← Chapters

#ကြယ်နယ်မြေအတားအဆီး၏လျှို့ဝှက်ချက်#

Vol. 41 Ch. 580

#ကြယ်နယ်မြေအတားအဆီး၏လျှို့ဝှက်ချက်#

Vol. 41 Ch. 580

ကြယ်နယ်မြေတခုလုံးတွင် မဖော်ထုတ်၊ မစူးစမ်းရသေးသည့် လျှို့ဝှက်ချက်ကြီးလေးခုရှိသည်။

ပထမတခုက ကောင်းကင်သခင်အဆင့်ဂိုဏ်းကပင်လျှင် သေမျိုးကျေးရွာကို၀င်သောအခါ လေးစားမှုရှိရမည်။

ဒုတိယက အမှောင်နယ်မြေ၏ အချက်အလက်စုဆောင်းနိုင်စွမ်းက အမြဲလိုလိုဆန်းကြယ်မှုတခုဖြစ်နေခဲ့ပြီး အမှောင်နယ်မြေကဘယ်လိုလုပ်သလဲဆိုတာ မည်သူမှမသိကြပါ။

တတိယက ကမ္ဘာကြီးကိုစတင်ဖန်တီးစဉ်ကတည်းက ပေါက်ဖွားလာခဲ့သည့် နတ်ပစ္စည်းများပင်။ ကြယ်ဝိဉာဉ်အနှစ်သာရက ဒီထဲတွင်ပါ၀င်သည်။

စတုတ္ထက ကြယ်နယ်မြေအတားအဆီးပင်။

အဆင့်နိမ့်ကြယ်နယ်မြေမှ အလယ်အလတ်အဆင့်ကြယ်နယ်မြေသို့ ကြယ်နယ်မြေအတားအဆီးဖြစ်စေ၊ အလယ်အလတ်အဆင့်ကြယ်နယ်မြေမှ အဆင့်မြင့်ကြယ်နယ်မြေသို့ဖြစ်စေ ကောင်းကင်သခင်အဆင့်ဂိုဏ်းများအပါအ၀င် မရေမတွက်နိုင်လောက်သည့်ကျွမ်းကျင်သူများက စုံစမ်းစစ်ဆေးရန်အတွက်သွားခဲ့သည်။

သို့စေကာမူ သူတို့ကတည်ဆောက်ပုံကို မခန့်မှန်းနိုင်ခဲ့ကြပေ။

တချို့လူများက ဒါကအစီအရင်တခုဟုပြောကြပြီး တချို့ကမူ ဒါကကမ္ဘာကြီးကို စတင်ဖန်တီးစဉ်ကတည်းက ကျန်ရစ်ခဲ့သည့်အရာတခုဟုဆိုကြသည်။

သို့စေကာမူ ဒီအဆိုပြုချက်နှစ်ခုစလုံးက သက်သေ‌အထောက်အထားမရှိပါ။

နှစ်သောင်းချီကြာရှာဖွေခဲ့သည့်တိုင် ကောင်းကင်သခင်အဆင့်ဂိုဏ်းများပင်လျှင် အဖြေကိုမရှာနိုင်ခဲ့ကြချေ။

ထို့ကြောင့် ယခုမည်သူမှ စုံစမ်းစစ်ဆေးရန်အတွက် မသွားကြတော့။

လုချန်ရှန်း အဆင့်နိမ့်ကြယ်နယ်မြေနှင့် အလယ်အလတ်အဆင့်ကြယ်နယ်မြေကြားသို့ရောက်လာသည်။

ကြယ်ဝိဉာဉ်အနှစ်သာရအော်ရာက ဒီနေရာသို့တိုက်ရိုက်ဦးတည်နေခဲ့ပြီး အတားအဆီးကိုရောက်လာသောအခါ လမ်းညွှန်ချက်က ပျောက်ကွယ်သွားရသည်။

လျိုကျိယု ဒီမြင်ကွင်းကိုကြည့်ရင်း စိတ်ရှုပ်ထွေးစွာမေးသည်။

"စီနီယာလု၊ ကြယ်နယ်မြေအတားအဆီးဆိုတာက ဖြတ်ကျော်ဖို့အတွက်ပဲသုံးတာမလား၊ ဘာလို့ကြယ်ဝိဉာဉ်အနှစ်သာရကို အထဲမှာ ဝှက်ထားရတာလဲ"

လုချန်ရှန်းတွင် အဖြေမရှိသလို အဖြေရှာရန်အတွက်လည်း သူမအောင်မြင်ခဲ့ပါ။

ကြယ်နယ်မြေအတားအဆီးက ထူးဆန်းပုံမရသလို ကြယ်နယ်မြေနှစ်ခုအကြားက အတားအဆီးတခုသာဖြစ်သည်။

အကယ်၍အပေါ်တက်ချင်ပါက ကြယ်နယ်မြေကျောက်စိမ်းတံဆိပ်ကိုဖြစ်စေ အကြွင်းမဲ့ခွန်အားဖြင့် ချိုးဖျက်၍ဖြစ်စေ ဒါကိုသာအားကိုးနိုင်သည်။

မည်သည့်အတွက်ကြောင့် ကြယ်ဝိဉာဉ်အနှစ်သာရက ကြယ်နယ်မြေအတားအဆီးထဲတွင် ရှိနေရလေသနည်း။

ကြယ်နတ်ဘုရားဥက္ကာသံခဲထဲကအော်ရာက သံသယမရှိ ကြယ်အနှစ်သာရ၏အော်ရာဖြစ်သည်။

ထိုအော်ရာ၏ လမ်းညွှန်မှုက ဘာတခုမှမှားယွင်းနေခြင်းမရှိပါ။

ကြယ်နယ်မြေအတားအဆီးထဲတွင် ကောင်းကင်၌ အပေါက်တစ်ပေါက်ရှိသည်။

ဒီလိုဆိုမှတော့ ကြယ်နယ်မြေအတားအဆီးထဲတွင် လုံး၀ကွဲပြားသည့်ကမ္ဘာတခုရှိရပေမည်။

သို့သော်သူမည်သို့၀င်ရမည်နည်း။

လုချန်ရှန်းညာလက်ကိုဆန့်ပြီး အတားအဆီးပေါ်၌ အပေါက်တစ်ပေါက်ဖောက်လိုက်သည်။ ထို့နောက်ရှေ့တလှမ်းလှမ်းလိုက်၏။

လျိုကျိယုကဒါကိုကျင့်သားရနေပြီဖြစ်ကာ အမြန်လိုက်သွားသည်။

နှစ်ဦးသားပြန်ပေါ်လာသောအခါ ကြယ်နယ်မြေအတားအဆီးကိုဖြတ်ကျော်ပြီး အဆင့်နိမ့်ကြယ်နယ်မြေကိုရောက်လာကြသည်။

လုချန်ရှန်းမျက်မှောင်ကြုတ်လိုက်၏။

သူမျှော်လင့်ထားသည့်အတိုင်းဖြစ်နေဆဲပင်။

အကယ်၍ ဒီကြယ်နယ်မြေအတားအဆီးကသာ အမှန်တကယ်လုံး၀ကွဲပြားသည့်ကမ္ဘာတခုဖြစ်နေပါက ကျွမ်းကျင်သူတစ်ယောက်ကို ဘာအော်ရာမှမခံစားရစေဘဲ တခြားတဘက်သို့ မည်သို့မည်ပုံပြောင်းရွေ့ပေးနိုင်သနည်း။

ကောင်းကင်သခင်အဆင့်ဂိုဏ်းက ကျွမ်းကျင်သူတွေကလည်း ဒါကို အာရုံမခံနိုင်လောက်ကြဘူးမလား!

ခနနေဦး!

အဝေးကိုပို့ဆောင်ခြင်းလား!

မှန်ပေသည်။ ကြယ်နယ်မြေအတားအဆီးထဲတွင် တခြားကမ္ဘာတခုရှိနေပါက တခြားလမ်းကြောင်းများရှိနေပါက အပြင်လူများ အတားအဆီးကိုဖြတ်သောအခါ သူတို့ တိုက်ရိုက်ဖြတ်ကျော်ပြီး တခြားနေရာကို ရောက်သွားကြပေလိမ့်မည်။

ထို့ကြောင့်လုပ်နိုင်သည့်တခုတည်းသောအရာက အဝေးသို့ပို့ဆောင်ခြင်းပင်။

အဝေးသို့ပို့ရန်နည်းလမ်းနှစ်ခုရှိသည်။

တွင်းနက်ကရှေးနောက်ရွေ့လျားနေသည်။ သူတွင်းနက်ကိုဖြတ်သန်းလာစဉ် သူ့အဖို့ ဒါကိုသတိမထားမိရန်ဟူသည်မဖြစ်နိုင်ပေ။

လုချန်ရှန်းက လေဟာနယ်တာအိုနိယာမတွင်အတော်လေးကျွမ်းကျင်သည်။

ဒါက လေဟာနယ်ပို့ဆောင်ခြင်းအစီအရင်ဖြစ်သည်။

ဒါ့အပြင် လေဟာနယ်၏အော်ရာကိုဖုံးကွယ်ထားသည့် ပို့ဆောင်ရေးအခင်းအကျင်းတခုလည်းဖြစ်သည်။

လုချန်ရှန်းအတားအဆီးကိုပြန်ဖွင့်ရင်း ဒါကိုတွေးကာ အထဲ၀င်လိုက်သည်။

လျိုကျိယုတိတ်ဆိတ်စွာလိုက်သွား၏။

ဒါကိုမခံစားနိုင်သေးခင်မှာပင် သူတို့က အလယ်အလတ်အဆင့်ကြယ်နယ်မြေသို့ ရောက်လာကြသည်။

ထို့နောက် လုချန်ရှန်းကြယ်နယ်မြေအတားအဆီးက ဆက်၍ဖြတ်ကျော်သည်။

စက်၀န်းက ရှေ့နောက်ထပ်ဖြစ်နေပြီး ဆယ်ကြိမ်ကြာပြီးနောက် လျိုကျိယုမလိုက်တော့ပါ။

လုချန်ရှန်း မိန်းမောတွေဝေစွာ ရှေ့နောက်လျှောက်နေသည်။

နောက်ဆုံးတွင် လုချန်ရှန်း အလယ်အလတ်အဆင့်ကြယ်နယ်မြေသို့ ထပ်မံရောက်လာပြီးနောက် ရပ်သွားသည်။

လျိုကျိယုအလျင်အမြန်မေးသည်။

"စီနီယာလု၊ တခုခုရှာတွေ့ခဲ့လား"

လုချန်ရှန်းပြုံးသည်။

"အခုငါကြယ်နယ်မြေအတားအဆီးရဲ့ မူဝါဒကိုသိလိုက်ပြီ"

ရာချီစွာဖြတ်သန်းပြီးနောက် သူက ကြယ်နယ်မြေနှစ်ခုကိုဖြတ်ကျော်ရသည့် ကြယ်နယ်မြေအတားအဆီး၏ လျှို့ဝှက်ချက်ကို နောက်ဆုံးတွင်သိသွားခဲ့လေပြီ။

ဒါက လုချန်ရှန်းမှန်တာကိုသက်သေပြသည်။

ထို့ထဲတွင် အမှန်တကယ်ပင် လေဟာနယ်ပို့ဆောင်ခြင်းအခင်းအကျင်းရှိပြီး တခုတင်မဟုတ်ဘဲ နှစ်ခုရှိနေသည်။

အဆင့်နိမ့်ကြယ်နယ်မြေနှင့် အလယ်အလတ်အဆင့်ကြယ်နယ်မြေတို့၌ တခုချင်းစီတွင် အလွန်အမင်းပုန်းကွယ်နေသည့် လေဟာနယ်ပို့ဆောင်ခြင်းအခင်းအကျင်းတခုစီရှိသည်။

ပို့ဆောင်ခြင်းအခင်းအကျင်း၏အော်ရာကို ဖမ်းဆုပ်မိရန်အတွက် လုချန်ရှန်းပင်လျှင် အကြိမ်တစ်ရာကျော်သွားခဲ့ရသည်။

ယခုတကြိမ်တွင်မူ သူမခွဲဘဲ ယင်းအစား သူ့တကိုယ်လုံးကိုဖုံးရန်အတွက် လေဟာနယ်တာအိုနိယာမကိုအသုံးပြုသည်။

ထို့နောက် လျိုကျိယုအားကြည့်လိုက်၏။

"ဒီတကြိမ်ငါ့နောက်ကမလိုက်ခဲ့နဲ့၊ ထာ၀ရသက်တမ်းကမ္ဘာကိုပြန်သွားပြီး ငါကြယ်နယ်မြေအတားအဆီးထဲကို ၀င်သွားပြီလို့ မိုးမခပင်ကိုပြောလိုက်"

ဒါကပထမဆုံးအကြိမ် လုချန်ရှန်း၏ လေးနက်သည့်အမူအရာကိုသူမြင်ရခြင်းပင်။

သူ့နှလုံးသားကတုန်ယင်သွားခဲ့သည်။

ပုံမှန်ဆိုပါက လုချန်ရှန်းက အတော်လေးအေးဆေးတတ်သူဖြစ်သည်။

ဒါ့အပြင် သူတခုခုကိုမလုပ်ခင် ပြိုင်ဘက်က သူ့ထက်အများကြီးအားနည်းလျှင်ပင် သူတို့အဆင့်များက လုံး၀ကွာခြားနေလျှင်ပင် အကြောင်းရင်းနှင့်အကျိုးဆက်ကို စဉ်းစားတတ်သည်။

သူကဒါကိုအချိန်အကြာကြီးတွေးပြီးမှသာ လှုပ်ရှားလေ့ရှိသည်။ ဒါကလည်း သူ့တွင် လှုပ်ရှားရန်မှလွဲ၍ တခြားရွေးချယ်စရာ အခွင့်အရေးမရှိတော့သည့် အခြေအနေတွင်ဖြစ်သည်။

မလိုအပ်ပါက လုချန်ရှန်းလုံး၀ကူညီမည်မဟုတ်ပေ။

သို့စေကာမူ လုချန်ရှန်းတွင် ယခု၌ လေးနက်သည့်အမူအရာတခုရှိနေပြီး အမည်မသိပိုင်နက်ကိုသွားရန်အတွက် သွားရန်အသင့်ဖြစ်နေသည်။

တကယ်တမ်းတွင် ဒါက ကောင်းကင်သခင်အဆင့်ဂိုဏ်းများပင်လျှင် မရှာဖွေနိုင်သည့် ပိုင်နက်များဖြစ်ကြသည်။

လျိုကျိယုအံ့ဩသွားရသော်လည်း သူဘာတခုမှမပြောရဲတော့ပါ။

သို့စေကာမူ လုချန်ရှန်းက သေချာပေါက် ဆရာကောင်းတယောက်ဖြစ်သည်။

သူ့တပည့်၏ကံကြမ္မာအတွက် သူက ဆင်ခြင်တုံတရား၏ အခြေခံကိုပင် ချိုးဖျက်ခဲ့သည်။

ဒါကိုတွေးမိသောအခါ လျိုကျိယု၏အမူအရာကလေးနက်သွား၏။ သူလေးနက်စွာ ဦးညွတ်ရင်း လက်သီးနှစ်ဖက်ဆုပ်ကာ ခေါင်းပေါ်တင်ပြီး တီးတိုးပြောသည်။

"ကျွန်တော်သေချာပေါက်ပြီးမြောက်အောင်လုပ်ပါမယ်၊ စီနီယာ၊ ကျေးဇူးပြုပြီးဂရုစိုက်ပါ"

လုချန်ရှန်းခေါင်းညိတ်သည်။

ထို့နောက်သူလက်ကိုမြှောက်လိုက်စဉ် ပတ်ပတ်လည်က လေဟာနယ်စွမ်းအားများက လုချန်ရှန်းလက်ဖဝါးပေါ်၌ စတင်စုစည်းလာသည်။

သူလက်ဖဝါးဖြင့်ရိုက်ချလိုက်သည်။

ရုတ်ချည်းဆိုသလို ကြယ်နယ်မြေအတားအဆီးတခုလုံးက တုန်ခါသွားပြီး တချိန်တည်းမှာပင် ဧရာမစုပ်အားတခုက လုချန်ရှန်းကိုအထဲသို့စုပ်ယူပစ်သည်။

လုချန်ရှန်း၏လက္ခဏာမကျန်ရှိတော့ပါ။

ဒါကိုမြင်သောအခါ လျိုကျိယုမရပ်တော့ဘဲ ကြယ်နယ်မြေကျောက်စိမ်းတံဆိပ်ကိုထုတ်ယူပြီး ထာ၀ရသက်တမ်းကမ္ဘာသို့ ပြေးသွားသည်။

တခြားတဘက်တွင် လုချန်ရှန်းနောက်ထပ်အာကာသနေရာလွတ်တခုသို့ရောက်လာသည်။ ဒီနေရာက တာအိုနိယာမစွမ်းအားဖြင့်ပြည့်နှက်နေသည်။

သူပတ်၀န်းကျင်ကိုဂရုမစိုက်မကြည့်သေးခင်မှာပင် ဝဲဂယက်တခုက သူ့‌ရှေ့၌ လေဟာနယ်ပို့ဆောင်ခြင်းအခင်းအကျင်းထဲတွင် အရူးအမူးစတင်လှည့်ပတ်လာပြီး အစွမ်းထက်စုပ်အားတခုက လုချန်ရှန်းကို အထဲသို့စုပ်ယူလိုက်ပြန်သည်။

ဒါက အဆင့်နိမ့်ကြယ်နယ်မြေနှင့်နီးစပ်သည့်လေဟာနယ်ပို့ဆောင်ခြင်းအခင်းအကျင်းတခုဖြစ်ပြီး လုချန်ရှန်းကို အတင်းအဓမ္မအဝေးသို့ပို့ဆောင်ချင်နေသည်။

လုချန်ရှန်းဒါကိုမျှော်လင့်ထားပြီးဖြစ်သည်။

သူအစောပိုင်းကစုပ်ယူခဲ့သည့်လေဟာနယ်စွမ်းအားက ရုတ်ချည်းဆိုသလို တကိုယ်လုံးကို လွှမ်းခြုံသွား၏။

တချိန်တည်းမှာပင် လုချန်ရှန်း လက်ထဲတွင် မိုးမခကိုင်းကိုကိုင်ထားသည်။ ထို့နောက် ဓားတာအိုနိယာမက လေဟာနယ်တာအိုနိယာမနှင့်ပေါင်းစပ်သွား၏။

မိုးမခကိုင်းက ဓားတစ်လက်ပမာလုပ်ဆောင်ကာ အလျားလိုက်ပိုင်းဖြတ်လိုက်၏။

ဒါကစုပ်အားကိုနှစ်ပိုင်းဖြတ်ပစ်ခဲ့ပြီး ယင်းနောက်တွင်သာ ဝဲဂယက်က လှည့်ပတ်နေတာရပ်သွားသည်။

လုချန်ရှန်းပတ်လည်သို့ကြည့်လိုက်၏။

ဧရာမလေဟာနယ်ပို့ဆောင်ခြင်းအခင်းအကျင်းနှစ်ခုက တခုပြီးတခု ထိုနေရာ၌ရှိနေကြသည်။

သူရပ်နေသည့်နေရာက တကယ်တော့ လမ်းကြောင်းတခုဖြစ်သည်။

ထိုလိုဏ်ခေါင်း၏အဆုံးတွင် အမည်မသိတောက်ပသည့်အလင်းတခုရှိသော်လည်း ကြယ်ဝိဉာဉ်အနှစ်သာရ၏အော်ရာက ထပ်မံပေါ်လာပြီး သူ့ကိုအလင်းထဲသို့ တိုက်ရိုက်လမ်းညွှန်ပေးသည်။

အပိုင်း(581) coming။

All Chapters