးပုံ၇ရိပ်များ၊လက်သီးပုံရိပ်များ၊ လက်သည်းရိပ်များ၊ ဓားချီနှင့် ဆေဘာဓားချီများက ထွက်ပေါ်လာသည်။ ၎င်းတို့ကပြင်းထန်ပြီးစွမ်းအားကြီးမားကာ ခမ်းနားသောစွမ်းအင်တို့ကို လည်းပိုင်ဆိုင်ထားကြသည်။

ရှောင်းထျန်းရီမှာ စွမ်းအားများက ယေဘုယျအားဖြင့်သူ့ထံသို့ ဦးတည်နေသည်ကိုအာရုံခံမိသည်ဖြစ်သည်။ အခြားတစ်ဖက်ရှိ ရှောင်းထျန်းရီမှာ သူ၏မျက်နှာက ပြောင်းလဲခြင်းမရှိဘဲ ရှေ့သို့ဆက်လက်ပျံသန်းလာသည်။

လင်ယဲ့ဖုန်း၊မိုရှောင်ယောင်၊ လောချင်းချွမ်၊ နင်ချန်နှင့် တစ္ဆေစစ်သူကြီးရှစ်ဦးတို့ကလည်း သူတို့ထံလာနေသောတိုက်ခိုက်မှုများအားမြင်တွေ့ရသောအခါတွင် သူတို့၏ တိုက်ခိုက်မှုများကိုလည်း ထုတ်ဖော်လိုက်ကြသည်။

အဖြူရောင်ဓားစွမ်းအင်စီးကြောင်းများ၊ အဖြူရောင်မီးတောက်များ၊ နက်ရောင်တစ္ဆေလက်သည်းများ၊ ဧရာမအနက်ရောင်အရိုးခေါင်းများနှင့် သေခြင်းစွမ်းအင်ဓားတို့ကို ထုတ်ဖော်ကြသည်။ ၎င်းတို့က လင်မိသားစုမှကျွမ်းကျင်သူများ၏ တိုက်ခိုက်မှုများနှင့် ပြင်းထန်စွာထိပ်တိုက်တွေ့သွား၏။

လင်ယဲ့ဖုန်းနှင့်အခြားသူများက တိုက်ခိုက်မှုများကို ထုတ်ဖော်ပြီးနောက် ရှောင်းထျန်းရီက သူ၏လက်တို့ကိုသာလှုပ်ရှားလိုက်သည်။

ရှောင်းထျန်းရီ၏ လက်တို့က ကခုန်နေပြီး နှင်းဖြူရောင်တိုက်ပွဲဝင်လက်နက်များက သူ၏လက်အတွင်းမှပျံသန်းထွက်လာသည်။

၎င်းတို့က ရေခဲဓားရှည်များ၊ ရေခဲလှံပုဆိန်များ၊ ရေခဲတိုက်ပွဲဝင်ပုဆိန်များ၊ ရေခဲဆေဘာဓားများနှင့်ရေခဲလှံရှည်များ စသည်တို့ဖြစ်ကြသည်။ များပြားလှသော တိုက်ပွဲဝင်လက်နက်များက ၎င်းတို့လွတ်လပ်မှုရသွားသကဲ့သို့ လေထဲ၌ ကခုန်နေကြသည်။ ရှောင်းထျန်းရီကသူ၏ တိုက်ပွဲဝင်လက်နက်များကို ပစ်ထုတ်လိုက်ပြီး တစ်ခုစီတိုင်းက အဆင့်ရှစ် မဟာသူတော်စင်နယ်ပယ်အဆင့်ရှိသော လက်နက်များဖြစ်ကြသည်။

ဤကမ္ဘာပေါ်တွင် ကမ္ဘာနံပါတ်တစ် အဂ္ဂရိတ်သန့်စင်ဆရာသခင်ဟုသိကြသော ရှောင်းထျန်းရီတစ်ယောက်တည်းကသာ များပြားလှသော ဤကဲ့သို့အဆင့်ရှိသည့်လက်နက်များကို တစ်ကြိမ်တည်းထုတ်ယူနိုင်ခြင်းဖြစ်သည်။

လင်မိသားစုမှကျင့်ကြံသူတို့၏ တိုက်ခိုက်မှုများက လင်ယဲ့ဖုန်းနှင့်တစ္ဆေစစ်သူကြီးရှစ်ဦးတို့၏ တိုက်ခိုက်မှုများနှင့် လျှင်မြန်စွာ ထိပ်တိုက်တွေ့ဆုံသွားသည်။ နှစ်ဖက်လုံးကြားထဲရှိ ဟင်းလင်ပြင်မှာ ပို၍ ဖရိုဖရဲဖြစ်လာသည်။ အကြွင်းမဲ့စွမ်းအားတို့၏ အဆက်မပြတ် ဝုန်းဒိုင်းပစ်ဆောင့်ထိပ်တိုက်တွေ့မှုတို့အောက်တွင် ကောင်းကင်မှာအဆက်မပြတ်အက်ကွဲလာပြီး မှောင်မိုက်သော အပေါက်များကြ ဆက်တိုက်ထွက်ပေါ်လာသည်။

ထို့နောက်တွင်ရှောင်းထျန်းရီ ထိန်းချုပ်ထားသော လက်နက်သုံးဆယ်တို့ကလည်း လျှင်မြန်စွာရောက်ရှိလာသည်။ ဤအချိန်တွင်ရှောင်းထျန်းရီက အော်ပြောလိုက်သည်။

“ပေါက်ကွဲစမ်း”

“ဝုန်း”

ရှောင်းထျန်းရီ၏အော်သံအောက်တွင် လက်နက်ဆယ်ခုကရုတ်ခြည်းပေါက်ကွဲသွားသည်။ ပြင်းထန်သောစွမ်းအားများထိုးတက်လာပြီး လင်ယဲ့ဖုန်းနှင့်တစ္ဆေစစ်သူကြီးရှစ်ဦးတို့၏ တိုက်ခိုက်မှုများနှင့်ပေါင်းစည်းရောနှောသွားကာ လင်မိသားစု မှကျင့်ကြံသူများ၏ တိုက်ခိုက်မှုများကို ဝါးမျိုသွားသည်။

ဤကမ္ဘာပေါ်တွင် ကမ္ဘာနံပါတ်တစ်အဂ္ဂရိတ်သန့်စင် ဆရာသခင်ဖြစ်သူ ရှောင်းထျန်းရီတစ်ယောက် တိုက်ပွဲအတွင်းဝင်ပါသည်ကို မြင်ဖူးသူများစွာရှိမည်မဟုတ်ပေ။ သို့သော် သူကတိုက်ပွဲစစချင်းမှာပဲ ရွှမ်းလက်နက်ဆယ်ခုအား ဖောက်ခွဲပစ်မည်ဟုတော့ မည်သူကမှမမျှော်လင့်ထားမည်မဟုတ်ပေ။

ထျန်းဟန်တိုက်ကြီးပေါ်ရှိ လူဘယ်လောက်များများကများ ဤကဲ့သို့ဖြုန်းတီးမှုမျိုးကို အားထုတ်ကြိုးပမ်းနိုင်ပါမည်နည်း။

ရွှမ်းလက်နက်ဆယ်ခု၏ပေါက်ကွဲမှုနှင့် လင်ယဲ့ဖုန်း၊ မိုရှောင်ယောင်၊ လောချင်းချွမ်၊နင်ချန်နှင့်တစ္ဆေစစ်သူကြီးရှစ်ဦးတို့၏ အဆက်မပြတ်တိုက်ခိုက်ခံရမှုအောက်တွင် လင်မိသားစုမှကျင့်ကြံသူများ၏ တိုက်ခိုက်မှုများမှာ လုံးဝဖျက်ဆီးခံလိုက်ရသည်။ ကောင်းကင်မှာလည်းပို၍ပို၍ ဖရိုဖရဲပရမ်းပတာဖြစ်လာသည်။

ဤအချိန်တွင်ရှောင်းထျန်းရီက ကျန်နေသော လက်နက်နှစ်ဆယ်ကို ထပ်မံထိန်းချုပ်ပြီး လင်မိသားစုမှကျွမ်းကျင်သူများ ထံသို့ဆက်လက်ဝင်ရောက်သွားစေသည်။ ထို့နောက်တွင် ရှောင်းထျန်းရီ၏ ပါးစပ်မှနောက်ထပ်အော်သံ ထွက်ပေါ်လာသည်။

“ပေါက်ကွဲစမ်း”

“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..ဝုန်း”

ရှောင်းထျန်းရီ၏အော်သံအောက် တွင်ရွှမ်းလက်နက်နှစ်ဆယ်မှာ အတူတကွစတင်ပေါက်ကွဲသွားသည်။ ယခင်ကထက်ပို၍ပြင်းထန်သောစွမ်းအားတစ်ခုက ဖြစ်ပေါ်လာပြီး လင်မိသားစုမှကျင့်ကြံသူများထံသို့ မီးပင်လယ်တစ်ခုကဲ့သို့သိမ်းကျုံးဦးတည်သွားသည်။

“ချီးပဲ.ချီးပဲ..ရွှမ်းလက်နက်အခုနှစ်ဆယ်အတူတူပေါက်ကွဲတဲ့စွမ်းအား.. အဲ့ကောင်ကဘယ်သူလဲ..တကယ်ကြီး ရွှမ်းလက်နက်အများကြီးကို သူ့မှာရှိနေတယ်.. ဘယ်လိုလုပ်ပြီးသူကဖြုန်းတီးနိုင်ရတာလဲ”

ပြင်းထန်သောစွမ်းအားများက သူတို့ထံသို့ သိမ်းကျုံးဦးတည်လာသည်ကိုတွေ့ ရသောအခါတွင် လင်မိသားစုမှကျွမ်းကျင်သူများက ကျယ်လောင်စွာအော်ပြောလိုက်သည်။

ဤကမ္ဘာပေါ်တွင် အဂ္ဂရိတ်သန့်စင်ခြင်း၌ အကျွမ်းကျင်ဆုံးသောသူများမှာ မဟာသူတော်စင်အဆင့် အဂ္ဂရိတ်သန့်စင်သူများဖြစ်ကြသည်။ ၎င်းတို့သန့်စင်နိုင်သည့် အမြင့်ဆုံးသော ရွှမ်းလက်နက်များက မဟာသူတော်စင်အဆင့် လက်နက်များဖြစ်သည်။

ဤကမ္ဘာပေါ်တွင် မဟာသူတော်စင်အဆင့်အဂ္ဂရိတ်သန့်စင်သူ မည်မျှရှိပါမည်နည်း။ မဟာသူတော်စင်အဆင့်လက်နက်များ ကကော ဘယ်လောက်များများရှိနိုင်ပါမည်နည်း။ သို့သော်သူတို့ရှေ့ရှိ ဤလူကတော့တကယ်ကြီး လက်နက်အခုသုံးဆယ်အားထုတ်ကာ ၎င်းတို့၏ဖောက်ခွဲမှုစွမ်းအားကိုအသုံးပြု၍ သူတို့ကိုတိုက်ခိုက်ခဲ့သည်ဖြစ်သည်။

တကယ်တော့ လင်မိသားစုမှကျင့်ကြံသူများမှာ သူတို့ရှေ့ရှိလူက ဧကရာဇ်အဆင့်သို့ရောက်ရှိနေပြီဖြစ် သည်ကိုမသိခြင်းဖြစ်သည်။ဤကမ္ဘာပေါ်တွင် အဂ္ဂရိတ်သန့်စင်မှု၌အကျွမ်းကျင်ဆုံး သောသူမှာ မဟာသူတော်စင်အဆင့်အဂ္ဂရိတ် သန့်စင်သူများမဟုတ်ဘဲ သူတို့ရှေ့မှလူဖြစ်သည်။

ရှောင်းထျန်းရီက နောက်တစ်ကြိမ် ရွှမ်းလက်နက်နှစ်ခုအား ပြင်းထန်စွာပေါက်ကွဲစေလိုက်ပြီး ပြင်းထန်သောစွမ်းအားကြီးစွမ်းအားတို့ကို ထုတ်လွှတ်စေသည်။ လင်ယဲ့ဖုန်းနှင့်တစ္ဆေစစ်သူကြီးရှစ်ဦးတို့ကလည်း ဤအခွင့်အရေးကြီးကို လက်လွှတ်ခွင့်ပြုလိမ့်မည်မဟုတ်ပေ။

မူလက အားလုံး၏မျက်လုံးထဲ၌ အားနည်းပြီးနူးညံ့သော အဂ္ဂရိတ်သန့်စင်ဆရာသခင်ကတကယ်ကြီး ဤကဲ့သို့စွမ်းအားကြီးတိုက်ခိုက်မှုတစ်ခုအားထုတ်လွှတ်နေ၏။ ဤအဂ္ဂရိတ်သန့်စင်ဆရာသခင်တစ်ဦးတည်းကသာ ဤကဲ့သို့သောတိုက်ခိုက်မှုတစ်ခုကိုထုတ်ဖော်နိုင်ခြင်းဖြစ်လောက်သည်ဖြစ်သည်။

တစ္ဆေစစ်သူကြီးရှစ်ဦးကလည်း ရှောင်းထျန်းရီ၏ အဂ္ဂရိတ်သန့်စင် လမ်းစဉ်က အဆင့်ကိုး ဧကရာဇ်နယ်ပယ်သို့ရောက်ရှိနေပြီးဖြစ်သည်ကိုသိကြသည်ဖြစ်သည်။ သူက ဧကရာဇ်အဆင့် ရွှမ်းလက်နက်ကိုပင်သွန်းလုပ်နိုင်သည်ဖြစ်၏။

ယခု ဤရွှမ်းအဆင့်လက်နက်များအား အသုံးပြု၍ စွမ်းအားကြီးတိုက်ခိုက်မှုတစ်ခုကို သူကထုတ်ဖော်ခဲ့သည်။ အကယ်၍ ရွှမ်းလက်နက်များအားလုံးကသာ ဧကရာဇ်နယ်ပယ်သို့ရောက်ရှိနေခဲ့သည်ဆိုလျှင် တိုက်ခိုက်မှုက စိတ်ကူးကြည့်၍ပင်ရလိမ့်မည်မဟုတ်ပေ။

သို့သော် အကြောင်းပြချက်တစ်ခု က ရှောင်းထျန်းရီသန့်စင်ရန်အတွက် ကမ္ဘာပေါ်၌ အဆင့်ကိုးသတ္ထုပစ္စည်းများစွာရှိရမည်ဖြစ်သည်။

မဟာသူတော်စင်အဆင့် ရွှမ်းလက်နက်အခုနှစ်ဆယ်၏ပေါက်ကွဲမှုစွမ်းအားနှင့် ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ဆယ့်နှစ်ယောက်တို့၏တိုက်ခိုက်မှုက လင်မိသားစုမှကျင့်ကြံသူများ၏ အမူအယာများကို သိသိသာသာပြောင်းလဲစေသည်ဖြစ်သည်။

မုန်းဖို့ကောင်းသောလင်စန်က အကြီးအကဲနှစ်ဦးဖြစ်သော လင်ရှုနှင့်လင်ဖန်းတို့ကို များစွာ ထိခိုက်စေခဲ့သည်။ထိုအတွက်ဧကရာဇ်နယ်ပယ်ဆယ့်ငါးယောက်မှ ဆယ့်သုံးယောက်အထိအင်အားလျော့ကျသွားသည်ဖြစ်သည်။ ၎င်းတို့၌တိုက်ပွဲဝင်စွမ်းအားတို့ရှိသေးသော်လည်း ၎င်းတို့ဘက်ရှိ အင်အားက ကြီးစွာလျော့ကျသွားပြီးဖြစ်သည်။

“မင်းတို့အားကုန်သုံးပြီးတော့ ဒီတိုက်ခိုက်မှုတွေကို ချိုးဖျက်ကြ.. ငါတို့က လင်မိသားစုကလူတွေပဲ.. ငါတို့က ဧကရာဇ်လင်ဝူရဲ့မျိုးဆက်တွေပဲ. ငါတို့မရှုံးနိမ့်နို်ငဘူး”

ဤအချိန်တွင်လင်မိသားစု၏ ခေါင်းဆောင်ဖြစ်သူ လင်ဟွင်းက သူထံသို့တလိမ့်လိမ့်ဦးတည်လာနေသော တိုက်ခိုက်မှုများကို စိုက်ကြည့်နေသည်။ သူကနောက်တစ်ကြိမ်အားကုန်သုံး၍ အဆုတ်ကွဲလုမတက်အော်ဟစ်လိုက်သည်။

လင်မိသားစုမှ အထွတ်အထိပ်ကျွမ်းကျင်သူများအားလုံး၌ လေးနက်သောအမူအယာများရှိနေသည်။ ဤတိုက်ခိုက်မှုက လွန်စွာအရေးကြီးသည်ဖြစ်၏။ သူတို့ထံသို့သိမ်းကျုံးဦးတည်လာနေသော စွမ်းအင်များကို တားဆီးရမည်ဖြစ်သည်။

အကယ်၍ သူတို့မတားဆီးနိုင်ခဲ့လျှင် သူတို့ရှုံးနိမ့်လိမ့်မည်ဖြစ်သည်။ အကယ်၍သူတို့ရှုံးနိမ့်လျှင် လင်မိသားစုတစ်ခုလုံး လုံးဝအဆုံးသတ်သွားလိမ့်မည်ဖြစ်သည်။

ဆက်ရန်……

ဘာသာပြန်သူ-ARISE

All Chapters