← Chapters

#ကြယ်တာယာခန်းမ၊ ကောင်းကင်ဘုံတက်လှေကား#

Vol. 41 Ch. 585

#ကြယ်တာယာခန်းမ၊ ကောင်းကင်ဘုံတက်လှေကား#

Vol. 41 Ch. 585

လုချန်ရှန်း လူတိုင်းကိုနှုတ်ပိတ်ပစ်မည့်အကြောင်းကို တခဏမျှတွေးတောပြီးနောက် လက်လျှော့လိုက်ရသည်။

ပထမအနေဖြင့် အင်မော်တယ်ကမ္ဘာက အင်အားစုများကရှုပ်ထွေးပြီး သူအားလုံးကို အပြည့်အ၀နားမလည်သေးပေ။ အကယ်၍သူသာ အရမ်းကာရောလုပ်မိပါက ထိုအင်အားစုများဆီကနေ အကြမ်းဖက်တုံ့ပြန်မှုကို ဖြစ်လာစေနိုင်သည်။

ဒုတိယအနေဖြင့် ဒီနေရာ၌လူအများကြီးရှိပြီး သူတို့က အင်မော်တယ်ဂိုဏ်းအသီးသီးက ပါရမီရှင်များဖြစ်ကြသည်။ သူမည်မျှပင် သူတို့ကို နှုတ်ဆိတ်အောင်ကြိုးစားပါစေ ရှာဖွေဖော်ထုတ်ခံရမည်သာ။

သို့စေကာမူ လုချန်ရှန်းတွေးနေတာကိုသာ ဖင်းယန်သိမည်ဆိုပါက သူဆွံအသွားပေလိမ့်မည်။

ဒီလိုကိစ္စသေးသေးလေးအတွက် နှုတ်ပိတ်ဖို့ကို တွေးနေစရာလိုလို့လား!

လုချန်ရှန်းနှင့်ဖင်းယန်တို့က ဂိတ်ကိုတွန်းဖွင့်ပြီး ဒုတိယအခင်းအကျင်းအစီအရင် တိုက်ရိုက်ကျိုးပဲ့သွားသည်နှင့် အထဲသို့ ၀င်သွားကြသည်။

ဖင်းယန်ကဘေးကနေရှင်းပြသည်။

"ဒီတတိယအဆင့်က ကျုပ်ရဲ့အရင်က အကန့်အသတ်ပဲ"

စမ်းသပ်မှုကိုအဆင့်လေးဆင့်ခွဲခြားထားပြီး အဆင့်တိုင်းက ယခင်အဆင့်များထက် အဆပေါင်းများစွာပိုခက်သည်။

"တတိယအဆင့်က အင်မော်တယ်ရုပ်သေးကိုအနိုင်ယူဖို့ပဲ၊ သူ့ရဲ့ခွန်အားကို စိန်ခေါ်သူရဲ့ ခွန်အားနဲ့လိုက်ပြီး သတ်မှတ်ပေးလိမ့်မယ်၊ ဒါပေမယ့် အမြင့်ဆုံးရောက်နိုင်တဲ့အဆင့်ကတော့ ကောင်းကင်အင်မော်တယ်နယ်ပယ်ပဲ၊ ဒါကြောင့် လူတယောက်ရဲ့ခွန်အားက ဒီနန်းတော်ကိုလာပြီး ကောင်းကင်အင်မော်တယ်နယ်ပယ်ကိုကျော်လွန်သွားမယ်ဆိုရင် သူတို့က ကောင်းကင်အင်မော််တယ်နယ်ပယ်အထိ ကြယ်စွမ်းအားနဲ့ ချိပ်ပိတ်ခံရလိမ့်မယ်"

ကျင့်ကြံခြင်းကိုချိပ်ပိတ်တာလား!

လုချန်ရှန်းပဟေဠိဖြစ်သွားသည်။

ငါ့ကျင့်ကြံခြင်းကတော့ ဖိနှိပ်ခံထားရပုံမပေါ်ပါဘူး!

ဒါ့အပြင် သူ့ကိုယ်ပေါ်ကျရောက်လာသည့် ချိပ်ပိတ်သည့်စွမ်းအားကိုသူမခံစားရပေ။

"ကြည့်၊ ချန်ဟွာရွှမ်းအောင်မြင်သွားပြီ၊ လိန်ယင်ရှီနဲ့ ရှန်းလန်တို့က ကောင်းကင်အင်မော်တယ်နယ်ပယ်မှာရှိပြီး အင်မော်တယ်ရုပ်သေးနဲ့တိုက်ခိုက်နေကြတယ်"

လုချန်ရှန်းရှေ့သို့ကြည့်လိုက်သည်။

စင်္ကြလမ်းရှေ့တွင် ကြယ်ရောင်လှောင်အိမ်နှစ်ခုရှိသည်။

အင်မော်တယ်ရုပ်သေးက လိန်ယင်ရှီနှင့် ရှန်းလန်တို့ကို လှောင်ပိတ်ပြီးနောက် ဆန့်ကျင်ဘက်ကနေ တိုက်ခိုက်နေသည်။

ချန်ဟွာရွှမ်းက အင်မော်တယ်ရုပ်သေးကိုချိုးဖျက်ပြီး ရှန်းလန်ကိုအပြုံးဖြင့်ကြည့်နေသည်။

သူ ဖင်းယန်နှင့်လုချန်ရှန်းကိုသတိထားမိသောအခါ မျက်ခုံးအနည်းငယ်ပင့်လိုက်မိသည်။ ခုနကလေးက တယောက်ယောက် အစီအရင်ကို ချိုးဖျက်ဖို့ကြိုးစားနေတာကို သူအာရုံခံမိသည်။

အစီအရင်ရဲ့တန်ပြန်အားက သူတို့ကို ဝမ်းမမြိုပစ်ဘူးလား!

ရတနာတခုခုကြောင့်ဖြစ်ရမယ်!

အင်မော်တယ်လောက်ကျွမ်းချိုင့်ဝှမ်း၏ ပါရမီရှင်တဖြစ်လဲ ချိုင့်ဝှမ်းသခင်၏သားဖြစ်သည့် ဖင်းယန်တွင် သူ့ကိုကာကွယ်ရန်အတွက် အဆင့်မြင့်ရတနာတချို့ရှိပါသည်။

အခင်းအကျင်းကိုချိုးဖျက်ခြင်းကိုမူ ချန်ဟွာရွှမ်းတွေးပင်မတွေးပေ။

ဒါက အင်မော်တယ်အခင်းအကျင်းဆရာများပင် မလုပ်နိုင်သည့်အရာတခုဖြစ်သည်။

အကယ်၍အခင်းအကျင်းကိုချိုးဖျက်လိုပါက အင်မော်တယ်အခင်းအကျင်းဆရာထက် ပိုမြင့်မားသည့်သူတစ်ဦးဖြစ်လာရပေမည်။

အင်မော်တယ်နန်းတော်ပင်လျှင် ထိုကဲ့သို့ပုံရိပ်မျိုးကို ဂုဏ်သရေရှိဧည့်သည်အဖြစ် ဆက်ဆံရပေလိမ့်မည်။

သူဘာလို့ဒီကိုလာရတာလဲ!

ငါတို့လိုဂျူနီယာတွေနဲ့ယှဉ်ပြိုင်ဖို့လား!

သို့စေကာမူ အကယ်၍ ဒီနေရာက နတ်ပစ္စည်းက ကြယ်ဝိဉာဉ်အနှစ်သာရဆိုတာကိုသာ သူတို့သိမည်ဆိုပါက ဒီလိုမတွေးလောက်ပေ။

ထို့နောက်ချက်ချင်းပင် သူ့အကြည့်ကိုဖယ်ကာ ရှန်းလန်းပေါ်သို့ထပ်မံပို့လိုက်သည်။

အင်မော်တယ်ကျောက်စိမ်းမိန်းမပျိုတစ်ဦးဖြစ်သည့် ရှန်းလန်အပြင် တခြားမည်သူကများ သူအာရုံစိုက်မှုနှင့်ထိုက်တန်သနည်း။

ဖင်းယန်ကပြုံးကာ လုချန်ရှန်းအားပြောသည်။

"စီနီယာလု၊ ကျုပ်တို့လည်းသွားကြမလား"

လုချန်ရှန်းခေါင်းညိတ်သည်။

သူစင်္ကြလမ်းရှေ့တွင်ရပ်လိုက်သည်။

ဖင်းယန်ရှေ့တွင် ကောင်းကင်အင်မော်တယ်နယ်ပယ်အစောပိုင်းအဆင့်အင်မော်တယ်ရုပ်သေးတစ်ရုပ်ပေါ်လာသည်။

သို့စေကာမူ အချိန်အတော်ကြာသည့်တိုင် မည်သည့်အင်မော်တယ်ရုပ်သေးမှ လုချန်ရှန်းရှေ့တွင် မပေါ်လာခဲ့ပေ။

လုချန်ရှန်း ကြက်သေသေနေပြီး ဘေးဘီဝဲယာကြည့်လိုက်မိသည်။

ဖင်းယန်ကလည်းစတင်တိုက်ခိုက်နေလေပြီ။

လိန်ယင်ရှီနှင့် ရှန်းလန်တို့ကလည်း ဆောင်ရွက်နေကြသော်လည်း လုချန်ရှန်းရှေ့တွင် ဘာမှမဖြစ်ပျက်လာခဲ့ပေ။

ကြယ်ရောင်လှောင်အိမ်ပင်လျှင် မပေါ်လာခဲ့။

ဘာလားဟ!

ဘာတွေဖြစ်ပျက်နေတာလဲ!

စက္ကန့်များကကုန်ဆုံးသွား၏။

ချန်ဟွာရွှမ်းနှင့်ကျန်သောသူများက စတုတ္ထအဆင့်ကိုပင်လျှောက်သွားကြလေပြီ။ ရက်တ၀က်ခန့်ကြာပြီး နောက်ဆုံးတွင် ဖင်းယန်ကန့်သတ်ချက်များကို ချိုးဖျက်ကာ အင်မော်တယ်ရုပ်သေးကို လောင်ကျွမ်းပစ်သည်။

သို့စေကာမူ လုချန်ရှန်းလုံး၀မလှုပ်ရှားခဲ့ပေ။

ဖင်းယန် လုချန်ရှန်းကို ဖြူဖျော့နေသည့်မျက်နှာဖြင့်ကြည့်သည်။

"စီနီယာ၊ အင်မော်တယ်ရုပ်သေးမရှိဘူးလား"

လုချန်ရှန်းခေါင်းခါယမ်းသည်။

ထိုအချိတ်တွင် ဘက်ပေါင်းစုံကနေ အသံတစ်သံထွက်လာသည်။

"မင်းရဲ့ခွန်အားအရဆိုရင် ငါမင်းကိုချိပ်မပိတ်နိုင်ဘူး၊ ဒါကြောင့် မင်းအင်မော်တယ်ရုပ်သေးကို ဆော်ဩနိုင်ရင်တောင် အဲဒါက မင်းပြိုင်ဘက်မဟုတ်ဘူး၊ တိုက်ရိုက်သွားလိုက်တော့"

ဖင်းယန် "????"

လုချန်ရှန်းကျိန်ဆဲလိုက်သည်။

"ဘာလို့ကျုပ်ကိုအစောကြီးကတည်းကမပြောတာလဲ"

ငါအချိန်အရမ်းဖြုန်းမိသွားပြီလေ!

ဖင်းယန်ခါးသီးစွာပြူံးသည်။

ဖိနှိပ်လို့တောင်မရနိုင်တဲ့စွမ်းအားလား!

သူဘယ်လောက်တောင်အားကောင်းတာလဲ!

သူက အင်မော်တယ်နန်းတော်က ချန်ဟွာရွှမ်းထက် အဆပေါင်းများစွာပိုအားကောင်းပေလိမ့်မည်။ သူတို့ကအဆင့်တူမဟုတ်ကြပါ။

"အမ်....အင်း၊ စီနီယာ၊ ဒီလိုဆိုမှတော့ တိုက်ရိုက်သွားလိုက်ကြတာပေါ့"

လုချန်ရှန်းခေါင်းညိတ်သည်။

သူတို့က၀င်ပေါက်ကနေဖြတ်သန်းသွားပြီးနောက် ခန်းမထဲသို့၀င်လာကြသည်။

ခန်းမကအတော်လေးကျယ်ပြန့်သည်။

ဂူဗိမာန်ပုံကျောက်တိုင်များ၏၀န်းရံခြင်းကိုခံထားရပြီး ကျောက်တိုင်များရှိ ကြယ်စွမ်းအားက အတော်လေးသိပ်သည်းထူထပ်သည်။

ကျောက်တိုင်များက ဧရာမအခင်းအကျင်းကြီးတခုဖန်တီးထားပုံရသည်။

မော့ကြည့်လိုက်ပါက ဂူဗိမာန်ကိုမမြင်နိုင်သည့်အလားပင်။ ကြယ်များစွာချိတ်ဆွဲနေသည့် ကြယ်တာယာကောင်းကင်တခုပမာဖြစ်နေသည်။

ကျောက်တိုင်များ၏အလယ်တွင် လွင့်မြောနေသည့်လှေကားတစ်စင်းရှိသည်။

လွင့်မြောနေသည့်လှေကားထစ်များက ဂူဗိမာန်အထက်က ကြယ်တာယာကောင်းကင်အား ဦးတည်နေသည်။

ဖင်းယန် ဘေးကနေရှင်းပြသည်။

"ဒီစတုတ္ထအဆင့်မှာ ကောင်းကင်ဘုံတက်လှေကားထစ်စုစုပေါင်း ၉၉ထစ်ရှိတယ်၊ ခင်ဗျား ဒီလှေကားထစ်ကနေ တက်နေသရွေ့ ခင်ဗျားရဲ့ခွန်အားအားလုံးက ကြယ်များရဲ့ ချိပ်ပိတ်ခြင်းကိုခံရလိမ့်မယ်၊ တချိန်လုံး ကြောက်မက်ဖွယ်ရာဖိနှိပ်မှုကို ခံနိုင်ရည်ရှိဖို့အတွက် ကိုယ်ခန္ဓာနဲ့ ဆန္ဒကိုပဲအားကိုးလို့ရမယ်...."

"တကယ်တော့ အဆင့်တစ်ဆင့်စီရဲ့ ဖိနှိပ်ခြင်းအားက ပိုပိုပြီးအားကောင်းလာတယ်၊ မြို့တံခါးက ဖိနှိပ်မှုအားက ကောင်းကင်ဘုံတက်လှေကားထစ်တွေရဲ့ ငါးဆင့်မြောက်ဖိအားနဲ့ပဲ ညီမျှတယ်..."

လုချန်ရှန်းခေါင်းမော့လိုက်သောအခါ လွင့်မြောနေသည့်လှေကားထစ်များပေါ်၌ လူသုံးယောက်ကိုတွေ့လိုက်ရသည်။

ရှန်းလျန်က ၁၅ထပ်အဆုံးတွင်ရှိပြီး လိန်ယင်ရှီက ၂၂ထပ်တွင်ရောက်နေသည်။

ချန်ဟွာရွှမ်းကမူ ၄၁ထပ်ကိုပင် ရောက်နေလေပြီ။

ရှန်းလန် အပေါ်ကလူနှစ်ယောက်ကိုကြည့်ရင်း သူမ၏နီရဲသောနှုတ်ခမ်းကို အသာအယာကိုက်မိသည်။ သူမ၏ အေးစက်သောမျက်လုံးများက အရှုံးကို၀န်ခံရန်အတွက် ဆန္ဒမရှိသည့်အကြည့်ကို ဖော်ပြနေသည်။ သူမရှေ့တလှမ်းတိုးကာ လျှောက်ရန်ပြင်လိုက်သည်။

သို့စေကာမူ သူမခြေထောက်ကို မြောက်လိုက်သည့်အခိုက်အတန့်၌ သူမ၏မျက်သူငယ်အိမ်များက ရုတ်တရက်ကျုံ့သွားပြီး သွေးများက ပါးစပ်ကနေစီးကျလာသည်။

ချန်ဟွာရွှမ်းကနဖူး၌ ပုလဲလုံးပမာချွေးများစီးကျနေပြီး အပေါ်တွင်ရပ်နေသည်။ ဒီလှေကားထစ်က သူ့အတွက်လည်း မလွယ်ကူတာ သိသာထင်ရှားနေသည်။

သူလှည့်ပြီး ရှန်းလန်းအားကြည့်လိုက်၏။

"ရှန်းလန်၊ ကိုယ့်ကိုကိုယ်တွန်အားမပေးနဲ့၊ ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင် အင်မော်တယ်ခန္ဓာက ပြောင်းမရနိုင်တဲ့ ထိခိုက်မှုကို ရသွားလိမ့်မယ်"

ရှန်းလန်တခွန်းမှမပြောသော်လည်း သူမ၏အမူအရာက အတော်လေးခေါင်းမာသည့်အသွင်ပေါ်နေသည်။

လုချန်ရှန်းသူတို့ကိုအာရုံမစိုက်ဘဲ သူ့မျက်လုံးများက လိန်ယင်ရှီပေါ်သို့ကျသွားသည်။

သူ့မျက်နှာကဖြူဖျော့နေသည့်တိုင် အသက်ရှူမှုက အတော်လေးတည်ငြိမ်နေသည်။ သူက ထိန်းချုပ်ထားတာ သိသာထင်ရှားနေသည်။

ကြည့်ရတာ ဒီလူမှာ တခြားစေ့ဆော်မှုတွေရှိပုံပဲ!

ဖင်းယန်ပြောသည်။ " စီနီယာလု၊ အတူတူတက်ကြမလား"

ထို့နောက် ဖင်းယန် လှေကားထစ်ပေါ်တက်လိုက်သည်။

သူတက်နင်းလိုက်သည့်အခိုက်အတန့်၌ အင်မော်တယ်မီးကိုးသွယ်ဆန်းကြယ်ခန္ဓာကို တိုက်ရိုက်အသက်သွင်းကာ တချက်တည်းနှင့် ရှစ်ခုမြောက်အဆင့်ကိုရောက်သွားသည်။

သို့စေကာမူ ကိုးခုမြောက်တွင် ဖင်းယန်၏ကိုယ်ခန္ဓာက အပြင်းအထန်တုန်ယင်သွားပြီး သူ့ခါးပင်လျှင် ကွေးသွားရသည်။

သူခြေထောက်ကိုဆက်မချင်သော်လည်း ဘယ်လောက်ပဲကြိုးစားကြိုးစား မမြှောက်နိုင်ပေ။

ဒါကိုမြင်သောအခါ ဖင်းယန်ခါးသီးစွာပြုံးသည်။

ဒါကသူ့ကန့်သတ်ချက်ဖြစ်လောက်သည်။

သူလုချန်ရှန်းကိုလှည့်ကြည့်လိုက်သောအခါ လုချန်ရှန်းဖြည်းဖြည်းချင်းတက်လာသည်။

ပထမထပ်၊ ဒုတိယထပ်၊ တတိယထပ်!

သူလှမ်းသည့်ခြေလှမ်းတိုင်းက အတော်လေးတည်ငြိမ်ပြီး သူ့အော်ရာက ဟန်ချက်ညီသည်။

သူ့အမူအရာကထူးမခြားနားသည့်အသွင်ရှိနေပြီး သူ့အားကျော်ဖြတ်သွားသည့်တိုင် မည်သည့်အမူအရာအတက်အကျ လက္ခဏာမှမရှိပေ။

မျောလွင့်နေသည့်လှေကားထစ်များ၏ ဖိအားက သူ့အတွက်ပြောဆိုရန်ပင် မထိုက်တန်သည့်အလားပင်။

ဖင်းယန်ခါးသီးစွာပြုံးသည်။

"ခင်ဗျားဘယ်အဆင့်ကိုရောက်နိုင်မလဲဆိုတာကျုပ်သိချင်မိတယ်....၊ ပထမနေရာရဲ့စံချိန်ကိုချိုးဖျက်ပြီး အဆင့်၆၉ကို ကျော်လွန်သွားနိုင်မလား၊ ဒါမှမဟုတ် ချန်ဟွာရွှမ်းကို တိုက်ရိုက်ချိုးဖျက်နိုင်မလား...."

အပိုင်း(586) coming။

All Chapters