← Chapters

#ကောင်းကင်ဘုံအခင်းအကျင်းကို ကောက်ချက်ချခြင်း#

Vol. 41 Ch. 575

#ကောင်းကင်ဘုံအခင်းအကျင်းကို ကောက်ချက်ချခြင်း#

Vol. 41 Ch. 575

အမှောင်နယ်မြေ၏ ‌ထောက်လှမ်းရေးစွမ်းရည်ကို ကမ္ဘာကြီးထဲတွင် ပြိုင်ဘက်ကင်းဟုသတ်မှတ်၍ရသည်။

အဆင့်မြင့်ကြယ်နယ်မြေရှိ ဒေသအားလုံးက တညီတညွတ်တည်းသတ်မှတ်ထားကြခြင်းပင်။

အမှောင်နယ်မြေ၏ အင်အားနှင့် ပေါင်းစည်းမှုကို မည်သူမဆိုသံသယထားနိုင်သည်။ သို့စေကာမူ သူတြိုက အဆင့်မြင့်ကြယ်နယ်မြေတခုလုံးတွင် အားအကောင်းဆုံးတည်ရှိမှုအဖြစ် သတ်မှတ်ခံနေရဆဲဖြစ်သည်။

ဥပမာတခုက သတင်းအချက်အလက်များကိုစုဆောင်းနိုင်စွမ်းပင်။ ဥပမာအားဖြင့် အမှောင်စာရင်းကို ထိန်းသိမ်းထားသူပ နတ်ပစ္စည်းများနှင့် ကမ္ဘာ့အစက ကြယ်ဝိဉာဉ်အနှစ်သာရအကြောင်း သဲလွန်စများကိုပင် ရှာဖွေနိုင်သည်။

နောက်တခုက ၎င်း၏အခြေခံအုတ်မြစ်ပင်။ ၎င်း၏အခြေခံကို အားအကောင်းဆုံးဟု သူသိရှင်ကြားအသိအမှတ်မပြုကြသော်လည်း လျှော့တွက်၍မရပေ။ ရှေးနတ်ဘုရားများအကြားစစ်ပွဲကာလကတည်းကပင် အမှောင်နယ်မြေကတည်ရှိလာခဲ့ခြင်းဖြစ်သည်။ တချိန်တည်းမှာပင် သူတို့က သဘာ၀ရတနာနှင့် နတ်ကျင့်စဉ်များစွာနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ဖလှယ်ခဲ့ကြသည်။ ၎င်း၏အခြေခံအုတ်မြစ်က အားမနည်းပါ။

တချို့လူများကမူ အမှောင်နယ်မြေက ကောင်းကင်သခင်အဆင့်အင်အားစုများနောက်တွင် ဒုတိယလိုက်သည်ဟုထင်ကြသည်။

ဒီပြောဆိုချက်၌ဘာတခုမှမမှားပေ။

သို့စေကာမူ လုချန်ရှန်း အမှောင်နယ်မြေသခင်ကို တုန်လှုပ်သွားစေရန်အတွက် အတိအကျဘာများပြောမည်နည်း။

လျိုကျိယုအလွန်အမင်းသိချင်နေသည်။

ထိုအချိန်က Sအဆင့်သတင်းအချက်အလက်ကိုဖလှယ်ရန်အတွက် တစုံတခုကို လျှို့ဝှက်စွာပြင်ဆင်ရန် လုချန်ရှန်းအချိန်ခုနှစ်ရက်ကုန်ဆုံးခဲ့သည်။

ဒါကတကယ်ပဲအမှောင်သခင်ကို လှုပ်ရှားစေနိုင်မှာလား!

ထိုအချိနိတွင် အမှောင်သခင်က လုချန်ရှန်းကိုလေးနက်စွာကြည့်လိုက်သည်။

"မင်းအတည်ကြီးလား"

လုချန်ရှန်းပြုံးသည်။

"ကျုပ်ကိုယုံချင်မှယုံလို့ရပါတယ်"

ဒါကိုကြားသောအခါ အမှောင်သခင်က ခေါင်းငုံ့ရင်း အမွေးတိုင်တစ်တိုင်ခန့်စာမျှ နက်ရှိုင်းသည့်အတွေးထဲကျရောက်သွား၏။

ထို့နောက် သူလုချန်ရှန်းအားမော့ကြည့်ကာ လေးနက်သည့်အသံဖြင့်ပြောသည်။

"ငါနဲ့အတူလာခဲ့"

၎င်းနောက် သူကလုချန်ရှန်းကို အမှောင်အဆင့်ကျောက်ပြားဆီသို့ခေါ်ဆောင်သွား၏။

အမှောင်သခင်က သူ့ကိုမညွှန်ကြားခဲ့သဖြင့် လျိုကျိယုကမလိုက်သွားခဲ့ပေ။

အမှောင်အဆင့်ကျောက်ပြားအောက်တွင် အမှောင်သခင်က ကောင်းကင် ဟူသော စာလုံးကိုရေးထွင်းထားသည့် အနက်ရောင်တုံကင်တခုကို ထုတ်ယူလိုက်သည်။

‌ကျောက်ပြားအောက်ရှိမြောက်ဘက်တွင် တွင်းပေါက်တခုရှိသည်။

ထိုတွင်းပေါက်၏အရွယ်အစားနှင့်ပုံသဏ္ဍာန်က အမှောင်သခင်လက်ထဲက တုံကင်နှင့်လုံး၀တူညီသည်။

သူ တွင်းပေါက်လေးထဲထည့်လိုက်သောအခါ ပြီးပြည့်စုံစွာပင် လိုက်ဖက်သွားပြီး ရုတ်ချည်းဆိုသလို လေထဲတွင် အာကာသအက်ကြောင်းတခုပေါ်လာသည်။

အမှောင်သခင်အရင်၀င်သွားသည်။

လုချန်ရှန်းအနည်းငယ်သတိထားလိုက်၏။ သူနတ်အသိကိုအသုံးပြုပြီး ပတ်၀န်းကျင်ကိုအရင်စစ်ဆေးပြီးနောက် ချုံခိုတိုက်ခိုက်ခြင်းမရှိတာကို အတည်ပြုပြီးမှသာ အမှောင်သခင်နောက်က လိုက်သွားသည်။

အာကာသအက်ကြောင်းထဲတွင် လုံး၀ကွဲပြားသည့်ကမ္ဘာတခုရှိနေခဲ့သည်။

ထိုကမ္ဘာအား ကြယ်တာယာကောင်းကင်ပြာနှင့် ကျောက်တိုင်လေးတိုင်က၀န်းရံထားသည်။

ကျောက်တိုင်များကို နေရာချထားသည့်ပုံက ကျပန်းနေရာချထားသပဲ့သို့ပင် ပုံမှန်မဟုတ်။

သို့စေကာမူ တချက်ကြည့်လိုက်သည်နှင့် ဒါကလုံး၀ထူးဆန်းသည်ဟုမခံစားရပါ။

ဒါကအစီအရင်တခုဆိုတာ တချက်ကြည့်ရုံမျှနှင့် လုချန်ရှန်းပြောနိုင်သည်။

ဒီကျောက်တိုင်လေးတိုင်က အခင်းအကျင်း၏ အခြေခံဖြစ်သည်။

ကျောက်တိုင်တိုင်းက ကောင်းကင်ဘုံတာအိုနိယာမများ၏အော်ရာကို ထုတ်လွှတ်နေ၏။

စည်းမျဉ်းဆန္ဒကိုထုတ်ဖော်ရင်း ဗဟိုချက်တွင်စုစည်းကာ စုစည်းမှု၏အလယ်ဗဟိုရှိ မြေကြီးပေါ်တွင် အဖိုးအိုတဦးက တင်ပလ္လင်ခွေထိုင်နေသည်။

အဖိုးအိုကခေါင်းငုံ့ရင်း မြေပေါ်၌ လဲလျောင်းတည်ရှိနေသည့်စာလိပ်ကို ကြည့်ကာ ရေးဆွဲနေသည်။

အမှောင်သခင်ကလာတခုမှမပြောပေ။

အချိန်တချို့ကြာပြီးနောက် ကောင်းကင်ဘုံတာအိုနိယာမအော်ရာက ထွက်လာပြီး စုလိပ်ထဲတွင် ဆက်တိုက်၀င်လာကာ စာလိပ်ပေါ်၌ စာလုံးရေအနည်းငယ်ပေါ်လာသည်။

နတ်ဆိုးသခင်၊ မိုဂျွန်လင်း!

အဆင့်: ၁၉

တချိန်တည်းမှာပင် အမှောင်အဆင့်၏ မူလအဆင့်၁၉နေရာက ကျဆင်းသွားပြီး မိုဂျွန်လင်း၏အစားထိုးခြင်းကို ခံလိုက်ရသည်။

ထိုအခိုက်အတန့်၌ အဖိုးအိုကခေါင်းမော့ရင်း လုချန်ရှန်းကိုကြည့်သည်။ သူကလုံး၀ အံ့ဩသင့်ခြင်းမရှိသည့်အသွင် တည်ငြိမ်စွာပြောသည်။

"ဘာကိစ္စလဲ"

အမှောင်သခင်က လေးစားစွာဦးညွတ်သည်။

"အရှင်၊ ဒါကလုချန်ရှန်းပါ"

"ငါသိတယ်" အဖိုးအိုကခေါင်းညိတ်သည်။

"သူလာမယ်ဆိုတာ ငါကြိုတင်ခန့်မှန်းပြီးပြီ"

"ဒါပေမယ့်..." အဖိုးအိုက လုချန်ရှန်းအား စူးစမ်းလိုသည့်အသွင်ကြည့်သည်။

"မင်းရဲ့ကံကြမ္မာ၊ ဒါမှမဟုတ် မင်းရဲ့တကယ့်ခွန်အားကို ငါမခန့်မှန်းနိုင်ဘူး"

"မင်းကဘယ်သူလဲ"

လုချန်ရှန်းပြုံးသည်။

"ကျုပ်က သာမန်လူတယောက်ပါပဲ"

"သာမန်လူတွေကငါ့ရဲ့နှစ်နဲ့ချီပြီး ကောက်ချက်ချတာနဲ့ မထိုက်တန်ဘူး"

ထို့နောက်အဖိုးအိုက စာလိပ်ကိုသိမ်းဆည်းပြီးထရပ်သည်။

"အဆင့်မြင့်ကြယ်နယ်မြေက ဘယ်သူမှ ငါ့ကိုဒီလောက်ထိကောက်ချက်ချရအောင် မလုပ်နိုင်ဘူး၊ ဒါ့အပြင် ငါကသိသာတဲ့အရာတခုမှ ကောက်ချက်မချနိုင်ခဲ့ဘူး"

အမှောင်သခင်အံ့ဩသင့်သွားသည်။

"ဘာလို့ငါ့ကိုရှာရတာလဲ"

ထို့နောက်တွင်သာ အမှောင်သခင်က ရှင်းပြသည်။

"တာအိုမိတ်ဆွေလေးလုမှာ ကောင်းကင်ဘုံအခင်းအကျင်းကို အစားထိုးနိုင်တဲ့ အခင်းအကျင်းအစီအရင်တခုရှိတယ်၊ သက်ရောက်မှုက လက်ရှိအခင်းအကျင်း အစီအရင်ထက် အများကြီးပိုအားကောင်းတယ်လို့ ပြောလို့ရပါတယ်"

"အို"

အဖိုးအိုကအနည်းငယ်မျက်ခုံးပင့်လိုက်မိသည်။

"ကောင်းကင်ဘုံအခင်းအကျင်းရဲ့မူလကို အစားထိုးနိုင်တဲ့အစီအရင်လား၊ ဒါအတွက်ပဲလား"

အမှောင်သခင်ကြက်သေသေသွားသည်။

"အရှင်ဒါကိုမလိုအပ်ဘူးလား"

သေချာတာပေါ့" အဖိုးအိုကလက်ဝှေ့ယမ်းကာ မှိန်ဖျော့စွာပြုံးသည်။

"ဒီကမ္ဘာထဲမှာ ကောင်းကင်ဘုံအစီအရင်ကို ကောက်ချက်ချဖို့အတွက် အစားထိုးစရာတခုခုကိုဖန်တီးနိုင်မယ့် အခင်းအကျင်းဆရာတွေဆိုတာ တစ်ဦးမှမရှိဘူးလေ"

ရှင်းရှင်းပြောရမည်ဆိုပါကသူဒါကိုမယုံပါ။

လုချန်ရှန်းကလည်းပြုံးသည်။

"ကျုပ်ကိုမလာခင်က သတင်းအချက်အလက်တွေကို စုစည်းဖို့အတွက် လူအင်အားကိုပဲ အားမကိုးနေသင့်ဘူးလို့ ထင်လို့ပါ"

"ကောက်ချက်ချတဲ့နည်းစနစ်တခုရှိတာပေါ့၊ ဒါကကျင့်ကြံခြင်းနည်းစနစ် ဒါမှမဟုတ် အခင်းအကျင်းအစီအရင်ပဲ၊ ဒါပေမယ့် ကြယ်နယ်မြေတခုလုံးရဲ့အဆင့်ကို ကောက်ချက်ချတွက်ကြည့်ချင်တယ်ဆိုရင်တော့ နှစ်ခုပဲထည့်လို့ရတယ်"

"အစက ဒီအခင်းအကျင်းအစီအရင်က ခင်ဗျားရဲ့လက်ရှိကောက်ချက်ချအခင်းအကျင်းအစီအရင်နဲ့ ယှဉ်လို့မရမှာကို ကျုပ်စိုးရိမ်နေခဲ့တာ"

"ဒါပေမယ့်...."

လုချန်ရှန်း အစီအရင်ကိုကြည့်ရင်း နှာခေါင်းရှုံ့သည်။

"ကြည့်ရတာ ကျုပ်အရမ်းစိုးရိမ်နေမိတာပဲ"

လုချန်ရှန်း၏မောက်မာသောစကားလုံးများကိုကြားသောအခါ အဖိုးအိုက အနည်းငယ်မျက်မှောင်ကြုတ်ကာ မကျေမနပ်ဖြစ်သွားပြီး အေးစက်စွာပြောသည်။

"ကောက်ချက်ချကောင်းကင်ဘုံအခင်းအကျင်းအဆင့်က မင်းတို့လို အခင်းအကျင်းဆရာတွေ ထိတွေ့နိုင်တဲ့ အရာတခုမဟုတ်ဘူး"

"မင်းကဒီလောက်ယုံကြည်မှုရှိလို့လား"

လုချန်ရှန်းအဖြေမပေးဘဲ ယင်းအစား အမှောင်သခင်ကိုကြည့်ရင်းမေးသည်။

"တကယ်လို့ကျုပ်သာ ကောင်းကင်ဘုံအခင်းအကျင်းကို အစားထိုးနိုင်မယ်ဆိုရင် ကြယ်အနှစ်သာရသဲလွန်စနဲ့ ဒါကို လဲလှယ်လို့ရမလား"

အမှောင်သခင်က ခေါင်းညိတ်သည်။

"သေချာတာပေါ့"

သတင်းအချက်အလက်စုဆောင်းခြင်းက အမှောင်နယ်မြေ၏အခြေခံဖြစ်သည်။

သူတို့သာ ဒီရှုထောင့်ကိုခိုင်မာအောင် လုပ်နိုင်ပါက အကောင်းဆုံးပေတည်း။

လုချန်ရှန်းခေါင်းညိတ်ကာ သိုလှောင်လက်စွပ်ထဲကနေ စာလိပ်တခုကို ထုတ်ယူသည်။ ထို့နောက်လက်ကို ဝှေ့ယမ်းရင်း လေထဲတွင် ဖြန့်လိုက်သည်။

ကောင်းကင်နှင့်မြေကြီးမူလစီးကြောင်းများက လေဟာနယ်တခုလုံး၌ပြည့်နှက်သွား၏။

တကယ်တမ်းတွင် ကောင်းကင်နှင့်မြေကြီး၏ဒီမူလအော်ရာက ‌ကောက်ချက်ချကောင်းကင်ဘုံအခင်းမကျင်း၏ ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းအော်ရာကို တိုက်ရိုက်ဖိနှိပ်သွားသည်။

အဖိုးအိုကြက်သေသေသွားသည်။

ထို့နောက်ချက်ချင်းဆိုသလို သူ့မျက်လုံးများကလေးနက်သွားပြီး ထိုနေရာ၌ပင် တင်ပလ္လင်ခွေထိုင်ရင်း ကောက်နှုတ်မှုကို စတင်ရန်အတွက် ကျင့်ကြံခြင်းနည်းစနစ်ကို လှည့်ပတ်လိုက်သည်။

အမွေးတိုင်တစ်တိုင်စာအကြာတွင် အဖိုးအိုကမျက်လုံးများကိုဖွင့်ရင်း လုချန်ရှန်းအား အထိတ်တလန့်ကြည့်သည်။

"မင်းဘယ်သူလဲ၊ ဒီလိုကောင်းကင်နဲ့မြေကြီးရဲ့မူလအော်ရာကိုတောင်သုံးနိုင်တာဆိုတော့ မင်းဘယ်ကလာတာလဲ"

ကျုပ်ဘယ်ကလာတာလဲ!

လုချန်ရှန်းစိတ်ရှုပ်သွားသည်။

"ကျုပ်ဘယ်ကလာသလဲဆိုတာ ခင်ဗျားဘာလို့ဂရုစိုက်နေရတာလဲ၊ ဒါကအဆင်ပြေလားဆိုတာကိုပဲပြောပါ"

အဖိုးအိုကခေါင်းညိတ်ကာ လေးနက်သည့်အသံဖြင့်ပြောသည်။

"ဒီအခင်းအကျင်းနဲ့ဆိုရင် ငါ့ရဲ့ကောက်နှုတ်မှုအမြန်နှုန်းနဲ့ တိကျမှန်ကန်မှုက ၄၀ရာခိုင်နှုန်းတိုးလာနိုင်တယ်"

"ဒါပေမယ့်...." အဖိုးအိုက လုချန်ရှန်းကို ကြည့်လိုက်၏။

"မင်းရဲ့အစစ်အမှန်ခွန်အားနဲ့ကံကြမ္မာကို ငါဘာလို့ကောက်ချက်မချနိုင်ရတာလဲ"

လုချန်ရှန်းမျက်လုံးလိမ့်လိုက်မိသည်။

"ကျုပ်လုပ်ထားတဲ့အခင်းအကျင်းအစီအရင်ကို ကျုပ်အပေါ်ပြန်သုံးခွင့်ပေးပါ့မလား"

ထိုအချိန်က အမှောင်သခင်ကပြုံးသည်။

"ဒါကအသုံး၀င်တယ်ဆိုမှတော့ တာအိုမိတ်ဆွေလေးလု၊ ငါ့‌နောက်ကလိုက်ခဲ့ပါ၊ ငါတို့ရဲ့သဘောတူညီချက်အရ ငါမင်းကို ကြယ်အနှစ်သာရရဲ့သဲလွန်စတွေကိုပေးပါမယ်"

နှစ်ယောက်စလုံးက အာကာသအက်ကြောင်းထဲက‌နေ ထွက်လာကြသည်။

အဖိုးအိုက လုချန်ရှန်း၏ကျောကိုကြည့်ရင်း လေးနက်သည့်အသံဖြင့်ဆိုလိုက်သည်။

"မဟာတာအိုရဲ့မူလအစ..... အဲဒီနေရာက လူတွေက ဒီကမ္ဘာထဲကိုရောက်လာကြပြီလား...."

အပိုင်း(576) coming။

All Chapters