#ကြယ်နတ်ဘုရားဗိမာန်တော်#
Vol. 41 Ch. 578
လျိုမိသားစုက အဆင့်မြင့်ကြယ်နယ်မြေတွင် ဒုတိယတန်းစားထိပ်တန်းမိသားစုတခုဖြစ်သည်။
ယခင်က လျိုကျိယုကဲ့သို့အံ့ဖွယ်ပါရမီရှင်ကြောင့်ပင် လျိုမိသားစုက ဒုတိယတန်းစားအင်အားစုအားလုံးကိုငုံ့ကြည့်နိုင်ခဲ့သည်။
တချိန်တည်းမှာပင် လျိုကျိယုက ပထမတန်းစားအင်အားစုများ၏ ပါရမီရှင်များနှင့် ယှဉ်နိုင်သည့်တည်ရှိမှုမျိုးဖြစ်သည်။
လုချန်ရှန်း၏ လေ့ကျင့်ပေးမှုကျေးဇူးကြောင့် သူကအမှောင်နယ်မြေ၌ အတွေ့အကြုံအများကြီးကို စုဆောင်းနိုင်လာပြီး သူ့ခွန်အားကလည်း နတ်အင်ပါယာနယ်ပယ်တ၀က်အဆင့်ကိုရောက်နေပြီ။
ဒီမဟာအကြီးအကဲနှစ်ဦး၏ခွန်အားအရ သူတို့က သူ့ပြိုင်ဘက်မဟုတ်ကြပေ။
"အကြီးအကဲကွန်ချင်းရဲ့တိုက်ချက်ကို ဒီလူကအလွယ်တကူချိုးဖျက်ပစ်တာလား"
"ဒီလူကဘယ်သူလဲ၊ ဒီလိုကျွမ်းကျင်သူမျိုးကို ဘယ်လိုလုပ်တခါမှမကြားဖူးရတာလဲ"
"ငါတို့လည်းအတူတူပဲ၊ တခါမှမကြားဖူးဘူး"
အမှောင်နယ်မြေ၏ဆန်းကြယ်မှုက လူတိုင်း၏စိတ်ကူးထက်ပင်ကျော်လွန်နေသည်။
အမှောင်နယ်မြေ၏ ကြယ်ငါးပွင့်သင်းအုပ်ဆရာတဖြစ်လဲ လျိုကျိယု၏ကိုယ်ပိုင်လက္ခဏာကလည်း အတော်လေးဆန်းကြယ်သည်။
လျိုမိသားစုတွင်ပင် မိသားစုခေါင်းဆောင်မှလွဲ၍ လျိုကျိယု ဒီနှစ်များအတွင်း ဘာတွေလုပ်ခဲ့သလဲဆိုတာ မည်သူမှမသိပါ။
အကြီးအကဲနှစ်ဦးက လက်ထဲက ကျောက်စိမ်းဆွဲသီးများကို ချေမွပစ်လိုက်ကြ၏။
သတင်းက ချက်ချင်းဆိုသလို ရထားကြယ်ဗိမာန်နှင့် တောင်ကြယ်ဗိမာန်သို့ ပျံ့သွားခဲ့သည်။
သတင်းများကိုရပြီးနောက် အဓိကဂိုဏ်းနှစ်ဂိုဏ်း၏ အကြီးအကဲများအထက်က ကျွမ်းကျင်သူများက အားအပြည့်ဖြင့် ရောက်လာကြသည်။
နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူကိုပင် ဖျက်ဆီးနိုင်သည့်တည်ရှိမှုမျိုးက အထွတ်အထိပ်အဆင့် သို့မဟုတ် ယင်းထက်ပင်မြင့်မားရပေမည်။
ဂိုဏ်းချုပ် သို့မဟုတ် အဆင့်မြင့်မဟာအကြီးအကဲသာလျှင် ဒီလိုကျွမ်းကျင်သူမျိုးနှင့်စကားပြောပိုင်ခွင့်ရှိသည်။
လုချန်ရှန်းမလှုပ်ရှားသေးပေ။
သူကပထမအဆင့်ကိုသာပြီးစီးသေးပြီး ဂိုဏ်းနှစ်ဂိုဏ်း၏ အဆင့်မြင့်လူများ၏ အာရုံကို ဆွဲဆောင်နိုင်ရုံမျှသာရှိသေးသည်။
တဘက်ကခန်းမသခင်ကတိုက်ခိုက်ပြီး သူတို့ခွန်အားကိုမြင်ရသောအခါမှသာလျှင် သူခိုး၀င်ရမလား၊ သို့မဟုတ် တခြားနည်းလမ်းတခုကို ရှာရမလားဆိုတာကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်။
တချိန်တည်းမှာပင် လျိုကျိယုက တဘက်လူကိုအချိန်ဆွဲထားနိုင်တာကပိုကောင်းသည်။
အမွေးတိုင်တစ်တိုင်စာထက်နည်းသည့် အချိန်တွင်ပင် မူလက ပူပြင်းနေသည့် ကောင်းကင်တခုလုံးတွင် အဝေးတနေရာမှ အနက်ရောင်ကန့်လန့်ကာတခုထွက်လာပြီး ကောင်းကင်တခုလုံးကို ဖြည်းဖြည်းချင်း ဖုံးပစ်သည်။
ညကျဆင်းလာသည့်အလား ကြယ်များက လေထဲတွင်ပေါ်လာပြီး အနက်ရောင်ကန့်လန့်ကာပေါ်၌ တွဲလွဲခိုနေကြ၏။
ကြယ်များပေါ်ရှိ မှိတ်တုတ်မှိတ်တုတ်အလင်းက မူလပူပြင်းသည့်နေကိုအစားထိုးကာ ကြယ်နတ်ဘုရားပိုင်နက်တခုလုံးတွင် ပျံ့နှံ့သွားစေသည်။
နတ်အင်ပါယာနယ်ပယ်ကျွမ်းကျင်သူ!
သူတို့တွင် ကမ္ဘာကြီးကိုပြောင်းပြန်လှန်နိုင်သည့် ကြောက်မက်ဖွယ်ရာစွမ်းအားရှိသည်။
သူတို့၏လှုပ်ရှားမှုတိုင်းက ကမ္ဘာကြီး၏ သဘာ၀ကိုသက်ရောက်သည်။
"ကြယ်နတ်ဘုရားခန်းမနှစ်ခုရဲ့ ခန်းမသခင်တွေရောက်လာပြီ"
လူတိုင်း၏အကြည့်များကပြောင်းသွားစဉ် ပြိုင်ကွင်းအပေါ်ကောင်းကင်၌ အော်ရာကို ချုပ်တည်းထားသည့် သာမန်အ၀တ်အစားနှင့်လူနှစ်ယောက်ရပ်နေသည်။
သူ့တို့အော်ရာကိုကြည့်မည်ဆိုပါက သူတို့က သာမန်လူများပမာ။ သို့စေကာမူ သူတို့၏လုပ်ရပ်တိုင်းက ကမ္ဘာကြီးရဲ့ သဘာ၀စွမ်းအားကိုသက်ရောက်စေသည်။
သို့စေကာမူ ကျင့်ကြံသူများစွာက သူတို့အား အတော်လေးလေးစားကြသည်။
"အရင်က သူက လျိုမိသားစုရဲပါရမီရှင် လျိုကျိယုလို့ လူသိများတာမလား"
ရထားကြယ်ဗိမာန်၏ခန်းမသခင်တဖြစ်လဲ နတ်အင်ပါယာနယ်ပယ်အစောပိုင်းအဆင့်ဖြစ်သည့် ပိုင်ဘိုယုက လျိုကျိယုမည်သူမည်ဝ်ဖြစ်ကြောင်းကို ချက်ချင်းမြင်ခဲ့သည်။
ဒါကလျိုမိသားစု၏ကိုယ်ပိုင်လက္ခဏာကြောင့်ပင်။ ပထမတန်းစားထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း၏ ခေါင်းဆောင်တဖြစ်လဲ သူက ဒီအချက်အလက်ကိုသိပေသည်။
ဒါ့အပြင်သူကပါရမီရှင်ဖြစ်နေလေရာ လျိုကျိယုဖြစ်ရပေမည်။
ထိုစကားကိုကြားသောအခါ လူတိုင်းကြက်သေသေသွားကြသည်။
လျိုကျိယု၏နာမည်ကမိုးကြိုးပစ်ချလိုက်သည့်အလားပင်။
အဘယ်ကြောင့်ဆိုသော် လျိုကျိယုက ကောင်းကင်သခင်အဆင့်ဂိုဏ်းတစ်ဂိုဏ်းမှ အကြီးအကဲတစ်ဦးက သူ့ကိုတပည့်အဖြစ် ယူဆောင်ချင်တာကို ငြင်းခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ထိုဂိုဏ်းက ကောင်းကင်သခင်အဆင့်ဂိုဏ်းဖြစ်ပြီး အဆင့်မြင့်ကြယ်နယ်မြေတခုလုံးထက် သာလွန်သည့်အင်အားစုတခုလည်းဖြစ်သည်။
တောင်ကြယ်ဗိမာန်၏ခန်းမသခင် နန်ယန်ကခပ်ပေါ့ပေါ့ပြုံးသည်။
"ဒါပေမယ့်အဲဒီနောက်မှာ သူ့အကြောင်း သတင်းတွေမရှိတော့ဘူး၊ လူတိုင်းက ဒီပြိုင်ဘက်ကင်းပါရမီရှင်က သေသွားပြီ ဒါမှမဟုတ် ဖျက်ဆီးခံလိုက်ရပြီလို့ထင်ခဲ့ကြတယ်"
"လျိုမိသားစုရဲ့စွမ်းအားက ငါတို့ထက်အများကြီးနိမ့်ကျတယ်ဆိုတာ မင်းသိသင့်တယ်"
လျိုကျိယုအံ့ဩသင့်ခြင်းမရှိဘဲ ပြုံးသည်။
"ဒါကကျုပ်ရဲ့ကိုယ်ပိုင်လုပ်ရပ်ပါ၊ လျိုမိသားစုနဲ့ ဘာမှမသက်ဆိုင်ပါဘူး"
"အကြောင်းရင်းကတော့ ခင်ဗျားတို့ရဲ့ ကြယ်နတ်ဘုရားဗိမာန်တော်က နာမည်နဲ့မကိုက်ညီဘူးလို့ ကျုပ်ခံစားမိလို့ပါ၊ ဒါမှမဟုတ် ခင်ဗျားတို့က ကြယ်နတ်ဘုရားဗိမာန်ဆိုတဲ့ နာမည်ကိုသုံးဖို့မထိုက်တန်တာလည်းဖြစ်ပါလိမ့်မယ်"
ဒီလှည့်စားသည့်ရှင်းပြချက်က မယုံနိုင်စရာကောင်းသော်လည်း လျိုကျိယု၏စကားလုံးများက ခန်းမသခင်နှစ်ဦးကို မျက်လုံးများ၌ သတ်ဖြတ်ခြင်းဆန္ဒများထွက်လာစေသည်။
"လူသေတယောက်နဲ့ ပေါက်ကရပြောနေစရာမလိုဘူး"
တောင်ကြယ်ဗိမာန်၏ ခန်းမသခင်နန်ယန်ပြောပြီးသည်နှင့်တပြိုင်နက် လျိုကျိယုထံ လက်ညိုးထိုးလိုက်သည်။
ရုတ်ချည်းဆိုသလို အနက်ရောင်ကန့်လန့်ကာအောက် ကောင်းကင်၌ ပြည့်နှက်နေသည့်ကြယ်များက လျိုကျိယုအား အမှန်တကယ်ရိုက်ခတ်လာသည်။
ကြယ်များက တခုပြီးတခုဧရာမဥက္ကာခဲများအဖြစ်ပြောင်းလဲသွားကြ၏။ ထို့နောက် တခုချင်းစီကပင် ကြယ်နတ်ဘုရားပိုင်နက်ကို တုန်ခါစေသည်။
အကယ်၍မြေပေါ်သို့သာကျလာပါက မြေကြီးက အကြီးအမားကွဲအက်သွားနိုင်သည်။
နောက်ဆက်တွဲလှိုင်းများကမူကီလိုမီတာသောင်းချီသောအကွာအဝေးအတွင်းရှိ သက်ရှိအားလုံးကိုဖျက်ဆီးပစ်ပေလိမ့်မည်။
နတ်အင်ပါယာနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်မလှုပ်ရှားပါကအဆင်ပြေသော်လည်း လှုပ်ရှားလာပ်က ကြယ်ပိုင်နက်က ပျက်စီးသွားပေလိမ့်မည်။
ဒါကြောင့်လည်း နတ်အင်ပါယာနယ်ပယ်နှင့် အထက်အဆင့်များက အလွယ်တကူ မတိုက်ခိုက်ရသည့်အကြောင်းရင်းဖြစ်သည်။
ဒါကိုမြင်သောအခါ လျိုကျိယု၏အမူအရာကအနည်းငယ်လေးနက်သွား၏။
သူက နတ်အင်ပါယာနယ်ပယ်ကိုရောက်ရန် ခြေလှမ်းတလှမ်းသာလိုတော့သော်လည်း ဒီခြေလှမ်းက အသူရာချောက်သဖွယ်ဖြစ်သည်။
စီနီယာလု သူ့ကိုအလျော်ပေးရန်သာ သူမျှော်လင့်မိတော့သည်။
လျိုကျိယုအကူအညီမဲ့စွာတွေးပြီးနောက် သူ့ကိုယ်ထဲက ဝိဉာဉ်ချီအားလုံးကို လှည့်ပတ်စေပြီး တိုက်ခိုက်ရန်အတွက် ဝိဉာဉ်ကိုပေါင်းစပ်လိုက်သည်။
ကောင်းကင်နှင့်မြေကြီးစွမ်းအားက သူ့လက်သီး၌စုဝေးလာစဉ် လက်သီးကိုလက်ဖဝါးချက်အဖြစ်ပြောင်းလဲကာ ရုတ်တရက်ရိုက်ချလိုက်၏။
မိုးကောင်းကင်၌ ဧရာမလက်ဖဝါးချက်တခုပေါ်လာပြီး ကြွေကျလာသည့်ဥက္ကာခဲနှင့်တိုက်မိသည်။
ရုတ်ချည်းဆိုသလိုကောင်းကင်နှင့်မြေကြီးကပေါက်ကွဲသွား၏။ ပတ်ပတ်လည်လေဟာနယ်က ချက်ချင်းပြိုကျသွားသည်။ အတွင်းဘက်ကနေ အာကာသမုန်တိုင်းတစင်းပင်လျှင် ပေါက်ကွဲသွားရသည်။
အဆောက်အအုံများ၊ သစ်တောများနှင့် တောင်များအနက် မည်သည့်အရာကမှ ဒီသဘာ၀ကပ်ဘေးကို ခံနိုင်ရည်မရှိပေ။
ချက်ချင်းပင်ဖျက်ဆီးခံလိုက်ရပြီး အမှုန်များအဖြစ်ပြောင်းလဲသွားကြ၏။ ထို့နောက် အာကာသတွင်းနက်ထဲတွင်စုပ်ယူခံရပြီး အာကာသဖုန်မှုန့်များဖြစ်သွားရသည်။
လျိုကျိယုမီတာများစွာနောက်ဆုတ်လိုက်ရသည်။ သို့စေကာမူ ဒီတိုက်ခိုက်မှုကို သူတားဆီးနိုင်ခဲ့သည်။
နန်ယန် ဒီမြင်ကွင်းကိုကြည့်ရင်း မျက်မှောင်ကြုတ်သည်။
"ပြိုင်ဘက်ကင်းပါရမီရှင်ဆိုတဲ့အတိုင်းပါပဲ၊ ကောင်းကင်သခင်ဂိုဏ်းရဲ့အကြီးအကဲတွေက မင်းကိုသဘောကျတာ အံ့ဩသင့်စရာမရှိတော့ပါဘူးလေ"
"ဒီလိုအချိန်တိုအတွင်းမှာ မင်းက နတ်အင်ပါယာတ၀က်နယ်ပယ်ကိုတောင်ရောက်နေပြီ"
လူတိုင်းအုတ်သောင်းအုတ်နင်းဖြစ်သွားကြသည်။
လျိုကျိယုအနည်းငယ်မတည်မငြိမ်ဖြစ်နေသော်လည်း ပြုံးနေသည်။
"ကြည့်ရတာကျုပ်ပြောတာမှန်နေပုံပဲ၊ ခင်ဗျားတို့တွေက တကယ်ပဲ ကြယ်နတ်ဘုရားဗိမာန်လို့ ခေါ်ဖို့မထိုက်တန်ဘူး"
နန်ယန်နှင့် ပိုင်ဘိုယုတို့၏အမူအရာများက မည်းမှောင်သွားကြ၏။
"မောက်မာလိုက်တာ"
နှစ်ဦးစလုံးက တချိန်တည်းမှာပင် လျိုကျိယုကိုတိုက်ခိုက်လိုက်ကြသည်။ သူခုခံရန်ပြင်လိုက်စဉ်မှာပင် သူ့နှလုံးသားအောက်ခြေမှ လုချန်ရှန်း၏အသံက ထွက်လာခဲ့သည်။
"ကောင်းပြီ၊ မင်းအရင်သွားလို့ရတယ်"
ထို့နောက်တွင်သာ လျိုကျိယုစိတ်သက်သာရာရစွာသက်ပြင်းချမိသည်။ သူကချက်ချင်းပင် လျှို့ဝှက်နည်းစနစ်ကို အသက်သွင်းကာ ထိုနေရာမှ ပျောက်ကွယ်သွားသည်။
နန်ယန်နှင့် ပိုင်ဘိုယုတို့၏မျက်နှာက မည်းမှောင်သွားကြသည်။
"သူ့ရဲ့စေ့ဆော်မှုကတကယ်ပဲဘာများလဲ"
"ငါလည်းမသိဘူး၊ တယောက်ယောက်ကို စုံစမ်းခိုင်းရတော့မယ်"
တခြားတဘက်တွင် လုချန်ရှန်းက ကြယ်နတ်ဘုရားဗိမာန်အပျက်အစီးများထဲသို့ စတင်ခိုး၀င်နေလေပြီ။
လျိုကျိယုတိုက်ပွဲဖြစ်စဉ်တွင် သူကပြိုင်ဘက်၏ခွန်အားကိုသိလိုက်ရသည်။
လျိုကျိယုပင်လျှင် မဖျက်ဆီးနိုင်လေရာ သူတို့၏ခွန်အားကိုပြောစရာပင်မလိုတော့။
သို့သော်လုချန်ရှန်းလောက်တော့ သေချာပေါက်မကောင်းပါ။
ဒါကအဆင့်မြင့်ကြယ်နယ်မြေက ပထမတန်းစားထိပ်တန်းဂိုဏ်းရဲ့ခေါင်းဆောင်တွေလား!
လုချန်ရှန်းအနည်းငယ်ခေါင်းခါယမ်းမိသည်။
ငါဘာလို့ခိုး၀င်နေရတာလဲ!
တဘက်လူ၏ခွန်အားအရ သူခိုး၀င်လျှင်ပင် သူ့ကိုရှာတွေ့မည်မဟုတ်ပေ။
ငါဘာလို့ပြဿာနာများများရှာမိရတာလဲ!
စာလိပ်ကသဲလွန်စများအတိုင်းပင် လုချန်ရှန်း ကြယ်နတ်ဘုရားဗိမာန်၏ အနက်ဆုံးအပိုင်းသို့ပျံသန်းသွားသည်။
အနီးအနားက အဆောက်အအုံများက ပျက်စီးနေလေပြီ။
သို့စေကာမူ လုချန်ရှန်းရပ်လိုက်သောအခါ သူ့ရှေ့က အဆောက်အအုံက အတော်လေး အကောင်းအတိုင်းရှိနေသေးပုံပင်။
ဧရာမဗိမာန်ကြီးက ကြယ်တာယာကောင်းကင်ထိ ထိုးတက်နေပြီး ခရမ်းကြယ်ရောင်က ၎င်းပတ်လည်၌ ကွင်းတစ်ကွင်းဖန်တီးရင်း အဆုံးမဲ့ကြယ်တာယာအလင်းများကို ထုတ်လွှတ်နေသည်။
ငါရောက်လာပြီပဲ!
အပိုင်း(579) coming။