← Chapters

အခန်း (၁၁၇)

Vol. 8 Ch. 117

အခန်း (၁၁၇)

Vol. 8 Ch. 117

အဝါရောင်နံရံများ ၊ အနက်ရောင်အုတ်များနှင့် တည်ဆောက်ထားပြီး အလွန်တည်ငြိမ်အေးချမ်းသော ကျောင်းဆောင်ကြီးထဲမှ ဗုဒ္ဓကျမ်းစာရွတ်ဆိုသံများ ပျံ့နှံ့လာနေခဲ့သည်။ ထိုအသံများကို အဝေးမှပင် ကြားနေရ၏။

မုန့်ချီ၏အင်္ကျီ ၊ ခြေအိတ်နှင့် ဖိနပ်များအားလုံးက ဖုန်များ ကင်းစင်နေခဲ့သည်။ သူကတော့ ရေချိုးပြီး ထွက်လာသည့်ပမာ သန့်ရှင်းနေခဲ့၏။ သူက သွမ့်ရှန်ဖေးနှင့်အတူ ကျောင်းဆောင်ထဲသို့ ဝင်သွားပြီး ဧည့်ကြိုကိုရင်ကို ရှာဖွေနေသည့်အချိန်တွင် အလွန်ထူးခြားသော ငြိမ်းအေးမှုတစ်ခုကို ခံစားလိုက်ရသည်။

"ဒကာကြီးတို့က ဘုန်းတော်ကြီးယွမ်မုန့်ကို တွေ့ချင်တာလား... "

ဧည့်ကြိုကိုယ်တော်က သိက္ခာရကိုယ်တော်တစ်ပါးဖြစ်ပြီး သိုင်းလောကသားများ ၊ သိုင်းသခင်များနှင့် ပတ်သက်၍ ဗဟုသုတများစွာ ရှိနေခဲ့သည်။

"ဟုတ်တယ်...။ ကျွန်တော် ငယ်ငယ်တုန်းက ဆရာတော်ယွမ်မုန့်က အဆောင်လေးတစ်ခု ပေးခဲ့တယ်... ။ အဲဒီအဆောင်ကလည်း တော်တော်လေးကို ထူးခြားတယ်... ။ အခု ကျွန်တော်အသက်ကြီးပြီဆိုတော့ သူ့ကိုလာပြီး ဂါရဝပြုတာပါ။ ပြီးတော့ ကျောင်းဆောင်အတွက် လာပြီးတော့ လှူတာပါ... "

သွမ့်ရှန်ဖေးက တည်ငြိမ်စွာ ပြောလိုက်သည်။

လူတိုင်းတွင် ငယ်ဘဝ ရှိခဲ့ကြပြီး အချိန်နှင့်ဒီရေကတော့ လူကို မစောင့်ပေ။ သူတို့၏ကြွက်သားများ အားပျော့၍ ယုတ်လျော့လာခြင်းကို ခံစားမိနေပြီး သူတို့၏အသားအရေများ တွန့်လာသည်ကို မြင်သည့်အခါ မည်သူကမှ စိုးရိမ်ထိတ်လန့်နေသလို မခံစားကြရပေ။

ထို့ကြောင့် အသက်ကြီးလာသူ တစ်ယောက်၏ အိပ်မက်ကတော့ သူတို့၏မျက်လုံးများ ကောင်းနေသေးရန် မျှော်လင့်ကြခြင်း ဖြစ်သည်။ ဧည့်ကြိုကိုယ်တော်က ပြောလိုက်၏။

"ဒါဆိုရင် ဒကာကြီးက သွမ့်ရှန်ဖေးလား... "

"ကိုယ်တော်က ကျွန်တော့်ကို သိလို့လား... "

သွမ့်ရှန်ဖေးက အလွန်အံ့သြသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထိုအဖြစ်အပျက်က လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာတွင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ မုန့်ချီ ကိုယ်တိုင်ပင် မှင်တက်သွားခဲ့၏။ သို့သော် ကျောက်စိမ်းဗုဒ္ဓလည်ဆွဲလေးနှင့် ပတ်သက်နေသည့်အတွက် ထိုအရာက နားလည်နိုင်ဖွယ်ရာ ရှိသည်။

ဧည့်ကြိုကိုယ်တော်က အပြုံးနှင့် ပြောလိုက်၏။

"ဘာလို့လဲဆိုတော့ ဆရာတော်ယွမ်မုန့်က မသေခင် စာတစ်စောင် ချန်ထားခဲ့လို့လေ.။ ဒီစာကို ဒကာကြီးဆီပေးဖို့လည်း ကိုယ်တော့်ကို မှာသွားခဲ့တယ်..။ ဒါပေမဲ့ ဒကာကြီးက ဒီနေရာကို တခြားလူတစ်ယောက်နဲ့ အတူတူ ရောက်လာမယ်ဆိုရင်တော့ အဆောင်ရှိနေတဲ့သူကိုပဲ စာပေးရမယ်လို့ မှာထားခဲ့တယ်... "

ဆရာတော်ယွမ်မုန့်က ထိုအရာကို ကြိုတင်မြင်ထားခဲ့ခြင်းပေလော။ မုန့်ချီက နောက်တစ်ကြိမ် ထိတ်လန့်သွားခဲ့၏။ သူကတော့ ကျောက်စိမ်းဗုဒ္ဓ လည်ဆွဲလေး၏ အကြောင်းကို ရှာဖွေနေရင်း အခြေအနေက အလွန်ရှုပ်ထွေးနေခဲ့သည်။ နောက်ကွယ်တွင် အလွန်လျှို့ဝှက်ဆန်းကြယ်သော အရာတစ်ခု ရှိနေခဲ့၏။

သွမ့်ရှန်ဖေးက အချိန်တော်တော်ကြာ စကားမပြောနိုင်ခဲ့ပေ။ သာမန်သာ ထင်မှတ်ရသော ဆရာတော်ယွမ်မုန့်က အလွန်လျှို့ဝှက်ဆန်းကြယ်နေလိမ့်မည်ဟု သူလည်း မယုံကြည်နိုင်သလို ဖြစ်နေခဲ့၏။

ဧည့်ကြိုကိုယ်တော်က သူ့ကို အပြုံးနှင့် ဖိတ်ခေါ်လိုက်မှသာ သူလည်း သက်ပြင်းချပြီး ပြောလိုက်သည်။

"စာက ဘယ်မှာလဲဆိုတာ ကျွန်တော်သိခွင့်ရှိမလား... "

"ကျမ်းစာတိုက်ထဲမှာ ရှိပါတယ်..။ ကျေးဇူးပြုပြီး ကိုယ်တော်နှင့်အတူ လိုက်ခဲ့ပါ... ဒကာကြီးသွမ့်နဲ့ ညီတော်လေး... "

မုန့်ချီက ကိုယ်တော်တစ်ပါး ဖြစ်သည့်အတွက် ဧည့်ကြိုကိုယ်တော်က သူ့ကို ညီတော်ဟုသာ ခေါ်လိုက်သည်။ ဗောဓိသစ်ပင်ကြီးများက စိမ်းလန်းစိုပြေနေပြီး အလွန်လတ်ဆတ်သော လေလှိုင်းများကို ထုတ်ပေးနိုင်သည်။

သူတို့က လမ်းလျှောက်လာကြရင်း မုန့်ချီက ဆရာတော်ယွမ်မုန့်အကြောင်း ဧည့်ကြိုကိုယ်တော်ကို မေးနေခဲ့၏။

ဧည့်ကြိုကိုယ်တော်က အမှန်အတိုင်းသာ ပြောခဲ့သည်။

"ဆရာတော်ယွမ်မုန့်က မိဘမဲ့တစ်ယောက်လေ..။ သူ့ကို ကျောင်းဆောင်ထဲမှာရှိတဲ့ ဆရာတော်တစ်ပါးက မွေးစားထားတာ..။ သူ ငယ်ငယ်တုန်းကတော့ သာမန်ပါပဲ ။ သူက တော်တော်လေးကို ဉာဏ်ထိုင်းတယ်လို့ သတ်မှတ်နိုင်တယ်..။ ဒါပေမယ့် သူ့အသက် (၃၀) ရောက်တဲ့အချိန်မှာ ရုတ်တရက် ဉာဏ်အလင်းပွင့်မှုမျိုးကို ကြုံလိုက်ရတယ် ထင်တယ်..။ သူက ကျမ်းစာတိုက်ထဲမှာ (၁၀) နှစ်လောက် အချိန်ကုန်ခဲ့ပြီး ကျမ်းစာတွေအားလုံးကို ဖတ်ခဲ့တယ်..။ ပြီးတော့ တရားဓမ္မကို နားလည်သွားခဲ့တယ်..။ နောက်ပိုင်းမှာတော့ သူက ကျောင်းထိုင်ဖြစ်လာပြီး ဗုဒ္ဓရဲ့အဆုံးအမတွေကို လေ့လာနိုင်ခဲ့တယ်... ။ သူ သေသွားတဲ့အချိန်မှာ ရွှေရောင်ကြာပန်း မီးအိမ်လေးတွေ ထွက်လာပြီး တရားဓမ္မရွတ်ဆိုသံတွေ ကြားရတယ်... ။ ကောင်းကင်ပေါ်ကနေ ရတနာ (၈) ခုလည်း ကျလာခဲ့တယ်...”

“သူသေပြီးသွားခဲ့တဲ့အချိန်မှာ သူက ဘာအမွေအနှစ်မှ မချန်ထားခဲ့ဘူး... ။ ဒါပေမယ့် သူက လော်ဟန့်ဗုဒ္ဓနယ်မြေကို ရောက်သွားပြီလို့ ကျောင်းဆောင်ထဲမှာရှိတဲ့ ဘုန်းတော်ကြီးတိုင်းက ပြောကြတယ်... "

ကြည့်ရသည်မှာ ဘုန်းတော်ကြီးများဆီမှ သာမန်သုံးသပ်ချက်များသာ ရောက်လာကြပုံရသည်။ သူက သူ့ဆရာ၏အနား၌ ရှိနေသည့်အချိန်တွင် ရွှေရောင်ကြာပန်းများကို မကြာခဏ မြင်ဖူးပြီး တရားဓမ္မအသံများကို မကြာခဏ ကြားခဲ့ဖူးသည်။

မုန့်ချီအတွက်တော့ ထိုကဲ့သို့ ဖြစ်စဉ်များက ထူးဆန်းနေခြင်း မရှိချေ။ ဧည့်ကြိုကိုယ်တော်က သူတို့ကို ကျမ်းစာတိုက်ထဲသို့ ခေါ်ဆောင်သွားခဲ့ပြီး ဆရာတော်ယွမ်မုန့်အကြောင်းကို ပြောပြနေခဲ့သည်။

ထို့နောက် သူတို့ကို ပထမထပ်တွင် စောင့်နေရန်ပြောပြီး သူတစ်ယောက်တည်း အပေါ်သို့ စာသွားယူခဲ့သည်။ ခဏကြာပြီးနောက် ဧည့်ကြိုကိုယ်တော်က စာတစ်စောင်နှင့်အတူ အောက်သို့ပြန်ဆင်းလာပြီး မုန့်ချီလက်ထဲသို့ တိုက်ရိုက် ထည့်ပေးလိုက်သည်။

မုန့်ချီက သူ့ကို ကျေးဇူးတင်စကားပြောလိုက်ပြီး စာကို ဂရုတစိုက် ဖွင့်ကြည့်လိုက်၏။ ထိုအရာက အဝါရောင်စာရွက်တစ်ရွက်ဖြစ်ပြီး စာရွက်ပေါ်တွင် စကားလုံး အနည်းငယ်သာ ရေးသားထားသည်။

"ဘယ်နေရာမှာ ဝိညာဉ်တောင်တန်းကို ရှာရမှာလဲ... "

မုန့်ချီက ထိုစကားလုံးများကို ရေရွတ်ကြည့်နေပြီး မည်သည့်သဲလွန်စကိုမျှ မတွေ့ရပေ။ ဆရာတော်ယွမ်မုန့်က မည်သည့်အရာကို ဆိုလိုချင်ခဲ့သနည်း။ သူက ထိုကျောက်စိမ်း ဗုဒ္ဓရုပ်ပွားတော်လေးကို မည်သည့်နေရာတွင် ရခဲ့သနည်း။

ထိုစာထဲရှိ စကားလုံးများကို မြင်လိုက်ရသည့်အချိန်တွင် သွမ့်ရှန်ဖေးကတော့ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားခဲ့၏။ မုန့်ချီက ချက်ချင်း သတိပြန်ဝင်လာပြီး လက်အုပ်ချီ၍ ပြောလိုက်သည်။

"အော်မိတော်ဖော်...

စီနီယာအစ်ကိုကြီး … ကျွန်တော်က ဒီမှာအချိန်အတိုင်းအတာတစ်ခုထိ နေလို့ရနိုင်မလား... "

သူက ဆရာတော်ယွမ်မုန့်၏ ခြေရာလက်ရာများကို ရှာဖွေပြီး ထိုစာ၏အဓိပ္ပာယ်ကို ဖော်ထုတ်ချင်နေခဲ့သည်။

သွမ့်ရှန်ဖေးက ကျောင်းတော်တွင် အလှူငွေထည့်လိုက်ပြီးနောက် ဧည့်ကြိုကိုယ်တော်က သူတို့အတွက် နေထိုင်ရန် စီစဉ်ပေးလိုက်သည်။ ခဏကြာပြီးနောက် မုန့်ချီက အချိန်ဖြုန်းမနေတော့ပဲ နားတံခါးကို စုစည်းပြီး နားတံခါးနှင့် ပတ်သက်သော သွေးကြောမှတ်များကို စုစည်းလိုက်သည်။

ထို့ပြင် သူက မိုးကြိုးနတ်ဘုရား အမှတ်အသားကိုလည်း တိတ်တဆိတ် ပြန်လည်စဉ်းစားနေခဲ့၏။ ထိုအသံက ကျယ်လောင်လွန်းလှပြီး ဂုဏ်သိက္ခာများ ပြည့်နှက်နေသည်။ သူ၏နှလုံးသားကိုပင် ထိုးဖောက်သွားခဲ့၏။ ထိုအရာက သူ၏နားတံခါးကို လှုံ့ဆော်နိုင်ခဲ့သော်လည်း အနည်းငယ်သာ မှတ်မိနေခဲ့သည်။

ချယ်ဝမ်ရှုကတော့ သူနှင့် လက်ရည်စမ်းခွင့်ရရန်အတွက် နေ့တိုင်း ရောက်လာနေခဲ့သည်။ အစတွင်တော့ သူက သေမျိုးဖုန့်မှုန့် ကျဆင်းခြင်းဟူသော သိုင်းကွက်ကို သုံးမှသာ သူမကို အနိုင်ရနိုင်ခဲ့သည်။

နောက်ပိုင်းတွင်တော့ သူ၏ဓားပညာက တဖြည်းဖြည်း တိုးတက်လာပြီး နှင်းဓားသိုင်းပညာကို သေချာခွဲခြားလာနိုင်ခဲ့သည်။ သူ၏ဓားသိုင်းပညာက တဖြည်းဖြည်းနှင့် တိုးတက်လာခဲ့၏။

ထို့ပြင် သွမ့်ရှန်ဖေးနှင့် လှုပ်ရှားမှုများကို လေ့ကျင့်ခဲ့ပြီးနောက် နားတံခါးဖွင့်ရာတွင် ပို၍ကျွမ်းကျင်လာသလို ခံစားနေရသည်။ သို့သော် သူက တစ်စုံတစ်ခု လိုအပ်နေကြောင်း ခံစားနေရသေး၏။ အဘယ်ကြောင့်ဆိုသော် သူက တစ်ကြိမ်တည်းနှင့် နားတံခါးဖွင့်ရန် ခက်ခဲနေခြင်းကြောင့် ဖြစ်သည်။

တစ်ရက်တွင်တော့ မုန့်ချီက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ် ၊ ပြောင်းလဲမှုကျင့်စဉ်နှင့် ယိကျင်းအရိုးအကြောပြောင်းကျမ်းကို လေ့ကျင့်ပြီးသွားခဲ့သည်။ သူက ရာမဖိတ်ခေါ်ခြင်းကို လေ့ကျင့်တော့မည့်အချိန်တွင် လူတစ်ယောက်က သူ့ကို လာတွေ့ခဲ့၏။

ထိုအချိန်တွင် သွမ့်ရှန်ဖေးက အပြုံးနှင့် ရောက်လာသည်။

"အဘိုးကြီးသွမ့် …

သတင်းကောင်းရှိလို့လား... "

မုန့်ချီက စနောက်၍ မေးလိုက်၏။

သွမ့်ရှန်ဖေးက ပြုံးလိုက်သည်။

"ကိုရင်လေး …

ကိုရင်လေးက ဓားပညာ လေ့ကျင့်ဖို့အတွက် သိုင်းသခင်တစ်ယောက် ရှာနေတာ မဟုတ်ဘူးလား.။ နောက်ထပ် သိုင်းသခင်တစ်ယောက်က ကျုပ်တို့ဆီကို ရောက်လာပြီ"

ကိုရင်လေးကျန်းတင်နှင့် ချယ်ဝမ်ရှုတို့၏ တိုက်ပွဲအကြောင်း ၊ နှင်းဓားသိုင်း၏ အောင်မြင်ကျော်ကြားမှုများက သိုင်းလောကတွင် အလွန်လျင်မြန်သော အရှိန်နှင့် ပျံ့နှံ့သွားခဲ့သည်။ ထိုအရာကို ကြားသည့်အခါ လူတိုင်းက အတော်လေး စိတ်လှုပ်ရှားနေခဲ့ကြ၏။

ထိုအရာက သိုင်းသခင်များ၏ တိုက်ပွဲဖြစ်ပြီး တစ်ယောက်က လူသားနတ်ဘုရား အတားအဆီးကို ချိုးဖောက်နိုင်သော ပညာရှင်တစ်ယောက် ဖြစ်နေသည်။ ထိုသို့သော ပညာရှင်တစ်ယောက်နှင့် တိုက်ခိုက်ရခြင်းက သူတို့၏သိုင်းပညာကို ပို၍တိုးတက်လာစေနိုင်၏။ ထို့ကြောင့် သူတို့ကသာ ကိုယ့်ကိုယ်ကိုယ် လက်မလျှော့သရွေ့ သေချာပေါက် တိုက်ခိုက်မည်သာ ဖြစ်သည်။

မုန့်ချီက ထိုအရာကို မျှော်လင့်ထားပြီးသား ဖြစ်၏။ ထို့ကြောင့်လည်း သူက လှည့်ပတ်သွားပြီး အချိန်ဖြုန်းနေရမည့်အစား ချန်းဟွာကျောင်းဆောင်ထဲတွင်သာ သက်သောင့်သက်သာ စောင့်ဆိုင်းနေခြင်း ဖြစ်၏။

"ဘယ်သူလဲ... "

မုန့်ချီက အပြုံးနှင့် မေးလိုက်သည်။

သွမ့်ရှန်ဖေးက မြေခွေးအိုကြီး တစ်ယောက်ကဲ့သို့ ပြုံးလိုက်၏။

"အဲဒါက ကျုပ်ရဲ့မိတ်ဆွေဟောင်းကြီး လော်ချင်းလေ...။ ဘုန်းတော်ကြီးပိုင်ကုကတော့ တရားထိုင်နေတဲ့အတွက် မလာနိုင်ဘူး..။ ဝူကိုင်ရှကလည်း တောင်ပိုင်းမှာ နေတာဆိုတော့ (၂) လကြာပြီးမှပဲ သူ့ဆီကို သတင်းရောက်လိမ့်မယ်...။ ကိုင်ယွမ်ကတော့ ပျောက်နေတာ (၂) နှစ်လောက်ရှိနေပြီ ။ အခုလာနိုင်တဲ့သူက လော်ချင်းပဲရှိတယ်... "

"ဝတ်စုံဖြူဓားသမား လော်ချင်း…"

မုန့်ချီက ခေါင်းညိတ်၍ ဝမ်းသာသွားခဲ့သည်။ သူက ဓားရှည်ပညာကိုလည်း နောက်တစ်ကြိမ် စမ်းသပ်၍ ရနိုင်၏။

သို့သော် သူက လော်ချင်းအကြောင်း စဉ်းစားမိသည့်အချိန်တွင် တစ်စုံတစ်ခုကို အမှတ်ရသွားခဲ့၏။

"အဘိုးကြီးသွမ့် …

ခင်ဗျားက နှင်းနတ်ဘုရားနန်းတော်ရဲ့ ရတနာတွေကို ယူပြီးသွားတာ ကြာပြီမဟုတ်လား... "

သွမ့်ရှန်ဖေး၏ မျက်နှာက ရှားရှားပါးပါး နီရဲသွားခဲ့သည်။

"ရတနာမြေပုံက (၂) ခုရှိတယ်..။ တစ်ခုကတော့ အစောင့်အရှောက် (၄)ယောက်ရဲ့လက်ထဲမှာ (၄) ပိုင်းဖြစ်သွားတယ်... ။ တခြားမြေပုံကတော့ နန်းတော်သခင်ရဲ့သားဆီကို ရောက်သွားတယ်... "

"အဲဒါက ငါပဲ ။ ငါ့ရဲ့သိုင်းပညာက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်လောက်တဲ့ အစွမ်းမျိုး ရှိလာတဲ့အချိန်မှာ ငါက ရတနာတွေကို သွားယူခဲ့တယ်... ။ မဟုတ်ရင် ငါက သိုင်းသခင် တစ်ယောက်ဖြစ်လာဖို့ နှင်းနတ်ဘုရားနန်းတော်ကို ပြန်တည်ဆောက်ဖို့ ခက်ခဲမှာပေါ့... "

အကြောင်းအရာများက ထိုသို့သာ ဖြစ်သင့်သည်။ ဘာကြောင့် ရတနာမြေပုံကို နန်းတော်သခင်၏ ဆက်ခံသူအစား အစောင့်အရှောက် (၄) ယောက်ကို ပေးလိုက်ရသနည်း။ ထိုအရာက လုံခြုံစေရန် အကြောင်းပြချက်တစ်ခုသာ ဖြစ်နေသည်။

မုန့်ချီကတော့ ထိုရတနာများကို စိတ်မဝင်စားချေ။ သူက အင်္ကျီကို ပုတ်လိုက်ပြီး နေမင်းနီမကောင်းဆိုးဝါးဓားကိုယူ၍ အခန်းထဲမှ ထွက်လာခဲ့၏။ ထို့နောက် အနီးအနားတွင် ရှိနေသော ခြံဝန်းထဲသို့ ဝင်သွားခဲ့သည်။

ခြံဝန်းထဲတွင်တော့ လော်ချင်းက သူ၏ဓားနှင့်အတူ ဗောဓိပင်ကြီးအောက်တွင် ရပ်နေခဲ့၏။ အဖြူရောင် ဝတ်ဆင်ထားသော သူက အရမ်းမြင့်မြင့်နှင့် နှာတံပေါ်ပေါ် ရှိသည်။ သူ၏မျက်နှာက အမှန်တကယ်ကို ချောမောခန့်ညားလွန်းလှ၏။

"မင်းရဲ့ဓားပညာက ကောင်းကင်ကြီးနဲ့တောင် ဆက်သွယ်နိုင်တယ်လို့ သတင်းကြားတယ်... ။ ငါကတော့ တစ်ဝက်လောက်ကိုပဲ ယုံကြည်တယ်... "

လော်ချင်းက ပြောလိုက်၏။

သူက မုန့်ချီနှင့် တိုက်ခိုက်ခဲ့ဖူးသည့်အတွက် သူ့အစွမ်းကို သိနေခဲ့သည်။ သို့သော် မုန့်ချီဆီတွင် ကောင်းကင်ကြီးနှင့် ဆက်သွယ်နိုင်သော ဓားသိုင်းကွက်တစ်ခု ရှိကြောင်း သူသိနေ၏။ မတူညီသော အဓိပ္ပါယ်ရှိနေသည့် စကားလုံးများက မတူညီသော အကျိုးရလဒ်များ ရှိနေနိုင်သည်။

မုန့်ချီက လော်ချင်းနှင့် တိုက်ခိုက်ခဲ့သည့်အချိန်တွင် အလွန်အားနည်းနေသေးပြီး တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်ကိုသာ အားကိုးနိုင်ခဲ့သည်။ တိမ်မုန်တိုင်းအပ်က လော်ချင်းကို ထောင်ချောက်ဆင်ရန် အသုံးမဝင်လှပေ။

သို့သော် လက်ရှိအချိန်တွင်တော့ မုန့်ချီ၏ဓားပညာက သိသိသာသာ တိုးတက်နေခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူ သင်ကြားထားခဲ့သော အရာအားလုံးနီးပါးကို ပေါင်းစပ်ထားနိုင်ခြင်းကြောင့် ဖြစ်၏။

သူက ဓားပညာ၏ စည်းမျဉ်းများကို နားမလည်သေးသည့်အတွက် ကျန်းကျိဝေကဲ့သို့ သိုင်းကွက်များကို ဖန်တီးနိုင်ခြင်း မရှိသေးသော်လည်း လက်ရှိ ကျန်းယွင်ရှန်၏ အဆင့်ကို မီနေပြီဖြစ်သည်။ ထို့ကြောင့် သူက လော်ချင်းနှင့် ရင်ဆိုင်ရမည့်အချိန်တွင် အတော်လေး တည်ငြိမ်နေခဲ့၏။

သူက အပြုံးနှင့် ပြောလိုက်သည်။

"ဒီတိုက်ပွဲပြီးသွားရင်တော့ ခင်ဗျားက ယုံကြည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်... "

သူက အရင်ဆုံး တိုက်ခိုက်ရမည့်အစား လော်ချင်း လှုပ်ရှားမည့်အချိန်ကို စောင့်နေခဲ့သည်။

လော်ချင်းက သနားညှာတာနေခြင်းမရှိဘဲ ဓားကိုဆွဲထုတ်၍ ပြေးဝင်လာခဲ့၏။ နေရောင်အောက်တွင် အလင်းရောင်များ တောက်ပလာပြီး ဓားသွားက အရာအားလုံးကို စုပ်ယူသွားသလို ထင်မှတ်ရသည်။

ဓားသွားတစ်ခုတည်းကသာ လင်းလက်တောက်ပလာပြီး ခြံဝန်းကြီးတစ်ခုလုံးက မည်းမှောင်သွားခဲ့၏။ ဓားသွားဆီမှ ထွက်ပေါ်လာသော အလင်းရောင်က အလွန်တောက်ပပြီး အစွမ်းထက်လွန်းလှသည့်အတွက် ကောင်းကင်ကြီးတစ်ခုလုံးကို လွှမ်းခြုံထားသလို ထင်မှတ်ရသည်။

မုန့်ချီက ယခင်တုန်းကကဲ့သို့ စိုးရိမ်ထိတ်လန့်နေခဲ့ခြင်း မရှိချေ။ သူ၏မျက်လုံးထဲတွင် ရွှေရောင်အလင်းတန်းများ တောက်ပလာခဲ့၏။ မျက်ခုံးကြားထဲတွင်ရှိနေသော လေဟာနယ်ကလည်း လှုပ်ရှားလာပြီး သူ၏စိတ်ဝိညာဉ်က ပျံ့နှံ့လာခဲ့သည်။ သူကတော့ မည်သည့်ဆန်းကြယ်မှုကိုမျှ မမြင်ရပေ။

သူက ဓားနှင့် လေထဲသို့ လှမ်းထိုးလိုက်၏။ သူက လော်ချင်းကို တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ သူကတော့ ထိုနေရာတွင် အမှန်တကယ် မရှိသလို ထင်မှတ်ရ၏။ သို့သော် သူက လော်ချင်း၏ နေရာနှစ်ခုကို ဝိုးတဝါး သတိထားမိနေသည်။ သူ့ဆီမှဓားအလင်းရောင်များ ထွက်ပေါ်လာသည့်အချိန်တွင် ထိုအလင်းတန်းက ထိုနေရာနှစ်ခုလုံးကို ရင်ဆိုင်လိုက်မိ၏။

"ချွမ် .. ချွမ်... "

ဓားချင်းထိခိုက်မိသံကို ကြားလိုက်ရသည်။

သူတို့၏ တိုက်ခိုက်မှုက တဖြည်းဖြည်း ပို၍လျင်မြန်လာပြီး ခြံဝန်းထဲတွင် ရှိနေသော သစ်ရွက်များက လေထဲကို မြောက်တက်လာခဲ့သည်။ မနက်ခင်းကတည်းက မုန့်ချီနှင့် လက်ရည်စမ်းရန် ရောက်လာသော ချယ်ဝမ်ရှုကလည်း သွမ့်ရှန်ဖေးနှင့်အတူရပ်၍ တိုက်ပွဲကို ကြည့်နေခဲ့သည်။

သူမက အသံတိုးတိုးနှင့် ပြောလိုက်၏။

"တကယ်လို့ ကိုရင်လေးကျန်းတင်က ကောင်းကင်နဲ့ဆက်သွယ်ထားတဲ့ ဓားချက်ကို မသုံးရင်တောင် သူ့ရဲ့ဓားပညာက ငါတို့ထက် မနိမ့်တော့ဘူး..”

“ကိုရင်လေးကျန်းတင်ကို မြင်လိုက်ရတဲ့အချိန်မှာ ငါတို့တွေက ဆယ်စုနှစ်ပေါင်းများစွာ အကျိုးမဲ့ အသက်ရှင်ခဲ့ရတယ်လို့ ခံစားမိနေတယ်... "

သွမ့်ရှန်ဖေးက သူ့ကိုယ်သူ လှောင်ပြောင်လိုက်မိသည်။

မုန့်ချီက သူ၏ဓားပညာကို ပြည့်ပြည့်ဝဝ ပြသလိုက်သည့်အချိန်တွင် အလွန်လန်းဆန်း တက်ကြွနေသလို ခံစားနေရသည့်အတွက် ကျယ်လောင်စွာ အော်ဟစ်ချင်ခဲ့သည်။ ယခုတစ်ကြိမ်တော့ သူက အရှိန်ကိုသုံးပြီး သေမျိုးဖုန်မှုန့်ကျဆင်းခြင်းဟူသော သိုင်းကွက်ကို ဖန်တီးနိုင်ခဲ့၏။

သိုင်းပညာ၏ အထွဋ်အထိပ်ကို ရောက်နေခြင်း ၊ တိုက်ခိုက်မှုတွင် ပျော်မွေ့နေခြင်း ၊ သက်တမ်း၏အမြင့်ဆုံးကို ရောက်နေခြင်း စသည့်အရာအားလုံးကို ဓားသွားထဲတွင် ပေါင်းစပ်ထားနိုင်ခဲ့၏။ ထိုအရာက သူတို့၏အမြင်တွင် လူသားနတ်ဘုရား အတားအဆီးတစ်ခု ဖြစ်သည်။

သူ၏တိုက်ခိုက်မှုကြောင့် သွမ့်ရှန်ဖေးနှင့် ချယ်ဝမ်ရှုတို့ကပင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရန် ခက်ခဲနေကြ၏။ မည်သည့်သိုင်းသခင်က ဤကမ္ဘာကြီးထဲတွင် ထိပ်တန်းကို မရောက်ဘဲ နေချင်ကြသနည်း။

မုန်းချီ၏ဓားကို ရုပ်သိမ်းလိုက်သည့်အချိန်တွင် လော်ချင်း၏ဓားကတော့ မြေပေါ်သို့ ပြုတ်ကျသွားခဲ့၏။ လော်ချင်းက စိတ်ပျက်လက်ပျက်နှင့် ရပ်ကြည့်နေခဲ့သည်။ သူက ကိုရင်လေးကျန်းတင်ကို အမှန်တကယ် ရှုံးနိမ့်သွားခဲ့၏။

မုန့်ချီက နေမင်းနီမကောင်းဆိုးဝါးဓားကို ခါးတွင် ချိတ်လိုက်ပြီး လက်အုပ်ချီ၍ ပြောလိုက်သည်။

"အော်မိတော်ဖော် …ဒကာကြီးလော်

သိပ်မကြာခင်အတောအတွင်း ကျုပ်က ဓားရှည်သိုင်းပညာကို စပြီးလေ့ကျင့်နေတာ... ။ ကျုပ်က ဒကာကြီးနဲ့ အတွေးအမြင်တွေ ဖလှယ်လို့ ရနိုင်မလား... "

စွန့်လွှတ်ခြင်းကျင့်စဉ် မသုံးလျှင်ပင် လက်ရှိအချိန်၌ သူ့ဆီတွင် အလွန်အစွမ်းထက်သော ဓားပညာတစ်ခု ရှိနေသည်။ ထို့ကြောင့် သူက ဓားရှည်ပညာကို စတင်လေ့လာရန် ဆုံးဖြတ်လိုက်၏။

လော်ချင်းက အလေးအနက် ပြောလိုက်သည်။

"မင်းသဘောအတိုင်းပဲ …"

ရှုံးနိမ့်သူက ရွေးချယ်ခွင့် မရှိချေ။

အချိန်က ကုန်ဆုံးသည်မှာ မြန်လွန်းလှသည်။

မုန့်ချီက သွမ့်ရှန်ဖေး ၊ ချယ်ဝမ်ရှု ၊ လော်ချင်းတို့နှင့် ကြိုးကြိုးစားစား လေ့ကျင့်နေခဲ့ပြီးနောက် ဓားပညာ၏ အနှစ်သာရကို ပြည့်ပြည့်ဝဝ ဖမ်းဆုပ်လာနိုင်ပုံ ရသည်။ သူက သေမျိုးဖုန်မှုန့်ကျဆင်းခြင်း သိုင်းကွက်ကိုလည်း ကျွမ်းကျင်လုနီးပါး ဖြစ်လာခဲ့၏။

ထိုအရာက တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်ကို မမှီနိုင်သော်လည်း အလွန်ကြောက်စရာကောင်းသော သိုင်းကွက်တစ်ခု ဖြစ်လာသည်။ သူ၏နားတံခါးကလည်း တဖြည်းဖြည်း ပို၍ရှင်းလင်းလာပြီး ပွင့်တော့မည့် အခွင့်အရေးကို စောင့်နေပုံရသည်။

မျက်လုံး ၊ နား ၊ နှာခေါင်းနှင့် ပါးစပ်အပါအဝင် တံခါး (၇) ပေါက်ကို ဖွင့်ပြီးသွားလျှင် အတွင်းကမ္ဘာကြီးတစ်ခု ဖြစ်ပေါ်လာပါလိမ့်မည်။ ထိုအချိန်တွင် အသက်နှင့် စွမ်းအင် လျှို့ဝှက်အခန်းများက အလိုလို ပွင့်လာမည်ဖြစ်၏။ မုန့်ချီကတော့ ထိုအရာကို အလျင်စလို လေ့ကျင့်ခဲ့ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာက တံခါးပေါက်များ ဖွင့်လှစ်ခြင်းကို သက်ရောက်စေလိမ့်မည် မဟုတ်ချေ။

တစ်ချိန်တည်းတွင် ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်နှင့် ပြောင်းလဲမှုကျင့်စဉ်က တိုးတက်မှု အနည်းငယ်သာ ရှိခဲ့သော်လည်း သူ၏ဓားရှည်သိုင်းပညာကတော့ လော်ချင်းနှင့် လေ့ကျင့်မှုကြောင့် သိသိသာသာ တိုးတက်လာခဲ့သည်။

သူက ရာမဖိတ်ခေါ်ခြင်းသိုင်းကွက်၏ ပြောင်းလဲမှုများကို အနည်းငယ် ဖမ်းဆုပ်နိုင်ခဲ့၏။ လက်ရှိ သူ့အတွက် ကျန်နေသည်မှာ အစစ်အမှန်လေ့ကျင့်မှုသာ ဖြစ်သည်။ သူက တုကူဓား (၉) ကွက်ကိုလည်း စတင်လေ့ကျင့်နေပြီး နောက်ဆုံးအဆင့် တစ်ခုတည်းသာ ကျန်နေတော့သည်။

"(၇) ရက် ကျန်သေးတယ်. ။ ငါက ရာမဖိတ်ခေါ်ခြင်း သိုင်းပညာကို စမ်းသပ်ကြည့်ရမယ်...။ တကယ်လို့ နားတံခါးမပွင့်နိုင်ဘူးဆိုရင်တော့ ကောင်းကင်မျက်လုံး မြေပြင်နားဆေးလုံးကို သုံးရတော့မှာပေါ့... "

မုန့်ချီက စဉ်းစားမိနေခဲ့၏။

တစ်ရက်တွင်တော့ သူ၏လုပ်ဆောင်မှုများ ပြီးဆုံးသွားသည့်အတွက် တူကူးဓား (၉)ကွက်ကို စတင်လေ့ကျင့်နေခဲ့သည်။ ခဏကြာပြီးနောက် သူက သိုင်းကျမ်းကို သိမ်းလိုက်ပြီး သွမ့်ရှန်ဖေး ၊ ချယ်ဝမ်ရှု ၊ လော်ချင်းနှင့် သွမ့်မင်းချန်တို့ကို အပြုံးနှင့် ကြည့်လိုက်၏။

"ခင်ဗျားတို့အားလုံးက လူသားနတ်ဘုရားအတားအဆီးကို ဖြတ်ကျော်တဲ့အချိန်မှာ ဘာတွေလိုအပ်နေလဲဆိုတာ သိချင်နေကြတယ် မဟုတ်လား...”

သူတို့အားလုံးက သူ့အတွက် လေ့ကျင့်ရေးအဖော်များအဖြစ် တစ်လကျော် လုပ်ဆောင်ပေးခဲ့ကြသည်။ ထို့ကြောင့် သူကလည်း သူတို့ကို ဆုလက်ဆောင် အနည်းငယ် ပေးသင့်၏။

"ဟမ်... "

ထိုစကားကြောင့် အလွန်ဉာဏ်များသော သွမ့်ရှန်ဖေးနှင့် အေးတိအေးစက် လော်ချင်းတို့ကပင် ချယ်ဝမ်ရှုနှင့် သွမ့်မင်းချန်တို့ကဲ့သို့ အံ့သြသွားကြသည်။ သူတို့အားလုံးက အံ့သြမှင်တက်နေကြပြီး အလွန်စိတ်လှုပ်ရှားနေသည့် အမူအရာနှင့် သူ့ကို စိုက်ကြည့်နေမိကြ၏။

Translated by Hein Htet.

All Chapters