← Chapters

#အင်မော်တယ်ကမ္ဘာသို့ လမ်းကြောင်း#

Vol. 41 Ch. 581

#အင်မော်တယ်ကမ္ဘာသို့ လမ်းကြောင်း#

Vol. 41 Ch. 581

ကြယ်နယ်မြေအတားအဆီးထဲတွင် လုံး၀ခြားနားသည့်ကမ္ဘာတခုရှိလိမ့်မည်ဟု မည်သူမှမတွေးထင်ထားကြမည်မဟုတ်ပေ။ ဒါ့အပြင် ဒါကလမ်းကြောင်းတခုဖြစ်သည်။

လမ်းကြောင်း၏ရှေ့နောက်တွင် အတားအဆီးတခုလုံးကိုဖုံးအုပ်ထားသည့် ဧရာမလေဟာနယ်ပို့ဆောင်ခြင်းအခင်းအကျင်းတခုရှိသည်။

လုချန်ရှန်းပင်လျှင် ဒီပို့ဆောင်ခြင်းအခင်းအကျင်းက မည်မျှထိ ကြီးမားသလဲဆိုတာ မပြောနိုင်ပေ။

ပို့ဆောင်ခြင်းအခင်းအကျင်း၏ အတိုင်းအတာက လမ်းကြောင်းကဲ့သို့ပင် ကြီးမားသည်ဟုဆို၍ရသည်။

လုချန်ရှန်းအပေါ်အောက်ကြည့်ရင်း မေ့စေ့ကိုပွတ်သပ်ကာပြောသည်။

"ဒါကအရမ်းကြီးတာပဲ.... ဘယ်သူများလုပ်ခဲ့တာလဲ၊ ဒါပေမယ့် ဒီလိုကြီးမားတဲ့ ပို့ဆောင်ခြင်းအခင်းအကျင်းကို ငါသုတေသနတချို့လုပ်သင့်လား"

သို့သော်မလိုအပ်ပေ။ ယခုလိုကြီးမားသည့် ‌လေဟာနယ်ပို့ဆောင်ခြင်းအခင်းအကျင်းကို တည်ဆောက်ထားရခြင်း၏ ရည်ရွယ်ချက်ကဘာများနည်း။

ဟန်ဆောင်လှည့်စားတာလား!

အာရုံစိုက်မှုကိုဆွဲဆောင်တာလား!

သူခေါင်းမော့ကာ နှစ်ဘက်စလုံးကိုကြည့်လိုက်သည်။ လမ်းကြောင်းက အပေါက်ဖောက်ထားသည့်ဆလင်ဒါနှင့်တူသည်။

ကြယ်ဝိဉာဉ်အနှစ်သာရအော်ရာ ညွှန်ပြသည့်နေရာ၌ တောက်ပသည့်အလင်းတခုရှိသည်။ ၎င်းက ကောင်းကင်ထက်တွင် ချိတ်ဆွဲထားသည့်နေမင်းပမာ။

ဒီလမ်းကြောင်းထဲတွင် ဒါက တခုတည်းသော အလင်းအရင်းအမြစ်ဖြစ်သည်။

အလင်းထဲကနေ စိမ့်ထွက်လာသည့် တာအိုနိယာမစွမ်းအားကို လုချန်ရှန်းခံစားနေရသည်။

အောက်တွင် အောက်ခြေမဲ့အသူရာချောက်နက်တခုရှိသည့်အလား အဆုံးမဲ့အမှောင်ထုရှိပြီး မည်သည့်အော်ရာမှမရှိပေ။

သို့စေကာမူ ဒါကလူတစ်ယောက်၏ နှလုံးသားကိုအေးစက်သွားစေနိုင်သည်။ အောက်တွင် ကြောက်စရာကောင်းသည့်အရာတခုခုရှိလောက်သည်။ သို့သော် ဒါက လုချန်ရှန်းနှင့်ဘာမှမသက်ဆိုင်ပါ။

သူကြယ်ဝိဉာဉ်အနှစ်သာရကိုအမြန်ရယူပြီး ဒီနေရာကထွက်သွားရပေမည်။

ရိုးသားစွာဆိုရမည်ဆိုပါက လုချန်ရှန်း၏ရှုထောင့်ကနေ ဒီနေရာကအော်ရာက အဆင့်မြင့်ကြယ်နယ်မြေထက် အဆပေါင်းများစွာပိုအားကောင်းတာကို သူခံစားနိုင်ပါသည်။

ဒါကနေရာကောင်းတခုဟုမခံစားရသဖြင့် သူအလျင်အမြန်လုပ်ရပေမည်။

ဒါကိုတွေးမိသောအခါ လုချန်ရှန်းခွန်အားအကုန်လုံးကိုသုံးစွဲပြီး အလင်းရှိရာသို့ ပြေးသွားသည်။

သူကအတော်လေးမြန်ဆန်သည်။

ကောင်းကင်သခင်အဆင့်ဂိုဏ်းများမှ ထိပ်တန်းကျွမ်းကျင်သူများ ဒီနေရာတွင်ရှိနေလျှင်ပင် သူ့ကိုရှာတွေ့နိုင်မည်မဟုတ်ပေ။

အလင်းကလက်လှမ်းမှီသည်ဟုထင်ရသော်လည်း နှစ်နာရီကြာပျံသန်းပြီးသည့်တိုင် သူ့ရှေ့တည့်တည့်တွင်ရှိနေဆဲပင်။

တခုခုမှားနေပြီ!

တခုခုတော့အရမ်းမှားနေပြီ!

လုချန်ရှန်းရပ်လိုက်သည်။

သူဘေးဘီဝဲယာသို့ကြည့်လိုက်စဉ် ရုတ်တရက်မျက်မှောင်ကြုတ်လိုက်၏။

ဒီမှာတကယ်ပဲ ဖုံးကွယ်ထားတဲ့ ပုံရိပ်ယောင်အခင်းအကျင်းအစီအရင်တခုရှိတာလား!

သူချက်ချင်းဒါကိုဖွင့်ပစ်ချင်သည်။

သို့သော် လုချန်ရှန်း မိုးမခကိုင်းကိုမြှောက်သောအခါ ဧရာမမျက်လုံးတစ်လုံးက အလင်းကိုအစားထိုးသွားပြီး လုချန်ရှန်အား စိုက်ကြည့်သည်။

"သေမျိုးလူသား၊ မင်းက အင်မော်တယ်လမ်းကြောင်းရဲ့လျှို့ဝှက်အခင်းအကျင်းကို ချိုးဖျက်နိုင်ပြီး လေဟာနယ်အခင်းအကျင်းရဲ့စုပ်ယူခြင်းကိုမခံရဘဲ အထဲကို၀င်လာနိုင်တယ်၊ မင်းက တခြားသေမျိုးတွေထက် အများကြီးပိုအားကောင်းတာပဲ"

"ဒီပုံရိပ်ယောင်ကိုအာရုံခံနိုင်ပြီး ဒါကိုချိုးဖျက်ဖို့စွမ်းရည်ရှိတာက မင်းက အင်မော်တယ်ကမ္ဘာကို ၀င်ဖို့အတွက် တကယ်အရည်အချင်းရှိတယ်ဆိုတာ သက်သေပြနေတယ်"

"ဒါပေမယ့် ဒီလိုဆိုရင်တောင် မင်းသေချာစဉ်းစားရမယ်၊ မင်းအင်မော်တယ်ကမ္ဘာကို ၀င်ပြီးတာနဲ့ အရာအားလုံးက ရိုးရှင်းနေမီာမဟုတ်ဘူး"

အင်မော်တယ်ကမ္ဘာ!

လုချန်ရှန်းလုပ်နေတာကိုရပ်လိုက်ပြီး မြှင့်ထားသည့်လက်ကို ဖြည်းဖြည်းချင်းချလိုက်၏။

ဒီအလင်းက အင်မော်တယ်ကမ္ဘာရဲ့လမ်းကြောင်းလား!

တကယ်တမ်းတွင်လည်း မျက်လုံးကြီးက ပြောသကဲ့သို့ပင် သူအင်မော်တယ်ကမ္ဘာသို့ ၀င်ပြီးသည်နှင့် အရာအားလုံးက ထိန်းချုပါမရဖြစ်လာပြီး သူ့၏ငြိမ်းချမ်းသောဘ၀လေးက ဒီအတွက်ကြောင့် ပျက်သုဉ်းသွားရနိုင်သည်။

ဒီငြိမ်းချမ်းမှုကို ငါတကယ်ပဲချိုးဖျက်ရတော့မလား!

ရှီရှန်း၏ပါရနီကိုထောက်ဆကြည့်ပါက အနာဂတ်အောင်မြင်မှုများက ကျန်သောတပည့်များထက်နိမ့်ကျနေလျှင်ပင် သူ့ကိုယ်သူကာကွယ်နိုင်သလို ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ ကာကွယ်မှုကိုလည်း ခံစားနိုင်ပေလိမ့်မည်။

သူအမြင့်ဆုံးအဆင့်ကိုမရောက်လျှင်ပင် မည်သည့်ပြဿာနာမှရှိလာမည်မဟုတ်။

အနာဂတ်တွင် ရှီရှန်း၏ အတားအဆီးကိုရောက်နေပြီဖြစ်သည့်ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင်ရန်အတွက် ကူညီရန် မတူညီသည့်ဆေးလုံးများစွာကိုလည်း တီထွင်၍ရသည်။

ထို့နောက် ထာ၀ရသက်တမ်းနယ်မြေတွင် ချက်ပြုတ်ခိုင်းပြီး ပန်းပင်များကို ရေလောင်းခိုင်း၍ရသည်။ ဒါကမဆိုးဘူးမလား!

ဒါကငါ့အိပ်မက်မလား!

လုချန်ရှန်းရုတ်တရက်ပြုံးလိုက်သည်။

ဘာကြောင့် သူ့အရင်ဘ၀က ကမ္ဘာမြေပေါ်၌ ဆရာများက သူတို့ကျောင်းသားများကို ဘာကြောင့်ထူးချွန်စေချင်ကြသလဲဆိုတာ သူရုတ်တရက်နားလည်လာရသည်။

ဘာလို့သူတို့က ကျောင်းသားတွေကို ပိုပြီးပိုပြီးထူးချွန်လာစေချင်ရတာလဲ!

လုချန်ရှန်း ယခုဒါကို နားလည်သွားပုံရသည်။

သူလည်းအလားတူတွေးခဲ့သည်။ ဒါမှမဟုတ် ဒါက မဆုတ်မနစ်သောအတွေးတခုလည်းဖြစ်သည်။

သူ သူ့တပည့်များကို ကောင်းကင်ဘုံကိုးခုထဲသို့ခြေချစေချင်သည်။

မည်သူတစ်ဦးတစ်ယောက်မှ သူတို့ကိုအနိုင်မကျင့်နိုင်စေရန်အတွက် သူတို့က သိုင်းပညာရပ်၏ အမြင့်ဆုံးအဆင့်ရှိ တည်ရှိမှုများဖြစ်လာစေရန် ကျင့်ကြံသူအားလုံး၏ ခေါင်းပေါ်တက်နင်းစေချင်သည်။

ဒီလိုဆိုပါက သူ့အကူအညီမရှိလျှင် သူတို့က စစ်မှန်သောလွတ်လပ်မှုနှင့် မသေမျိုးအဖြစ်ကိုရနိုင်မည်ဖြစ်သည်။

လုချန်ရှန်းပါးစပ်ထောင့်စွန်းက အနည်းငယ်ကွေးညွတ်သွား၏။ သူယခုလေးတင် တိတ်ဆိတ်စွာချလိုက်သည့် မိုးမခကိုင်းက တုံ့ဆိုင်းမနေဘဲ ထပ်မံမြှင့်တက်လာခဲ့သည်။

မိုးမခကိုင်းက ဓားတစ်လက်အဖြစ်ပြောင်းသွားပြီး ပုံရိပ်ယောင်အခင်းအကျင်းအစီအရင်၏မျက်လုံးပိုဖြတ်ကာ တိုက်ရိုက်ပိုင်းဖြတ်ပစ်သည်။

ပုံရိပ်ယောင်က ပျက်သုဉ်းသွားရသည်။ ပတ်၀န်းကျင်က လုံး၀မပြောင်းလဲခဲ့ပေ။

ဒါပေမယ့် ငါအင်မော်တယ်ကမ္ဘာလို့ခေါ်တဲ့ နေရာကို၀င်လို့ရပြီမလား!

အပေါ်ကမျက်လုံးကြီးက သံသယ၊ စိတ်ရှုပ်ထွေးမှုဖြင့်ပြည့်နှက်နေခဲ့သည်။

"မင်းရဲ့လုပ်ရပ်တွေကို ငါသိခဲ့တယ်၊ မင်းမှာခွန်အားရှိပေမယ့် မင်းကငြိမ်းချမ်းတဲ့ဘ၀တခုကိုလိုချင်တယ်"

"အခုဒီငြိမ်းချမ်းမှုကိုချိုးဖျက်ဖို့အတွက် မင်းပဏာမခြေလှမ်းဘာလို့ လှမ်းလိုက်ရတာလဲ"

"အင်မော်တယ်ကမ္ဘာက မင်းတို့သေမျိုးတွေနေထိုင်တဲ့ကမ္ဘာနဲ့ကွဲပြားတယ်ဆိုတာ မင်းသိရမယ်၊ အဲဒီနေရာက အန္တရာယ်၊ ယှဉ်ပြိုင်မှုတွေ၊ တာ၀န်ယူမှုတွေနဲ့ ပြည့်နှက်နေတယ်"

လုချန်ရှန်းရယ်မောလိုက်သည်။

"ဘာမှမဖြစ်ပါဘူး၊ ကျုပ်တွေးနေတာ"

"အဲဒီအချိန်ကျရင် ယဲ့ချိုးပိုင်၊ ဟုန်ရင်၊ နင်းချန်ရှင်း၊ မဟူရာ၊ မုဖူရှန်းနဲ့ကျောက်တုံးလေးတို့က အထွတ်အထိပ်အဆင့်ကို ရောက်လာကြလိမ့်မယ်"

"အဲဒီကလေးရှီရှန်းက သူတို့ကိုမော့ကြည့်ရုံပဲတတ်နိုင်တော့မှာ၊ တယောက်တည်းဖြစ်နေရတာက ဘယ်လောက်အထီးကျန်ဖွယ်ကောင်းမယ်ထင်လဲ"

လုချန်ရှန်းခေါင်းမော့ကာ မျက်လုံးကြီးကိုကြည့်ရင်း တောက်ပစွာပြုံးသည်။

"ကျုပ်ငြိမ်းချမ်းရေးကိုကြိုက်ကောင်းကြိုက်နိုင်ပေမယ့် နှလုံးသားနူးညံ့သူတယောက်ပဲ၊ ကျုပ်ရဲ့တပည့်တယောက်တည်း အထီးကျန်နေတာကို ကျုပ်မြင်နိုင်စွမ်းမရှိဘူး"

မျက်လုံးကြီးကဘာမှမပြောပေ။

လုချန်ရှန်းကိုနက်ရှိုင်းစွာတချက်စိုက်ကြည့်ရင်း တာအိုနိယာမစွမ်းအားအဖြစ် ပြောင်းလဲသွားပြီး ၀င်ပေါက်ထဲတွင် ပျောက်ကွယ်သွားလေတော့သည်။

လုချန်ရှန်း အလင်းကိုကြည့်ရင်း အပြုံးဖြင့် ကြိမ်းမောင်းလိုက်သည်။

"ရှီရှန်း၊ ကောင်စုတ်လေး၊ မင်းငါ့အတွက် နေ့တိုင်း မန်ချူးဟန်အင်ပါယာစားသောက်ပွဲကို မပြင်ဆင်ပေးဘူးဆိုရင် ငါ့ကိုစိတ်ပျက်စေမိလိမ့်မယ်"

ထို့နောက် သူခြေဆောင့်ကာ အလင်းသို့ပြေးသွားစဉ် အလင်းတန်းတခုအဖြစ် ပြောင်းလဲသွား၏။

မျှော်လင့်ထားသည့်အတိုင်းပင် ပုံရိပ်ယောင်အခင်းအကျင်းအစီအရင်ပျက်သွားပြီးနောက် လုချန်ရှန်းအမွေးတိုင်တစ်တိုင်မျှစာအချိန်အတွင်း အလင်းဆီသို့ပြေးလာနိုင်ခဲ့သည်။

တောက်ပသည့်အလင်းဖြူများနောက်တွင် တိမ်ထဲ၌ မျောလွင့်နေသည့်မြို့တစ်မြို့ရှိသည်။

မြို့က တောင်တန်းနှင့်မြစ်များကဲ့သို့ အဆုံးမဲ့နေပြီး အဆုံးမရှိပေ။

ပတ်၀န်းကျင်က ဝိဉာဉ်ချီက အဆင့်မြင့်ကြယ်နယ်မြေထက်ပင် ပို၍ကြွယ်၀ပုံရပြီး တချိန်တည်းမှာပင် မသေမျိုးခံစားချက်တခုကိုရသည်။

ဒါကိုလောလောဆယ်တော့ အင်မော်တယ်စွမ်းအင်လို့ခေါ်ကြရအောင်!

ထို့နောက် ကြယ်ဝိဉာဉ်အနှစ်သာရအော်ရာကိုသူခံစားရသည်။

လုချန်ရှန်းညွှန်ကြားချက်အတိုင်း လိုက်သွားပြီး မကြာမီ မြို့တစ်မြို့ကိုရောက်လာသည်။

ဒီမြို့ကိုခံတပ်တခုဟုခေါ်ပါကလည်း ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။ ၎င်းက အမည်မသိပစ္စည်းများဖြင့်၀န်းရံထားပြီး မြို့ရိုးတခုဖန်တီးထားသည်။

အထဲတွင်အိမ်ဟူ၍မရှိဘဲ ကောင်းကင်ထဲသို့ထိုးတက်နေသည့် ဧရာမနန်းတော်ကြီးတခုသာရှိသည်။

သို့စေကာမူ အနီးအနားတွင် အစောင့်တစ်ယောက်တစ်လေမှမရှိပေ။

မြို့ရိုး၀င်ပေါက်၌ လူတန်းကြီးတခုရှိသည်။ ထိုလူများကို အင်မော်တယ်အလင်းက လွှမ်းခြုံထားသည်။

သူတို့၏အော်ရာက အမှောင်သခင်နှင့် ကြယ်နတ်ဘုရားခန်းမက ခန်းမသခင်နှစ်ဦးထက် အများကြီးပိုအားကောင်းသည်။

လုချန်ရှန်း နန်းတော်ကိုလေ့လာပြီးနောက် အတင်းမ၀င်ရန်ဆုံးဖြတ်လိုက်၏။

မည်သို့ပင်ဆိုစေကာမူ သူကဒီနေရာနှင့်မရင်းနှီးသလို သူတို့ထဲကမည်သူမဆို အမှောင်သခင်ထက်ပင် ပိုအားကောင်းသည်။

ရိုးသားစွာနှင့် အခြေအနေကို မေးမြန်းခြင်းကပိုကောင်းသည်။

အပိုင်း(582) coming။

All Chapters