← Chapters

အခန်း (၇၆)

Vol. 6 Ch. 76

အခန်း (၇၆)

Vol. 6 Ch. 76

ခလုတ်ကို နှိပ်လိုက်သည့်အချိန်တွင် ငွေရောင်အလင်းတန်းများ ဖြာထွက်လာပြီး ယုတုန်ကွမ် ပြောင်းလဲနိုင်သည့် နေရာတိုင်းကို လွှမ်းခြုံသွားသည်။ ထိုအရာက မိုးသည်းထန်စွာ ရွာသကဲ့သို့ ထင်မှတ်ရပြီး တုံ့ပြန်မှုက အလွန်အမင်းကို လျင်မြန်လှ၏။

အနက်ရောင်ပြွန်လေးကို မြင်လိုက်ရသည့်အချိန်တွင် ယုတုန်ကွမ်၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွား၏။ ဒဏ္ဍာရီထဲမှ လျှို့ဝှက်လက်နက်က ကိုရင်လေး၏ လက်ထဲတွင် ရှိနေမည်ဟု သူလည်း လုံးဝမတွေးမိခဲ့ပေ။

“အစ်ကို(၅)က သိနေရဲ့သားနဲ့ ဘာလို့ငါ့ကိုမပြောခဲ့ရတာလဲ။ သူက ငါ့ကိုသေစေချင်တာလား…”

ထိုအရာများကို စဉ်းစားနေသည့်အချိန်တွင် သူကတော့ သံတံတားသိုင်းကွက်ကို သုံးလိုက်ပြီး နောက်ကျောကိုလှည့်၍ ကာကွယ်ရန် ကြိုးစားလိုက်သည်။ သို့သော် ထိုအရာက တိမ်မုန်တိုင်းအပ်ဖြစ်သည်။ အရှိန်က သာမန်အမြင်ထက် လျင်မြန်နေသော ဒဏ္ဍာရီထဲမှ လျှို့ဝှက်လက်နက်တစ်ခု ဖြစ်သည်။

“ဖောက် ဖောက် ဖောက် …”

သစ်ရွက်ပေါ်သို့ မိုးရေစက်များ ကျလာသည့်အသံမျိုး ကြားလိုက်ရပြီး ယုတုန်ကွမ်က မြေပေါ်သို့ လဲကျသွားခဲ့သည်။ သူ၏ရင်ဘတ် ၊ ခေါင်းနှင့် ခန္ဓာကိုယ်အောက်ပိုင်းတွင် ငွေရောင်အပ်လေး (၁၀)ခုခန့် စိုက်နေခဲ့သည်။

သူ၏မျက်နှာက မည်းနက်နေပြီး အလွန်ထိတ်လန့်‌ကြောက်ရွံ့နေသည့် အမူအရာမျိုး ဖြစ်သည်။ သူက အဆိပ်မိ၍ သေဆုံးသွားခဲ့ခြင်းဖြစ်၏။

မုန့်ချီက သူ့ကို လှည့်ပင် မကြည့်ခဲ့ပေ ။ သူက တိမ်မုန်တိုင်းအပ်ကို ချိုင်းကြားတွင် ညှပ်လိုက်ပြီး တင်ပျဉ်ခွေထိုင်၍ ချီစွမ်းအင်များကို လှည့်ပတ်လိုက်သည်။ ထို့နောက် ဒဏ်ရာများကို ကုသလိုက်၏။ သူက ရွှေခေါင်းလောင်းအကာအကွယ်ကို တည်ငြိမ်အောင်လုပ်ရန် အချိန်မရသေးပေ။

လမ်းလေးထဲတွင်တော့ ကွေရှုက ဆိုးဆိုးဝါးဝါး ဒဏ်ရာရထားသော သွမ့်ရှန်ဖေးကို ဖိနှိပ်ထားခဲ့သည်။ ကြည့်ရသည်မှာ သူတို့က ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့ခြင်း မဟုတ်ဘဲ တစ်ယောက်နှင့် တစ်ယောက် စိတ်ဝိညာဉ်စွမ်းအားနှင့်တိုက်ခိုက်နေသကဲ့သို့ ဖြစ်သည်။

သွမ့်ရှန်ဖေးက ဓားချက်တစ်ခုပြီးတစ်ခု တိုက်ခိုက်နေသော်လည်း ဆက်တိုက် နောက်ပြန်ဆုတ်သွားနေရသည်။ သို့သော် သူ၏လက်ဝါးနှစ်ဖက်ကတော့ ဒဏ်ရာမရသည်မှာ အတော်လေးထူးဆန်းနေသည်။ သူက ကွေရှုနှင့် အတော်လေးကို ဝေးကွာနေ၏။ အချိန်ကြာလာသည်နှင့်အမျှ စိတ်ပိုင်းဆိုင်ရာတိုက်ပွဲတွင် သူက ကျရှုံးသွားရတော့မည်ဖြစ်သည်။

…………….

မြို့စားရဲတိုက်ထဲတွင် …

လော်ချင်းဆီမှ တိုက်ပွဲကို ဆိုင်းငံ့ရန် စာရောက်လာသည့်အတွက် လူတိုင်းက စိတ်ပျက်သွားခဲ့ကြသည်။ မြို့စားမင်းကွေကတော့ သူ၏စိတ်ကို ပြင်ဆင်ရန်အတွက် အခန်းထဲသို့ ပြန်သွားခဲ့သည်။

အခြားသူများကတော့ တိုက်ပွဲဆိုင်းငံ့မှုအကြောင်းကို ထင်မြင်ချက်မျိုးစုံ ပေးနေကြသည်။ သိုင်းပညာရှင်များစွာကတော့ မတ်တပ်ရပ်၍ ထွက်သွားရန် ပြင်ဆင်နေကြ၏။ သို့သော် ကွေကျင်းရှုကတော့ ဧည့်သည့်များကို သေချာစွာဧည့်ခံနေပြီး လူတိုင်းကို နေ့လည်စာ တည်ခင်းဧည့်ခံခဲ့သည်။

ပညာရှင်များက အချင်းချင်း ငြင်းခုန်နေကြသည့်အချိန်တွင် လူတစ်ယောက်က အော်ဟစ်လိုက်၏။

"ဝတ်စုံဖြူဓားသမား ရောက်လာပြီ…"

သူတို့က အံ့အားသင့်စွာ ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် ဓားတစ်ချောင်းကို ကိုင်ထားသော လော်ချင်းကို တွေ့လိုက်ရသည်။ သူ့ဆီတွင် နဖူးပြင်ကျယ်ကြီးရှိပြီး မျက်ခုံးကလည်း နဂါးတစ်ကောင် ပျံသန်းနေသကဲ့သို့ ဖြစ်နေသည်။ သူ၏မျက်လုံးများကလည်း အလွန်ကြောက်စရာကောင်း၏။

"လော်ချင်းက တိုက်ပွဲကို ဆိုင်းငံ့ခဲ့တာ မဟုတ်ဘူးလား…"

မူရှန်က ဒေါသတကြီး အော်ဟစ်လိုက်မိပြီး အတော်လေး စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

လော်ချင်းက ပြောလိုက်သည်။

"ငါက တိုက်ပွဲကို တကယ်ပဲ ဆိုင်းငံ့ခဲ့တယ်။ ဒါပေမယ့် ဒီနေ့မလာဘူးလို့ ပြောခဲ့တာမှ မဟုတ်တာ…"

"ဒါဆိုရင် ဒီလိုဘာလာလုပ်တာလဲ…"

မူရှန်က အသံတိုးတိုးနှင့် မေးလိုက်၏။ ထိုအချိန်တွင် ကွေကျင်းရှုကတော့ အခြေအနေကို ထိန်းချုပ်ရန် သူ့ဦးလေးများကိုသာ လွှဲထားခဲ့ရ၏။

"ငါက တရားမျှတမှုကို လာရှာတာ…"

လော်ချင်းက ဖေးကျန်းချင်၊ မူဟန်တျန်းနှင့်တခြားလူများကို စိုက်ကြည့်လိုက်သည့်အတွက် ဖေးကျန်းချင်က သူ၏စုတ်တံကြီးကို တင်းတင်းကိုင်ထားလိုက်သည်။

"ဘယ်လိုတရားမျှတမှုလဲ…"

လော့ရန်ကလန်ခေါင်းဆောင်က မေးလိုက်၏။

လော်ချင်းက ဖေးကျန်းချင်ကို မကြည့်တော့ပေ။

"မင်းတို့က ကွေရှုကို တွေ့ရင် သိပါလိမ့်မယ်။ မြေအောက်ခန်းထဲကို လိုက်ခဲ့ကြ။ မင်းတို့ထဲမှာ ဘယ်သူကမှ ငါသွားတာကို တားမယ်လို့ မထင်ဘူး။ ငါက ဒီနေရာကို ရောက်လာခဲ့တယ်ဆိုတာ မင်းတို့အားလုံး ငါနဲ့အတူ လိုက်ကြည့်ဖို့ မျှော်လင့်လို့ပဲ…"

ကွေရှုသာ တားဆီးခြင်းမရှိလျှင် သိုင်းသခင်တစ်ယောက်ဖြစ်သော လော်ချင်းက မြေအောက်အကျဉ်းခန်းထဲသို့ အလွယ်တကူ ရောက်သွားနိုင်သည်။

လူတိုင်းက အချင်းချင်း ကြည့်လိုက်မိကြသည့်အချိန်တွင် ဖေးကျန်းချင်က ကျယ်လောင်စွာ အော်ပြောလိုက်၏။

"ငါတို့ကို အရာအားလုံးကို ရှင်းရှင်းလင်းလင်းပြောမှဖြစ်မယ်။ မင်းတို့က ကိုယ်ပိုင်ထင်မြင်ချက်နဲ့ မြို့စားရဲတိုက်ထဲကို ဝင်လို့ဖြစ်မလား…”

လော်ချင်းက ပြန်ဖြေခဲ့ခြင်းမရှိဘဲ မြေအောက်အကျဉ်းခန်းဆီသို့ လျှောက်သွားခဲ့သည်။ သူက အလွန်လျင်မြန်လွန်းလှသည့်အတွက် မည်သူမျှ မတားနိုင်ခဲ့ပေ။

"သူ့ကို လိုက်ဖမ်းကြ…."

ကွေကျင်းရှုက အော်ဟစ်သတိပေးလိုက်ချိန်တွင် ဦးလေးဖေးက သူ့ကို စိုက်ကြည့်နေကြောင်း သတိမထားမိခဲ့ပေ။

ထိုအမိန့်ကို ကြားသည့်အချိန်တွင် သိုင်းလောကမှ နာမည်ကျော်ပညာရှင်များက သူ့နောက်ကို လိုက်သွားကြ၏။ သူတို့က လော်ချင်းကို တားဆီးချင်၍လော၊ ထိုကိစ္စကို သိချင်၍လော သေချာမသိကြပေ။

……………….

“လော်ချင်း ရောက်လာပြီ မဟုတ်လား …”

မုန့်ချီက သူ၏ရွှေခေါင်းလောင်းအကာအကွယ်ကို ယာယီပြင်ဆင်လိုက်ပြီးနောက် ထိုင်နေရာမှ ပြန်လှည့်လာခဲ့သည်။ ရာသီခွင်နတ်ဘုရား(၁၂)ယောက်ကို ကွေရှုနှင့် ဆက်စပ်မိခဲ့ပြီးနောက် သူက လော်ချင်းဆီကို စာတစ်စောင် ရေးခဲ့သည်။ ထိုအရာက သူ၏အတွေးများကို သေချာရှင်းပြထားခြင်းဖြစ်ပြီး ယနေ့စွန့်စားခန်းကိုလည်း ထည့်ရေးထားသည်။ လော်ချင်းက စိတ်ဝိညာဉ်လျှို့ဝှက်အခန်း ပွင့်နေပြီးသား ဖြစ်သည့်အတွက် သူလာလျှင် အဆင်ပြေနိုင်သည်။

သွမ့်ရှန်းဖေးကလည်း မုန့်ချီ၏အနားသို့ အလွန်အမင်း ကပ်နေရဲခြင်း မရှိခဲ့ပေ။ ယုတုန်ကွမ်ဆီမှ ထွက်ခွာလာပြီးနောက် မုန့်ချီက တာ့ပိုင်ကျောင်းတော်ဆီသို့ ဝင်သွားခဲ့သည်။ သွမ့်ရှန်ဖေးက ထိုအရာကို မသိခဲ့ခြင်းလော သို့မဟုတ် သူ့ကိုယ်သူ အထင်ကြီးနေခြင်းလော ။

လော်ချင်းက ဒဏ်ရာရသွားခဲ့သော်လည်း သိုင်းသခင် တစ်ယောက်ဖြစ်သည်။ ထိုအရာက တိုက်ပွဲ၏အခြေအနေကို ပြောင်းလဲသွားစေနိုင်၏။

မုန့်ချီက သွမ့်ရှန်ဖေးနှင့် ပူးပေါင်းတိုက်ခိုက်ရန် စဉ်းစားတိုက်ခိုက်လိုက်သည့်အချိန်တွင် သွမ့်ရှန်ဖေး၏ ခန္ဓာကိုယ်ထဲမှနေ၍ အသံတစ်ခု ကြားလိုက်ရပြီး လက်ဝါးချက်တစ်ခုက ကွေရှုဆီကို ရောက်သွားခဲ့သည်။

ထိုလက်ဝါးချက်ကတော့ ရေခဲအခန်းထက်ပင် ပို၍အေးခဲနေပြီး မုန့်ချီကပင် တစ်ကိုယ်လုံး တုန်ရီသွားခဲ့သည်။ လမ်းထဲတွင် နှင်းပွင့်လေးများ ကျဆင်းလာသလို ထင်မှတ်ရပြီး အစစ်အမှန်လော။ ပုံရိပ်ယောင်လောပင် မသိရတော့ပေ။

“ပြောင်းလဲမှုကျင့်စဉ်က တကယ့်ကို ထူးခြားတာပဲ…”

ထိုတစ္ဆေအရိပ်တစ်ခုထဲတွင် တစ်ခုကသာ အစစ်အမှန်ဖြစ်ကြောင်း မုန့်ချီက သိနေသည်။ သို့သော် မည်သည့်အရာက အစစ်အမှန်ဖြစ်ကြောင်း သူလည်း မပြောနိုင်ပေ။

ထိုအချိန်တွင် တူညီသော ပြောင်းလဲမှုများကို မြင်လိုက်ရသည့်အတွက် သူ့စိတ်ထဲတွင် စဉ်းစားနေမိခဲ့သည်။

“တံခါး(၉)ပေါက်ကို ဖွင့်ပြီးသွားရင်မျက်ခုံးကြားပင်မတံခါးကို အာရုံစိုက်ရမယ်။ ပြီးရင် ခန္ဓာကိုယ်နဲ့ပြင်ပကမ္ဘာကြီးကို ချိတ်ဆက်ပြီး ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်နိုင်တာ မဟုတ်လား…”

ထိုသို့ဆိုရာတွင် ဤကမ္ဘာကြီးထဲတွင် ရှိနေသော သိုင်းပညာက အားနည်းလှ၏။ သို့သော် တခြားနည်းလမ်းတစ်ခု ရှိနိုင်သည်။

"ရောက်လာတာ ကောင်းတယ်…"

ထိုအရာကို မြင်သည့်အခါ ကွေရှုက ကျေနပ်စွာ ရေရွတ်လိုက်ပြီး ဓားနှင့်လူ တသားတည်း ပေါင်းစပ်လိုက်သည်။ အလင်းရောင်များက တဖြည်းဖြည်း ပို၍တောက်ပလာပြီး မုန့်ချီကပင် တည့်တည့်မကြည့်နိုင်တော့ပေ။

“ဝိညာဉ်လျှို့ဝှက်ခန်းကို ဖွင့်နိုင်တာက တကယ်ကို အံ့ဩစရာကောင်းတာပဲ…”

အနီးကပ် ကြည့်ရှုနေခြင်းကြောင့် ပုံရိပ်ယောင်များ လွှမ်းမိုးခံနေရခြင်း‌ဖြစ်ကြောင်း မုန့်ချီက သိနေခဲ့သည်။ သို့သော် ကွေရှုက မည့်သည့်နေရာ သူက မည့်သည့်နေရာဖြစ်ကြောင်း မည်သူမျှမပြောနိုင်သေးပေ။

ထိုအချိန်မျိုးတွင် သူက ဝင်ပါ၍ မရသည့်အတွက် သတိထားနေရ၏။ သွမ့်ရှန်ဖေးက အတော်လေး စိုးရိမ်နေရကြောင်းကိုတော့ ရှင်းရှင်းလင်းလင်း သိနေသည်။ ထို့ကြောင့် သူကလည်း နှင်းနတ်ဘုရားနန်းတော်၏ လက်ဝါးသိုင်းကို သုံးနေခဲ့ရ၏။

ကွေရှုကတော့ ထိုဓားချက်ကို အေးအေးဆေးဆေး တိုက်ခိုက်နေခြင်းဖြစ်သည်။ ထို့ကြောင့် ရလဒ်က သိသာနိုင်၏။

ဓားအလင်းတန်း ပျောက်ကွယ်သွားသည့်အချိန်တွင် သွမ့်ရှန်ဖေးက နောက်သို့ လွင့်သွားခဲ့သည်။ သူက ရေခဲများပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျလာပြီး ရင်ဘတ်တွင်လည်း ဓားဒဏ်ရာတစ်ခု ရှိနေသည်။ ထိုနေရာမှနေ၍ သွေးများ စီးကျလာခဲ့၏။

ကွေရှုက ဓားကို ရေပြင်ညီအတိုင်း ကိုင်ထားခဲ့သည်။ သူ၏ညာဘက်ပုခုံးတွင် အဝတ်က ပျက်စီးနေပြီး ထိုနေရာတွင် လိပ်ပြာငယ်လေးများ ပျံသန်းနေသလို ထင်မှတ်ရသည်။ သူ၏အရေပြားပေါ်တွင် အပြာရောင်လက်ဝါးရာတစ်ခု ရှိနေခဲ့၏။ သူ၏ခေါင်းပေါ်မှနေ၍ အဖြူရောင်အငွေ့များ အနည်းငယ် ထွက်လာခဲ့၏။ သူက ရေခဲအခန်းဆီသို့ လျောက်သွားသည့်အချိန်တွင် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။

"နှင်းနတ်ဘုရားလက်ဝါးက တကယ်ကြောက်စရာကောင်းပေမယ့် မင်းက ဒဏ်ရာရနေတော့ ပြည့်ပြည့်ဝဝ မတိုက်ခိုက်နိုင်တာ ကံဆိုးသွားတယ်…"

ကွေ့ရှုက ရေခဲအခန်းလေး၏ အပေါက်ဝတွင် ရပ်၍ သွမ့်ရှန်ဖေးကို ကြည့်နေခဲ့သည်။

သွမ့်ရှန်ဖေးက သက်ပြင်း‌ရှည်ကြီး ချလိုက်မိသည်။

"တစ်ကွက်မှားသွားရင် ကစားပွဲကိုရှုံးရမှာပဲ။ ငါတို့(၂)ယောက်ထဲမှာကောက်ကျစ်မှုအရရော သိုင်းပညာအရရော မင်းက ငါ့ထက်သာပါတယ်…"

ကွေရှု၏အမူအရာက အတော်လေးကို တည်ငြိမ်နေသည်။

“အမှန်အတိုင်းပြောရရင် ငါက မင်းရဲ့လှည့်ကွက်ထဲကို ရောက်ခဲ့တယ်လို့ ပြောရမှာ.."

"ခင်များတို့က အခုချိန်ထိ မပြီးနိုင်သေးဘူးလား…"

မုန့်ချီက မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ပြောလိုက်သည်။

“မင်းက အသက်ရှည်ရှည်နေချင်သေးလို့လား…”

ကွေရှုက သူ့ကို ပြန်လှည့်ကြည့်လိုက်၏။

မုန့်ချီက ဓားသွားကိုကိုင်ပြီး အပြုံးနှင့်ပြောလိုက်သည်။

"လေလွင့်ဆရာကြီးကို သတ်ပြီးသွားရင် ခင်ဗျားက ကျုပ်ကို လွှတ်ပေးမှာလား…"

"လွှတ်မပေးနိုင်ဘူး…"

ကွေရှုကတော့ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲပြန်ဖြေလိုက်သည်။

“ဒါဆိုရင်တော့ ကျုပ်က အစွမ်းကုန်တိုက်ခိုက်ရတော့မှာပေါ့…”

မုန့်ချီက သူ၏ခံစားချက်များကို စုစည်းလိုက်သည်။ သူ၏မျက်လုံးတစ်စုံထဲတွင် တိုက်ခိုက်ချင်စိတ်များသာ စုစည်းလာခဲ့၏။

ကွေရှုက ခေါင်းညိတ်ပြလိုက်သည်။

"ငါက ရာသီခွင်နဂါးဆိုတာ ခန့်မှန်းမိတဲ့အချိန်ကတည်းကစပြီး မင်းလည်း ပြင်ဆင်ထားမှာပေါ့။ လော်ချင်းလည်း လာနေပြီလေ။ မင်းက ဘာလို့ထပ်မစောင့်တော့တာလဲ…"

"ဝတ်စုံဖြူဓားသမားက အကူအနေနဲ့ပဲ သတ်မှတ်ထားတာလေ။ သူလာတာ မလာတာက ကံတရားပဲ။ သူ့ဆီမှာပဲ မျှော်လင့်ချက်တွေ ထားနေမယ်ဆိုရင် ကျုပ်က အားနည်းသွားပြီး သူသေကိုယ်သေ တိုက်ပွဲမှာ ရှုံးနိမ့်သွားလိမ့်မယ်။ ခင်ဗျားက ကျုပ်ကို ဓားတစ်ချက်တည်းနှင့် သတ်နိုင်သွားလိမ့်မယ်…"

မုန့်ချီက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

ကွေရှုက မျက်လုံးမှေး၍ ပြောလိုက်၏။

"မင်းက အနာဂတ်မှာ သိုင်းသခင် တစ်ယောက်ဖြစ်လာနိုင်တယ်။ ခုတော့ နှမြောစရာပဲ.."

မုန့်ချီက သူ့ဓားအောက်တွင် သေတော့မည့်အတွက် သူက ခံစားနေပုံရသည်။

"ငါက ဆိုးဆိုးဝါးဝါး ဒဏ်ရာရထားတာ မဟုတ်ဘူး။ အဲဒီနေ့ညမှာ ငါက အကောင်းဆုံး တိုက်ခိုက်ခဲ့တယ်လို့ မင်းက ထင်နေတာလား မင်းရဲ့တိမ်မုန်တိုင်းအပ်ကလည်း ကုန်သွားပြီလေ…"

"ကျုပ်က စကားနဲ့ ထပ်ပြောနေလို့လည်း အသုံးမဝင်ဘူး။ လာခဲ့ပါ…"

မုန့်ချီက ဓားသွားကို မြှောက်လိုက်သည်။ ထို့နောက် ကွေရှု၏ဗိုက်ကို ထူးဆန်းစွာ ချိန်လိုက်သည့်အတွက် သူလည်း မသက်မသာ ခံစားလိုက်ရ၏။

ကွေရှုက ဓားကို ပင့်လိုက်ပြီး ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ မုန့်ချီ၏ မျက်မှောင်ကြုတ်လိုက်ရာ ဘယ်ဘက် ၊ ညာဘက်နှင့် ရှေ့တည့်တည့်မှနေ၍ ဓားအလင်းတန်း(၃)ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ထို့နောက်‌လေလှိုင်းသံနဲ့အတူ ခြေသံများ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ မည်သည့်အရာက အစစ်အမှန်ဖြစ်ကြောင်း သူလည်း မပြောနိုင်ပေ။ သို့သော် သူကတော့ ဓားကိုကိုင်ပြီး ခုခံရန်ကြိုးစားလိုက်သည်။

ဓားအလင်းရောင်က လှိုင်းလုံးတစ်ခုသဖွယ် ပျံနှံသွားပြီး ဓားထိပ်ဖျားမှနေ၍ စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး မုန့်ချီ၏နောက်ကျောအလယ်တည့်တည့်ကို ထိုးစိုက်လိုက်သည်။

အလွန်ပြင်းထန်သော နာကျင်မှုကြောင့် မုန့်ချီက ရှေ့ကို တိုးလိုက်ရသည်။ ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်၏ ကာကွယ်မှုကြောင့် ဓားက ဖောက်ထွက်သွားခဲ့ခြင်း မရှိချေ။

လက်ရှိအချိန်တွင် မုန့်ချီက တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်ကို အသုံးပြုနိုင်ခဲ့ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် ထိုဓားကွက်ကို ရင်ဆိုင်လိုက်ရပြီးနောက် သူလည်း ပြိုလဲသွားလုမတတ် ခံစားလိုက်ရခြင်းကြောင့်ဖြစ်သည်။ အကယ်၍ သူကသာ ကွေရှုကို မသတ်နိုင်လျှင် သူ့အသက်က ဆုံးရှုံးသွားနိုင်သည်။

သူက အခွင့်ကောင်းကို စောင့်နေရန် လိုအပ်၏။ ကွေရှုကလည်း ဒဏ်ရာ၏ သက်ရောက်မှုကို ခံနေရပုံ ပေါ်သည်။ သူက တိုက်ခိုက်မှုကို မနည်း လုပ်ဆောင်နေရ၏။ ထို့ကြောင့် မုန့်ချီက အရှေ့ရောက်သွားပြီးနောက် အသက်ရှုရန် အချိန်ရသွားခဲ့သည်။

ဓားအလင်းတန်းက နောက်တစ်ကြိမ် ပြန်ပေါ်လာပြီး (၇)ချက်တိတိ ခွဲဖြာ၍ ပတ်ပတ်လည်မှ တိုက်ခိုက်လိုက်၏။ သူ၏အမြင်အာရုံ ၊ အနံခံအာရုံ ၊အကြားအာရုံနှင့် အထိအတွေ့အာရုံများ အားလုံးကို ကွေရှုက အနည်းငယ် နှောင့်ယှက်သွားကြောင်း မုန့်ချီက သတိထားမိခဲ့သည်။

မုန့်ချီက ကွေရှု၏တိုက်ခိုက်မှုကို တိတိကျကျ ရှောင်တိမ်းနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် သူက မျက်လုံးမှိတ်ပြီး အသက်အောင့်လိုက်သည်။ နားကိုလည်း ထိန်းချုပ်လိုက်ပြီး လျှပ်စီးပြောင်းလဲမှုကိုသာ အားကိုး၍ ရှေ့နှင့်နောက် ဘယ်မှညာသို့ ထူးခြားစွာ လှုပ်ရှားလိုက်သည်။

ထို့ပြင် သူ၏အဓိကနေရာများကို ကာကွယ်ရန်အတွက် ဓားကို တင်းတင်းဆုပ်ကိုင်၍ ခုခံနေပြီး တခြားသော နေရာများကိုတော့ သတိမထားခဲ့ပေ။ မုန့်ချီ၏ ခန္ဓာကိုယ်ကတော့တစ်ကြိမ်ပြီးတစ်ကြိမ် ဓားနှင့် ထိုးစိုက်ခံနေရသည့်အတွက် သွေးများစီးကျလာနေပြီး ပြင်းထန်သော နာကျင်မှုကို ခံစားနေရသည်။ ယခုအချိန်ထိ သူက အခွင့်‌အရေးကို စိတ်ရှည်လက်ရှည် စောင့်နေခဲ့၏။‌

အကယ်၍ ဤကဲ့သို့ ဆက်သွားမည်ဆိုလျှင် သူက အခွင့်အရေးရနိုင်ပါ့မလား မသေချာတော့ချေ။ ထိုအချိန်တွင် မုန့်ချီ၏အာရုံ‌(၆)ပါးလုံး သိသိသာသာ အားနည်းနေပြီဖြစ်သည်။ ပြင်းထန်သော နာကျင်မှုကြောင့် အရာအားလုံးကို လက်လွတ်မိတော့မတတ် ခံစားနေရ၏။

မည့်သည့်အရာကိုမျှ မမြင်ရ မကြားရတော့ဘဲ သူ့ဆီတွင် နာကျင်မှုတစ်ခုသာ ရှိနေခဲ့၏။ သူက ထိုအရာကို ပြောင်းလဲရန် မည်သို့ လုပ်နိုင်တော့မည်နည်း။

မုန့်ချီက မနည်းခုခံနေရကြောင်း သွမ့်ရှန်ဖေးကလည်း မြင်နေရသည်။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်၌ ရှိနေသော ရွှေရောင်အလင်းတန်းများပေါ်တွင်လည်း အက်ကွဲကြောင်းများ ပြည့်နှက်လာ၏။

မုန်ချီက ခက်ခက်ခဲခဲ ခုခံနေချိန်တွင် သူက နီလာအခေါင်းဆီသို့ တဖြည်းဖြည်း တိုးသွားခဲ့၏။ ကွေရှုကို အာရုံလွှဲနိုင်မှသာ ကျန်းတင်က ဆက်လက်ခံနိုင်ရည်ရှိနိုင်ပြီး လော်ချင်း ရောက်လာသည့်အချိန်ထိ တောင့်ခံနိုင်မည်ဖြစ်သည်။

"မင်းက အတင့်ရဲလှချည်လား…"

ကွေရှုက မျက်နှာပျက်သွားခဲ့၏။

ထိုအသံကြီးက တိတ်ဆိတ်ငြိမ်သက်နေသော မုန့်ချီ၏ ကမ္ဘာထဲတွင် မိုးချိန်းသံပမာ ပေါက်ကွဲလာပြီး အရာအားလုံးက အပိုင်းပိုင်းအစစ ပျက်စီးသွားခဲ့သည်။ ငြိမ်းချမ်းမှုက ပျက်စီးသွားသည့်အချိန်တွင် ကျယ်လောင်သောအော်သံကြီးက ရောက်လာခဲ့၏။

တချိန်တည်းတွင် မုန့်ချီက သူ့ဓားကို ဆွဲထုတ်လိုက်သည်။ ဓားသွားကို မြှောက်လိုက်သည့်အချိန်တွင် အနီရောင်ဖုန်မှုန့်လေးများ ဖြည်းညင်းစွာ မြောက်တက်လာခဲ့လေ၏။

Translated by Hein Htet.

All Chapters