← Chapters

တော်ဝင်အကြံပေး၏ သင်ကြားမှု

Vol. 012 Ch. 1144

တော်ဝင်အကြံပေး၏ သင်ကြားမှု

Vol. 012 Ch. 1144

လုချွန်က ရှေ့သို့ကြည့်ကာ တည်ငြိမ်စွာဖြင့် ပြောသည် … “ဆရာက တပည့်တစ်ယောက် လက်ခံတိုင်း အဲဒီအတွက် အကြောင်းပြချက် တစ်ခုရှိတယ်။ တစ်နေ့မှာ ညီအစ်ကိုတွေ အချင်းချင်း ဆန့်ကျင်ဘက်မှာ ရင်ဆိုင်ကြရတာမျိုးကို  ငါတကယ် မဖြစ်ချင်ဘူး”

ရီဖူရှင်း တစ်ခဏမျှ တွေးတောပြီးမှ ပြောလိုက်သည် … “ဆရာက အကြမ်းဖက်တာကို သဘောကျတဲ့ ပုံလည်း မပေါ်ပါဘူး။ ဒါပေမဲ့ ဘာလို့ အသေခံစစ်သည်တွေကို လေ့ကျင့်ပေး ရတာလဲ”

“ဆရာ အရင်တုန်းက ပြောဖူးတယ်။ မင်း တစ်ခုခု လုပ်ရင် အဲဒီအရာတွေအတွက် တူညီတဲ့ တန်ဖိုးကို ပေးဆပ်ရမယ်။ အသေခံစစ်သည်တွေက ဆရာလေ့ကျင့် ပေးသည်ဖြစ်စေ၊ မလေ့ကျင့်ပေးသည် ဖြစ်စေ အမြဲ တည်ရှိနေမှာပဲ။ သူတို့တွေက စစ်တပ်မှာ စစ်မှုထမ်းတာမှ မဟုတ်ရင် အခြား ရည်ရွယ်ချက် တစ်ခုခုကို ဖြည့်ဆည်းဖို့ မွေးကတည်းက အထူး လေ့ကျင့်ပေးခြင်းကို ခံရသူတွေ ဖြစ်တယ်။ ဆရာက သူတို့တွေကို ပိုပြီး သန်မာလာအောင် လုပ်ဆောင်ပေးရုံ သက်သက်ပဲ။ သူတို့ရဲ့ ဘဝမှာ တန်ခိုး ကျင့်ကြံခြင်းမှာ ခရီး မရောက်တော့ဘူးလို့ ယူဆတဲ့ စစ်တပ်ထဲက အသေခံစစ်သည် တချို့တောင်မှ ဆရာ့ရဲ့ ပြောင်းလဲမှုကို လက်ခံဖို့ ရွေးချယ်ကြတယ်”

လုချွန်က ဆက်ပြောလိုက်သည် … “ဒါပေမဲ့ အဲဒီလိုဆိုရင်တောင် အဲဒါက ကောင်းကင်ရဲ့ ဆန္ဒတွေကို ဆန့်ကျင်တာပဲလို့ ဆရာက ယုံကြည်တယ်။ ပြီးတော့ တော်ဝင်မိသားစုက အမိန့်ပေးတာ ဒါမှမဟုတ် နတ္ထိဘုံတိုက်ပွဲလိုမျိုး စစ်ပွဲတွေရှိမှသာ ဆရာက သူတို့တွေကို လေ့ကျင့်ပေး နိုင်မယ်လို့ ပြောထားတယ်။ ဘုရင်ထန်တောက်က ဘာလို့ ဆရာ့ကို တော်တော်လေး အမြင်မကြည်တာလဲ သိလား”

“ဘာလို့လဲ” ရီဖူရှင်းက မေးလိုက်သည်။

“ဘုရင်ထန်တောက် အုပ်ချုပ်တဲ့ အနောက်ဘက် စစ်တပ်ဟာ တော်ဝင်နန်းမြို့တော် အပြင်ဘက်မှာ အင်အားအကြီးဆုံး စစ်တပ်တစ်ခုပဲ။ သူက အသေခံနတ်ဘုရား စစ်တပ်ကို တည်ထောင်ချင်ပြီးတော့ ဆရာက ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတာ။ ဆရာက ရှီတန်ခိုးရှင်တွေကို သာမက ရှန့်ထိုတွေကိုပါ ပြောင်းလဲ နိုင်လိမ့်မယ်လို့ သူက ထင်နေသေးတယ်။ ဘုရင်ထန်တောက်က ဆရာ့ကို ဖိအားပေးစေဖို့အတွက် အင်ပါယာကို တစ်ကြိမ်ထက်မနည်း တိုက်တွန်းခဲ့ဖူးတယ်။ ဒါပေမဲ့ ဆရာက ငြင်းလိုက်တယ်”

“ဒါကြောင့်ပဲ တိဟောက်က ဒွန်ချန်းကို အနိုင်ရပြီးတဲ့အချိန်မှာ သူက နန်းတွင်း အကြံပေးရဲ့ တပည့်အဖြစ် လက်ခံဖို့ တောင်းဆိုခဲ့တယ်။ အဲဒီလိုလား” ရီဖူရှင်းက မေးလိုက်သည်။ တိဟောက်နှင့် ပတ်သက်သော အရာများက သူ့စိတ်ထဲသို့ ဝင်လာခဲ့သည်။ ထိုအချိန် နန်းတွင်း အကြံပေးသည် သူတို့နှစ်ယောက်ကို လမ်းစဉ်နှင့်ပတ်သက်၍ မေးမြန်းခဲ့ကာ နောက်ဆုံး၌  ရီဖူရှင်းကို ရွေးချယ်ခဲ့သည်။

“ဖြစ်နိုင်ပါတယ်” လုချွန်က ပြောလိုက်သည်။

“ဒါဆို ဆရာက ရှန့်ထို တန်ခိုးရှင်တွေကိုရော ပြောင်းလဲပေး နိုင်လား” ရီဖူရှင်းက လုချွန်ကို ကြည့်ကာ မေးလိုက်သည်။

“ရှန့်ထိုအဆင့် တန်ခိုးရှင်တွေမှာ သူတို့ရဲ့ ခန္ဓာကိုယ်ကို သန့်စင်ဖို့ ထူးခြားတဲ့ နည်းလမ်းတွေ ရှိတယ်။ ပြီးတော့ သူတို့မှာ အဆုံးမဲ့စွမ်းရည်တွေ ရှိတယ်လေ။ လေ့ကျင့်ပေးနိုင်သည် ဖြစ်စေ မပေးနိုင်ဘူးဖြစ်စေ ဆရာက အဲဒီလို လုပ်မှာ မဟုတ်ဘူး” လုချွန်က ပြန်ဖြေလိုက်၏။ “အဲဒါကြောင့် အဖြေက 'မလုပ်ဘူး' ဆိုတာပဲ”

“ကျွန်တော် နားလည်ပြီ” ရီဖူရှင်း ခေါင်းညိတ် လိုက်သည်။ သူတို့ ခဏတစ်ဖြုတ် စကားပြောပြီးနောက် ရီဖူရှင်း ကျင့်ကြံရန် တစ်ယောက်တည်း ထွက်သွားခဲ့သည်။ သူ့ရဲ့ ရုပ်ခန္ဓာသည် သန်မာသော်လည်း သူက ရတနာစေတီ၏ ဖိအားကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ရသည်။ ထို့ကြောင့် ပြန်လည် သက်သာစေရန် အချိန် လိုအပ်ပေ၏။

အခြေအနေများ အားလုံး မကြာခင် ပြန်လည် တည်ငြိမ်သွားပြီး မင်းသားကြီးနှင့် နန်းတွင်း အကြံပေးကြားတွင် မည်သည့် အငြင်းပွားမှုမှ တိုက်ရိုက် မဖြစ်ပွားခဲ့ပေ။ တစ်နည်းဆိုရသော် ထိုအခြေအနေသည်ပင် မုန်တိုင်းမလာခင် လေပြည်သွေးခြင်း ဖြစ်နိုင်ပေသည်။

ကောင်းကင်ပြက္ခဒိန် ၁၀၀၂၂ ခုနှစ်က ကုန်ဆုံးရန် နီးကပ်လာပြီ ဖြစ်၏။ တာလီနန်းမြို့တော် တစ်ခုလုံး ခမ်းနားစွာ ပြင်ဆင်ခင်းကျင်း နေကြပြီး ပုံမှန်ထက် အလုပ်များ နေကြသည်။

[ကောင်းကင်ပြက္ခဒိန် စတင်ခဲ့ကတည်းက နှစ်သစ်ကူးပွဲ ကျင်းပခဲ့သည်မှာ နှစ်ပေါင်း ၁၀၀၀၀ ကျော်ခဲ့ပြီဖြစ်ကာ ထိုယဉ်ကျေးမှုသည် နယ်မြေတိုင်းတွင် ပျံ့နှံ့နေပြီ ဖြစ်သော်လည်း အချို့သော နယ်မြေများကတော့ အရေးမပါဟု ယူဆကြသည်။ ]

သို့သော်လည်း အခြေအနေပေးပါက နှစ်သစ်ကြိုဆိုပွဲ တစ်ခုမှာ လူတိုင်း လုပ်ဖြစ်သော အရာတစ်ခု ဖြစ်ပေသည်။

နှစ်တစ်နှစ်၏ နောက်ဆုံးနေ့တွင် တာလီနန်းတော်၌ လင်းလက် တောက်ပသော မီးအိမ်များနှင့် အလှဆင်ထားသည်။ ကျက်သရေရှိကာ လှပသော အကမယ်များကလည်း နှစ်သစ်ကူး တေးသွားနှင့်အတူ ကခုန်နေကြသည်။ မှူးမတ်များနှင့် တော်ဝင်မိသားစုများသည် နန်းတော်ထဲမှာ စုဝေးကာ နှစ်သစ်ကို ကြိုဆိုကြ၏။ သို့သော်လည်း နန်းတွင်းအကြံပေးမှာ ရောက်မလာခဲ့ပေ။ နန်းတွင်းအကြံပေး၏ ထိုပျက်ကွက်မှုကို မည်သူမျှ ပြစ်တင်ပြောဆိုခြင်း မရှိသလို မည်သူကမှလည်း အပြစ်မပြောရဲကြပါချေ။

နန်းတွင်းအကြံပေးသည် လူစုလူဝေးကို မကြိုက်မှန်း တော်ဝင်မိသားစုဝင်တွေ အကုန် သိကြသည်။ သူသည် နှစ်သစ်ကူးတိုင်းတွင် အိပ်ရာမှနိုးထလာသည့် သူ၏သမီးလေးနှင့်အတူ နှစ်သစ်ကူးအချိန်ကို ဖြတ်သန်းပေလိမ့်မည်။

အင်ပါယာလီသည် နန်းတွင်းအကြံပေး၏ သမီးအခြေအနေကို မေးမြန်းခဲ့ဖူးသော်လည်း နန်းတွင်းအကြံပေးက အင်ပါယာ၏ အကူအညီကို ငြင်းပယ်ခဲ့သည်။ နန်းတွင်းအကြံပေးက သူ့သမီး၏ ရောဂါသည် အင်ပါယာပင်လျှင် ကူညီနိုင်မည်မဟုတ်ဟု ပြောခဲ့၏။

မည်သူကမှ နန်းတွင်းအကြံပေး၏ စကားကို သံသယမရှိခဲ့ချေ။ ကုသရန် နည်းလမ်းရှိနေခဲ့လျှင် နန်းတွင်းအကြံပေးက သူ့သမီး၏အသက်အတွက် အလဟဿ ဖြုန်းတီးပစ်ရန် မရှိပေ။

လူတိုင်းက သိလိုကြ၏။ နန်းတွင်းအကြံပေး၏ သမီးတွင် မည်သို့သော ရောဂါမျိုးများ ရှိနေသနည်း။

***

နန်းတွင်းအကြံပေး၏ အိမ်တော်အတွင်းတွင် ငြိမ်းချမ်း သာယာလျက် ရှိသည်။ နန်းတွင်း အကြံပေးသည် သူ၏ တပည့်များနှင့်အတူ ညစာ စားနေလေသည်။

အားလုံး အိမ်ပြန်သွားပြီးသည့်နောက် နန်းတွင်းအကြံပေးသည် ဖေးရွှီနှင့်အတူ အိမ်တော်ဝင်းထဲတွင် ထိုင်နေသည်။ နှစ်ယောက်လုံးသည် သက်သောင့်သက်သာ အမူအရာနှင့် ရှိနေပြီး ထက်ကောင်းကင်မှ ကြယ်များကို ငြိမ်သက်စွာ ကြည့်နေကြ၏။ မီးပန်းများ ဖောက်လိုက်သည့်အခါ တောက်ပသည့် ကြယ်ရောင်များမှာ မှေးမှိန်သွားသယောင် ထင်လိုက်ရသည်။ သို့သော် ဖေးရွှီက ထိုအရာတွေကို မြင်နိုင် မမြင်နိုင် မည်သူမှ မသိရှိပေ။

“ဆရာ  ... ကျွန်တော့်ကို တွေ့ချင်တယ်ဆို” ထိုစဉ် ရီဖူရှင်း ရောက်လာပြီး မေးလိုက်သည်။

“လာ … ငါ့နားမှာထိုင်” နန်းတွင်းအကြံပေးက ပြုံးလျက် ပြောလိုက်သည်။ ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး နန်းတွင်းအကြံပေး၏ ဘေးမှာ ဝင်ထိုင်လိုက်သည်။ နှင်းဆီကဲ့သို့ အပြုံးခပ်ပါးပါး တစ်ပွင့်သည် ဖေးရွှီ၏ မျက်နှာထက်တွင် တည်ရှိနေသည်။ ရီဖူရှင်းအတွက်တော့ သူမ နိုးထနေခြင်းအား မြင်ရသည်မှာ ဒုတိယအကြိမ်မြောက် ဖြစ်ကာ သူမအတွက် ဝမ်းနည်း စိတ်မကောင်းမှုများအား ငွေ့ငွေ့မျှ ခံစားရ၏။

“ငါ ကြားတာတော့ မင်း အနောက် တောင်ကုန်းမှာ တစ်ယောက်တည်း သွားခဲ့တယ်ဆို။ ပြီးတော့ ရှန့်ထိုသားရဲတွေကိုလည်း ရင်ဆိုင်ခဲ့သေးတယ် မလား” နန်းတွင်းအကြံပေးက မေးလိုက်သည်။

“အမှန်ပြောရရင် ရှန့်ထိုသားရဲရှေ့မှာ ကျွန်တော်က အသက်ရှင်အောင်ပဲ မနည်း ကြိုးစားရတယ်။ ကျွန်တော့် ကျင့်ကြံခြင်းက အခုထိ အကန့်အသတ် တစ်ခုအတွင်းပဲ ရှိသေးတယ်” ရီဖူရှင်း ပြန်ဖြေလိုက်သည်။

“ရှီအဆင့်နဲ့ ရှန့်ထိုအဆင့်ကြားက ကွာခြားမှုက တိုင်းတာဖို့ တော်တော် ခက်တယ်။ အခု မင်းက ရှန့်ထိုသားရဲတွေနဲ့ ရင်ဆိုင် တိုက်ခိုက်နိုင်ပြီးတော့ နဂါးနက် လက်ထဲကနေလည်း အသက်ရှင်လျက် လွတ်မြောက်နိုင်ခဲ့တယ်။ ဒါက ကြုံတောင့်ကြုံခဲပါပဲ။ တာလီမင်းဆက် သမိုင်း နှစ်ပေါင်းတစ်ရာ အတွင်းမှာ မင်းတစ်ယောက်တည်းပဲ လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်လိမ့်မယ်” နန်းတွင်းအကြံပေးက ပြောလိုက်သည်။

“ဒါပေမဲ့ ကျွန်တော်က ရှီအဆင့်ပဲ ရှိသေးတယ်။ ရှန့်ထိုအဆင့် တက်ဖို့က သိပ်မလွယ်သေးဘူး”

“ကျင့်ကြံခြင်း ဆိုတာက တစ်ဆင့်ချင်း တဖြည်းဖြည်း သွားရတဲ့ အလုပ်ပဲ။ တိုးတက်ဖို့ အချိန်လိုတယ်။ ရှန့်ထိုအဆင့်ကို တက်ဖို့ဆိုရင် မဟာလမ်းစဉ်ကို သက်ရောက်နိုင်တဲ့ အခွင့်အရေးလည်း လိုအပ်တယ်။ အလျင်လိုစရာ မလိုဘူး" တော်ဝင်အကြံပေးက ထပ်ပြောလိုက်သည်။ "မင်း ငါ့တပည့် ဖြစ်လာပြီး ကတည်းက ငါ မင်းကို ဘာမှ မသင်ပေးရသေးဘူး။ ဒီနေ့ ငါ့ ကျင့်စဉ်ရဲ့ ခန်းစဉ်တစ်ခု မင်းကို သင်ပေးမယ်”

“ဆရာ ... ကျွန်တော့်မှာ ကိုယ်ပိုင်ကျင့်စဉ် ရှိပါတယ်။ ပြီးတော့ ဆရာ့ရဲ့ကျင့်ကြံခြင်း နည်းလမ်းက ကျွန်တော်နဲ့ ကိုက်ညီမှု မရှိတာလည်း ဖြစ်နိုင်တယ်လေ” ရီဖူရှင်းက ပြောသည်။

သူက တာလီပြည်ကို ဝင်လာရခြင်း ရည်ရွယ်ချက် တစ်ခုမှာ ကျင့်ကြံခြင်းနှင့် ပတ်သက်၍ အကောင်းဆုံး သင်ကြားမှုများကို ရယူလိုသောကြောင့် ဖြစ်သည်။ သို့သော်လည်း တကယ်တမ်း တော်ဝင်အကြံပေးက သင်ကြားပေးမည် ဆိုသော်အခါ သူက ရှက်ရွံ့မှုကို ခံစားရလေသည်။

“မင်းနဲ့ မကိုက်ညီဘူးဆိုရင် ငါက မသင်ပေးပါဘူး” တော်ဝင်အကြံပေးက ပြောရင်း ရယ်မောလိုက်သည်။ “ငါ့ရဲ့ ကျင့်စဉ်ကို ပညာရှိကျမ်းလို့ ခေါ်တယ်။ အဲဒီထဲမှာ လောကကြီးရဲ့ ဖြစ်စဉ်တွေ ပါဝင်တယ်။ အဲဒီမှာ စစ်မှန်ခြင်းတရား ကျင့်စဉ်ရဲ့ စွမ်းအား အပါအဝင် အခန်းစဉ်တွေ အများကြီး ပါဝင်တယ်။ အရာအားလုံးရဲ့ ဖြစ်တည်မှုက လေ့လာရာမှာ ဒီကျင့်စဉ်က မင်းကို အကူအညီ ဖြစ်စေနိုင်တယ်။ မင်းက ဒီကျင့်စဉ်ကိုကျင့်ရင် ကြယ်တွေရဲ့ ပြောင်းလဲမှုကို စောင့်ကြည့်ပြီး တစ်စုံတစ်ယောက်ရဲ့ အနာဂတ်ကို ကြိုတင်ဟောကိန်း ထုတ်နိုင်တယ်။ ဒါပေမဲ့ ငါ မင်းကို အခန်းစဉ်တစ်ခုပဲ သင်ပေးမှာ။ အဲဒီခန်းစဉ်က မင်းနဲ့ သင့်တော်လိမ့်မယ်။ ပြောရရင် မင်းက မင်းရဲ့ ခန္ဓာကိုယ်ကို ဖိုအိုးတစ်ခုအဖြစ် ... မင်းရဲ့ ဝိညာဉ်ကိုတော့ ဦးဆောင်သူအဖြစ် ယူဆတယ် ဆိုပါတော့။ [မဟာလမ်းစဉ်ရဲ့ ဓာတ်ငါးမျိုးကို ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေအဖြစ် ထုတ်လွှတ် နိုင်လိမ့်မယ်။ ပြီးတော့ မင်းရဲ့ အာရုံခံစားမှုတွေကို ထက်မြက်စေပြီး စကြဝဠာရဲ့ မဟာလောကလမ်းစဉ်နဲ့ ဆက်သွယ် ပေးလိမ့်မယ်။ မင်း တိုက်ခိုက်နေတဲ့ အချိန်မှာ မင်းခန္ဓာက ဖိုအိုးတစ်ခုလို တောက်လောင်နေပြီး လောကလမ်းစဉ်ကနေ စွမ်းအားတွေ ငှားရမ်း အသုံးပြုနိုင်လိမ့်မယ်။ အဲဒီအခန်းစဉ်က မင်းနဲ့ အတော်လေး သင့်တော်လိမ့်မယ်]”

ရီဖူရှင်းက နန်းတွင်းအကြံပေးကို တုန်လှုပ်စွာဖြင့် ကြည့်လိုက်မိသည်။

နန်းတွင်းအကြံပေးသည် များပြားလှစွာသော အရည်အချင်းများနှင့် ဗဟုသုတတို့ဖြင့် ပြည့်စုံလှသည်။ သူ၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်များ အကြောင်းကိုလည်း ကောလာဟလများဖြင့် သူကြားဖူးသည်။ ရီဖူရှင်းသည် ကျင့်ကြံသူများက နန်းတွင်းအကြံပေး၏ စွမ်းရည်များကို အလွန်အမင်း မြှောက်ပင့်ပြောဆို ကြသည်ဟု ယူဆသောကြောင့် ထိုကောလာဟလများကို မယုံကြည်ခဲ့ပေ။

သို့ပေမဲ့ ယခုကြည့်ရသည်မှာ တော်ဝင်အကြံပေးသည် အမှန်တကယ်ပင် ဆန်းပြားသော ကျင့်စဉ်စွမ်းရည်တွေ ရှိနေပုံရလေ၏။

ပညာရှိကျမ်းသည် အံ့မခန်း ထူးခြားသည်ဟု ဆိုနိုင်ပေ၏။ ထို့အပြင် တော်ဝင်အကြံပေး ပြောပုံအရ  ကြယ်တွေရဲ့ ပြောင်းလဲမှုကို ကြည့်ပြီး တစ်စုံတစ်ယောက်၏ အနာဂတ်ကို မြင်နိုင်သည်ဟု ပြောခဲ့သည်။

ဤသို့ဆိုလျှင် သူက မိမိ၏အနာဂတ်ကိုရော မြင်နိုင်သလား။

“ဆရာ ကျွန်တော့်ကို တပည့်အဖြစ် လက်ခံခဲ့တာက ကျွန်တော့်ရဲ့ ဓားစွမ်းရည်တင်မကဘဲ အနာဂတ်ကြောင့်ပါ ပါတာလား” ရီဖူရှင်း မေးလိုက်သည်။

“အနာဂတ်ဆိုတာ မရေမတွက်နိုင်တဲ့ အလှည့်အပြောင်းတွေ ရှိတယ်။ မင်းကို လက်ခံခဲ့တာ အနာဂတ်နဲ့မဆိုင်ဘူး ” နန်းတွင်းအကြံပေးက ပြောလိုက်သည်။

ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ လူတစ်ယောက်၏ အနာဂတ်ကို တွက်ချက်နိုင်သည် ဆိုလျှင်ပင် ထိုတွက်ချက်မှုမှာ မှန်းဆချက်မျှသာ ဖြစ်ပြီး ကံကြမ္မာကိုတော့ မြင်နိုင်ရန် မဖြစ်နိုင်ပေ။ အလွန့်ကို စွမ်းအားကြီးသည့် နက္ခတ်ဗေဒ ပညာရှင်များသည်ပင် အကြမ်းဖျင်းမျှသာ မှန်းဆနိုင်ပေ၏။

“ငါ မင်းကို ကျင့်စဉ်နည်းလမ်း သင်ပေးမယ်” နန်းတွင်းအကြံပေးက ပြောလိုက်သည်။ ရီဖူရှင်း ခေါင်းညိတ်လိုက်၏။ မကြာမီ သူ၏ တစ်ကိုယ်လုံးကို ပြင်းထန်သော စိတ်စွမ်းအားများ ဖုံးလွှမ်းလာနေကြောင်း ခံစားမိလိုက်သည်။ ပဲစေ့ခန့် အလင်းတစ်ခုက တော်ဝင်အကြံပေး၏ မျက်ခုံးနှစ်ခု အလယ်တွင် ဖြစ်တည်လာပြီး ရီဖူရှင်း၏ မျက်ခုံးနှစ်ခုကြားသို့ တိုးဝင်သွား၏။ ရုတ်တရက် ရီဖူရှင်း၏ စိတ်ထဲတွင် ပညာရပ်နှင့် သက်ဆိုင်သော အချက်အလက်များ ပေါ်လာပေသည်။

ထိုနည်းလမ်းမှာ ရွေးချယ်ထားသည့် တစ်ဦးကိုသာ သင်ကြားပေးခြင်းဖြစ်ပြီး သင်ကြားပေးခံရသူသည် ပညာရပ်တစ်ခုလုံးအား အာဂုဏ်ဆောင် နေစရာမလိုပဲ အလိုအလျောက် မှတ်မိပေသည်။

တော်ဝင်အကြံပေးသည် ရီဖူရှင်းက သင်ယူရန် သင့်တော်သည်ဟု တွေးမိသောကြောင့် ကိုယ်တိုင် သင်ကြားပေးခြင်း ဖြစ်သည်။

ရီဖူရှင်းက သူ့မျက်လုံးတွေကို ပိတ်ပြီး ခေတ္တခဏမျှ လေ့လာနေလိုက်သည်။ သူ မျက်လုံး ပြန်ဖွင့်လိုက်သည့် အချိန်တွင် နန်းတွင်းအကြံပေးမှာ ထွက်သွားပြီး ဖြစ်၏။ ဖေးရွှီသည် နေရာတွင် ရှိနေသေးပြီး သူ့ဘက်ကို မျက်နှာမူထားသည်။ အကယ်၍ သူမသာ မြင်နိုင်မည်ဆိုလျှင် သူမ၏ မျက်ဝန်းတွေက ပို၍ အသက်ဝင် လှပနေမည် ဖြစ်သည်။

“ဆရာ ဘယ်မှာလဲ” ရီဖူရှင်းက မေးလိုက်သည်။

“သူ သွားပြီး အနားယူတယ်” ဖေးရွှီက ပြောလိုက်သည်။

“ငါ တရားထိုင်နေတာ ဘယ်လောက် ကြာသွားပြီလဲ” ရီဖူရှင်း မေးလိုက်သည်။

“နာရီဝက်” ဖေးရွှီ ပြန်ဖြေလိုက်သည်။ ရီဖူရှင်း ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပြီး နန်းတွင်းအကြံပေး ရှိနေခဲ့သည့်နေရာကို ငေးကြည့်လိုက်သည်။

“အဖေက ငါ့ဆီကနေတစ်ဆင့် ပြောခိုင်းခဲ့တဲ့ စကားရှိတယ်။ တကယ်လို့ နင် တွေဝေနေရင် နင့်နှလုံးသား ဆန္ဒနောက်ကို လိုက်ပါ။ နင့် နှလုံးသားက မှန်တယ်လို့ တွေးတဲ့ အရာအတိုင်းကိုပဲ ဆက်လုပ်ပါတဲ့။ မရှင်းမလင်းဖြစ်နေတဲ့ နင့်ရဲ့ စိတ်အခြေအနေက ကျင့်ကြံမှုကို သက်ရောက်လိမ့်မယ်” ဖေးရွှီက ရီဖူရှင်းအား ပြောလိုက်သည်။ ထိုအခိုက်အတန့်တွင် ရီဖူရှင်း၏ နှလုံးသားက နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။ ထို့နောက်သူက ဖေးရွှီကို ကြည့်၍ ဖျော့တော့စွာ မေးလိုက်သည် ... “ဆရာက သတိပြုမိသွားပြီလား”

“ဘယ်တပည့်က သူတို့ ဆရာ သင်ကြားတာကို ငြင်းဆန်ကြသလဲ” ဖေးရွှီက ပြုံးလျက်ပင်ပြောသည်… “ပြီးတော့ မမေ့နဲ့ ... ငါက နင့်ရဲ့ ခံစားချက် အတက်အကျ ပြောင်းလဲမှုကို ခံစားနိုင်တယ်”

ရီဖူရှင်းက အရေးမစိုက်ဟန်ဖြင့် ပခုံးတွန့်လိုက်သည်။ သူ ဂရုမစိုက်ပေ။ သူသည် အမှန်တကယ်ပင် မိမိကိုယ်ကို အထင်ကြီးလွန်း နေခြင်းလည်း ဖြစ်နိုင်၏။ လောကတွင် ပြီးပြည့်စုံသော အရာမရှိနိုင်ပေ။ နန်းတွင်းအကြံပေးက သူ၏သရုပ်မှန်ကို မသိသည်ဖြစ်စေ၊ သူက အင်ပါယာရှားဘုံမှ လာခြင်းကို မသိသည်ဖြစ်စေ၊ ရီဖူရှင်းအနေဖြင့် သူ့ဘေးတွင် လေ့ကျင့်သော အချိန်များ၌ နန်းတွင်းအကြံပေးက တစ်စုံတစ်ခုကို မရိပ်မိပဲ မည်သို့နေမည်နည်း။

လူသားများသည် ခံစားချက်ကင်းမဲ့သူများ မဟုတ်သလို စိတ်ခံစားချက် အပြောင်းအလဲမှာလည်း သိရှိခံစားနိုင်သောအရာ ဖြစ်ပေသည်။

အကယ်၍ သူသည်သာ အင်ပါယာလီဘုံသို့ ရောက်လာခဲ့ခြင်းက လီယောင်ကို သတ်ရန် ရည်ရွယ်ချက်ဖြင့် ဖြစ်သည်ကို တော်ဝင်အကြံပေး သိခဲ့ပါက သူ့စိတ်နှလုံးစေရာ အတိုင်း လုပ်ဆောင်ရန် ရီဖူရှင်းကို ပြောပါမည်လော။

“ဒါဆို မင်းပြောချင်တာက မင်းရှေ့မှာ ငါက ဘာလျှို့ဝှက်ချက်မှ မရှိတော့ဘူးပေါ့” ရီဖူရှင်း ရယ်ရင်း မေးလိုက်သည်။

“ဟုတ်တာပေါ့” ဖေးရွှီကလည်း ရယ်မောရင်း ပြန်ဖြေလိုက်၏။

“ဒါဆို ငါ့ဆီမှာ ဘာလျှို့ဝှက်ချက်မှ မရှိတော့ဘူးဆိုတော့ မင်းရဲ့ လျှို့ဝှက်ချက်တချို့ရော ဝေမျှမပေးချင်ဘူးလား” ရီဖူရှင်းက ပြောလိုက်သည်။

“မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့အရာက ဘာကြောင့် မင်းကို ဆက်တိုက် အိပ်ပျော်နေစေတာလဲ”

“နင် ငါ့ကို ကူညီချင်လို့လား” ဖေးရွှီပြောလိုက်သည်။ သူမက ရီဖူရှင်း၏ ခံစားချက်ကို အာရုံခံမိကာ အံ့အားသင့်နေ၏။ ရီဖူရှင်း၏ အတွေးကြောင့် သူမ ရယ်မောမိလိုက်၏။ ရန်ဟောင်တန်ခိုးရှင် တစ်ပါးပင် မည်သို့မှ မတတ်နိုင်သည်ကို သူက အမှန်တကယ် ကူညီချင်နေသည်လား။

“တကယ်လို့ ဖြေရှင်းနိုင်မယ့် နည်းလမ်းမရှိဘူး ဆိုရင်တောင် တစ်နေ့မှာ ငါတို့  နည်းလမ်းတွေ့လိမ့်မယ်” ရီဖူရှင်း လေးလေးနက်နက် ပြောလိုက်သည်။

သူ့နှလုံးသား အတွင်းမှ လာသည့် နွေးထွေးမှုကို ဖေးရွှီ ခံစားသိရှိလိုက်သည်။ လူတွေရဲ့ ခံစားချက်နှင့် ပတ်သက်လျှင် သူမ မည်သည့်အခါကမှ မမှားခဲ့ဖူးပေ။ ရီဖူရှင်း၏စေတနာမှာ အတုအယောင် မဟုတ်ဘဲ သူ့နှလုံးသားထဲက လာသည့် ခံစားချက် အစစ်အမှန် ဖြစ်၏။

“ငါ နင့်ကို အရင်တစ်ခေါက်က ပြောခဲ့တယ်။ ငါ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့အရာက ကျိန်စာလိုပါပဲ။ ဒါပေမဲ့ အဲဒီအရာက ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ပေါင်းစပ်သွားတဲ့ အခါကျတော့ ရတနာတစ်ပါးလို ဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့ ငါ့ရဲ့ အသိအမြင် အာရုံခံစားမှုက တခြားလူတွေထက် ပိုပြီး ထက်မြက်လာတယ်လေ။ ငါက လူတွေရဲ့ ခံစားချက်ကို သိနိုင်တာတင်ပဲ မဟုတ်ဘူး။ ဒီစကြာဝဠာထဲမှာ တည်ရှိသမျှ အရာအားလုံးဆီက စွမ်းအားတွလည်း စုပ်ယူနိုင်သေးတယ်။ ဒါပေမဲ့ အဲဒီစွမ်းအားတွေက အရမ်းများလွန်းတော့ တစ်ခါ ပေါက်ကွဲမလို ဖြစ်ဖူးတယ်။ အဲဒီစွမ်းအားတွေကို ငါ့ခန္ဓာကိုယ်ကနေ တောင့်ခံဖို့ ငါ့အဆင့်ကနေ မပံ့ပိုးပေးနိုင်တာကြောင့် ငါက သေနေမှ ဖြစ်မယ်။ ပြဿနာကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းက အိပ်စက်တာပဲ” ဖေးရွှီက ရီဖူရှင်းအား ဝန်ခံပြောဆို၏။ ထို့နောက် သူမက ရယ်မော၍ ပြောသည် ... “အခုတော့ နင်လည်း ငါ့ရဲ့  လျှို့ဝှက်ချက်ကို သိသွားပြီ”

နောက်ဆုံး အကြိမ်တုန်းက ရီဖူရှင်း၏ခန့်မှန်းမှုမှာ မှန်ကန်သည်။ သူ၏ကမ္ဘာသစ်ပင်က သက်ဝင်တုန်ခါလာခြင်းမှာ ယခင် တစ်ကြမ်တစ်ခါမှ မဖြစ်ပျက်ဖူးသည့်အရာ ဖြစ်ပေသည်။

***

All Chapters