#နယ်မြေခြောက်ခုလျှို့ဝှက်ချက်#
Vol. 41 Ch. 587
ဒီမြင်ကွင်းကိုမြင်သောအခါ ချန်ဟွာရွှမ်း၊ ရှန်းလန်နှင့် ဖင်းယန်တို့အားလုံးထိတ်လန့်သွားကြ၏။ လုချန်ရှန်းက လိန်ယင်ရှီ၏ ဖိနှိပ်မှုကို မခံရသည်သာမက လိန်ယင်ရှီအားပင် ချက်ချင်းသတ်ပစ်ခဲ့သည်။
သူကရုတ်ချည်းဆိုသလို ၂၉ထပ်ကနေ ၃၅ထပ်အထိသွားခဲ့သည်။ ဒီအကြားတွင် ခြောက်ထပ်ရှိသည်။
ဖိနှိပ်စွမ်းအားက ဘယ်လိုလုပ်ရိုးရှင်းနိုင်မည်နည်း။
သူတို့အတွက် တစ်ထပ်ကိုဖြတ်ကျော်ရန် ဆိုတာကပင် အတော်လေးခက်ခဲသည်။
လုချန်ရှန်းကရော၊ သူက တချက်တည်းနှင့် ရှေ့ခြောက်လှမ်းတိုးလိုက်လေသည်။
ဒီလူကဘယ်သူလဲ!
ချန်ဟွာရွှမ်းချက်ချင်းမေးလိုက်၏။
"စီနီယာဘယ်ကလဲဆိုတာ ကျုပ်သိလို့ရမလား၊ ကျုပ်ကိုပြောပြမှ အင်မော်တယ်နန်းတော်ကိုပြန်ပြောလို့ရမှာလေ၊ ဒီလိုဆိုမှ စီနီယာကို ဆုပေးဖို့အတွက် ကျုပ်အဖို့ ပိုအဆင်ပြေမှာပေါ့"
လုချန်ရှန်းလက်ဝှေ့ယမ်းသည်။
"ဒီလိုလုပ်ဖို့မလိုပါဘူး၊ ငါကသာမန်လူတယောက်ပါပဲ"
သာမန်လူလား....!
ချန်ဟွာရွှမ်း၏မျက်လုံးများကရှုံ့တွသွား၏။
သူဘာလုပ်ဖို့ကြိုးစားနေတာလဲ!
ဒါပေမယ့် သူတကယ်ဒီလိုလုပ်နိုင်တာလား!
ရှန်းလန်ကမူပြုံးမိသည်။
ဒီလူကတကယ်စိတ်၀င်စားဖို့ကောင်းသားပဲ!
သို့စေကာမူ အင်မော်တယ်နယ်မြေက အင်မော်တယ်နန်းတော်၏ ကျေးဇူးကို ငြင်းပယ်နိုင်သည့်လူတစ်ယောက်ကို မြင်ရရန်ဟူသည် အတော်လေးရှားပါးသည်။
ဖင်းယန်အကူအညီမဲ့စွာခေါင်းခါယမ်းသည်။
ဒီလိုတပည့်မျိုးကိုလေ့ကျင့်ပေးနိုင်သောသူက အင်မော်တယ်နန်းတော်ထက် နိမ့်ကျမည်မဟုတ်ပေ။
လုချန်ရှန်း၏စကားလုံးများက ဘာမှမှားယွင်းမနေပါ။
ထိုအခိုက်အတန့်တွင် သူကသန်းတစ်ရာတန်သည့်ခွန်အားကို ဖွင့်ဟပြသလိုက်ပြီဖြစ်လေရာ လုချန်ရှန်းအတွက် ဆက်လက် ဟန်ဆောင်နေစရာမလိုတော့။ ပတ်၀န်းကျင်ကိုစူးစမ်းနေသည့် နတ်အသိ အခြေအနေအောက်တွင် သူရှေ့တလှမ်းတိုးလိုက်သည်။
သူ့ပုံရိပ်က ထိုနေရာ၌ရုတ်ချည်းပျောက်ကွယ်သွားသည်။
လူတိုင်းကြက်သေသေနေကြ၏။
ချန်ဟွာရွှမ်းနှင့်ကျန်သောသူများ ကြက်သေသေနေစဉ် လုချန်ရှန်း ၉၉ထပ်တွင်ပေါ်လာပြီး ထိပ်ဆုံးသို့ တိုက်ရိုက်ရောက်သွားသည်။
သူတုံ့ပြန်လာသောအခါ ချန်ဟွာရွှမ်းနှင့်ကျန်သောသူများအတိဆွံအနေကြလေပြီ။
ဒါဘယ်လိုခွန်အားမျိုးလဲ!
ဒါကိုလုပ်နိုင်ဖို့အတွက် သူ့အင်မော်တယ်ကိုယ်ခန္ဓာက ဘယ်လောက်တောင်သန်မာအားကောင်းတာလဲ!
ဒီနေရာက ဖိနှိပ်စွမ်းအားကို သူ့ခွန်အားက ချိပ်ပိတ်မခံထားရလျှင်ပင် သူတို့ထဲက မည်သူမှ ဒါကိုမလုပ်နိုင်ဘူးလို့ ချန်ဟွာရွှမ်းယုံကြည်သည်။
သူတို့ကတဆင့်ပြီးတဆင့်ရိုကျိုးစွာသာတက်နေရပြီး ထိပ်ဆုံးကိုရောက်နိုင်မလားဆိုတာကို မသိရသေးပါ။
ဖင်းယန်ခါးသီးစွာပြုံးရင်း ခေါင်းခါယမ်းမိသည်။ သူ့စီနီယာ၏ခွန်အားကို သူလျှော့တွက်မိဆဲပင်။
ဒီစီနီယာ၏ခွန်အားက အောက်ခြေမရှိသည့်တွင်းတခုပမာ။
သူ့ခွန်အားကိုမြင်နိုင်ပြီဟုထင်တဲ့အချိန် နောက်အခိုက်အတန့်၌ သူကပို၍ပင် အားကောင်းသည့်ခွန်အားကိုပြသလေရာ ဒါကိုလုံး၀မြင်နိုင်စွမ်းမရှိကြပါ။
လုချန်ရှန်း သူ့နောက်ကလူများကိုအာရုံစိုက်မနေဘဲ ယင်းအစား ကြယ်တာယာကောင်းကင်ပေါ်သို့ ခြေချလိုက်သည်။
ထိုအချိန်တွင် မြို့တံခါးအပြင်ဘက်၌ လူတိုင်းကဆွေးနွေးနေကြသည်။
"ဒီတကြိမ်ကျောက်ပြားပေါ်က အဆင့်သတ်မှတ်ချက်က ပြောင်းမလားဆိုတာ ငါသိချင်မိတယ်"
"အသေအချာပဲ၊ အင်မော်တယ်ကျောက်စိမ်းမိန်းမပျိုတစ်ဦးဖြစ်တဲ့ ရှန်းလန်နဲ့ အင်မော်တယ်နန်းတော်ရဲ့ပါရမီရှင် ချန်ဟွာရွှမ်းတို့နှစ်ယောက်စလုံးက လှုပ်ရှားလာကြတယ်လေ၊ ဟမ့်၊ အင်မော်တယ်ကျောက်စိမ်းမိန်းမပျိုတွေကို မဆိုနဲ့ဦး၊ အင်မော်တယ်နန်းတော်က ဘယ်သူမှ သာမန်မဟုတ်ဘူး၊ ဒါ့အပြင် ချန်ဟွာရွှမ်းက အင်မော်တယ်နန်းတော်က အကြီးအကဲတယောက်ရဲ့ ကိုယ်ပိုင်တပည့်ဖြစ်နေသေးတယ်၊ ပထမနေရာကပြောင်းလဲသွားမယ်လို့ငါထင်တယ်"
"ခုနကလေးက အစီအရင်ကို ချိုးဖျက်ပစ်ခဲ့တဲ့လူကရော"
"ဟမ့်၊ သူ့မှာ စွမ်းရည်တချို့ရှိရုံပါပဲ၊ ဒါပေမယ့် သူကအင်မော်တယ်နန်းတော်က လူတွေဖက် နည်းနည်းပိုနိမ့်မယ်လို့ငါထင်တယ်"
"ဟုတ်တယ်၊ ဒါကအဓိပ္ပာယ်ရှိတယ်"
ထိုအချိန်တွင် ကျောက်ပြားကိုအဆက်မပြတ်အာရုံစိုက်နေသည့် လူတစ်ယောက်က လက်ညိုးထိုးရင်း အော်ဟစ်လိုက်သည်။
"ကြည့်၊ ရှန်းလန်က ဖင်းယန်ရဲ့အဆင့်ရှစ်နေရာကို အောက်ချလိုက်ပြီ"
လူတိုင်းစိတ်၀င်တစားကြည့်လိုက်ကြ၏။
"ထင်ထားတဲ့အတိုင်းပါပဲ၊ လိန်ယင်ရှီနဲ့ အင်မော်တယ်နန်းတော်က ချန်ဟွာရွှမ်းတို့ကို ငါကြည့်ချင်သေးတယ်"
တခဏအကြာတွင် ချန်ဟွာရွှမ်း၏အဆင့်က တိုက်ရိုက်ပင် ဒုတိယနေရာသို့ တွန်းချခံရသည်။
ဒါကိုမြင်သောအခါ လူတိုင်းကသက်ပြင်းချသည်။
"အင်မော်တယ်နန်းတော်ကတပည့်ဆိုတဲ့အတိုင်းပါပဲ၊ သူတကယ်ပဲဒုတိယအဆင့်ကို ရောက်လာနိုင်တယ်"
"ဒါပေမယ့်ဒါကမပြီးသေးတာဖြစ်မယ်၊ သူနဲ့ပထမနေရာအကြားကွာဟချက်က အရမ်းမဝေးလောက်ဘူး"
သို့စေကာမူ ထိုအခိုက်အတန့်မှာပင် ချန်ဟွာရွှမ်း၏အဆင့်က တတိယနေရာသို့ ကျဆင်းသွား၏။
လူတိုင်း၏မျက်ခုံးများက ရှုံ့တွသွားကြသည်။
မူလပထမနေရာက ဒုတိယနေရာဖြစ်လာသည်။
"အဲဒါဘယ်သူများလဲ၊ လိန်ယင်ရှီလား"
လူတိုင်းဖြည်းဖြည်းချင်းမော့ကြည့်လိုက်ကြသောအခါ သူတို့ကြက်သေသေသွားကြသည်။
ပထမနေရာတွင် လူတိုင်းနှင့်မရင်းနှီးသည့်နာမည်တစ်ခုပေါ်လာသည်။
ပထမနေရာ၊ လုချန်ရှန်း၊ ၉၉ထပ်!
"အဲဒီ....အဲဒီလုချန်ရှန်းကဘယ်သူလဲ"
"၉၉......ထပ်လား၊ သူထိပ်ဆုံးကိုရောက်နေတာမလား"
"ကြီးမားတဲ့အရာတခုခုဖြစ်ပျက်သွားခဲ့ပြီ၊ ဒီစမ်းသပ်မှုလေးခုက နောက်ဆုံးတော့ ဒီနေ့အဆုံးသတ်တော့မှာပဲ"
"မြန်မြန်၊ မြန်မြန်၊ အင်မော်တယ်နန်းတော်က လူတွေကိုအသိပေးကြ"
"ဒါပေမယ့် ဒီလုချန်ရှန်းကဘယ်သူလဲ"
"အဲဒီအချိန်က၀င်ခဲ့တဲ့လူတွေက အင်မော်တယ်လောင်ကျွမ်းချိုင့်ဝှမ်းက ဖင်းယန်၊ ရှန်းလန်၊ လိန်ယင်ရှီနဲ့ အင်မော်တယ်နန်းတော်က ချန်ဟွာရွှမ်း၊ ဒါဆိုဖြစ်နိုင်တာက...."
လူတိုင်း၏မျက်လုံးများက ထိတ်လန့်မှုများဖြင့်ပြည့်နှက်သွားခဲ့သည်။
"အဲဒါက ကြယ်အင်မော်တယ်သော့အခင်းအကျင်းကို ချိုးဖျက်ပစ်ခဲ့တဲ့လူပဲ"
မကြာမီ ထိပ်ဆုံးကိုရောက်သည့်သတင်းက အင်မော်တယ်နယ်မြေအတွင်းပျံ့သွားပြီး အင်မော်တယ်နန်းတော်ကလည်း ထိုသတင်းကိုရရှိသည်။
"လုချန်ရှန်းဘယ်သူလဲဆိုတာသိရဖို့အတွက် အကြီးအကဲတယောက်ကိုစေလွှတ်လိုက်"
"ကြယ်ဝိဉာဉ်အနှစ်သာကိစ္စက အရမ်းကိုအရေးကြီးတယ်၊ ဆိုးယုတ်တဲ့နတ်ဆိုးနယ်မြေတံဆိပ်က လှုပ်ခါနေပြီး ပြိုကွဲလုနီးပါးဖြစ်နေပြီ၊ အဲဒီအချိန်က ကြယ်ဝိဉာဉ်အနှစ်သာရကို ရတဲ့လူတွေကပဲ ချိပ်စည်းကိုအားဖြည့်ပြီး ကမ္ဘာခြောက်ခုကို ဒီကပ်ဘေးကနေ ကယ်တင်နိုင်မယ်လို့ အင်မော်တယ်အင်ပါယာပြောခဲ့တယ်"
"ကျုပ်သွားလိုက်မယ်၊ ကျုပ်တပည့်က အခုအဲဒီမြို့မှာရှိတယ်"
"ဒါကောင်းတယ်၊ ငါတို့လုချန်ရှန်းကို အင်မော်တယ်နန်းတော်ကို ဖိတ်ကြားရမယ်"
"နားလည်ပါပြီ"
ထို့နောက် အင်မော်တယ် ခန်းမထဲကနေ ပျောက်ကွယ်သွား၏။
လွင့်မြောနေသည့်လှေကားထစ်များနောက်တွင် ကြယ်တာယာကောင်းကင်ရှိသည်။
သို့စေကာမူ လုချန်ရှန်းပေါ်လာသည်နှင့်တပြိုင်နက် ကြယ်တာယာကောင်းကင်က ပြောင်းလဲသွားသည်။
လုချန်ရှန်း ကျက်တီးမြေတခုတွင်ပေါ်လာသည်။
"အခုငါဘယ်မှာလဲ"
သူစကားပြောပြီးသည်နှင့် လုချန်ရှန်းဘေးကနေ အသံတစ်သံထွက်လာသည်။
"ဒါကအင်မော်တယ်နယ်မြေပဲ...."
လုချန်ရှန်းလုံး၀မအံ့ဩသွားခဲ့ပေ။
သူရောက်လာကတည်းက သူ့နတ်အသိကို သူ့ဘေးက ပုံရိပ်ယောင်လူက ဖမ်းဆုပ်မိသွားပြီဖြစ်သည်။
ထိုလူကရှင်းပြသည်။
"မင်းစမ်းသပ်မှုကိုအောင်ပြီးကတည်းက ကမ္ဘာကြီးရဲ့ကယ်တင်ရှင်ဖြစ်သွားပြီ၊ ငါမင်းကို လျှို့ဝှက်ချက်တချို့ပြောပြရမယ်"
လုချန်ရှန်းချက်ချင်းပြောသည်။
"ကျုပ်ကိုမပြောပါနဲ့၊ ကျုပ်ကအရမ်းအားနည်းတယ်၊ ကျုပ်ကယ်တင်ရှင်မဖြစ်နိုင်ဘူး"
ထိုလူကတခဏမျှတိတ်ဆိတ်သွားသော်လည်း လုချန်ရှန်းကိုလျစ်လျူရှုထားသေးသည်။
"အဲဒီအချိန်က ကမ္ဘာခြောက်ခုက ငြိမ်းချမ်းကြွယ်၀ခဲ့ပြီး ကျင့်ကြံခြင်းအစဉ်အလာကလည်း အပြည့်အ၀ဖွံ့ဖြိုးခဲ့တယ်"
"ဒါပေမယ့် မိစ္ဆာနယ်မြေနဲ့ နတ်ဆိုးနယ်မြေက ရုတ်တရက်ပူးပေါင်းပြီး တခြားနယ်မြေလေးခုကို စစ်ခင်းခဲ့ကြတယ်"
"စစ်ပွဲက နှစ်သန်းပေါင်းများစွာကြာခဲ့တယ်၊ နယ်မြေခြောက်ခုမှာ သက်ရှိတွေက ဆင်းရဲဒုက္ခနဲ့ဝေဒနာတွေကြားမှာ နစ်မြှုပ်ခဲ့ရတယ်၊ ငါတို့အင်မော်တယ်နယ်မြေကလည်း ဒါကို မရှောင်ရှားနိုင်ခဲ့ဘူး...."
နယ်မြေခြောက်ခု!
လုချန်ရှန်းသိချင်စိတ်ဖြင့်မေးသည်။
"ဒီလိုဆိုရင်ကျုပ်တို့ရဲ့ကမ္ဘာက....."
"သေမျိုးနယ်မြေ၊ ဟုတ်တာပေါ့၊ အဲဒီအချိန်က သေမျိုးနယ်မြေမှာ လူသားဘိုးဘေးတွေအများကြီးရှိခဲ့ကြတယ်၊ ဒါပေမယ့် သူတို့အားလုံးသေသွားခဲ့ကြပြီး သေမျိုးနယ်ပယ်ကျင့်ကြံခြင်းအစဉ်အလာကို လက်ရှိအခြေအနေထက် နောက်ကျကျန်ရစ်နေစေခဲ့တယ်"
"နှစ်သန်းပေါင်းများစွာစစ်ပွဲအပြီးမှာ မိစ္ဆာနယ်မြေနဲ့ နတ်ဆိုးနယ်မြေက နယ်မြေလေးခုက ကျွမ်းကျင်သူတွေကြောင့် နေရာတခုမှာ ချိပ်ပိတ်ခံရတယ်၊ အဲဒီနယ်မြေကို အခု ဆိုးယုတ်ခြင်းနတ်ဆိုးမြေလို့ခေါ်တယ်"
"အဲဒါက လမ်းကြောင်းရဲ့တခြားတဘက်ကအဆုံးမဲ့အမှောင်ထုထဲမှာပဲ"
လုချန်ရှန်းခေါင်းညိတ်သည်။
"ဒါပေမယ့် စည်းတံဆိပ်က တနေ့မှာ ကျိုးပျက်သွားလိမ့်မယ်၊ ငါတို့နတ်ဆရာများစွာကိုဖိတ်ခဲ့ပြီး ဒါကိုကြိုတင်ဟောကြားဖို့အတွက် ကြီးမားတဲ့တန်ဖိုးကိုပေးဆပ်ခဲ့ရတယ်"
"အဲဒီကယ်တင်ရှင်က သေမျိုးနယ်မြေကလာမယ်၊ ဒါကြောင့် ကောင်းကင်ဘုံတက်လှေကားထစ်တွေက အင်မော်တယ်အော်ရာအပြင်က ကျင့်ကြံခြင်းတွေကို ဖိနှိပ်မှာမဟုတ်ဘူး"
လုချန်ရှန်းဉာဏ်အလင်းရသွားသည်။ ဒါကြောင့် လိန်ယင်ရှီနှင့် သူ့ကျင့်ကြံခြင်းက ဖိနှိပ်မခံခဲ့ရခြင်းပင်။
"ဒါပေမယ့် မင်းရဲ့ကျင့်ကြံခြင်းမှာ အင်မော်တယ်ချီမရှိနေရင်တောင် မင်းကိုဖိနှိပ်မယ်ဆိုရင်လည်း အင်မော်တယ်ဖိနှိပ်ခြင်းလှေကားထစ်က ဖိနှိပ်နိုင်မှာမဟုတ်ဘူး..."
လုချန်ရှန်း "....."
ငါဒီလောက်တောင်မိုက်တာလား!
အပိုင်း(588) coming။