← Chapters

#နတ်ဆိုးနယ်မြေ၏ အကြွင်းအကျန်#

Vol. 41 Ch. 586

#နတ်ဆိုးနယ်မြေ၏ အကြွင်းအကျန်#

Vol. 41 Ch. 586

ကောင်းကင်ဘုံတက်လှေကားက စုစုပေါင်း ၉၉ဆင့်ရှိသည်။

တစ်ဆင့်ချင်းစီ၌ ဖိနှိပ်မှုစွမ်းအားက အရင်ကထက်အများကြီးပို၍အားကောင်းလာသည်။

ကျင့်ကြံခြင်းကိုလုံး၀ချိပ်ပိတ်ခံထားရသဖြင့် အင်မော်တယ်ကိုယ်ခန္ဓာနှင့် ဆန္ဒစွမ်းအားကိုသာ အားကိုးပြီး ထိပ်ဆုံးသို့ ရောက်ရန်ဟူသည် မည်မျှပင် ခက်ခဲလေသနည်း။

ဒါကမဖြစ်နိုင်သောတာ၀န်တခုဟုဆို၍ရသည်။

အဆင့်နံပါတ်အမြင့်ဆုံးသို့တက်ရောက်နိုင်သည့်လူက မြို့တံခါးကျောက်တိုင်စာရင်းပေါ်ကနံပါတ်တစ်ဖြစ်ပြီး ၆၉ဆင့်အထိ တက်နိုင်ခဲ့သည်။

ဒီလူက အင်မော်တယ်နန်းတော်၏အာရုံကိုပင် ဆွဲဆောင်သွားခဲ့သည်။

ယခုတွင် ရှန်းလန်က နောက်တစ်လှမ်းလှမ်းပြီး ၁၆ထပ်ကိုရောက်လာသည်။

ထိုအချိန်တွင် သူမအမူအရာကပြောင်းလဲသွား၏။

သူမဘေးသို့ကြည့်လိုက်သောအခါ အမူအရာက အေးခဲသွားရသည်။

လုချန်ရှန်းက သူမကိုဖြည်းဖြည်းချင်းပင် ဖြတ်ကျော်သွားသည်။ သူလှမ်းသည့်ခြေလှမ်းတိုင်းက အလွန်အမင်းတည်ငြိမ်ပြီး အလျင်စလိုမရှိပေ။

သူ့အမူအရာကတည်ငြိမ်နေပြီး သူ့ကျောက ဖြောင့်တန်းနေသည်။

လွင့်မြောနေသည့်လှေကားထစ်များက သူ့အတွက် ဘာအခက်အခဲမှမရှိသည့်အသွင်။

၁၇ထပ်!

၁၈ထပ်!

သူဆက်လက်သွားနေသည်။ သူ့အမြန်နှုန်းကတည်ငြိမ်နေဆဲပင်။ တစ်စက္ကန့်မျှပင် မမြန်သလို မနောက်ကျပေ။

ရှန်းလန်တုန်လှုပ်သွားပြီး တွေးလိုက်မိသည်။

ဒီလူကအတိအကျဘယ်သူများလဲ!

ဘာလို့ဒီလူကို ငါအရင်က တခါမှ မကြားဖူးခဲ့ရတာလဲ!

လုချန်ရှန်း ရှန်းလန်၏အကြည့်ကို လျစ်လျူရှုထားသည်။

အင်မော်တယ်ကျောက်စိမ်းမိန်းမပျိုလား!

ဟမ်၊ သူမကတကယ်ပဲလှပြီး စိတ်လှုပ်ရှားစေပါတယ်!

သို့စေကာမူ ဒီလှပသည့်အမျိုးသမီးများနှင့် လုချန်ရှန်းမရှုပ်ထွေးချင်ပေ။

သူတို့နှင့် ရောနှောမိပါက ကောင်းသောအရာဟူ၍ ဘာမှရောက်လာတော့မည်မဟုတ်။

ဒီအမျိုးသမီးမြူဆွယ်သူများအနီးတွင် နောက်လိုက်များက မနည်းပါ။

အကယ်၍ သူသာသူမကိုအပိုင်ရယူလိုက်ပါက ထိုလူများက သေချာပေါက် အာဃာတတရားများထားကြပေလိမ့်မည်။

ဒါ့အပြင် ရှန်းလန်က အင်မော်တယ်နန်းတော်က ထိုတပည့်လေးမျက်စိကျနေသူဖြစ်သည်။

ဒီရင်းနှီးခြင်းမရှိသည့်နေရာ၌ လုချန်ရှန်း တခြားအင်အားစုများကို ရန်မစချင်ပါ။

လုချန်ရှန်း ပတ်ပတ်လည်အား စောင့်ကြည့်ရင်း ဆက်လက်လျှောက်နေပြီး နတ်အသိကို ထုတ်လွှတ်လိုက်၏။

ဒါက တခြားတစ္ဆေ‌တကောင်ကောင် ချုံခိုတိုက်ခိုက်မည့်အရေးကနေ ကာကွယ်ရန်ဖြစ်သလို အခင်းအကျင်း၊ ထောင်ချောက်များကနေ ကာကွယ်ရန်လည်းဖြစ်သည်။

ဒါကလည်း လုချန်ရှန်းမြန်မြန်မလှုပ်ရှားရသည့်အကြောင်းရင်းဖြစ်သည်။

အကယ်၍ လုချန်ရှန်းသာအလိုရှိပါက ထိုနေရာသို့တိုက်ရိုက်သွားနိုင်သည်။

ဒီနေရာက ချိပ်ပိတ်စွမ်းအားက သူ့အတွက် အသုံးမဝင်ပါ။

ဒါကအသုံး၀င်နေလျှင်ပင် သူ့ရုပ်ခန္ဓာတခုတည်းနှင့် အမြင့်ဆုံးကို အလွယ်တကူရောက်နိုင်ပါသည်။

အပေါ်တွင် လိန်ယင်ရှီက ၃၅ထပ်ကိုပင် ရောက်နေလေပြီ။

သူ့မျက်လုံးများမှ နက်မှောင်သည့်အမူအရာတခုပေါ်လာပြီး အပေါ်က ချန်ဟွာရွှမ်းကို စိုက်ကြည့်နေသည်။

သူ့မျက်နှာကဖြူဖျော့နေသော်လည်း ကောင်းကင်ဘုံတက်လှေကားထစ်များ၏ အမြန်နှုန်းကလည်းလုံး၀မပြောင်းလဲပေ။

အဆင့်တစ်ဆင့်စီတိုင်း၏ ဖိနှိပ်စွမ်းအားက ကောင်းကင်ဘုံတက်လှေကား၏ အရင်အဆင့်များထက် များစွာပိုအားကောင်းသည်။

နယ်မြေခြောက်ခုအလွန်တွင်ရှိသည့် လုချန်ရှန်းအပြင် ဒါကိုတခြားမည်သူကများ လုပ်နိုင်မည်နည်း။

ချန်ဟွာရွှမ်းက ၄၉ထပ်ကိုရောက်နေလေပြီ။

ထိုအချိန်တွင် လိန်ယင်ရှီ၏မျက်နှာက မည်းမှောင်နေပြီး တွေးနေသည်။

"ဒါကလုံလောက်တဲ့အကွာအဝေးတခုပဲ..."

ထို့နောက် နတ်ဆိုးချီအမျှင်တန်းများက သူ့ကိုယ်ခန္ဓာကနေ ထိုးထွက်လာသည်။

ချန်ဟွာရွှမ်း၏အမူအရာကပြောင်းလဲသွားပြီး ချက်ချင်းပင်နောက်လှည့်ကာ လိန်ယင်ရှီအားကြည့်လိုက်၏။

ရှန်းလန်၏အမူအရာက အကြီးအကျယ် ပြောင်းလဲသွားလေတော့သည်။

ဖင်းယန်အထိတ်တလန့်အော်ဟစ်သည်။

"နတ်ဆိုးနယ်မြေက သူလျှိုလား"

လုချန်ရှန်းအနည်းငယ်ကြက်သေသေသွားသည်။

နတ်ဆိုးနယ်မြေ!

ဒါပေမယ့် ဘာလို့ဒီလူက ကျင့်ကြံခြင်းအော်ရာကို ထုတ်လွှတ်နေရသေးတာလဲ!

သူဖိနှိပ်မခံရဘူးလား!

သူဒီအကြောင်းကိုတွေးနေစဉ် လိန်ယင်ရှီက မော့ကြည့်ရင်းရယ်မောသည်။

"အင်မော်တယ်နန်းတော်ကလူတွေ၊ သေစမ်း"

နတ်ဆိုးအော်ရာက သန့်စင်ခံထားရသည့် မီးတောက်နက်များအဖြစ် ပြောင်းလဲသွားပြီး လိန်ယင်ရှီ၏ကိုယ်မှ ထိုးထွက်လာသည်။

ဒါက ချန်ဟွာရွှမ်းအား တိုက်ရိုက်ဦးတည်နေသည်သာမက ရှန်းလန်၊ ဖင်းယန်နှင့် လုချန်ရှန်းတို့ဆီကိုပါ ၀င်ရောက်သွား၏။

လိန်ယင်ရှီ ဒီနေရာတွင် တိုက်ခိုက်ရန် ရွေးချယ်ခဲ့ရခြင်းက ဒီနေရာတွင် အားလုံးက သူ့တိုက်ခိုက်နိုင်စွမ်းအကွာအဝေးအတွင်း ရှိနေသောကြောင့်ပင်။

တချိန်တည်းမှာပင် လွင့်မြောနေသည့် လှေကားထစ်များက သူတို့ကျင့်ကြံခြင်းကို ဖိနှိပ်မည်ဖြစ်ကာ သူတို့က အင်မော်တယ်ကိုယ်ခန္ဓာများကိုသာ အားထား၍ရပေတော့မည်။

ယခုအချိန်တိုက်ခိုက်ခြင်းက ဘယ်အရာမှ မမှားယွင်းတာကိုလည်းသေချာစေသည်။

ချန်ဟွာရွှမ်းဒေါသထွက်သွားသည်။

"ငါတို့ရဲ့အင်မော်တယ်ကမ္ဘာမှာ မင်းဘယ်လိုလုပ်ရဲတင်းရဲတာလဲ"

ထို့နောက် သူလှုပ်ရှားရန်ပြင်လိုက်စဉ် သူ့ကျင့်ကြံခြင်းနယ်ပယ်က ချိပ်ပိတ်ခံထားရတာကိုသိလိုက်ရသည်။ ယင်းနောက်တွင်သာ လက်ရှိအခြေအနေကို သူနားလည်သွားရသည်။

သူ့အမူအရာကမည်းမှောင်သွားသည်။

သို့စေကာမူ ငရဲမီးကရောက်လာပြီဖြစ်သဖြင့် သူအတင်းကြံ့ကြံ့ခံရုံသာ တတ်နိုင်တော့သည်။

ဖိနှိပ်မှုကိုခုခံရင်း ချန်ဟွာရွှမ်း လက်သီးတစ်ချက်ပစ်ထုတ်လိုက်သည်။

အောက်တွင် ရှန်းလန်နှင့် ဖင်းယန်တို့က အံကြိတ်ရင်း တိုက်ခိုက်ကြပြီး ငရဲမီးကို ခုခံချင်နေကြသည်။

ဒါကိုမြင်သောအခါ လိန်ယင်ရှီအကြမ်းပတမ်းရယ်မောလေတော့သည်။

"ဟားဟားဟား၊ မင်းတို့ပါရမီရှင်တွေအားလုံးကိုသတ်နိုင်ရင် ငါနတ်ဆိုးနယ်မြေကိုရောက်တဲ့အခါကျရင် သေချာပေါက်ဆုချီးမြှင့်ခံရမှာပဲ"

လိန်ယင်ရှီက သူတို့အားလုံးကို နှုတ်ပိတ်ချင်သည်မှာ သိသာထင်ရှားနေသည်။

လုချန်ရှန်းဆွံအနေသည်။

မင်းသတ်ချင်ရင်သူတို့ကိုသတ်လေ!

ငါဘာမှမပြောပါဘူးဟ!

ဘာလို့ငါ့ကိုပါဒီလိုဆွဲထည့်ရတာတုန်း!

ငါဒီအကြောင်းကိုဘယ်လောက်ပဲတွေးတွေး မင်းကိုဘယ်လိုရန်စစော်ကားမိခဲ့သလဲဆိုတာ စဉ်းစားလို့မရဘူး!

သို့စေကာမူ တဘက်လူ၏ငရဲမီးတိုက်ချက်ကိုမြင်သောအခါ လုချန်ရှန်းသူ့ကိုယ်သူကာကွယ်ရတော့သည်။

လွင့်မြောနေသည့်လှေကားထစ်များက အတော်လေးကျယ်ပြောသည်။ ဘက်ပေါင်းစုံက ငရဲမီးများလာနေသောအခါ သူတို့ဘယ်နေရာတွင် ပုန်းနိုင်တော့မည်နည်း။

သူ့တွင်ရွေးချယ်စရာမရှိပေ။

လုချန်ရှန်း လက်ချောင်းဖြင့်ညွှန်ပြလိုက်သည်။

ရုတ်ချည်းဆိုသလို ငရဲမီးက ဘာမှမဟုတ်သည့်အလားပြောင်းသွား၏။

တချိန်တည်းမှာပင် ချန်ဟွာရွှမ်း၊ ရှန်းလန်နှင့် ဖင်းယန်တို့ထံ၀င်သွားသည့် မီးတောက်များကလည်း တပြိုက်တည်းပျောက်ကွယ်သွားရသည်။

အိုး၊ မဟုတ်ဘူး.....!

လုချန်ရှန်းကြက်သေသေနေသည်။

ကြည့်ရတာ ငါ့ခွန်အားကို ငါမထိန်းချုပ်နိုင်သေးပုံပဲ!

အစက လုချန်ရှန်း သူ့ရှေ့က ငရဲမီးများကိုသာ ဖယ်ရှားပစ်ချင်ခဲ့ခြင်းဖြစ်သည်။

သို့စေကာမူ ဒီငရဲမီးက အရမ်းအားနည်းနေလိမ့်မည်ဟု သူမသိခဲ့ပေ။

ဒါကိုမြင်သောအခါ ဖင်းယန်က ချက်ချင်းပင်လက်နှစ်ဖက်ဆုပ်သည်။

"ကျေးဇူးပါ စီနီယာ"

ဒါကိုမြင်သောအခါ ရှန်းလန်ကလည်း ကြက်သေသေနေသည်။ ဒီလူက တကယ်ပဲအရမ်းအားကောင်းတာပဲ!

ဖင်းယန်ကဲ့သို့ပင် သူမကလည်း လုချန်ရှန်း လက်သီးဆုပ်ပြရင်းပြောသည်။

"ရှန်းလန်က စီနီယာကိုကျေးဇူးတင်ပါတယ်"

ချန်ဟွာရွှမ်းတုန်လှုပ်ချောက်ချားသွား၏။

ဒီလူကဘယ်သူလဲ!

ကြယ်အင်မော်တယ်သော့အခင်းအကျင်းကို ဖျက်ဆီးခဲ့တာကသူလား!

ဒီလိုလူမျိုးက တကယ်ပဲဒီမှာရှိနေတာလား!

သို့သော်မည်သို့ပင်ဆိုစေကာမူ လုချန်ရှန်းက သူ့အသက်ကိုကယ်တင်ပေးခဲ့သည်။

"အင်မော်တယ်နန်းတော်ချန်ဟွာရွှမ်းက စီနီယာကိုကျေးဇူးတင်ပါတယ်၊ စီနီယာရဲ့ ကြင်နာမှုအတွက် ပြန်ပေးဆပ်ဖို့ နောက်ကျရင် ကျုပ်ဆရာကို သေချာပေါက်ပြောလိုက်ပါမယ်"

"ဒါပေမယ့် နတ်ဆိုးနယ်မြေရဲ့ ဒီအကြွင်းအကျန်ကို ကိုယ်တိုင်ဆောင်ရွက်ပြီး ဖျက်ဆီးပစ်ဖို့အတွက် ကျုပ်စီနီယာကို တောင်းဆိုပါရစေ"

လိန်ယင်ရှီ တုန်လှုပ်ချောက်ချားသွား၏။

"မဖြစ်နိုင်တာ၊ မင်းခွန်အားက ဖိနှိပ်မခံထားရဘူးလား"

"ငါက နတ်ဆိုးနယ်မြေကပဲ၊ မင်းငါ့ကိုတားရဲရင် ငါ့ရဲ့နတ်ဆိုးနယ်မြေက တနေ့စည်းတံဆိပ်ကိုချိုးဖျက်ပြီးတဲ့အချိန် ငါမင်းကိုသတ်ပစ်မယ်"

လုချန်ရှန်းခေါင်းကိုက်လာသည်။

ယခုအချိန်တွင် သူကလိန်ယင်ရှီအား ပြန်သွားခွင့်ပေး၍မရတော့ပါ။

ကျားကိုတောင်ပေါ်မှာပြန်လွှတ်ရမှာလား!

ပြီးတော့ ဒီကောင်လွှတ်သွားတာနဲ့ ငါ့ကိုလက်စားချေဖို့အတွက် အဖိုးကြီးတွေကို ခေါ်လာမှာမလား!

လုချန်ရှန်းယခုလို အဆင့်နိမ့်အမှားမျိုးကို မည်သောအခါမှလုပ်မည်မဟုတ်။

သူကချန်ဟွာရွှမ်း၏စကားလုံးများကို မတုံ့ပြန်သလို အလားတူပင် လိန်ယင်ရှီ၏ ခြိမ်းခြောက်မှုကိုလည်းဂရုစိုက်ရန်မလိုပေ။

လုချန်ရှန်း ရှေ့တလှမ်းတိုးလိုက်၏။

၂၉ထပ်ကနေ သူလှေကားထစ်ခြောက်ထပ်ကို ဖြတ်ကျော်ပြီး လိန်ယင်ရှီရှေ့သို့ရောက်လာသည်။

လူတိုင်း၏ထိတ်လန့်နေသည့်အကြည့်အောက်တွင် လိန်ယင်ရှီ၏မျက်ခုံးကြားသို့ သူလက်ချောင်းတစ်ချောင်းထောက်လိုက်၏။

လိန်ယင်ရှီ၏ ခက်ထန်သည့်အကြည့်အောက်တွင် ဓားချီအလင်းတန်းတစင်းက လုချန်ရှန်းလက်ချောင်းကနေ ထွက်လာသည်။

ဖူး......!

ရုတ်ချည်းဆိုသလို ဓားချီက လိန်ယင်ရှီ၏ မျက်ခုံးကြားသို့ထိုးဖောက်သွား၏။

ရက်စက်ခက်ထန်မှုဖြင့်ပြည့်နှက်နေသည့် လိန်ယင်ရှီ၏မျက်လုံးများက သတိအာရုံကို ဖြည်းဖြည်းချင်းဆုံးရှုံးကာ လွင့်ပျောက်လာသည်။

သူလွင့်မြောနေသည့်လှေကားထစ်များကနေ ကျသွားသည်။

ချန်ဟွာရွှမ်းချက်ချင်းပင် လက်သီးဆုပ်လိုက်၏။

"စီနီယာလုပ်ခဲ့တာအတွက် အင်မော်တယ်နန်းတော်က သေချာပေါက်ကျေးဇူးဆပ်မှာပါ"

ဒါကိုကြားသောအခါ လုချန်ရှန်းငိုပစ်လိုက်ချင်သည်။

ချီးပဲ၊ ဘာလားဟ၊ ငါက လိန်ယင်ရှီနဲ့ ပတ်သက်ပြီး တခုခုမှားနေတယ်လို့ ခံစားမိလို့ ငါ့ကိုယ်ငါဂရုစိုက်ခဲ့တာလေ!

ဒါပေမယ့် အဲဒီအရှက်မဲ့တဲ့ကောင်က ငါ့ကို သတ်ချင်လိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ!

အင်း၊ အင်မော်တယ်ကမ္ဘာမှာ တခြားအင်အားစုတွေရဲ့ သတိထားမှုကို မခံရဖို့ဆိုတာ အတော်လေးခက်ခဲတာပဲ!

အပိုင်း(587) coming။

All Chapters