← Chapters

#ကြယ်အင်မော်တယ်သော့အခင်းအကျင်း#

Vol. 41 Ch. 583

#ကြယ်အင်မော်တယ်သော့အခင်းအကျင်း#

Vol. 41 Ch. 583

"အင်မော်တယ်နန်းတော်ကတပည့်ဆိုတဲ့အတိုင်းပါပဲ၊ လူအများစုက မြို့တံခါးကိုအတင်း၀င်ရပြီး အများစုကမအောင်မြင်ကြဘူး၊ ဒါပေမယ့် သူကအလွယ်တကူ ဖြတ်ကျော်နိုင်ခဲ့တယ်"

"မှန်တယ်၊ အင်မော်တယ်ကျောက်စိမ်းမိန်းမပျိုရှန်းလန်နဲ့ မိုးကြိုးနက်အင်မော်တယ်ဂိုဏ်းက လိန်ယင်ရှီတို့တောင် ခဏရပ်သွားကြသေးတယ်၊ အင်မော်တယ်နန်းတော်နဲ့ ငါတို့ကြားက ကွာဟချက်က နည်းနည်းကြီးလွန်းတယ်...."

"အင်မော်တယ်နန်းတော်က တပည့်တွေကိုယ်ပိုင်ထွက်လာကြတာဆိုတော့ ဒီစာရင်းရဲ့ပထမနေရာကပြောင်းသွားမှာပဲ...."

လုချန်ရှန်းက ပထမဆုံးစိတ်ရှုပ်ထွေးသွားသူဖြစ်သည်။

သူ့အမြင်အရ လိန်ယင်ရှီက ခွန်အားကို ဖုံးကွယ်ထားသည်။

တချိန်တည်းမှာပင် သူ့ကိုယ်၌ ထူးခြားသည့်အော်ရာတခုရှိပြီး ဒီအော်ရာက နတ်ဆိုးအော်ရာကဲ့သို့ပင်။

သို့စေကာမူ ဒါက မဟူရာ၏ ကြီးစိုးပြီး မထီမဲ့မြင်ပြုသည့်နတ်ဆိုးဆန္ဒနှင့်မတူပါ။

ဒီနတ်ဆိုးချီအမျှင်စက သွေးဆာပြီး ကမ္ဘာကြီးကိုဖျက်ဆီးနိုင်သော အဆုံးမဲ့မိစ္ဆာပင်။

လုချန်ရှန်းတွေးလိုပ်မိသည်။

ဒီစမ်းသပ်မှုက ရိုးရှင်းမှာမဟုတ်ဘူး!

သူပို၍သတိထားပြီး လိန်ယင်ရှီဆီကနေ ဝေးဝေးနေရန်လိုအပ်သည်။ နောက်ပိုင်း တခုခုဖြစ်ပျက်လာပါက သူကိုယ်တိုင် မပါ၀င်ချင်ပေ။

လုချန်ရှန်းက ဒီနေရာကို ကြယ်ဝိဉာဉ်အနှစ်သာရကို ရရန်အတွက်ရောက်လာခဲ့ခြင်းသာ။ ကျန်တာအားလုံးက သူနှင့်ဘာမှမဆိုင်ပါ။

ဖင်းယန်ပြုံးသည်။

"စီနီယာ၊ ကျုပ်တို့အလှည့်ရောက်ပြီ"

လုချန်ရှန်းခေါင်းညိတ်သည်။

လူသုံးယောက်က မြို့တံခါးရှေ့တွင် ဘေးချင်းယှဉ်ရပ်လိုက်ကြ၏။

ဖင်းယန်က ကျန်သောသူများ၏အာရုံစိုက်မှုကိုရသွားသည်။

"နံပါတ်ရှစ်၊ ဖင်းယန်၊ အင်မော်တယ်လောင်ကျွမ်းချိုင့်ဝှမ်းကပါရမီရှင်"

"ဖင်းယန်က ဒီကိုအကြိမ်ပေါင်းများစွာလာပြီးပြီ၊ သူ့အတွက် အဆင့်ရှစ်နေရာအထိ တက်လာဖို့ဆိုတာက မလွယ်ကူဘူး၊ ဒါပေမယ့် ဒီတကြိမ်တော့ ဟိုသုံးယောက်ကြောင့် သူတွန်းချခံရတော့မယ်ထင်တယ်...."

"သူ့ဘေးကလူကဘယ်သူလဲ၊ ဘာလို့သူ့ခွန်အားကို ငါမမြင်နိုင်ရတာလဲ"

"သူ့အင်မော်တယ်စွမ်းအင်ကိုလည်းမမြင်ရဘူး"

လုချန်ရှန်းကလည်း လူတိုင်း၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။

သို့စေကာမူ လုချန်ရှန်းရယ်ရမလား ငိုရမလားဆိုတာမသိတော့ပါ။

ဖင်းယန်ဘေးကနေသတိပေးသည်။

"စီနီယာ၊ ဒီကြယ်ရောင်ဖန်သားပြင်ပေါ် ခြေချပြီးတာနဲ့ အစကနေ အစွမ်းကုန်ပြေးဖို့လိုတယ်"

"စီနီယာပိုကြာကြာနေလေလေ၊ ဖိအားက ပိုကြီးမားလေလေပဲ၊ တချိန်တည်းမှာပဲ အစကနေ ခွန်အားအပြည့်ကိုမသုံးဘူးဆိုရင် ကြယ်ဖိအားကြောင့် သေတဲ့အထိ ဆွဲခေါ်ခြင်းကိုခံရလိမ့်မယ်"

လုချန်ရှန်းခေါင်းညိတ်သည်။

ခွန်အားအပြည့်လား!

ဒီဖိနှိပ်ခြင်းက ဘယ်လောက်ထိ အားကောင်းသလဲဆိုတာသူမသိသဖြင့် အမြန်နှုန်းကို မြှင့်တင်ရန်အတွက် အကောင်းဆုံးသာကြိုးစားရပေမည်။

ချက်ချင်းဆိုသလို သုံးယောက်စလုံးက တချိန်တည်းမှာပင် ညာခြေဖြင့်၀င်လိုက်ကြသည်။

ဖင်းယန်၀င်ပြီး အလွန်အမင်းမြန်ဆန်သည့် ခြေလှမ်းနှစ်လှမ်းလှမ်းပြီးနောက် သူ့အမြန်နှုန်းက အလွန်ပင်နှေးကွေးသွား၏။

သို့စေကာမူ သူအံကြိတ်ရင်း ရှေ့သို့ဆက်သွားနေသည်။

သို့သော် လုချန်ရှန်းနှင့်ဖင်းယန်အပြင် တတိယလူက ၀င်လိုက်သည်နှင့် မြေပေါ် ဖိနှိပ်ခြင်းကိုခံရသည်။ ထို့နောက် ဘေးက လူ၏ဆွဲခေါ်ခြင်းကိုခံလိုက်ရသည်။

လုချန်ရှန်းကရော!

လူတိုင်း သိချင်နေကြသည်။

သို့စေကာမူ ညာခြေဖြင့်တက်လှမ်းလိုက်သည့်အခိုက်အတန့်၌ လုချန်ရှန်း အနှီမျက်လုံးဖြင့် မြင်နိုင်စွမ်းမရှိသည့် အမြန်နှုန်းဖြင့် ဒုတိယစမ်းသပ်မှုရှေ့သို့ တိုက်ရိုက်ပြေးသွားသည်။

လုချန်ရှန်းနောက်ကနေ ဖင်းယန်နှင့်ကျန်သောသူများ၏ ထိတ်လန့်တုန်လှုပ်နေသည့် အကြည့်ထားမိသဖြင့် ဆွံအသွားရသည်။

သောက်ကျိုးနည်း....သေစမ်း၊ အမြန်နှုန်းက အရမ်းမြန်လွန်းလို့ အရမ်းအဝေးကြီး သွားမိတာလား!

ဒီကြယ်စွမ်းအားဖိနှိပ်မှုက အရမ်းအားကောင်းတယ်လို့ ဖင်းယန်ပြောခဲ့တာမလား!

ဒါက ဘာမှမှမဟုတ်တာ.....!

ဒါကြောင့် တခြားသူတွေက ငါ့ကို သတိမထားမိစေဘူးလား!

လူတိုင်း ဒီမြင်ကွင်းကိုမြင်သောအခါ ထိတ်လန့်သွားကြ၏။

"ဒါ....ဒါဘယ်လိုအမြန်နှုန်းလဲ၊ ငါတို့ခွန်အားနဲ့ဆိုရင်တောင် ဒီအမြန်နှုန်းကို ထိန်းနိုင်မှာမဟုတ်ဘူး"

"ပြီးတော့ ဒီနေရာက ကြယ်စွမ်းအားဖိနှိပ်မှုနဲ့ ချည်နှောင်ထားတဲ့နေရာပဲ၊ သူ့အမြန်နှုန်းက ငါတို့အတွက် လိုက်ဖမ်းဖို့တောင် ခပ်ခဲနေတာဆိုတော့ သူ့ခွန်အားက ဘယ်အဆင့်ကိုတောင်ရောက်နေပြီလဲ"

"ဒီနေရာကစမ်းသပ်မှုက ကျင့်ကြံခြင်းနဲ့ဘာမှမသက်ဆိုင်ဘူး၊ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်ပဲမြှင့်မားပါစေ၊ ဒီစမ်းသပ်မှုထဲမှာ ကောင်းကင်အင်မော်တယ်နယ်ပယ်ထိ ဖိနှိပ်ခံရမှာပဲ"

"ဖြစ်နိုင်တာက..... ဒီကလေးက အင်မော်တယ်နန်းတော်ရဲ့တပည့်များလား၊ သူ့ပါရမီက ချန်ဟွာရွှမ်းထက်တောင်မြင့်တာလား"

မြို့တံခါးကိုဖြတ်ကျော်ပြီးနောက် ဖင်းယန် လုချန်ရှန်း၏ကျောကို လေးနက်သည့်အမူအရာဖြင့်ကြည့်လိုက်၏။

ကြည့်ရသည်မှာ ဒီလူကို သူလျှော့တွက်မိပုံရသည်။

ဒီလိုကြောက်စရာကောင်းတဲ့တပည့်ကို လေ့ကျင့်ပေးနိုင်တဲ့အစွမ်းရှိတဲ့ သူ့နောက်က ဆန်းကြယ်တဲ့ဆရာသခင်ဆိုတာ ဘယ်သူများလဲ!

သူ့လက်ရှိစွမ်းဆောင်ရည်အရဆိုပါက ချန်ဟွာရွှမ်းကိုပင် ကျော်လွှားနေလေပြီ။

မဟုတ်ဘူး၊ ငါသူနဲ့အဆင်ပြေအောင်နေရမယ်!

ဒါက အင်မော်တယ်လောင်ကျွမ်းချိုင့်ဝှမ်းအတွက်ရော သူကိုယ်တိုင်အတွက်ပါ အတော်လေးအကျိုးရှိပေလိမ့်မည်။

ဒါကိုတွေးမိသောအခါ ဖင်းယန် ချက်ချင်းပင် လုချန်ရှန်းဆီသို့ပြေးသွားပြီး ကြည့်ကာ ပြောလိုက်သည်။

"စီနီယာ၊ ခင်ဗျားရဲ့ခွန်အားနဲ့ဆိုရင် အင်မော်တယ်နန်းတော်က အင်မော်တယ်တွေက မကြာခင် ခင်ဗျားကိုတပည့်အဖြစ် ခေါ်ဖို့အတွက် လာကြလိမ့်မယ်"

လုချန်ရှန်းခေါင်းခါယမ်းသည်။

"ငါ့မှာဆရာရှိပြီးသားပါ၊ မေ့လိုက်တော့"

ဖင်းယန်ဆွံအသွားသည်။

အပြင်လူများက နန်းတော်ထဲ၀င်ရန် အကောင်းဆုံးကြိုးစားကြသော်လည်း လုချန်ရှန်းကမ၀င်ချင်ပေ။

သူကမိုက်မဲတာလား၊ ဒါမှမဟုတ် လုံး၀မလိုအပ်တာများလား!

ဖင်းယန်ခေါင်း‌ခါယမ်းကာ အရမ်းကြီးတွေးမနေတော့ပါ။

သူတို့ရှေ့တွင် မရေမတွက်နိုင်လောက်သည့် သံကြိုးများရှိပြီး လေထဲ၌ ကွန်ရက်တခုအဖြစ်ချိတ်ဆက်နေကြ၏။ သံကြိုးတိုင်းက ကြယ်စွမ်းအားနှင့် ဆက်စပ်နေသည်။

ဖင်းယန်ရှင်းပြသည်။

"ဒုတိယစမ်းသပ်မှုက ဒီသံကြိုးကိုဖြတ်ရမယ်၊ ဒါကနန်းတော်ကိုသွားဖို့အတွက် တခုတည်းသောနည်းလမ်းပဲ"

"ကြယ်အင်မော်တယ်သော့အခင်းအကျင်းထဲကို၀င်လိုက်တာနဲ့ ဒီသံကြိုးတွေက ခင်ဗျားကိုရစ်ပတ်လာလိမ့်မယ်"

"ဒါကိုဖြတ်ကျော်ဖို့အတွက် နည်းလမ်းနှစ်ခုရှိတယ်လို့ပြောတယ်၊ ပထမနည်းလမ်းက အမြန်နှုန်းနဲ့ တိုက်ရိုက်ဖြတ်ကျော်ခြင်းပဲ၊ ဒုတိယနည်းလမ်းက သံကြိုးကို အားသုံးပြီး ပိတ်ဆို့ခြင်းပဲ၊ ခင်ဗျားချည်နှောင်ခံရရင်တောင် ဒါကိုဖြတ်ကျော်ဖို့အတွက် အားသုံးလို့ရတယ်"

"ဒါပေမယ့် ပထမတခုက မဖြစ်နိုင်သလောက်လုနီးပါးပဲ၊ ကျုပ်တို့ ဒုတိယတခုကိုပဲ အားကိုးလို့ရတယ်"

အမြန်နှုန်းက မဖြစ်နိုင်သလောက်လုနီးပါးလား!

လုချန်ရှန်း သွားရန်အတွက် ဒီနည်းလမ်းကိုအသုံးပြုချင်သည်။

ဒီကိစ္စ၌ တခြားသူများက ဒုတိယနည်းလမ်းကို ကျော်ဖြတ်ရန်အတွက် သူတို့ခွန်အားများကိုသုံးကြပေလိမ့်မည်။

အကယ်၍ သူသာဒီရှုထောင့်တွင် မတော်တဆ အများကြီးပြသမိပါက သူ့ကိုပို၍ အာရုံစိုက်လာအောင် လုပ်မိသွားပေလိမ့်မည်။

မဖြစ်နိုင်ဘူး!

လုချန်ရှန်း ချက်ချင်းဆိုသလို ဒီအချက်နှစ်ချက်ကို ငြင်းလိုက်၏။

သူကြယ်အင်မော်တယ်သော့အခင်းအကျင်းကိုကြည့်လိုက်၏။ ဒါက အခင်းအကျင်းတခုဖြစ်သဖြင့် ဖောက်ရန်အတွက် နည်းလမ်းတခုတော့ရှိရပေမည်။

သူချိုးဖျက်နိုင်သရွေ့ ဘေးကင်းစွာဖြတ်ကျော်နိုင်မည်သာ။ ဒီနည်းလမ်းဖြင့် အာရုံစိုက်မှုသိပ်ရှိတော့မည်မဟုတ်။

သူဒါကိုတွေးနေစဉ် ဖင်းယန်က အရင်ဆုံး၀င်သွားပြီဖြစ်သည်။

ချက်ချင်းဆိုသလို အဆုံးမဲ့ကြယ်စွမ်းအားဖိနှိပ်မှုကိုသယ်ဆောင်ထားသည့် သံကြိုးများက ဖင်းယန်ထံဦးတည်လာပြီး သူ့ကိုယ်အား အထဲတွင် ချည်နှောင်လိုက်သည်။

ဒါကိုမြင်သောအခါ ဖင်းယန်၏အမူအရာကလေးနက်သွားပြီး အော်ဟစ်သည်။

"အင်မော်တယ်မီးကိုးသွယ်ဆန်းကြယ်ခန္ဓာ"

ဖင်းယန်၏တကိုယ်လုံးက အင်မော်တယ်စွမ်းအားဖြင့်ပြည့်နှက်နေသည့် အားပြင်းသောမီးတောက်များဖြင့်ဖုံးလွှမ်းသွား၏။

သူ့ကိုချည်နှောင်ထားသည့်သံကြိုးများက မီးရှို့မခံရသော်လည်း အားနည်းလာသည့် လက္ခဏာများကိုပြသနေသည်။

တခဏအကြာတွင် ဖင်းယန်ရှေ့သို့ တက်နိုင်လာသည်။

အဆင့်တိုင်းတွင် ဖင်းယန်၏ကိုယ်၌ နောက်ထပ်သံကြိုးတစ်ပင်က ချည်နှောင်လာသည်။

ဖင်းယန် ဒါကိုအားသုံးချိုးဖျက်ရန်အတွက် ဒုတိယနည်းလမ်းကိုအသုံးပြုချင်နေတာ သိသာထင်ရှားနေသည်။

လုချန်ရှန်းမရပ်ပေ။ ယင်းအစား သူက ဖင်းယန်ထံ၀င်သွားသည့် သံကြိုးများကိုကြည့်ရင်း အတွေးနက်ထဲကျနေသည်။

အစီအရင်မျက်လုံးကဘယ်မှာလဲ!

အခင်းအကျင်းအခြေခံကဘယ်မှာလဲ!

ဒီနှစ်ခုကိုသူ‌ရှာတွေ့နိုင်သရွေ့ ဒီအခင်းအကျင်းအစီအရင်ကို ချိုးဖျက်နိုင်ပေလိမ့်မည်။

အပြင်လူအျားက လုချန်ရှန်းရပ်လိုက်တာကိုမြင်သောအခါ စိတ်သက်သာရာရသွားကြသည်။

"ကြည့်ရတာသူ့မှာအမြန်နှုန်းပဲရှိပုံပဲ၊ သူ့အင်မော်တယ်ကိုယ်ခန္ဓာက ဖြတ်ကျော်ဖို့အတွက်မလုံလောက်သေးဘူး"

"ဒါလည်းကောင်းပါတယ်၊ စိတ်သက်သာရာရတာပေါ့"

ထိုအချိန်မှာပင် လုချန်ရှန်းရုတ်တရက် လှုပ်ရှားလာသည်။

အပိုင်း(584) coming။

All Chapters