← Chapters

#အင်မော်တယ်ကျောက်စိမ်းအပျိုစင်ခုနှစ်ဦး#

Vol. 41 Ch. 582

#အင်မော်တယ်ကျောက်စိမ်းအပျိုစင်ခုနှစ်ဦး#

Vol. 41 Ch. 582

အင်မော်တယ်ကမ္ဘာက အဆင့်နိမ့်ကြယ်နယ်မြေ၊ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်ကြယ်နယ်မြေတို့ထက် သာလွန်သည့်နေရာတခုပင်။

အတိတ်က လူတစ်ယောက်က အလယ်အလတ်အဆင့်ကြယ်နယ်မြေကို အင်မော်တယ်ကမ္ဘာနှင့် နှိုင်းယှဉ်ခဲ့သည်။

အဆင့်မြင့်ကြယ်နယ်မြေကို နတ်ဘုရားနယ်မြေနှင့်ယှဉ်ပါက နယ်ပယ်များစွာခွဲခြားထားသည်။

အဆင့်နိမ့်ကြယ်နယ်မြေက ကျင့်ကြံသူများအားလုံးက အင်မော်တယ်နယ်မြေအောက်တွင်ရှိသည်။

ထို့ကြောင့်လည်းဒါကို သေမျိုးကမ္ဘာလို့ခေါ်ဆိုခြင်းပင်။

အလယ်အလတ်အဆင့်ကြယ်နယ်မြေ၌ အင်မော်တယ်နယ်ပယ်ကျွမ်းကျင်သူများရှိကြသည်။ ဒါကအင်မော်တယ်ကမ္ဘာဖြစ်သည်။

တခြားတဘက်တွင် နတ်ဘုရားနယ်မြေစွမ်းအားရှင်များက အဆင့်မြင့်ကြယ်နယ်မြေတွင် ပေါ်လာတတ်ကြသည်။ ထို့ကြောင့် အဲဒါကို နတ်ဘုရားနယ်မြေဟု ခေါ်ဆိုကြသည်။

သို့သော်ယခုကြည့်ရသည်မှာ အပြင်ပကမ္ဘာက ကောလဟာလများက မယုံန်ုင်စရာကောင်းသည်။ အနည်းဆုံးတော့ လုချန်ရှန်းယခုလိုတွေးမိသည်။

ဒီနေရာက သိုင်းကျင့်ကြံသူများ၏ကိုယ်ထဲမှ ဝိဉာဉ်ချီများက အပြင်ပကမ္ဘာကလူများနှင့်မတူပေ။

သူတို့ကိုယ်ထဲက ဒန်တျန်က အင်မော်တယ်စွမ်းအင်ဖြင့်ပြည့်နှက်နေသည်။

ဝိဉာဉ်ချီနှင့်ယှဉ်ပါက အင်မော်တယ်ချီက အာရုံစူးစိုက်ရာ၌ ကွာခြားသည်ဟာမက အရည်အသွေးကလည်းကွာခြားချက်ရှိသည်။

အကယ်၍ ဒီနေရာကကျင့်ကြံသူများကသာ ကောင်းကင်အင်မော်တယ်နယ်ပယ်ဆိုပါက သူတို့က အလယ်အလတ်အဆင့်ကြယ်နယ်မြေက ကောင်းကင်အင်မော်တယ်နယ်ပယ်ကျွမ်းကျင်သူများကို ရင်ဆိုင်နိုင်သည်ဟုဆို၍ရသည်။

အလယ်အလတ်အဆင့်ကြယ်နယ်မြေက ထိုထိပ်တန်းကောင်းကင်အင်မော်တယ်ကျွမ်းကျင်သူများက အင်မော်တယ်ကမ္ဘာက ကောင်းကင်အင်မော်တယ်ကျွမ်းကျင်သူများထံမှ လှုပ်ရှားမှုတခုကိုပင် ခံနိုင်မည်မဟုတ်။

ဒါကခြားနားချက်ဖြစ်သည်။

သို့စေကာမူ ဒါကအင်မော်တယ်ကမ္ဘာဖြစ်နေလေရာ နောက်ထပ်နတ်ဘုရားနယ်မြေကရောတည်ရှိနေသည်လား။

လုချန်ရှန်းခေါင်းခါယမ်းလိုက်သည်။ သူကသူယခုစဉ်းစားသင့်သည့်အရာတခုမဟုတ်ပါ။

သူလူအုပ်ထဲသို့၀င်လာစဉ် ပတ်ပတ်လည်လူများက အင်မော်တယ်အော်ရာများဖြင့် ပြည့်နှက်နေကြသည်။

သူ့အ၀တ်အစားနှင့်အသွင်အပြင်က အပြင်ပကမ္ဘာကလူများနှင့်မခြားနားပေ။

လုချန်ရှန်းသူ့ရှေ့ကလူ၏ပခုံးကိုပုတ်ကာမေးသည်။

"တာအိုမိတ်ဆွေလေး....အိုး၊ မဟုတ်ဘူး၊ အင်မော်တယ်မိတ်ဆွေလေး၊ မင်းတို့ဘာလုပ်နေကြတာလဲ"

လုချန်ရှန်း၏ပခုံးပုတ်ခြင်းကိုခံရသည့် လူငယ်က အနည်းငယ်လှည့်ပြီး အံ့ဩသင့်တကြီးမေးသည်။

"ငါတို့ဘယ်မှာလဲဆိုတာ မင်းမသိဘူးလား"

လုချန်ရှန်းပြုံးသည်။

"ငါက ငါ့ဆရာနဲ့နှစ်များစွာကြာသီးသန့်နေခဲ့တာပါ၊ အခုဆရာကငါ့ကိုဒီကို လေ့ကျင့်ဖို့ ပို့လိုက်တာဆိုတော့ ဒီမှာဘာဖြစ်နေသလဲဆိုတာ ငါတကယ်မသိပါဘူး"

လူငယ်ကလုချန်ရှန်းအားဂရုတစိုက် စိုက်ကြည့်သော်လည်း မည်သည့်အင်မော်တယ်ချီကိုမှ မခံစားရပေ။

အစောပိုင်းက လုချန်ရှန်းက သူ့ဆရာနှင့်အတူ ဒီကိုလေ့ကျင့်ရန်လာခဲ့ကြောင့်ပြောခဲ့သည်။

ဒီလိုဆိုပါက ဖြစ်နိုင်ချေတခုတည်းသာရှိတော့သည်။

သူကလုချန်ရှန်းအားမြင်နိုင်သည်အထိ အားမကောင်းခြင်းဖြစ်ရပေမည်။

ထို့ကြောင့်လည်း သူလုချန်ရှန်း၏ အင်မော်တယ်ချီကို မခံစားနိုင်ခြင်းပင်။

ဒါကိုတွေးမိသောအခါ လူငယ်က ချက်ချင်းပြန်ဖြေသည်။

"စီနီယာ၊ နန်းတော်ထဲမှာ နတ်ပစ္စည်းတခုရှိတယ်"

စီနီယာ!

လုချန်ရှန်းအနည်းငယ်ကြက်သေသေသွားသည်။

ငါဘယ်လိုစီနီယာဖြစ်လာရတာလဲ!

လုချန်ရှန်းတွင် အင်မော်တယ်ချီမရှိနေရသည့်အကြောင်းရင်းက သူ့တွင် တကယ်မရှိတာကို လူငယ်က မည်သို့သိမည်နည်း။

သို့စေကာမူ သူကသူတို့ထက်အားကောင်းတာကတော့မှန်ပါသည်။

အတိုချုပ်ရပါက သူ့ကိုစီနီယာလို့ခေါ်ခြင်းက ထိုလူငယ်မမှားပေ။

ကျင့်ကြံခြင်းကမ္ဘာတွင် အသက်အရွယ် သက်တမ်းများနှင့်ဘာမှမသက်ဆိုင်ဘဲ အားကောင်းသူက သခင်များဖြစ်သည်။

ဒါကသံချပ်ကာပမာစည်းမျဉ်းတခုရှိသည်။

"နတ်ပစ္စည်းကဘာလဲဆိုတာမင်းသိလား"

လူငယ်ကခေါင်းခါယမ်းသည်။

"ကျုပ်လည်းမသိဘူး၊ မိသားစုအကြီးအကဲတွေပြောစကားအရဆိုရင်တော့ နတ်ပစ္စည်းကိုရရှိပြီး အင်မော်တယ်နန်းတော်ကို လွှဲပြောင်းပေးသရွေ့ အင်မော်တယ်နန်းတော်ကို၀င်နိုင်ပြီး အတွင်းတပည့်တယောက်ဖြစ်လာနိုင်တယ်တဲ့"

အင်မော်တယ်နန်းတော်!

လုချန်ရှန်း၏စိတ်ရှုပ်ထွေးနေသည့်အမူအရာကိုမြင်သောအခါ လူငယ်က အကူအညီမဲ့စွာပြောသည်။

"စီနီယာ၊ အင်မော်တယ်နန်းတော်က ဘာလဲဆိုတာတောင် မသိဘူးလို့ ကျုပ်ကို မပြောနဲ့နော်"

လုချန်ရှန်းခေါင်းခါယမ်းသည်။

"ဒီလိုဆိုရင် ခင်ဗျားကအချိန်အကြာကြီး ဖုံးကွယ်နေခဲ့တာပဲ..." လူငယ်ကရှင်းပြသည်။

"အင်မော်တယ်နန်းတော်က ကျုပ်တို့အင်မော်တယ်ကမ္ဘာရဲ့အားအကောင်းဆုံးဂိုဏ်းပဲ၊ အင်မော်တယ်နန်းတော် အင်မော်တယ်ကမ္ဘာမှာ တည်ရှိလာရတည်းက အင်မော်တယ်ကမ္ဘာရဲ့ ခေါင်းဆောင်ဖြစ်လာပြီး အင်မော်တယ်စစ်သည်တွေရဲ့ ဗိုလ်ချုပ်တွေကို ဦးဆောင်တယ်"

"အင်မော်တယ်နန်းတော်ကို၀င်ဖို့အတွက် တခုတည်းသောနည်းလမ်းက အင်မော်တယ်နန်းတော်က နာမည်ကြီးတွေရဲ့တပည့်အဖြစ် လက်ခံခြင်းကိုခံရဖို့ပဲ၊ တခြားဟာတွေထက် တခုတည်းသောနည်းလမ်းက အထဲက နတ်ပစ္စည်းကိုရယူဖို့ပဲ"

"ဒီအင်မော်တယ်ကြယ်မြို့က အဲဒီနတ်ပစ္စည်းကိုဖိနှိပ်ဖို့ကံကြမ္မာနဲ့ဖြစ်တည်လာတာ၊ တကယ်လို့ တယောက်ယောက်က ဒါကိုရချင်တယ်ဆိုရင် စမ်းသပ်မှုများစွာကို ကျော်ဖြတ်ဖို့လိုတယ်၊ ဒီမှာတန်းစီနေကြတဲ့သူတွေက စမ်းသပ်မှုမှာ ပါ၀င်ဖို့ ရည်ရွယ်ထားကြတဲ့သူတွေပဲ" လုချန်ရှန်းခေါင်းညိတ်ပြီး စိတ်၀င်စားသည့်အသွင်ဟန်ဆောင်ရင်း လက်နှစ်ဖက်ဆုပ်သည်။

"ငါလည်းစမ်းကြည့်ရမှာပေါ့"

ထို့နောက် သူလူငယ်နောက်ကနေ တန်းစီလိုက်သည်။

အကြာကြီးစောင့်ပြီးနောက် လုချန်ရှန်းတစုံတရာကိုသတိထားမိလာသည်။

ဥပမာအားဖြင့် စမ်းသပ်မှုတခုစီတွင် လူသုံးယောက်သာ၀င်နိုင်သည်။

ဧရာမမြို့တံခါးကပထမစမ်းသပ်မှုပင်။

ဖိနှိပ်ခြင်းကြယ်စွမ်းအားက အလင်းဖန်သားပြင်တခုကိုဖြစ်ပေါ်စေပြီး မြို့တံခါးကို ၀န်းရံထားစေသည်။

သူဖြတ်ကျော်လိုပါက အလင်းဖန်သားပြင်ကိုသည်းခံပြီး မြို့တံခါးပေါ်တက်လှမ်းကာ အင်မော်တယ်ကြယ်မြို့သို့၀င်ရမည်။ ထို့နောက်မှသာ နောက်ထပ်စမ်းသပ်မှုကို ဆက်လက်လုပ်တောင်၍ရပေမည်။

ယခုအချိန်အထိ စမ်းသပ်မှု၏ပထမအကျော့တွင် ပါ၀င်သူ ၂၇ယောက်အနက် တစ်ဦးတည်းသာလျှင် မြို့တံခါးကို ဖြတ်ကျော်နိုင်ခဲ့သည်။

အင်မော်တယ်လောင်ကျွမ်းချိုင့်ဝှမ်းသခင်၏သားဖြစ်သည့် ဖင်းယန်က လက်ရှိ လောင်ကျွမ်းချိုင့်ဝှမ်း၏ အားအကောင်းဆုံးပါရမီရှင်ဖြစ်သည်။

သူက လုချန်ရှန်း၏မေးခွန်းကို ဖြေကြားခဲ့သည့် လူငယ်ဖြစ်သည်။

သူခါးသီးစွာပြုံးသည်။

"သူတို့လာမယ်လို့ကျုပ်မထင်ထားခဲ့ဘူး"

"သူတို့"

ဖင်းယန်ဆက်ပြောသည်။

"မိုးကြိုးနက်အင်မော်တယ်ဂိုဏ်းရဲ့ ပြိုင်ဘက်ကင်းပါရမီရှင် လိန်ယင်ရှီ"

"အင်မော်တယ်အသံဂိုဏ်းကရှန်းလန်က လက်ရှိအင်မော်တယ်ကမ္ဘာရဲ့ အင်မော်တယ်ကျောက်စိမ်းမိန်းမပျိုခုနှစ်ဦးထဲက တစ်ဦးပဲ"

ဒီအင်မော်တယ်ကျောက်စိမ်းမိန်းမပျိုခုနှစ်ဦးက အင်မော်တယ်ကမ္ဘာ၏ အလှဆုံးနတ်သမီးခုနှစ်ဦးဖြစ်သည်။

"တခြားတယောက်ရှိသေးတယ်၊ သူက အင်မော်တယ်နန်းတော် အတွင်းဂိုဏ်းအကြီးအကဲတယောက်ရဲ့တပည့်ဖြစ်တဲ့ ချန်းဟွာရွှမ်းပဲ"

ဖင်းယန် ခါးသီးစွာပြုံးရင်း ခေါင်းခါယန်းသည်။

"ဒီတကြိမ်တော့ အဆင့်မှာ ကျုပ်အရမ်းကြီးမနိမ့်ကျဖို့ပဲမျှော်လင့်တယ်"

မြို့တံခါး၏ဘယ်ဘက်ခြမ်းတွင် ကျောက်ပြားတချပ်ရှိသည်။

ကျောက်ပြားထိပ်ကနေ အောက်အထိ အမည်များကို ရေးထွင်းထားသည်။

နတ်ပစ္စည်းကိုမရနိုင်လျှင်ပင် စမ်းသပ်မှုကို ဖြတ်ကျော်နိုင်သည့်အခြေအနေအရ လူတယောက်ကပိုအားကောင်းလေလေ၊ သူတို့အဆင့်ကပိုမြင့်လေလေဖြစ်သည်။

တခြားအပိုဆုလာဘ်များမရှိသော်လည်း လူတယောက်၏အဆင့်ကပိုမြင့်လေလေ သူတို့၏ဂုဏ်သတင်းက ပိုကောင်းလေလေပင်။

တချိန်တည်းမှာပင် ဒါကဂိုဏ်း၏ဂုဏ်သတင်းကိုလည်းမြှင့်တက်လာစေပြီး ဆုလာဘ်များရယူနိုင်သည်။

လုချန်ရှန်းဂရုတစိုက်လေ့လာကြည့်သည်။

ထိုနေရာတွင်တစ်ကနေကိုးထိရှိပြီး ဖင်းယန်၏အမည်ကရှစ်ခုမြောက်ဖြစ်သည်။

လုချန်ရှန်းပြုံးသည်။

"ကြည့်ရတာ မင်းခွန်အားကမဆိုးဘူးဘဲ"

ဒါကိုကြားသောအခါ ဖင်းယန်အကူအညီမဲ့စွာပြောသည်။

"သူတို့ဒီနေ့ဖယ်ထုတ်ပစ်ကြလိမ့်မယ်၊ ဒီလူသုံးယောက်က အရင်က နတ်ပစ္စည်းစမ်းသပ်မှုမှာ မပါ၀င်ခဲ့ကြဘူး၊ အခုသူတို့ပါ၀င်လာပြီဆိုတော့ သူတို့က ကျုပ်ယှဉ်နိုင်တဲ့ သူတွေမဟုတ်ဘူးလေ"

"ဒါပေမယ့်..... ဘာလို့အင်မော်တယ်နန်းတော်က တပည့်တွေက ဒီစမ်းသပ်မှုမှာ ပါ၀င်လာရတာလဲ"

ထိုအချိန်နွင် မိုးကြိုးနက်အင်မော်တယ်ဂိုဏ်း၊ အင်မော်တယ်အသံဂိုဏ်းနှင့် အင်မော်တယ်နန်းတော်မှ လူသုံးယောက်က မြို့တံခါးအပြင်တွင်ရပ်နေကြသည်။

ယခုသူတို့အလှည့်ရောက်လာလေပြီ။

လူတိုင်းဒါကိုမြင်သောအခါ အုတ်သောင်းအုတ်နင်းဖြစ်သွားကြသည်။

ဒါကမည်သည့်အတွက်ကြောင့် ဒီနာမည်ကြီးပါရမီရှင်သုံးယောက်က စမ်းသပ်မှုတွင် ပါ၀င်ရလာသလဲဆိုသည်အပေါ် အံ့ဩသင့်သွားကြခြင်းပင်။

အများဆုံးဆွေးနွေးခံရသူများက အင်မော်တယ်အသံဂိုဏ်းက ရှီလန်နှင့် အင်မော်တယ်နန်းတော်တပည့် ချန်ဟွာရွှမ်းတို့ဖြစ်သည်။

တစ်ယောက်က အင်မော်တယ်ကျောက်စိမ်းမိန်းမပျိုခုနှစ်ဦးအနက်မှ တစ်ဦးဖြစ်သည့် ရှန်းလန်ဖြစ်ပြီး ကျန်တစ်ယောက်က အင်မော်တယ်နန်းတော်၏ ဒဏ္ဍာရီလာတပည့် ချန်ဟွာရွှမ်းဖြစ်သည်။

တခြားတဘက်တွင် မိုးကြိုးနက်အင်မော်တယ်ဂိုဏ်းက လိန်ယင်ရှီက နေရာမှားနေပုံရသည်။

ချန်ဟွာရွှမ်း၏မျက်နှာ၌ ကြော့ရှင်းသည့်အပြုံးတပွင့်ရှိနေပြီး ရှန်းလန်အားကြည့်လိုက်သည်။

"လန်အာ၊ နောက်ပိုင်းအထဲ၀င်တဲ့အခါကျရင် ဂရုစိုက်ဖို့သတိရ၊ အထဲကစမ်းသပ်မှုက ငါတို့အတွက် ခြိမ်းခြောက်မှုတခုဖြစ်နေတုန်းပဲ"

ရှန်းလန်၏အမူအရာကအေးစက်နေပြီး ချန်ဟွာရွှမ်းအား ညင်သာစွာခေါင်းညိတ်ပြသည်။

သူတခြားဘာမှထပ်မပြောတော့ပါ။

အင်မော်တယ်ကျောက်စိမ်းမိန်းမပျိုခုနှစ်ဦးအနက် ရှန်းလန်တွင် အအေးစက်ဆုံးစရိုက်ရှိသည်။

ဒီချဉ်းကပ်၍မရနိုင်သည့်အသွင်အပြင်မျိုးကို ချန်ဟွာရွှမ်းမျှော်လင့်ထားပြီးဖြစ်သည်။ သူပြုံးရင်း စိတ်ထဲမထားပေ။

သူတို့သုံးယောက်က မြို့ထဲသို့ တချိန်တည်းမှာပင်၀င်လိုက်ကြ၏။

အလင်းဖန်သားပြင်က လိန်ယင်ရှီနှင့် ရှန်းလန်ကိုအနည်းငယ်ရပ်သွားစေပြီး သူတို့မြို့တံခါးကိုဖြတ်ကျော်လိုက်ကြသည်။

ချန်ဟွာရွှမ်းအတွက်မူ သူ့အမူအရာကတည်ငြိမ်နေပြီး သူ့ခြေလှမ်းများက ကြယ်စွမ်းအားဖိနှိပ်ခြင်းက သူ့ကိုလုံး၀မသက်ရောက်သည့်အလား ခပ်ပေါ့ပေါ့ပင်ဖြစ်သည်။

အပိုင်း(583) coming။

All Chapters