#နတ်လက်နက်၊ ကောင်းကင်ဖိနှိပ်စေတီ#
Vol. 41 Ch. 588
နယ်မြေခြောက်ခုကပ်ဘေး!
လွန်ခဲ့သောနှစ်သန်းပေါင်းများစွာက မိစ္ဆာနှင့် နတ်ဆိုးနယ်မြေတို့က တိုက်ဆိုင်စွာပင် နတ်လက်နက်တခုရသွားခဲ့ကြပြီး ရုတ်တရက် တိုက်ခိုက်မှုတခုကိုစတင်ခဲ့ကြသည်။ သူတို့က တခြားနယ်မြေလေးခုကို ဖျက်ဆီးပြီး သူတို့နယ်မြေကို တိုးချဲ့ချင်ကြသည်။
အက်မော်တယ်နယ်မြေနှင့် နတ်ဘုရားနယ်မြေတို့က ကျင့်ကြံခြင်းအတွက် အသင့်တော်ဆုံးနယ်မြေများဖြစ်ကြသည်။
နှစ်များစွာကြာစစ်ခင်းပြီးနောက် မရေမတွက်နိုင်လောက်သည့်ကျွမ်းကျင်သူများက မိစ္ဆာနယ်မြေနှင့် နတ်ဆိုးနယ်မြေတို့ကို ဝိဉာဉ်ချီလုံး၀မရှိသည့်နေရာတခုတွင် ချိပ်ပိတ်ရန်အတွက် သူတို့ကိုယ်သူတို့စတေးခဲ့ကြသည်။ အဲဒါကို ယုတ်ညံ့သောနတ်ဆိုးမြေဟုခေါ်ကြသည်။
ဒီကမ္ဘာ့ကပ်ဘေးခြောက်ခုကြောင့် မရေမတွက်နိုင်လောက်သည့် လူသားဘိုးဘေးများစွာဆုံးရှုံးခဲ့ရသည်။
ရလဒ်အဖြစ် လူသားမျိုးနွယ်၏ခွန်အားက အဆက်မပြတ်ကျဆင်းလာသည်။
လုချန်ရှန်းဘေးကအရိပ်ကဆက်ပြောသည်။
"အဲဒီအချိန်က စိတ်ကူးက လူသားကမ္ဘာကိုခွဲပစ်ဖို့ပဲ၊ ဘာလို့လဲဆိုတော့ လူသားကမ္ဘာက ထောက်ပံ့မှုများစွာကိုလုပ်ခဲ့ပြီး ဆုံးရှုံးမှုများစွာကိုခံစားခဲ့ရတယ်၊ ဒါကလည်း အကာအကွယ်တခုရဲ့ပုံစံပါ၊ ဒါပေမယ့် အခုမင်းက ကြယ်နယ်မြေအတားအဆီးကိုဖွင့်ပြီး အင်မော်တယ်နယ်မြေကို ရောက်လာပြီဆိုတော့ မင်းကလူသားကမ္ဘာကို ဒီကပ်ဘေးထဲ ထပ်ပြီးဆွဲခေါ်နေတာပဲ"
လုချန်ရှန်း "....."
"ဘာမှမဖြစ်ပါဘူး၊ ကျုပ်ထွက်သွားပြီးရင် ဘယ်သူ့ကိုမှဒီအကြောင်းတွေကိုမပြောပါဘူး၊ လမ်းကြောင်းကိုထပ်ပြီး ချိပ်ပိတ်ရုံပဲမလား"
"တကယ်ပဲတခြားနည်းလမ်းမရှိတော့ဘူးတိုရင် ကျုပ်စည်းတံဆိပ်ကို ခိုင်ခံ့အောင် လုပ်ဖို့အတွက် ခင်ဗျားကိုကူညီပေးပါမယ်"
"လူသားနယ်မြေက ဘယ်သူမှ မ၀င်လာနိုင်စေရဘူးဆိုတာ ကျုပ်အာမခံပါတယ်"
ပုံရိပ်ယောင်လူကအကူအညီမဲ့စွာပြုံးသည်။
"ဒီအကြောင်းရင်းနဲ့အကျိုးဆက်တွေက စိုက်ပျိုးပြီးသွားပြီ၊ ရှောင်ရှားဖို့ဆိုတာက မဖြစ်နိုင်တော့ဘူး၊ ဒါ့အပြင်မင်းက ကြယ်ဝိဉာဉ်အနှစ်သာရရဲ့စမ်းသပ်မှုကို ဖြတ်ကျော်ခဲ့တယ်၊ နယ်မြေခြောက်ခုရဲ့ကံကြမ္မာက မင်းနဲ့ဆက်စပ်နေပြီ"
"မင်းလိုချင်ရင်တောင် ဒါကိုရှောင်ရှားလို့မရတော့ဘူး၊ ဒါ့အပြင် လမ်းကြောင်းကိုဖွင့်ပြီးတာနဲ့ ရှေးဟောင်းကောင်းကင်ဖိနှိပ်စေတီရဲ့စွမ်းအားပမာဏအများအပြားကို ဆုံးရှုံးလိုက်ရပြီ၊ မိစ္ဆာနတ်ဆိုးနယ်မြေထဲက စည်းတံဆိပ်က ပြိုကျလုနီးပါးအနေအထားကို ရောက်နေပြီ"
ကောင်းကင်ဖိနှိပ်စေတီက မူလက နတ်လက်နက်တခုဖြစ်သည်။
ဒါက ကမ္ဘာလေးခုက အရင်းအမြစ်ပမာဏအများအများနှက့် မရေမတွက်နိုင်လောက်သည့်သန့်စင်သူများ၏ အသက်များကို စားသုံးပစ်ခဲ့သည်။
လူသားဘိုးဘေးလေးဦးနှင့် တခြားအစွမ်းထက်ဆုံးသက်ရှိများ၏ အသပ်များကို ထည့်သွင်းပြီးနောက် မြင့်မြတ်လက်နက်တခုဖန်တီးခဲ့ပြီး နှစ်သန်းပေါင်းများစွာ နတ်ဆိုးနယ်မြေကို ချိပ်ပိတ်ခဲ့သည်။
လုချန်ရှန်းသူ့မျက်နှာကိုရိုက်လုနီးပါးပင်။
ဘာလို့ငါဒီကြယ်ဝိဉာဉ်အနှစ်သာရကို အတင်းရှာဖို့လုပ်ခဲ့ရတာလဲ!
မိုးမခပင်ပြောတဲ့ တခြားနေရာတွေကိုလည်းသွားနိုင်တာပဲလေ!
အဲဒီတုန်းကစကားအရ ဒါက ဘေးအကင်းဆုံးနှင့် အန္တရာယ်အများကြီးမပါပုံပေါ်သည်။
သို့စေကာမူ ယခုကြည့်ရသည်မှာ ဒါက သောက်ရမ်းအန္တရာယ်အများဆုံးနေရာဖြစ်ပုံရသည်။
လျှို့ဝှက်ဇာတ်ညွှန်းကို သူကိုယ်တိုင်ပင် စတင်ခဲ့သည်။
လုချန်ရှန်းခေါင်းမော့ကာသက်ပြင်းချသည်။
"ဘယ်လိုအပြစ်မျိုးလဲ.....
ထိုအချိန်က ပုံရိပ်ယောင်လူ၏ကိုယ်က တဖြည်းဖြည်းဝါးသထက်ပိုဝါးလာသည်။
"မင်းရဲ့အကြွင်းအကျန်စိတ်ဝိဉာဉ်က ပျောက်ကွယ်တော့မယ်၊ ကံကောင်းချင်တော့ မင်းရောက်လာခဲ့တယ်၊ ကြယ်ဝိဉာဉ်အနှစ်သာရကိုယူလိုက်"
အသံကျဆင်းလာပြီး အောက်ကအရာအားလုံးက လုံး၀ပျောက်ကွယ်သွားသည်။
"ဒီကြယ်ဝိဉာဉ်အနှစ်သာရက ကောင်းကင်ဖိနှိပ်စေတီကိုဖွင့်ဖို့အတွက်သော့ပဲ၊ စည်းတံဆိပ်လုံး၀ကျိုးပျက်သွားနဲ့အခါကျရင် အဲဒါကိုယူသွားလိုက်၊ အဲဒါက မင်းအတွက် အကူအညီဖြစ်လောက်တယ်" ထိုလူ၏ နောက်ဆုံးစာလုံးများက လုချန်ရှန်းနားထဲတွင် ပဲ့တင်ထပ်နေသည်။
"နယ်မြေလေးခုရဲ့ဖျက်ဆီးခံရမလား၊ ဒါမှမဟုတ် ပြန်လည်မွေးဖွားလာမလားဆိုတဲ့ ကံကြမ္မာကို မင်းလက်ထဲမှာငါထားခဲ့ပါမယ်"
လုချန်ရှန်းသက်ပြင်းချသည်။ သူ့တွင် သဘောတူရန်ကလွဲပြီး တခြားရွေးချယ်စရာမရှိပေ။
ဒီကံကြမ္မာကလှုပ်ရှားနေပြီဖြစ်သည်။
သူ ဆိုးယုတ်သည့်နတ်ဆိုးနယ်မြေကို မကိုင်တွယ်သေးသရွေ့ ဒါကိုရှောင်လွှဲရန် မဖြစ်နိုင်တော့။ မဟုတ်ပါက သူအမြဲတမ်း ပါ၀င်ပတ်သက်နေရပေလိမ့်မည်။
လုချန်ရှန်း ကြယ်တာယာကောင်းကင်အား မော့ကြည့်လိုက်၏။
ခရမ်းရောင်ကျောက်မျက်တတုံးက ကြယ်တာယာကောင်းကင်အောက်တွင် လွင့်မြောနေပြီး ပတ်ပတ်လည်ကကြယ်စွမ်းအားကိုစုပ်ယူကာ လင်း၀င်းနေသည်။
လုချန်ရှန်းလက်ကိုဆန့်ပြီး ကြယ်ဝိဉာဉ်အနှစ်သာရကို ဒန်တျန်ထဲဆွဲထည့်ပြီးနောက် ထွက်သွားလေတော့သည်။
ပင်မခန်းမထဲတွင် လူတိုင်းက လွင့်မြောနေသည့်လှေကားထစ်များမှ ထွက်လာကြပြီဖြစ်ကာ လုချန်ရှန်းပြန်လာမည်ကို စောင့်ဆိုင်းနေကြသည်။
ဖင်းယန်ချက်ချင်းပင်ရှေ့တက်ပြီးမေးသည်။
"စီနီယာ၊ ခင်ဗျားနတ်ပစ္စည်းကိုရခဲ့လား"
လုချန်ရှန်းခေါင်းညိတ်သည်။
ရှန်းလန်ပထမဆုံးအကြိမ် မေးရန်အတွက် ပဏာမခြေလှမ်းလှမ်းလိုက်သည်။
"အဲဒီနတ်ပစ္စည်းကဘာလဲဆိုတာ စီနီယာကျွန်မတို့ကို ပြောပြနိုင်မလား၊ ဒါက ကျွန်မတို့နှလုံးသားထဲက အထုံးကိုလည်း ဖြေရှင်းပေးနိုင်မှာမို့ပါ"
လုချန်ရှန်း ရှန်းလန်အားကြည့်ရင်း ထူးမခြားနားစွာပြောသည်။
"မင်းလည်းမသိဘူး၊ မင်းဂိုဏ်းက စီနီယာတွေကလည်းမင်းကို မပြောပြဘူးဆိုတော့ ဒါကမင်းလုံလောက်အောင် အားမကောင်းသေးဘူးလို့ ဆိုလိုနေတာပဲ"
"လုံလောက်စွာအားမကောင်းသရွေ့ မင်းအတွက်အများကြီးသိနေတာကမကောင်းဘူး"
ရှန်းလန်ကြက်သေသေသွားသည်။ သူမခေါင်းညိတ်ကာ ဘာမှမပြောတော့ပါ။
ချင်ဟွာရွှမ်းအတွက် ရှန်းလန်ကို ယခုလိုပြောတာက တခြားတယောက်ဖြစ်မည်ဆိုပါက သူသေချာပေါက်သူမအတွက် ရပ်တည်ပေးပေလိမ့်မည်။
သို့စေကာမူ လုချန်ရှန်း၏ခွန်အားကို မြင်ရပြီးနောက် သူက သူ့ကိုယ်သူအတွက်သာ ရပ်တည်နေရသည်။
ဒါကသေခြင်းတရားကိုရှာနေတာပဲမလား!
ဒါ့အပြင် အင်မော်တယ်နန်းတော်၌ စည်းမျဉ်းတခုရှိသည်။
နတ်ပစ္စည်းကိုပိုင်ဆိုင်သည့်လူက အင်မော်တယ်နန်းတော်၏ လေးစားခံဧည့်သည်ပင်ဖြစ်သည်။ ချန်ဟွာရွှမ်း ရှေ့းတက်ကာ လက်နှစ်ဖက်ဆုပ်သည်။
"စီနီယာ၊ ခင်ဗျားနတ်ပစ္စည်းကိုရပြီးပြီဆိုတော့ ကျုပ်နဲ့အတူ အင်မော်တယ်နန်းတော်ကို လိုက်ခဲ့ပါလား"
လုချန်ရှန်းတခုခုပြောရန်ပြင်နေစဉ်မှာပင် သူ့နတ်အသိကိုထုတ်ပြီးနောက်တွင် အနည်းငယ်ကြက်သေသေသွားပြီး ခေါင်းခါယမ်းသည်။
"မလိုတော့ဘူး၊ မင်းတို့အင်မော်တယ်နန်းတော်က တယောက်ယောက်လာနေပြီ"
လာနေတယ်!
ချန်ဟွာရွှမ်းမှင်သက်သွားရသည်။
ကျုပ်တောင်မသိဘူးလေ၊ ခင်ဗျားဘယ်လိုသိတာလဲ!
သူ့ပတ်လည်က မှိန်ဖျော့သည့်နတ်အသိစွမ်းအားကို သူခံစားမိခဲ့သည်။
ချန်ဟွာရွှမ်းတုန်လှုပ်သွားသည်။
ဒီနေရာက သူ့ကျင့်ကြံခြင်းကိုဖိနှိပ်ထားသည်သာမက ပတ်၀န်းကျင်အား စစ်ဆေးရန်အတွက် သူ့နတ်အသိကိုလည်း သုံး၍မရပေ။
ဒါပေမယ့်ဒီလူဘယ်လိုလုပ်ခဲ့တာလဲ!
ထို့နောက် လုချန်ရှန်း တံခါးကနေ အရင်ဆုံးထွက်လာသည်။ လမ်းတစ်လျှောက်တွင် စမ်းသပ်မှုနေရာရှိ ကြယ်စွမ်းအားများကလည်း ပျောက်ကွယ်သွားပြီး ဒီမြို့က သာမန်မြို့တစ်မြို့ဖြစ်လာခဲ့သည်။
ထိုအခိုက်အတန့်၌ မြို့တံခါးအပြင်တွင် လူပင်လယ်ကြီးတခုရှိသည်။ အင်မော်တယ်ချီများက ရစ်ပတ်နေပြီး အစွမ်းထက်အော်ရာတခုက ကောင်းကင်အားဖုံးလွှမ်းသွား၏။
လုချန်ရှန်းလှမ်းကြည့်လိုက်သည်။ ဒီနေရာက ကျွမ်းကျင်သူများက အဆင့်မြင့်ကြယ်နယ်မြေကလူများထက် အများကြီးပိုအားကောင်းသည်။
အမှောင်နယ်မြေက အမှောင်သခင်ပင်လျှင် သူတို့နှင့်မယှဉ်နိုင်ပေ။
"ဒါက ကျောက်ပြားပထမနေရာက လုချန်ရှန်းပဲ"
"သူထွက်လာပြီဆိုတော့ နတ်ပစ္စည်းက သူနဲ့အတူရှိနေလိမ့်မယ်"
လုချန်ရှန်းဒါကိုရှင်းရှင်းလင်းလင်းခံစားနေရသည်။ ဒီလူအများစုကလောဘကြီးကြသည်။
သို့စေကာမူ ကျွမ်းကျင်သူများစွာက အပေါ်ကနေကြည့်နေသဖြင့် သူတို့မလှုပ်ရှားရဲကြပေ။ ဒါ့အပြင် အင်မော်တယ်နန်းတော်က လူများလည်း ရောက်လာကြလေပြီ။
အင်မော်တယ်နန်းတော်က သူတို့လိုချင်တယ်လို့ပြောထားတဲ့အရာတခုကို သူတို့မည်သို့မည်ပုံခိုးယူလုယက်နိုင်မည်နည်း။
ထိုအချိန်တွင် အဖိုးအိုတစ်ယောက်က လုချရှန်းထံရောက်လာပြီးအပြုံးဖြင့်မေးသည်။
"အင်မော်တယ်၊ မင်းနတ်ပစ္စည်းကိုရခဲ့လား"
လုချန်ရှန်းခေါင်းညိတ်သည်။
သူငြင်းချင်သော်လည်း ပတ်ပတ်လည်က လူများ၏အမူအရာများကိုကြည့်ပါက သူတို့သိထားတာကြာနေပြီဟုပြော၍ရသည်။
ထို့ကြောင့်ဖုံးကွယ်ထားစရာအကြောင်းမရှိပေ။
"ဒီလိုဆိုရင် မင်းဘာလို့ငါနဲ့အတူ အင်မော်တယ်နန်းတော်ကိုမလာရတာလဲ"
"မစိုးရိမ်ပါနဲ့၊ ငါတို့အင်မော်တယ်နန်းတော်က မင်းဆီကနေ နတ်ပစ္စည်းကိုခိုးယူမှာမဟုတ်ဘူး၊ ငါတို့မှာဆွေးနွေးစရာတခုရှိလို့ပါ"
"ဒါ့အပြင် မင်းအထဲကနတ်ပစ္စည်းကိုရပြီးပြီဆိုတော့ နောက်ကွယ်က လျှို့ဝှက်ချက်ကိုလည်းသိမှာပါ"
ထိုစကားကိုကြားသောအခါ လူတိုင်းအံ့ဩသင့်သွားကြသည်။
လုချန်ရှန်းခေါင်းညိတ်သည်။
တဘက်ကသတင်းအချက်အလက်ကို သိထားပြီးဖြစ်သလို ဒီကိစ္စက သူနှင့်ဆက်စပ်နေသဖြင့် သူပို၍သိပါက ပြင်ဆင်ရန်အတွက် ပိုလွယ်ကူသွားပေလိမ့်မည်။
ချန်ဟွာရွှမ်းထွက်လာပြီး အဖိုးအိုကိုမြင်သောအခါ အနည်းငယ်ကြက်သေသေသွားသည်။
"ဆရာ၊ ဘာလို့ဒီမှာရှိနေရတာလဲ"
ချန်ရူရှန်းပြုံးသည်။
"ငါလာရမှာပေါ့၊ ကောင်းပါပြီ၊ အင်မော်တယ်မိတ်ဆွေလေးလု၊ အခုကျုပ်နဲ့အတူ လိုက်ခဲ့မလား"
ထို့နောက် လုချန်ရှန်းနှင့်ကျန်နှစ်ယောက်က အင်မော်တယ်နန်းတော်ရှိရာဘက်သို့ ဦးတည်သွားကြလေတော့သည်။
ဖင်းယန်ကလည်း အင်မော်တယ်လောင်ကျွမ်းချိုင့်ဝှမ်းသခင်ဖြစ်သည့် သူ့အဖေနှင့်တွေ့ဆုံခဲ့သည်။
ဖင်းယန်၏စကားလုံးများကိုကြားပြီးနောက် အင်မော်တယ်လောင်ကျွမ်းချိုင့်၀ှမ်းသခင်ကလေးနက်စွာပြောသည်။
"အနာဂတ်မှာ ဒီလူနဲ့ မင်းကောင်းမွန်တဲ့ ဆက်ဆံရေးတခုကိုထိန်းသိမ်းထားရမယ်၊ သူနဲ့ရန်သူမဖြစ်စေနဲ့၊ နားလည်လား"
ဖင်းယန်ခေါင်းညိတ်သည်။
အပိုင်း(589) coming။