#ဆန်းကြယ်သောပုံရိပ်ယောင်#
Vol. 41 Ch. 579
အမှောင်နယ်မြေကပေးခဲ့သည့်သဲလွန်စများအရ ကြယ်ဝိဉာဉ်အနှစ်သာရ၏တည်နေရာက မသေချာပေ။
ထို့ကြောင့် သူကြယ်ဝိဉာဉ်အနှစ်သာရတည်နေရာကိုသိလိုပါက ၎င်းနှင့်ဆက်စပ်တာတခုခုကို အရင်ရှာရန်လိုအပ်သည်။
ကြယ်နတ်ဘုရားဗိမာန်အပျက်အစီး၏ အနက်ပိုင်းရှိ ကြယ်နတ်ဘုရားဥက္ကာသံခဲတွင် ကြယ်အနှစ်သာ၏အော်ရာပါ၀င်သည်။
သူကြယ်နတ်ဘုရားဥက္ကာသံခဲကိုရပြီး ၎င်း၏အော်ရာကို ပိုင်ဆိုင်နိုင်သရွေ့ ကြယ်ဝိဉာဉ်အနှစ်သာရတည်နေရာကို ခြေရာခံရန် အခွင့်အလမ်းတခုရှိသည်။
မည်သည့်အတွက်ကြောင့် အမှောင်နယ်မြေကဒီသဲလွန်စကိုသိပြီး ကြယ်အနှစ်သာရကို ရှာချင်ခဲ့သော်လည်း မအောင်မြင်ခဲ့ရလေသနည်း။
အမှောင်နယ်မြေ၏ခွန်အားအရ ကြယ်နတ်ဘုရားဗိမာန်နှစ်ခုကိုကြောက်နေစရာမလိုပေ။
အမှောင်နယ်မြေ၏ဆက်သွယ်မှုများအရ ၎င်း၏ခွန်အားတခုကတည်းကပင် ပထမတန်းစားအင်အားစုနှစ်ခု၏ ကြယ်နတ်ဘုရားဗိမာန်ကို ဖိနှိပ်ရန် လုံလောက်နေပါပြီ။
တချိန်တည်းမှာပင် သူတို့တွင် ကြီးမားသည့်ဆက်သွယ်ရေးကွန်ရက်တခုလည်းရှိသည်။
ကြယ်နတ်ဘုရားဗိမာန်နှစ်ခုကိုကိုင်တွယ်ရန်အတွက် တစ်စုံတစ်ယောက်ကိုရှာရန် ငွေအနည်းငယ်အသုံးပြုခြင်းထက် လွယ်ကူတာမရှိတော့ပေ။
အမှောင်နယ်မြေ၏ ထောက်လှမ်းရေးစွမ်းရည်နှင့် ဆက်သွယ်မှုများအရ မည်သူကများ သူတို့ဆီကနေ ကျေးဇူးကြွေးတခုကို ရရန်အတွက် မလုပ်ချင်ဘဲနေမည်နည်း။
အမှောင်နယ်မြေက ကြယ်နတ်ဘုရားဥက္ကာသံခဲဆီသို့လူများစေလွှတ်ခဲ့ပြီးဖြစ်သည်။
သို့စေကာမူ ထိုသေစေလောက်သည့်ချို့ယွင်းချက်က အမှောင်နယ်မြေဥ၌ မည်သူကမှ ကြယ်နတ်ဘုရားဥက္ကာသံခဲ၏ အော်ရာကို မထုတ်ယူနိုင်ကြပေ။
အမှောင်အဆင့်ကျောက်ပြားထဲက အဖိုးအိုပင်လျှင် အတူတူဖြစ်သည်။
ထိုအချိန်တွင် လုချန်ရှန်း ကြယ်နတ်ဘုရားဗိမာန်၏ ပင်မခန်းမသို့၀င်လာသည်။
ခန်းမက တခြားခန်းမများနှင့်ကွာခြားပြီး နောက်ကွယ်၌ နောက်ထပ်လျှို့ဝှက်ဆန်းကြယ်မှုတခုရှိနေပြန်သည်။
ဒီအရာများက အခန်းများ၊ သို့မဟုတ် စင်္ကြန်လမ်းများမဟုတ်ကြပါ။
၀င်ပြီးနောက် လုချန်ရှန်းပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ဒါက ခရမ်းကြယ်များဖြင့် ပြည့်နှက်နေသည့် ကြယ်တာယာကောင်းကင်တခုဖြစ်ပြီး ပကတိမျက်စိနှင့်ဆိုပါက အကန့်အသတ်မဲ့နေလေသည်။
ဒါကိုမြင်ပြီးနောက် လုချန်ရှန်းမျက်လုံးမှိတ်လိုက်၏။
သူ့နတ်အသိစိတ်က ပင့်ကူအိမ်ကဲ့သို့ပင် နေရာအနှံ့သို့ပေါက်ကွဲသွားပြီး ကြယ်တာယာကောင်းကင်တခုလုံးကိုဖြတ်သန်းသွား၏။
ခရမ်းကြယ်များက လုချန်ရှန်း၏နတ်အသိကို ခံစားမိပုံရပြီး ချက်ချင်းဆိုသလို ခရမ်းအလင်းတခုက်ု ထုတ်လွှတ်သည်။။
ခရမ်းအလင်းက ဖိနှိပ်ရန်နှင့် တံဆိပ်ခတ်နိုင်သည့်စွမ်းအားဖြင့်ပြည့်နှက်နေသည်။ ၄င်းက လုချန်ရှန်း၏နတ်အသိကို ဖိနှိပ်ချင်သည်။
သို့စေကာမူ လုချန်ရှန်း၏နတ်ဝိဉာဉ်ခွန်အားကို ဒီစည်းတံဆိပ်စွမ်းအားနှင့် ၎င်းက မည်သို့မည်ပုံဖိနှိပ်နိုင်မည်နည်း။
ကြည်လင်နေသည့်ဝိဉာဉ်စွမ်းအင်လေးက ခရမ်းအလင်းဖန်သားပြင်အား ဘာမှမဟုတ်သည့်အလား ဖြတ်ကျော်ကာ လူမနေထိုင်သည့်နေရာတခုကို ၀င်သွားသည့်ပမာ ပတ်၀န်းကျင်အား ကသုတ်ကပျာရှာနေလေသည်။
မိနစ်အနည်းငယ်အတွင်းမှာပင် လုချန်ရှန်းနတ်အသိကို ရုပ်သိမ်းပြီး မျက်လုံးများကို ဖွင့်ရင်း မြောက်ဘက်သို့ပျံသန်းသွားသည်။
အကန့်အသတ်မဲ့ကြယ်တာယာကောင်းကင်နှင့် မရေမတွက်နိုင်လောက်သည့်ကြယ်များကို ဖြတ်သန်းလာပြီးနောက် ဥက္ကာခဲအရွယ် ပုံမှန်မဟုတ်သည့်ခရမ်းရောင်ပစ္စည်းတခုက လုချန်ရှန်းရှေ့တွင် ပေါ်လာသည်။
"ဒါကကြယ်နတ်ဘုရားဥက္ကာသံခဲဖြစ်ရမယ်"
လုချန်ရှန်း လက်ကိုဥက္ကာသံခဲပေါ်တင်လိုက်သည်။ ဖိနှိပ်မှုက လုချန်ရှန်းကိုယ်ထဲ ၀င်အံ့ဆဲဆဲတွင် ကြောက်မက်ဖွယ်ရာအရာတခုကိုမြင်ခဲ့သည့်အလား ၀င်ပြီးသည်နှင့် တပြိုင်နက် ချက်ချင်းတုန်ယင်စွာ ဆုတ်ခွာသွားသည်။
လုချန်ရှန်းဒါကိုသတိမထားမိပေ။ သူကြယ်ဝိဉာဉ်အနှစ်သာရအော်ရာကို ဖမ်းဆုပ်မိရန်အတွက် သူ့အာရုံကို ကြယ်နတ်ဘုရားဥက္ကာသံခဲပေါ်တွင်သာ အပြည့်အ၀ပို့ထားသည်။
"ဟမ်၊ ဒီဥက္ကာသံခဲကသိပ်မကောင်းပုံပဲ...၊ သဲလွန်စတွေအရဆိုရင် ဒီဥက္ကာသံခဲက လက်နက်တွေသွန်းလုပ်ဖို့အတွက် ပစ္စည်းကောင်းတခုဖြစ်သင့်တာမလား၊ ဘာလို့ ရှောင်လုရဲ့ကျိုးသွားတဲ့အကိုင်းခက်လေးလောက်တောင် အားမကောင်းရတာလဲ"
လုချန်ရှန်းခေါင်းခါယမ်းရင်း ဆက်လက်အာရုံခံနေသည်။
ဥက္ကာသံခဲအတွင်း လှည့်လှည်နေသည့် ခရမ်းရောင်နဂါးလေးတကောင်ကဲ့သို့ လင်း၀င်းနေသည့် အော်ရာတခုရှိသည်။
ဒါကကြယ်အနှစ်သာရရဲ့အော်ရာလား!
ဒါကိုတွေးမိသောအခါ လုချန်ရှန်း နတ်အသိဖြင့် ဖမ်းယူရန်ကြိုးစားလိုက်၏။
သို့စေကာမူ ခရမ်းရောင်နဂါးလေးက လင်းနို့တကောင်အလား နတ်အသိဖြင့် ဖွဲ့စည်းထားသည့် လက်ကြီးကိုဖြတ်သန်းသွားသည်။
လုချန်ရှန်းအနည်းငယ်အံ့ဩသင့်သွားသည်။
ဒီကောင်လေးက ဖမ်းဖို့အတော်လေးခက်ခဲတာပဲ!
သူနတ်အသိများကိုပြန်လည်စုစည်းကာ ခရမ်းရောင်နဂါးကို ဆက်လက်ဖမ်းနေသည်။
တချိန်တည်းမှာပင် လုချန်ရှန်း ဧရာမကွန်ရက်တခုကိုရက်ရန်အတွက် နတ်အသိကို အသုံးပြုလိုက်သည်။
၎င်းကခရမ်းရောင်နဂါးထွက်ပြေးခဲ့သည့် နေရာတခုလုံးကို လုံး၀လွှမ်းခြုံပစ်သည်။
ခရမ်းရောင်နဂါးလေးက ဒါကိုမြင်သောအခါ ဧရာမကွန်ရက်အား တိုက်မိပြီး နောက်သို့လွင့်စင်သွားရသည်။
လုချန်ရှန်းလက်သီးဆုပ်ရင်း လက်ထဲတွင် ထိုအော်ရာအမျှင်စလေးကိုဖမ်းလိုက်၏။
သူကြယ်နတ်ဘုရားဥက္ကာသံခဲကို ဆုပ်ကိုင်ပြီး အသိစိတ်ပင်လယ်ထဲပို့လွှတ်လိုက်သည်။
အကယ်၍ အမှောင်နယ်မြေကလူများသာ ဒီမြင်ကွင်းကိုမြင်မည်ဆိုပါက သူတို့သေချာပေါက်ထိတ်လန့်သွားကြပေလိမ့်မည်။
သူတို့က အမှောင်နယ်မြေက အင်အားစုအားလုံးကိုဆော်ဩခဲ့သည့်တိုင် ကြယ်ဝိဉာဉ်အနှစ်သာရ၏ ဒီအော်ရာအမျှင်စလေးကို မထိန်းချုပ်နိုင်ခဲ့ကြပေ။
သူတို့က နှစ်ပေါင်းရာချီ၊ ထောင်ချီပင် အသုံးပြုခဲ့ကြသည်။
သို့သော် လုချန်ရှန်းကရော!
သူကအချိန်တိုအတွင်း အလွယ်တကူဖမ်းနိုင်ခဲ့ပြီး ဒါကလုံး၀ခက်ခဲပုံမပေါ်ပေ။
လုချန်ရှန်းဒီမှာတင်မရပ်ဘဲ ကြယ်အနှစ်သာရကို လမ်းညွှန်အဖြစ် ချက်ချင်းအသုံးပြုသည်။ ထို့နောက် ထိုအော်ရာစီးဆင်းသွားသည့်နေရာသို့လိုက်ရန်အတွက် နတ်အသိကိုအသုံးပြုလိုက်သည်။
ထိုအော်ရာအမျှင်စလေးက အလျင်အမြန်စီးဆင်းသွားစဉ် လုချန်ရှန်း၏နတ်အသိကလည်း နောက်ကနေ အနီးကပ်လိုက်ပါလာသည်။
တခဏအကြာတွင် သူတို့က မရေမတွက်နိုင်လောက်သည့်နယ်မြေများစွာကိုဖြတ်သန်းရင်း ရက်တစ်၀က်ခန့်ကုန်ဆုံးသွားခဲ့သည်။
လုချန်ရှန်းဆွံအစွာမျက်လုံးဖွင့်လိုက်မိသည်။
တကယ်တမ်းတွင် ကြယ်ဝိဉာဉ်အနှစ်သာ၏တည်နေရာက သူ့အိမ်အ၀င်၀တွင်ဖြစ်ပြီး အဆင့်နိမ့်ကြယ်နယ်မြေနှင့် အလယ်အလတ်အဆင့်ကြယ်နယ်မြေကြားက ကြယ်နယ်မြေအတားအဆီးတွင်ဖြစ်သဘ်။
ငါနဲ့ဆော့ကစားနေတာလား!
လုချန်ရှန်းခေါင်းခါယမ်းရင်း ကြယ်နတ်ဘုရားဗိမာန်အပျက်အစီးထဲကနေ ထွက်လာသည်။
သူကြယ်နတ်ဘုရားဥက္ကာသံခဲကို မယူခဲ့ပါ။ ဒါက မိုးမခကိုင်းလောက်အသုံးမ၀င်ပေ။ မည်သည့်အတွက်ကြောင့်သူသုံးရမည်နည်း။
လုချန်ရှန်းထွက်သွားပြီးနောက် ကြယ်တာယာကောင်းကင်အောက်တွင် ပုံရိပ်တခုက ကြယ်နတ်ဘုရားဥက္ကာသံခဲဘေးတွင် ဖြည်းဖြည်းချင်းလွင့်မြောလာပြီး လုချန်ရှန်းထွက်သွားရာဘက်သို့ လေးနက်သည့်အမူအရာဖြင့်ကြည့်နေသည်။
"ဒီလူကဘယ်သူလဲ....၊ သူဘာလို့ ကြယ်ဝိဉာဉ်အနှစ်သာရအော်ရာကို ဒီလိုအလွယ်တကူယူဆောင်နိုင်ရတာလဲ"
"ငါဒီမှာ နှစ်တသောင်းကြာတရားထိုင်နေတာတောင် ဘာတိုးတက်မှုမှမရှိသေးဘူး၊ ငါဒါနဲ့ ရင်းချာမှုမရှိဘူးလို့ဆိုလိုနေတာလား"
ပုံရိပ်ယောင်လူက ခေါင်းခါယမ်းရင်း ခါးသီးစွာပြုံးကာသက်ပြင်းချသည်။
ထို့နောက် သူအလင်းတန်းတခုအဖြစ် ပြောင်းလဲသွားပြီး ကြယ်နတ်ဘုရားဗိမာန်အပျက်အစီးထဲကနေ ပြေးထွက်လာသည်။
လုချန်ရှန်းမှလွဲ၍ ကြယ်နတ်ဘုရားဗိမာန်နှစ်ခုက မည်သည့်အဆင့်မြင့်ပုဂ္ဂိုလ်မှ ဒါကို သတိမထားမိကြပေ။
လုချန်ရှန်းသတိထားမိသော်လည်း တဘက်လူတွင် မည်သည့်မကောင်းသည့်ရည်ရွယ်ချက်မှမရှိလေရာ သူဘာမှမပြောသလို မပေါ်လာခဲ့သည့်အလား မှတ်ယူလိုက်၏။
ထိုသူက သူ့တည်ရှိမှုကို မရှာတွေ့သွားစေချင်သဖြင့် ဘာလို့ဒုက္ခခံနေရတော့မည်နည်း။
လုချန်ရှန်း ကြယ်နတ်ဘုရားဗိမာန်အပျက်အစီးကနေ ထွက်လာပြီးနောက် လျိုကျိယုနှင့်အမြန်ပင် တွေ့ဆုံသည်။
လျိုကျိယု လုချန်ရှန်းအားကြည့်ရင်းမေးသည်။
"စီနီယာလု၊ ခင်ဗျားရလာခဲ့လား"
ထိုစကားကိုကြားသောအခါ လုချန်ရှန်းခေါင်းညိတ်သည်။
"ခင်ဗျားကြယ်ဝိဉာဉ်အနှစ်သာရရဲ့တည်နေရာကိုတွေ့ခဲ့လား"
လုချန်ရှန်းခါးသီးစွာပြုံးသည်။
"အဲဒါက အဆင့်နိမ့်ကြယ်နယ်မြေနဲ့ အလယ်အလတ်အဆင့်ကြယ်နယ်မြေကြားက ကြယ်နယ်မြေအတားအဆီးထဲမှာပဲ"
ထိုစကားကိုကြားသောအခါ လျိုကျိယုကြက်သေသေသွားသည်။
"အမှောင်နယ်မြေက ဒါကိုရှာမတွေ့တာ အံ့ဩသင့်စရာမရှိတော့ပါဘူးလေ"
"ကြယ်နယ်မြေအတားအဆီးဆိုတာက မတူညီတဲ့ဂိုဏ်းအသီးသီးက မချိုးဖျက်န်ိုင်တဲ့နေရာတခုလည်းဖြစ်သေးတယ်"
လုချန်ရှန်းကလည်းစိတ်ရှုပ်ထွေးနေသည်။
ဘာလို့ဒီကြယ်အနှစ်သာရက ကြယ်နယ်မြေအတားအဆီးထဲမှာရှိရတာလဲ!
ကြယ်နယ်မြေအတားအဆီးနှင့် ကြယ်ဝိဉာဉ်အနှစ်သာရကြားက ဆက်စပ်မှုက ဘာများလဲ!
ဒါမှမဟုတ် ဒီကြယ်နယ်မြေအတားအဆီးက ကောင်းကင်သခင်လို့ခေါ်ကြတဲ့လူတွေတောင် မမြင်နိုင်တဲ့ ဘယ်လိုလျှို့ဝှက်ချက်မျိုးတွေကို သယ်ဆောင်ထားတာလဲ!
လုချန်ရှန်းခေါင်းခါယမ်းသည်။
အရမ်းကြီးတွေးနေတာကအသုံးမ၀င်ပေ။
ကြယ်ဝိဉာဉ်အနှစ်သာရကို ရရန်ပိုအရေးကြီးသည်။
"ကောင်းပြီ၊ ဖြုန်းတီးဖို့အချိန်မရှိတော့ဘူး၊ သွားကြရအောင်"
လျိုကျိယုပြုံးရင်းခေါင်းညိတ်သည်။
သူတို့နှစ်ယောက်ထွက်သွားပြီးနောက် သတိမမူမိသည့် ကြယ်နတ်ဘုရားဗိမာန်နှစ်ခုက လျိုကျိယု၏ ခြေရာများကိုရှာနေဆဲပင်။
အပိုင်း(580) coming။