← Chapters

#လျိုကျိယု၏ပေါက်ကွဲဖွယ်ရာသရုပ်ဆောင်စွမ်းရည်#

Vol. 41 Ch. 577

#လျိုကျိယု၏ပေါက်ကွဲဖွယ်ရာသရုပ်ဆောင်စွမ်းရည်#

Vol. 41 Ch. 577

ကြယ်ဗိမာန်အပျက်အစီးက ရထားကြယ်ဗိမာန်နှင့် တောင်ကြယ်ဗိမာန်တို့အကြား လမ်းဆုံအလယ်ဗဟိုတွင်တည်ရှိသည်။

ကောင်းကင်ထဲတွင် ဧရာမစင်မြင့်ကြီးတခုပေါ်လာခဲ့သည်။

ကြယ်နတ်ဘုရားပိုင်နက်က ကျင့်ကြံသူများက ဒီမြင်ကွင်းကိုမြင်ပြီး ပြိုင်ကွင်းထဲက ကြွေးကြော်သံကိုမြင်သောအခါ သူတို့က အနည်းငယ်ကြက်သေသေသွားကြသည်။

"ဒီကောင်က.... ဒီခေါင်းဆူနေတဲ့ကောင်က ဘယ်ကလာတာတုန်း"

"မင်းဒီနေရာမှာ သေခြင်းတရားကိုလာရေတွက်တာလား၊ မင်းအသက်ရှင်နေရတာ ငြီးငွေ့နေလို့လား၊ ဘယ်လိုလုပ်ကြယ်ဗိမာန်နှစ်ခုကို စော်ကားရဲရတာလဲ"

"‌ဒါ့အပြင် သူက ဒီလိုဆိုးရွားတဲ့စကားလုံးတွေကိုတောင်ပြောခဲ့တယ်၊ ကြယ်နတ်ဘုရားဗိမာန်တော်ရဲ့ အများလက်ခံထားတဲ့ ရှေးရိုးစွဲဒီအရာက အဓိကဂိုဏ်းနှစ်ဂိုဏ်းတိုက်ပွဲ၀င်နေရတဲ့အရာတခုပဲ"

"ဟူးးးး၊ ရက်တ၀က်မကြာသေးခင် ပြိုင်ကွင်းထဲကလူတွေ သေချာပေါက်ပျောက်ကွယ်သွားရလိမ့်မယ်..."

"ဒါပေမယ့် အဲဒီလူရဲ့အမူအရာကိုကြည့်ပါဦး...."

လျိုကျိယု စင်မြင့်ပေါ်၌ လက်နှစ်ဖက်ပိုက်ကာရပ်နေသည်။

သူက ဘာကိုမှစိတ်မပူသလို မကြောက်သည့်အလား တည်ငြိမ်ပြီး စိတ်အေးချမ်းနေပုံရသည်။

သူက ကြယ်နတ်ဘုရားဗိမာန်တော်နှစ်ခုကို စစ်ကြေညာရန်ကိုပင် ဂရုမစိုက်သည့်အသွင်။

သို့စေကာမူ ဒီအရာအားလုံးကအပေါ်ယံသာ။

အဘယ်ကြောင့်ဆိုသော် သူလက်တွေ့ကျကျ ပြုမူလုပ်ဆောင်ရမည်ဟု လုချန်ရှန်း သူ့ကိုပြောခဲ့သောကြောင့်ပင်။

သူ့အမူအရာ သို့မဟုတ် ပုံစံအနေအထား၌ မည်သည့်ချို့ယွင်းချက်ကိုမှ ဖော်ထုတ်၍မရလေရာ သူတည်ငြိမ်ရန်လိုအပ်သည်။

မဟုတ်ပါက တခုခုဖြစ်ပျက်လာပါက လုချန်ရှန်းသူ့ကိုကယ်မည်မဟုတ်ပေ။

ထိုစကားကိုပြောစဉ် လျိုကျိယုတယောက် ဘောင်းဘီထဲ၌ သေးထွက်ကျလုနီးပါးပင်။

သူကအားမနည်းသလို ထိပ်တန်းအင်အားစုဖြစ်သည့် လျိုမိသားစု၏ ပါရမီရှင်ဖြစ်သော်လည်း တဘက်က ပထမတန်းစားထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းဖြစ်ပြီး ကျွမ်းကျင်သူများကလည်း တလှည့်စီတိုက်ခိုက်နိုင်သည်။

ဒါ့အပြင်သူတို့က တကြိမ်တခါက ကောင်းကင်သခင်အဆင့်ဂိုဏ်းတစ်ဂိုဏ်းဖြစ်ခဲ့သည်။ သူတို့ကွဲသွားကြသော်လည်း အခြေခံအုတ်မြစ်က အတော်လေးနက်ရှိုင်းနေဆဲပင်။

ဤသည်သာမက သူတို့ကကြယ်စွမ်းအားကို ပိုင်ဆိုင်သည့်ကျင့်ကြံသူများဖြစ်ကြသည်။

ချက်ချင်းဆိုသလို လျိုကျိယု အမှောင်နယ်မြေနှင့် သူ့အိမ်ကိုသတိရသွားသည်။

လုချန်ရှန်းနောက်ကို လိုက်ခဲ့ခြင်းက မှားယွင်းသည့်ဆုံးဖြတ်ချက်တခုဖြစ်ပုံရသည်။

သူကဆိုးရွားစွာပင်လှည့်စားခံရသည်။

ထို့နောက်လုချန်ရှန်းဆက်ပြောသည်။

"အိုး၊ တကယ်လို့မင်းသဘောမတူဘူးဆိုရင် နောက်မှငါမင်းကိုဒီမှာသင်ပေးမယ်၊ ဒါပေမယ့်ဒီတကြိမ်တော့ ငါထိန်ချန်ထားမှာ မဟုတ်ဘူးနော်"

လျိုကျိယုနားထောင်လိုက်၏။

ကောင်းပြီလေ၊ မတတ်နိုင်တဲ့အဆုံး ကျည်ဆံကိုပဲကိုက်ရတာပေါ့!

လုချန်ရှန်း၏နှိပ်စက်ခြင်းကိုခံရခြင်းထက် ဂိုဏ်းနှစ်ဂိုဏ်းကိုရင်ဆိုင်တာက ပိုကောင်းသည်။

လျိုကျိယု၏နှလုံးသားထဲတွင် လုချန်ရှန်းက ဒီအင်အားစုနှစ်ခုထက် အများကြီးပိုအားကောင်းသည်။

အနည်းဆုံးတော့ သူကတဘက်လူ၏ ခွန်အားကိုမြင်နိုင်ပါသေးသည်။ သို့စေကာမူ လုချန်ရှန်း၏ခွန်အားက အတော်လေးနက်နဲသည်။

သတင်းကအလျက်အမြန်ပင်ပြန့်သွားပြီး မကြာမီမှာပင် ရထားကြယ်ဗိမာန်နှင့် တောင်ကြယ်ဗိမာန်တို့က ရလိုက်ကြကာ ချက်ချင်းဒေါသထွက်သွားကြ၏။

ဒါကသာမန်ရန်စမှုတခုသာဆိုပါက ဂိုဏ်းနှစ်ဂိုဏ်းက ဂရုစိုက်မည်မဟုတ်သလို ရန်စသူများကိုလည်း လူပြိန်းများပမာသာ ဆက်ဆံပေလိမ့်မည်။

သို့စေကာမူ ဒီစကားလုံးများက သူတို့၏အထိမခံသောနေရာကို သံသယမရှိ ထိုးနှက်ပစ်ခဲ့သည်။

ဒါ့အပြင် ပြိုင်ကွင်းက ကြယ်နတ်ဘုရားဗိမာန်အပျက်အစီး၀င်ပေါက်တွင်တည်ရှိသည်။

ဒါကအင်အားစုနှစ်ခု၏မျက်နှာများကို အညှာအတာကင်းမဲ့စွာ သံသယမရှိ ရိုက်နှက်ပစ်ခြင်းပေတည်း။

အမွေးတိုင်တစ်တိုင်ခန့်စာအကြာမှာပင် ရထားကြယ်ဗိမာန်နှင့် တောင်ကြယ်ဗိမာန်တို့က သူတို့၏လက်ရွေးစင်တပည့်များနှင့် အကြီးအကဲများကို စေလွှတ်လိုက်ကြ၏။

မြောက်ဘက်နှင့်တောင်ဘက်ကနေ အဖိုးအိုတစ်ဦးစီထွက်လာပြီး လျိုကျိယုအား ကြည့်လိုက်၏။

"မင်းကငါတို့ရဲ့ကြယ်နတ်ဘုရားဗိမာန်ကို စိန်ခေါ်ချင်တဲ့သူလား"

"မင်းကငါတို့ကိုဒီလိုမျိုးစော်ကားရဲတာလား၊ ဒီပြိုင်ကွင်းထဲမှာ မင်းအသက်ရှင်ပြီး မနေနိုင်လောက်တော့ဘူး"

အောက်ကကျင့်ကြံသူများက ဒါကိုမြင်သောအခါ ထိတ်လန့်တုန်လှုပ်သွားကြ၏။

"အဲဒါက ရထားကြယ်ဗိမာန်ရဲ့မဟာအကြီးအကဲ ပိုဂျန်းပဲ"

"ပြီးတော့ တောင်ကြယ်ဗိမာန်က မဟာအကြီးအကဲ ကွန်ချင်းလည်းပါသေးတယ်"

ဒီနှစ်ယောက်က ကြယ်နတ်ဘုရားဗိမာန်၌ ထိပ်တန်းတည်ရှိမှုများဖြစ်ကြပြီး နတ်ဘုရင်နယ်ပယ်ကိုရောက်နေကြလေပြီ။

လျိုကျိယုထိုနှစ်ယောက်ကိုကြည့်ရင်း ရင်ဘတ်ကိုပွတ်ကာ စိတ်သက်သာရာရစွာသက်ပြင်းချသည်။

ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်!

သူတို့က နတ်ဘုရင်နယ်ပယ် အလယ်အလတ်အဆင့်ကျင့်ကြံသူနှစ်ဦးသာဖြစ်သည်။ မဟုတ်ပါက သူတို့ကိုကိုင်တွယ်ရန် အတော်လေးခက်ခဲသွားပေလိမ့်မည်။

သူကပုံမှန်အားဖြင့် အရင်ကလျိုမိသားစု၏ ပါရမီရှင်ဖြစ်ခဲ့သည့်တိုင် အမှောင်နယ်မြေ၏ လျှို့ဝှက်နည်းစနစ်ဖြင့် သူ့နယ်ပယ်ကို ဖုံးကွယ်ထားသော်လည်း လျိုကျိယုက ယခုနတ်အင်ပါယာနယ်ပယ်တ၀က်အဆင့်ပင်ဖြစ်သည်။

ရထားကြယ်ဗိမာန်၏မဟာအကြီးအကဲပိုဂျန်က လျိုကျိယုကိုကြည့်ရင်း ထူးမခြားနားစွာပြောသည်။

"ငါတို့ကိုဒီလိုစော်ကားရန်စရတဲ့ မင်းရည်ရွယ်ချက်ကဘာလဲ"

ကွန်ချင်းကလည်းစိတ်မရှည်သည့်လူတစ်ယောက်ဖြစ်သည်။ သူကချက်ချင်းအော်ဟစ်သည်။

"ကြယ်ဗိမာန်ရဲ့ လူသိများတဲ့မျိုးနွယ်က ငါ့ရဲ့တောင်ကြယ်ဗိမာန်ပဲ၊ တောင်ကြယ်ဗိမာန်ရဲ့အမဲလိုက်ခြင်းကို မင်းခံစားကြည့်ချင်လို့လား"

ပိုဂျန်မျက်ခုံးမြှင့်လိုက်မိသည်။

"နက္ခတ်အိုကြီး၊ ဒါမမှန်ဘူးမလား"

"တည်ထောင်ထားတဲ့အချက်အလက်တွေနဲ့ ပတ်သက်ပြီးဘာများမှားနေလို့လဲ"

"ဒီလိုဆိုရင် ဒီနှစ်တွေမှာ မင်းဘယ်လောက်ထိ တိုးတက်လာသလဲဆိုတာ ကြည့်ကြရအောင်"

"ဟမ့်၊ မင်းကိုကိုင်တွယ်နိုင်တာထက်တော့ ပိုတယ်"

စကားလုံးအနည်းငယ်နှင့် သူတို့နှစ်ယောက်က လျိုကျိယုကိုလျစ်လျုရှုလိုက်ကြ၏။

အင်အားစုနှစ်ခုကြားက အမုန်းတရားက မည်မျှထိကြီးမားသလဲဆိုတာကိုမြင်နိုင်သည်။

လုချန်ရှန်းပြောခဲ့တာကို သတိရသွားသဖြင့် လျိုကျိယုညင်သာစွာသက်ပြင်းချသည်။

"ဒီမှာငြင်းခုံနေစရာမလိုဘူး၊ ခင်ဗျားတို့ ကျုပ်ကိုတောင်မနိုင်ဘူးဆိုရင် ခင်ဗျားတို့ရဲ့ အဓိကအင်အားစုတွေက ကြယ်နတ်ဘုရားဗိမာန်လို့ခေါ်ဖို့မထိုက်တန်ဘူး"

ထိုစကားလုံးများကိုပြောပြီးသည်နှင့်တပြိုင်နက် ပိုဂျွန်နှင့် ကွန်ချင်းတို့က လျိုကျိယုအပေါ် အကြည့်ပိုလွှတ်ရင်း သတ်ဖြတ်ခြင်းဆန္ဒများက ထိုးထွက်လာသည်။

ယှဉ်၍မရနိုင်သည့်ဧရာမကြယ်စွမ်းအားက မရေမတွက်နိုင်လောက်သော အားကြီးသည့် ဥက္ကာခဲများအဖြစ်ပြောင်းသွားပုံရပြီး လျိုကျိယုအပေါ်ဖိနှိပ်ကျလာသည်။

သူတို့အော်ရာကိုထုတ်လွှတ်လိုက်သည်နှင့်တပြိုင်နက် လျိုကျိယုအား သေသည်အထိ ဖိနှိပ်နိုင်မည်ဟုထင်ခဲ့ကြသည်။

သို့သော်သူတို့မမျှော်လင့်ထားခဲ့တာက လျိုကျိယု၏ ကောင်းကင်အားထိုးဖောက်နိုင်သည့် လှံတစင်းပမာဖြောင့်တန်းနေမည်ကိုပင်။

သူကထိုနှစ်ယောက်ကိုအကူအညီမဲ့စွာကြည့်သည်။

"စူးစမ်းအကဲခတ်နေတာရပ်တော့၊ ခင်ဗျားတို့က ကျုပ်ပြိုင်ဘက်မဟုတ်ဘူး"

အမှောင်ထဲတွင် ပုန်းနေသည့်လုချန်ရှန်း ဒါကိုမြင်သောအခါ ပျော်သွားသည်။

"ဟား၊ ငါတောင်မပြောနိုင်တော့ဘူး၊ ဒီလျိုကျိယုရဲ့သရုပ်ဆောင်စွမ်းရည်က တကယ်မဆိုးဘူး၊ သူကကမ္ဘာပေါ်က အဲဒီကောင်လေးတွေထက် အများကြီးပိုကောင်းတယ်"

ဒါကိုမြင်သောအခါ အကြီးအကဲနှစ်ဦးကမျက်မှောင်ကြုတ်လိုက်သည်။

မူလကသူတို့က သူ့ကိုဖိနှိပ်ရန်အတွက် တပည့်များကိုစေလွှတ်ရန် ကြံရွယ်ထားကြသည်။ သို့သော်ကြည့်ရသည်မှာ တခြားဘက်ကလုံး၀အားနည်းပုံမရပေ။

"အဓိပ္ပာယ်မရှိတာ"

သွေးဆူလွယ်သည့်အကြီးအကဲကွန်ချင်းက အော်ဟစ်ကာ လျိုကျိယုထံပြေး၀င်သွား၏။

ထိုးတက်လာသည့်ကြယ်စွမ်းအားက အကြီးအကဲကွန်ချင်းနောက်တွင် ဧရာမဘီလူးကြီးအဖြစ်ပြောင်းလဲသွားပြီး လက်ဖဝါးက ကောင်းကင်ကိုလှန်ပစ်ကာ လျိုကျိယုအပေါ်ဖိကျလာသည်။

လျိုကျိယုဒါကိုမြင်သောအခါ သူ့ခြေထောက်များကသံခတ်ထားသကဲ့သို့ ပြိုင်ကွင်းပေါ်၌ ယိမ်းယိုင်သွားခြင်းမရှိဘဲ ရပ်နေခဲ့သည်။

သူ့ကိုယ်ခန္ဓာက အနည်းငယ်လှုပ်ရှားသွားပြီး ဖမ်းဆုပ်လိုက်၏။ လူတိုင်း၏ ထိတ်လန့်နေသည့်အကြည့်အောက်တွင် သူက ကြယ်စွမ်းအားကနေ ဖန်တီးထားသည့် ဧရာမလက်ဖဝါးချက်ကိုဖြတ်ကာ အကြီးအကဲကွန်ချင်း၏ လက်ကောက်၀တ်ကို အမှန်တကယ်ဖမ်းကိုင်နိုင်ခဲ့သည်။

အကြီးအကဲကွန်ချင်း၏အမူအရာက အကြီးအကဲပြောင်းလဲသွားခဲ့သည်။

သူဘာလို့ငါ့ရဲ့စွမ်းအားအပြည့်တိုက်ချက်ကို ဒီလောက်အလွယ်တကူချိုးဖျက်နိုင်ရတာလဲ!

သို့စေကာမူ လျိုကျိယုကဒါကိုလုံး၀ဂရုမစိုက်ပေ။ ယင်းအစား သူက အကြီးအကဲကွန်ချင်းကို လက်နှစ်ဖက်နှင့်ဖမ်းပြီး တခြားတဘက်ရှိ အကြီးအကဲပိုဂျန်ထံ အကြည့်ပို့လွှတ်ရင်း ပြုံးသည်။

"တယောက်ချင်းတိုက်ခိုက်တာက ရွေးချယ်မှုကောင်းတခုမဟုတ်ဘူး၊ ခင်ဗျားတို့ အတူတကွတိုက်နိုင်တယ်"

ပိုဂျန်၏အမူအရာကလေးနက်နေသည်။ ဒီခွန်အားက သူ့မျှော်လင့်ချက်များထက်ပင် ကျော်လွန်နေသည်။

တဘက်လူက နတ်ဘုရင်နယ်ပယ်အထွတ်အထိပ်အဆင့်ဖြစ်နိုင်လောက်သည်။

"အဖိုးကြီးကွန်ချင်း၊ မင်းသည်းခံထား"

ထို့နောက်သူလက်ထဲက ကျောက်စိမ်းဆွဲသီးကိုဖျစ်ညစ်လိုက်သည်။

သူကအကူအညီကိုခေါ်နေတယ်ဆိုတာ သိသာထင်ရှားနေသည်။

အကြီးအကဲကွန်ချင်းဒါကိုမြင်သောအခါ သူ့မျက်နှာကဖြူဖျော့သွား၏။ သူလွတ်မြောက်ချင်သော်လည်း လျိုကျိယု၏လက်များက သံညှပ်များနှင့်တူပြီး လုံး၀လှုပ်ရှား၍မရပေ။

သို့စေကာမူ လျိုကျိယု၏ပန်းတိုင်က သတ်ရန်မဟုတ်ပါ။ သူက အကြီးအကဲကွန်ချင်းအားကြည့်ရင်း အပြုံးဖြင့်ပြောသည်။

"ခင်ဗျားလည်း အကူအညီခေါ်လို့ရတယ်၊ ခင်ဗျားရဲ့ခွန်အားနဲ့ ကျုပ်ကို တိုက်ခိုက်ဖို့ဆိုတာ မထိုက်တန်ဘူး"

ထို့နောက် သူအကြီးအကဲကွန်ချင်းအား လွှတ်ပေးလိုက်သည်။

လူတိုင်းဒါကိုမြင်သောအခါ တုန်လှုပ်ချောက်ချားသွားကြ၏။

အစပိုင်းက လျိုကျိယုက သေချင်နေသည့်လူတစ်ယောက်ဟုသာ သူတို့ထင်ခဲ့ကြသည်။ မျှော်လင့်မထားစွာပင် ပြိုင်ကွင်းပေါ်က လူက အမှန်တကယ် အတော်လေး အစွမ်းထက်သည်။

အပိုင်း(578) coming။

All Chapters