အခန်း (၁၂၄)
Vol. 9 Ch. 124
စကားပြောနေကြသော ဧည့်သည်များက ညစ်ပတ်ပေရေပြီး တစ်ကိုယ်လုံး စိုရွှဲသွားခဲ့ကြသည်။ သူတို့၏ မျက်နှာ၊ ဆံပင်နှင့် အဝတ်အစားများအားလုံးက စိုရွှဲသွားပြီး ခန္ဓာကိုယ်နှင့် ကပ်နေကြသည်။ ထို့ကြောင့် သူတို့၏ ပုံစံက အတော်လေး ရှက်စရာကောင်း၏။ သူတို့၏ ရှေ့တွင် ရှိနေသော စားစရာနှင့် သောက်စရာများထဲကိုလည်း ရေဝင်သွားခဲ့သည်။
"စားစရာတွေ နှမြောဖို့ကောင်းတာတော့ တော်တော်လေးဆိုးတယ်…"
မုန့်ချီက ချန်းဟွာကျောင်းဆောင်ထဲတွင် စည်းမျဉ်းစည်းကမ်းများကို လိုက်နာခဲ့ပြီး သွမ့်ရှန်ဖေးတို့၏ ရှေ့တွင် စံနမူနာကိုယ်တော်တစ်ပါးအဖြစ် နေထိုင်ခဲ့ရသည်။ သူက နောက်ဆုံးတစ်ကြိမ် အသားစားခဲ့ရသည်မှာနှစ်လတိတိရှိနေပြီဖြစ်၏။
သူက တစ်ခါတရံ ညဘက် ခိုးထွက်ပြီး မှော်သားရဲတစ်ကောင်ကို သတ်၍ အသားကင် လုပ်စားတတ်သည်။ သို့သော် သူက ချက်ပြုတ်ရာတွင် ကျွမ်းကျင်မှုမရှိသလို အမွှေးနံ့သာများ မရှိသည့်အတွက် သူ လုပ်စားခဲ့သော စားစရာများက အရသာမရှိလှပေ။
ပြန်ရောက်လာပြီးနောက် သူနှင့် ကူချန်းချင်တို့က သေမင်းပင်လယ်ကန္တာရထဲတွင် အမြန်ခရီးနှင်လာကြရသည်။ ထို့ကြောင့် လမ်းတစ်လျှောက်တွင် အစာခြောက်များကိုသာ စားခဲ့ရ၏။ သူတို့က အသားမစားရသည်မှာ အချိန် အတော်လေးကြာခဲ့ပါပြီ။ ထို့ကြောင့် အသားအရသာကိုပင် မေ့လျော့လုနီးပါး ဖြစ်နေခဲ့၏။
သူတို့က သဲပင်လယ် တည်းခိုဆောင်သို့ ရောက်လာပြီး အသားနံ့ကို ရသည့်အချိန်တွင် ဆာလောင်လာသည့်အတွက် တံတွေးမြိုချမိလိုက်သည်။
ချူချန်းနင်ကတော့ ရေစိုသွားသော စားစရာများကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်၏။
"စားမှာလား ထွက်သွားမှာလား…"
ထို့နောက် သူမက အပေါ်သို့ တက်သွားပြီး ပြန်လှည့်မကြည့်ခဲ့ပေ။
မုန့်ချီကတော့ သူမ၏ နောက်ကျောကို ကြည့်ပြီး သူ့ကိုယ်သူပြောလိုက်ရ၏။
"ငါလည်း သိပ်မကြာခင် အရသာရှိတဲ့ စားစရာတွေစားရမှာပါ…"
ထို့နောက် သူလည်း ချူချန်းနင်၏ နောက်သို့ လိုက်သွားခဲ့သည်။ ထိုဧည့်သည်များက ကုန်သည်များဖြစ်ကြပြီး သဲပင်လယ်တည်းခိုဆောင်တွင် မကြာခဏ လာစားတတ်ကြသည်။ ထို့ကြောင့် သူတို့က ဤနေရာတွင် ပုံမှန်ဖောက်သည်များ ဖြစ်နေကြ၏။
သူတို့ကတော့ အံ့ဩနေခြင်းမရှိဘဲ အချင်းချင်းကြည့်၍ အားရပါးရရယ်လိုက်ကြသည်။
"ဟားဟားဟား…ငါက ချူချမ်းနင်လို ခပ်စွာစွာ မိန်းကလေးတွေကိုပဲ ကြိုက်တာ…"
"ဟုတ်တယ်…။ တခြားမိန်းကလေးတွေကတော့ ချူချမ်းနင်လို မရင့်ကျက်တဲ့အပြင် စွာလည်းမစွာဘူး…။ ဒါကကို သူ့ရဲ့ထူးခြားမှုဖြစ်နေတာလေ…နှမြောစရာပဲ…။"
မုန့်ချီကတော့ သူတို့အတွက် ကြောက်လန့်သွားသလို ခံစားလိုက်ရသည်။ အကယ်၍ သူတို့ကသာ ထိုသို့ဆက်ပြောနေမည်ဆိုလျှင် ယနေ့ည သဲပင်လယ်တည်းခိုဆောင်ထဲတွင် သူတို့၏ အလောင်းများကိုသာ မြင်ရပါလိမ့်မည်။
ချူချမ်းနင်ကတော့ သူတို့၏ စကားများကို မကြားချင်ယောင်ဆောင်လိုက်ပြီး အခန်းတစ်ခုထဲသို့ ဝင်သွားခဲ့၏။ သူမက အိပ်ရာဘေးတွင် ထိုင်လိုက်ပြီး သတိထား၍ တံခါးပိတ်နေသော မုန့်ချီနှင့် ကူချန်းချင်တို့ကို ကြည့်လိုက်သည်။
ထို့နောက် သူမက အပြုံးနှင့် ပြောလိုက်၏။
"မင်းက တော်တော်အတင့်ရဲနေပါလား…။ မင်းက ကျိလော်ကျူးရဲ့ မကောင်းဆိုးဝါးဓား သတ်ဖြတ်ရေးအမိန့် ထုတ်ခံထားရတာကိုတောင် သဲမြန်မြို့ကို ပြန်လာရဲသေးတယ်။ ငါက မင်းကို အမှန်အတိုင်းပြောပြမယ်။ ခန်းမထဲမှာရှိတဲ့ ဧည့်သည်တွေထဲမှာ မြင်းဓားပြ(၅)ယောက်ရှိတယ်…။ (၂)ယောက်က ကျိလော်ကျူးအတွက် အလုပ်လုပ်ပေးနေတာ..."
သူက လှည့်စားရာတွင် ကျွမ်းကျင်မှုရှိမနေကြောင်း မုန့်ချီက သိနေခဲ့သည်။ သူက ချူချမ်းနင်ကို လှည့်စားရန် ခက်ခဲကြောင်းလည်း သိနေ၏။မည်သို့ဖြစ်စေကာမူ သူမက ဝေ့ကျင်းအဆင့်ပညာရှင်တစ်ယောက်ဖြစ်သည်။
မုန့်ချီက ပြောလိုက်သည်။
"ကျွန်တော့်ရဲ့ဆရာတူညီလေးက ဘယ်ဘက်ကို ထွက်သွားသလဲဆိုတာ မေးချင်လို့ ပြန်လာခဲ့တာ…။ ပြီးတော့ ကျွန်တော့်ရဲ့ဆရာနဲ့ ငိုကြွေးခြင်းအကြီးအကဲကရော ဘယ်နေရာမှာလဲ…"
ချူချမ်းနင်၏ အမူအရာက ပြောင်းလဲသွားခဲ့ခြင်း မရှိချေ။ သူမ၏ မျက်လုံးလေများက လှပပြီး ဆွဲဆောင်မှုရှိ၏။ သူ၏ပစ်မှတ်က မုန့်ချီ မဟုတ်ဘဲ ရတနာများဖြစ်သည်။ သူမက ပြောလိုက်၏။
"မေးခွန်းတစ်ခုအတွက် ရတနာတစ်ခု…"
"ခင်ဗျားက ဘာလို့ဓားပြတိုက်မစားရတာလဲ…"
မုန့်ချီက ရင်ထဲတွင် ကျိန်ဆဲလိုက်မိသည်။ ထို့နောက် သူက သွေးရောင်ရတနာနှင့် အစိမ်းရောင်ရတနာ(၂)ခုကို ထုတ်ပြီး ပြောလိုက်သည်။
"မေးခွန်း(၃)ခု…"
"ဒါက စီးပွားရေးတစ်ခုပဲ…။ ငါက တန်ရာတန်ကြေး မပေးဘဲ မေးချင်တယ်ဆိုရင် ငါဘယ်နေရာရောက်နေလဲဆိုတာ သူတို့က သိသွားနိုင်တယ်…"
ချူချမ်းနင်က ထိုရတနာ (၃)ခုကို ကြည့်ပြီး ပြောလိုက်သည်။
"သူတို့က ပိုမီနယ်မြေထဲမှာ တိုက်ခိုက်နေကြတယ်…။ အဲဒါက သေမင်းပင်လယ် ကန္တာရထဲမှာ အန္တရာယ်အများဆုံးနေရာတစ်ခုပဲ….။ အဲဒီမှာ မကောင်းတဲ့လူတွေ အများကြီး စုနေတယ်။ ကိုရင်လေးကတော့ အနောက်ဘက်ကို ပြေးသွားတယ်။ သူက သူတို့ရဲ့နောက်ကို လိုက်သွားတာဖြစ်မယ်…"
ရုတ်တရက်ဆိုသလို မွှေးပျံ့သော လေလှိုင်းတစ်ခု တိုက်ခတ်လာသည့်အတွက် မုန့်ချီက အာရုံမစိုက်နိုင်တော့ပေ။
ထို့နောက် ချူချမ်းနင်က ရတနာ(၃)ခုကို ယူလိုက်၏။
"နောက်ထပ် မေးခွန်းတစ်ခု…"
မုန့်ချီက သူ၏ရပိုင်ခွင့်အတွက် တိုက်ခိုက်နေပြီး နောက်ထပ်တစ်ခု မေးချင်နေသေးသည်။ ချူချမ်းနင်ကတော့ ရတနာများကို ကစားနေရင်း စိတ်မရှည်နိုင်စွာ မေးလိုက်၏။
"ပြောပါ…"
"မကောင်းဆိုးဝါးဓား သတ်ဖြတ်ရေးအမိန့်ဆိုတာက ဘာလဲ.…။ ကျွန်တော့်ဆရာနဲ့ ငိုကြွေးခြင်းအကြီးအကဲတို့ရဲ့ တိုက်ပွဲရလဒ်က ဘယ်လိုဖြစ်သွားပြီလဲ…"
မုန့်ချီကတော့ စိုးရိမ်တကြီး မေးလိုက်သည်။
ချူချမ်းနင်က ရုတ်တရက် ခေါင်းမော့ကြည့်လိုက်၏။ သူမက အေးအေးဆေးဆေး ပြောလိုက်သည်။
"မင်း ငါ့ကို အရူးလာမလုပ်နဲ့။ မင်းက မေးခွန်း(၂)ခုမေးလိုက်တာ…"
မုန့်ချီက ချောင်းဟန့်လိုက်ပြီး ရတနာတစ်ခုကို ထုတ်၍ ချူချမ်းနင်ဆီကို ပစ်ပေးလိုက်၏။ ယခုတော့ အန်ကုံရှဲ့၏ ရတနာများအားလုံးက သူမ၏ လက်ထဲကို ရောက်သွားခဲ့ပါပြီ။
ချူချမ်းနင်၏ အနက်ရောင်မျက်လုံးများက ဝင်းလက်တောက်ပလာခဲ့၏။ သူမက ရတနာများကို စိုက်ကြည့်ပြီး လက်ထဲတွင် ဖမ်းထားလိုက်သည်။
မုန့်ချီကတော့ စိတ်ထဲတွင် အနည်းငယ်တွေးနေခဲ့၏။
"လူအနည်းစုလောက်ကပဲ ဆွဲဆောင်မှုရှိတဲ့ မျက်လုံးတွေ၊ ရင့်ကျက်တည်ငြိမ်တဲ့ မျက်နှာလှလှလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ကို ခုခံနိုင်ကြမှာပဲ…"
"ပိုမီနယ်မြေထဲက တိုက်ပွဲမှာ သူတို့နှစ်ယောက်စလုံးက ဒဏ်ရာရပြီး စွမ်းအားတွေ ဆုံးရှုံးသွားတယ်…။ ဒါပေမယ့် သူတို့က နောက်ထပ်တိုက်ပွဲတစ်ပွဲ တိုက်ခိုက်ကြဦးမယ်ထင်တယ်။ နောက်ပိုင်းဖြစ်တဲ့ ကိစ္စတွေကတော့ ဘယ်သူမှမသိသေးဘူး…"
ချူချမ်းနင်က ရတနာကို သိမ်းလိုက်သည်။
"မကောင်းဆိုးဝါးဓား သတ်ဖြတ်ရေးအမိန့်ဆိုတာက သေမင်းပင်လယ်ကန္တာရထဲမှာ ကျိလော်ကျူးရဲ့ သင်္ကေတပဲ…။ သူက လူတစ်ယောက်ကို ရှာဖို့ အချိန်မဖြုန်းချင်ဘူးဆိုရင် အဲဒီအရာကို သုံးတတ်တယ်။ သူက မကောင်းဆိုးဝါးဓား သတ်ဖြတ်ရေးအမိန့်ကို သုံးလိုက်ပြီဆိုရင် သေမင်းပင်လယ်ကန္တာရထဲမှာရှိတဲ့ မြင်းဓားပြတွေ ၊ သူခိုးတွေ အားလုံးက စာရင်းထဲမှာ ရှိတဲ့သူကို လိုက်လံ ရှာဖွေကြတယ်။ ဘာလို့လဲဆိုတော့ ကျိလော်ကျူးက အောင်မြင်တဲ့သူကို တောင်းတဲ့အရာ ပေးတာမလို့ပဲ…”
“အရင်တုန်းကတော့ ကျိလော်ကျူးက မကောင်းဆိုးဝါးဓား သတ်ဖြတ်ရေးအမိန့်ကို (၅)ကြိမ် သုံးခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီ(၅)ယောက်ထဲမှာ တစ်ယောက်ပဲ အသက်ရှင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ အဲဒီတစ်ယောက်က သေမင်းပင်လယ်ကန္တာရရဲ့ အစွန်မှာ ရောက်နေခဲ့လို့ပဲ။ သူက မြောက်ပိုင်းကျိုးအင်ပါယာထဲကို မြန်မြန်ပြန်ပြေးသွားခဲ့တယ်။ ကျန်တဲ့လူ(၄)ယောက်စလုံးကတော့ သတ်ပစ်ခံလိုက်ရတာပဲ။ သူတို့ထဲမှာ အစွမ်းအထက်ဆုံးက တံခါး(၈)ပေါက် ပွင့်နေပြီ…"
ချူချမ်းနင်၏ စကားကို ကြားသည့်အခါ မုန့်ချီက တစ်စုံတစ်ခု လွဲမှားသွားသလို ခံစားနေရသည်။
“သေမင်းပင်လယ်ကန္တာရကြီးက အဆုံးမဲ့လေ။ တကယ်လို့ မြင်းဓားပြများက အခုထက်ပိုပြီး (၁၀)ဆလောက် များနေမယ်ဆိုရင်တောင် ဘာမှကြီးကြီးမားမား မလုပ်နိုင်ပါဘူး။ အဲဒီလူ(၅)ယောက်က ပင်မလမ်းကြောင်းတွေကို ရှောင်ပြီး သွားမယ်ဆိုရင် ကန္တာရကို ကျော်ပြီး မြင်းဓားပြများတွေရဲ့ လက်ထဲကနေ လွတ်နိုင်တယ်လေ…”
ချူချမ်းနင်က သူ့ကို စိုက်ကြည့်လိုက်၏။
"သေမင်းပင်လယ်ကန္တာရက အဆုံးမရှိပေမဲ့ လူတွေသွားလို့ ရတဲ့နေရာက တစ်စိတ်တစ်ပိုင်းပဲ ရှိတယ်။ တကယ်လို့ မင်းက ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက် ဆိုရင်တော့ လေတွေ မိုးတွေကို ဆင့်ခေါ်ပြီး ကမ္ဘာမြေကြီးနဲ့ ပေါင်းစပ်နိုင်တယ်လေ။ မဟုတ်ရင်တော့ ရေမရှိတာနဲ့ပဲ ရှေ့ဆက်သွားဖို့ အနှောင့်အယှက်တွေ ဖြစ်လာလိမ့်မယ်…"
ကူချန်းချင်နှင့် သူ့မိသားစုက သေမင်းပင်လယ် ကန္တာရထဲရှိ အိုအေစစ်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ကြသည်။ သူက ထိုအခြေအနေကို အလွန်ရင်းနှီးနေခဲ့၏။
"သူပြောတာ ဟုတ်တယ်…။ ရေက အရေးအကြီးဆုံးပဲ…။ ပြီးတော့ ကန္တာရထဲမှာ ရှားပါးတဲ့ အရင်းအမြစ်တစ်ခုလို့လည်း ပြောလို့ရတယ်။ ရေအရင်းအမြစ်တွေ ဘယ်နေရာမှာ ရှိလဲဆိုတာ မြင်းဓားပြတွေက သိကြတယ်။ ဒါကြောင့်လည်း သူတို့တွေက တခြားသူတွေကို လိုက်ပြီး ရှာရဲကြတာပေါ့…။"
"မုန့်ချီ…ဒီကိစ္စကို ဘာမှစိုးရိမ်မနေနဲ့…။ ရေဆိုတာက သေမင်းပင်လယ်ကန္တာရကြီး တစ်ခုလုံးနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် နည်းနည်းလေးပဲ ရှိတာ။ မြင်းဓားပြတွေ မသိနိုင်သေးတဲ့ အရင်းအမြစ်တွေ ရှိနိုင်တယ်။ မြင်းဓားပြတွေက ရေအရင်းအမြစ်တွေ အားလုံးကို မသိနိုင်သလို အဲဒီအရာတွေအားလုံးကိုလည်း ကာကွယ်နိုင်တဲ့ အရည်အချင်းမျိုးမရှိဘူး။ သူတို့က ပုံမှန်အလုပ်တွေကို လုပ်ဖို့လည်း လိုအပ်သေးတယ်လေ…”
မြင်းဓားပြများ၏ နေ့စဉ်အလုပ်က ဓားပြတိုက်ခြင်းဖြစ်သည်။ သူ့ကို မှတ်မိသွားခြင်းမှ ရှောင်တိမ်းရန်အတွက် မုန့်ချီက သူ၏ဓမ္မနာမည်ကို မသုံးခဲ့ပေ။ သူက မူလနာမည်အတိုင်းသာ သုံးခဲ့သည့်အတွက် အတော်လေး စိတ်အေးသွားခဲ့၏။
"ကိစ္စမရှိပါဘူး…။ မြင်းဓားပြတွေက သေမင်းပင်လယ်ကန္တာရထဲမှာ နေရာစုံ ရောက်နေကြတာလေ။ သူတို့က အဖွဲ့လိုက်လာမယ်ဆိုရင်တောင် ငါက ဘာလို့ သူတို့ကို ကြောက်နေရမှာလဲ.…"
မုန့်ချီကတော့ သတ္တိရှိရှိနှင့် ကူချန်းချင်ကို နှစ်သိမ့်လိုက်သည်။
ချူချမ်းနင်က ရယ်လိုက်၏။
"ကျိလော်ကျူးရဲ့ မြင်းဓားပြအများစုက အချင်းချင်း သတင်းပို့ဖို့အတွက် ခေါင်းဖြူငှက်တွေကို သုံးကြတယ်။ သူတို့က မင်းကို ရှာတွေ့သွားပြီဆိုရင် သိပ်မကြာခင် မြင်းဓားပြတွေ ဝိုင်းတာကို ခံရမှာပဲ။ မင်းက သူတို့တွေကို ရင်ဆိုင်ဖို့ အရမ်းခက်လိမ့်မယ်။ အနည်းဆုံးတော့ သူတို့ထဲမှာ အယောက်(၃၀)လောက်က တံခါး(၇)ပေါက်နှင့် အထက် ရှိနေလောက်ပြီ…"
မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။ သူက ရဲရင့်ပြီး သတိထားတတ်၏။ မလိုအပ်လျှင် မြင်းဓားပြများနှင့် တိုက်ရိုက် တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။ သို့သော် သူကတော့ မြင်းဓားပြများ၏ သတိပေးချက်များအကြောင်း ချူချမ်းနင်ကို မမေးခဲ့ပေ။
“ကူချန်းချင်က သေမင်းပင်လယ်ကန္တာရထဲက လူတစ်ယောက်ပဲ။သူက အဲဒီအကြောင်းအရာကို အများကြီး သိနေနိုင်တယ်။ ငါက ဘာလို့ ငါ့ရဲ့ရတနာတွေကို ဖြုန်းပစ်ရမှာလဲ။ ငါက မကောင်းဆိုးဝါးဓား သတ်ဖြတ်ရေးအမိန့်အကြောင်းကို မေးပြီးသွားပြီ…”
ချူချမ်းနင်က နောက်ထပ်မပြောတော့ပေ။ ထို့နောက် သူမ အလေးအနက်ထားပြီး ပြောလိုက်၏။
"အောက်ကို ဆင်းသွားတော့…။ စားပြီးသွားရင် တတ်နိုင်သမျှ ဒီနေရာကနေ မြန်မြန်ထွက်သွားလိုက်တော့…"
"သေစမ်း…ရတနာမရှိရင် သူ့ရဲ့သဘောထားက ဒီလောက်မြန်မြန်ပြောင်းသွားတာပဲ…"
မုန့်ချီကတော့ သူမကို စိတ်ထဲမှ ကျိန်ဆဲနေခဲ့သည်။
ထို့နောက် သူလည်း ကူချန်းချင်နှင့်အတူ ခန်းမထဲသို့ ပြန်ဝင်လာခဲ့၏။ သူတို့က ကြက်ပေါင်၊ မြည်းသားနှင့် တခြားစားစရာများကို မှာလိုက်သည်။ ထို့နောက် ဗိုက်ပြည့်အောင် စားခဲ့ကြ၏။
ကူချန်းချင်က တူကို ကိုင်ပြီး စားစရာများကို ကြည့်၍ အံ့ဩနေခဲ့သည်။
"ရှောင်လင်ကျောင်းတော်က တပည့်တွေက ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်ပြီးသွားရင် အသားမစားရတော့ဘူး မဟုတ်လား…"
စားသောက်လိုက်ပြီးနောက် မုန့်ချီကတော့ သဲပင်လယ်တည်းခိုဆောင်ထဲတွင် ဆက်မနေတော့ဘဲ ကူချန်းချင်နှင့်အတူ ထွက်လာခဲ့သည်။
ချူချမ်းနင်ကတော့ သူတို့၏ နောက်ကျောကို ပျင်းရိစွာ စိုက်ကြည့်နေခဲ့၏။ သူမက အသံတိုးတိုးနှင့် ပြောလိုက်သည်။
"ရက်အနည်းငယ်လေးအတွင်း မင်းက ပြောင်းလဲသွားတယ်။ သိုင်းပညာကလည်း တော်တော်လေး တိုးတက်လာတယ် ထင်တယ်။ မင်းက အဆင်ပြေတယ်လို့ ပြောပေမယ့် ငါကတော့ မယုံဘူး။ အန်ကုံရှဲ့က မျက်လုံးပွင့်ပြီး သေသွားတာ ဖြစ်နိုင်တယ်…"
မုန့်ချီက စားစရာနှင့် ရေအလုံအလောက် ယူလာခဲ့ပြီး သဲမြန်မြို့ထဲမှ ထွက်လာခဲ့သည်။ သူက သေမင်းပင်လယ်ကန္တာရကြီးကို ကြည့်ပြီးပြောလိုက်၏။
"သခင်လေးကူ…
ကျိလော်ကျူးက မကောင်းဆိုးဝါးဓား သတ်ဖြတ်ရေးအမိန့်ကို ထုတ်လိုက်ပြီဆိုတော့ ငါသွားမဲ့လမ်းမှာ အန္တရာယ်တွေ ၊ အခက်အခဲတွေ ပြည့်နေတယ်။ ကျေးဇူးပြုပြီး ပြန်ပါတော့…။ မင်း ငါ့ကို ပြောခဲ့တဲ့ သေမင်းပင်လယ်ကန္တာရရဲ့ မြေမျက်နှာသွင်ပြင်တွေကို ငါ မှတ်မိပါတယ်…"
ကူချန်းချင်က ခဏရပ်၍ စဉ်းစားနေခဲ့သည်။ သူ၏ မျက်နှာအမူအရာက လေးနက်လာပြီး သူက ပြောလိုက်၏။
"ငါက သတ္တိရှိတဲ့ လူတစ်ယောက်ပါ။ ငါလုပ်သင့်တဲ့ အရာကို လုပ်မှာပဲ။ ငါက ဘယ်သူ့ကိုမှ မကြောက်ဘူး…"
မုန့်ချီက သူ့ကို လှည့်ကြည့်ပြီး အလွန်အံ့ဩသွားခဲ့သည်။
"သခင်လေးကူ…
သခင်လေးကူက တကယ့်ကို သတ္တိကောင်းတဲ့ လူတစ်ယောက်ပဲ။ ဒါပေမယ့် သခင်လေးကိုယ်တိုင်နဲ့ အခြေအနေတွေကို သေချာစဉ်စားဖို့ လိုသေးတယ်…"
ထိုကဲ့သို့ ရိုးသားသော ဓားသမားတစ်ယောက်ကို သူလည်း ဝတ္ထုများထဲတွင်သာ မြင်ခဲ့ဖူးသည်။ ကူချန်းချင်က ပြုံးလိုက်၏။
"ငါသိပါတယ်။ ငါက မစဉ်းစားဘဲ ဘာမှမလုပ်ပါဘူး။ ဒါက အန္တရာယ်များတဲ့ ခရီးစဉ်တစ်ခု ဖြစ်ပေမဲ့ အခွင့်အရေးတွေလည်း စောင့်နေသေးတယ်လေ။ မြင်းဓားပြတွေက သေမင်းပင်လယ်ကန္တာရရဲ့ မတူညီတဲ့ နယ်မြေတွေမှာ နေထိုင်ကြတယ်။ ပြီးတော့ မင်းက မဆင်မခြင်လုပ်တတ်တဲ့ လူတစ်ယောက်မှ မဟုတ်တာ…"
“ဘယ်လို…”
မုန့်ချီက အတော်လေးကို ရှုပ်ထွေးသွားခဲ့၏။
ကူချန်းချင်က ကြာပွတ်ကို မြှောက်ပြီး အနောက်ဘက်ကို လက်ညှိုးထိုးပြလိုက်သည်။
"အခုမင်းဆီမှာ အစွမ်းထက်တဲ့ ရန်သူတစ်ယောက် ရှိနေတယ်။ မင်းက မင်းရဲ့ဆရာနဲ့ ညီလေးကိုလည်း အဆက်အသွယ် ပြတ်နေတယ်။ အခုမင်းက ရှောင်လင်ကို ဘေးကင်းကင်းနဲ့ ပြန်သွားပြီး အကူအညီတောင်းလို့ ရတယ်လေ။ ဘယ်သူမှ မင်းကိုအပြစ်မတင်ပါဘူး။ ဒါပေမယ့် မင်းက အန္တရာယ်ရှိနေတာတောင် မင်းရဲ့ဆရာတူညီလေးကို ရှာဖို့အတွက် သေမင်းပင်လယ် သဲကန္တာရထဲကို ဝင်သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ မင်းက သစ္စာရှိတဲ့ လူတစ်ယောက်ပဲ။ ဒီတော့ မင်းက ငါ့ရဲ့လေးစားမှုနဲ့ ထိုက်တန်ပါတယ်…"
မုန့်ချီက ခဏကြာ ငြိမ်သက်သွားပြီး ရယ်လိုက်မိသည်။
"ငါတို့က တကယ့်ကို လူစွမ်းကောင်းတွေဖြစ်နေတာပဲ…."
သူ့ရင်ထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်လာခဲ့၏။
သူက နေမင်းနီမကောင်းဆိုးဝါးဓားကို ထုတ်ပြီး သေးမင်းပင်လယ်ကန္တာရကို လက်ညှိုးထိုးလိုက်သည်။
"မြင်းဓားပြတွေ …
မင်းတို့က ငါတိုက်ခိုက်ဖို့ မတန်ဘူး…။ ဒါပေမဲ့ ငါက မင်းတို့ရဲ့ လည်ပင်းကို ဖြတ်ပစ်မယ်။ ငါ့ကို စောင့်နေလိုက်ကြ…"
ကူချန်းချင်ကလည်း ဂုဏ်ယူဝင့်ကြွားစွာ ရယ်လိုက်၏။
"မြင်းဓားပြတွေ …
မင်းတို့က သေမင်းပင်လယ်ကန္တာရထဲမှာ အစွမ်းထက်တဲ့ ခေါင်းဆောင်တွေ မဟုတ်ကြဘူး။ မင်းတို့က သေမင်းပင်လယ်ကန္တာရကို တစ်ချိန်လုံး မအုပ်စိုးနိုင်ဘူး။ ဘယ်သူက အနိုင်ရမလဲဆိုတာ ကြည့်ကြတာပေါ့…"
သူတို့(၂)ယောက်က ရယ်မောနေကြရင်း မြင်းများကို အမြန်စီး၍ ကန္တာရထဲကို ဝင်သွားခဲ့ကြသည်။
………….
မုန့်ချီနှင့်ကူချန်းချင်တို့က အနောက်ဘက်ကို တိုက်ရိုက်သွားခဲ့ပြီး ပထမဆုံး အိုအေစစ်သို့ ရောက်လာခဲ့ကြသည်။ သူတို့က သတင်းအချက်အလက်များ စုဆောင်းရန် တည်းခိုဆောင်ထဲသို့ ချက်ချင်း ဝင်သွားခဲ့ခြင်း မရှိချေ။ သူတို့က ထိုအိုအေစစ်၏ နောက်တွင် ရှိနေသော သစ်တောထဲ၌ ပုန်း၍ မြို့ထဲသို့ သွားသောလမ်းကြောင်းကို စောင့်ကြည့်နေခဲ့သည်။
"မုန့်ချီ…
မင်းက ဘာလို့ အထဲကို ဝင်မသွားသေးတာလဲ။ မင်းက တစ်ယောက်ယောက်ဆီမှာ သတင်းမေးမလို့ မဟုတ်ဘူးလား…"
ကူချန်းချင်က ရှုပ်ထွေးစွာ မေးလိုက်သည်။ သူကတော့ သိုင်းလောကတွင် လူသစ်တစ်ယောက်ဖြစ်ပြီး အတွေ့အကြုံများမရှိပေ။ မုန့်ချီကတော့ သူ့ထက်ပို၍ သိုင်းလောက အတွေ့အကြုံများရှိသည်။
သူက အကြမ်းဖျင်းရှင်းပြလိုက်၏။
"ဒါက သဲပင်လယ်တည်းခိုဆောင်မဟုတ်ဘူး။ ချူချမ်းနင်က မြင်းဓားပြတွေကို မကြောက်တဲ့ မိန်းမတစ်ယောက်လေ။ ဒီတော့ သူက ငါတို့ကို လိမ်မှာမဟုတ်ဘူး။ ဒါပေမယ့် တခြားတည်းခိုဆောင်ပိုင်ရှင်နဲ့ တခြားလူတွေကတော့ ကျိလော်ကျူးကို ကြောက်ကြတယ်။ ဘယ်သူမှ သူ့ကိုစိတ်ဆိုးအောင် မလုပ်ရဲကြဘူး။ ပြီးတော့ မြင်းဓားပြတွေရဲ့ သူလျှိုတွေကလည်း ဒီလိုနေရာတွေမှာ အလုပ်လုပ်တတ်ကြတယ်။ တကယ်လို့ ငါတို့ကသာ ဘာကိုမှ မစဉ်းစားဘဲ ငါ့ဆရာနဲ့ ဆရာတူညီလေးအကြောင်းကို သွားစုံစမ်းလိုက်မယ်ဆိုရင် ငါတို့ကို အလွယ်တကူ သတိထားမိသွားလိမ့်မယ်…"
သူက အန်ကုံရှဲ့၏ အလောင်းကို တမင်တကာ ချန်ထားခဲ့ခြင်းဖြစ်သည်။ အကြောင်းပြချက်တစ်ခုကတော့ အကယ်၍ သူ့ကို မီးရှို့လိုက်မည်ဆိုလျှင် မြင်းဓားပြများ၏ အာရုံစိုက်မှုကို အလွယ်တကူ ခံရနိုင်သည်။ ထိုသို့ဆိုလျှင် သူထွက်ပြေးရန်အတွက် အချိန်ဆွဲထားနိုင်၏။ အကယ်၍ အလောင်းကို တွေ့သွားမည်ဆိုလျှင်လည်း ခန္ဓာကိုယ်ပေါ်၌ ရှိနေသော ခြေရာလက်ရာများကိုကြည့်၍ လမ်းလွဲသွားနိုင်သည်။
"ငါနားလည်ပြီ…"
ကူချန်းချင်က ရုတ်တရက် နားလည်သွားခဲ့၏။
"အဲဒီလူတွေဆီက အချက်အလက်တွေ မေးပြီးသွားရင် သူတို့ကို သတ်ပစ်ရမယ်…"
သူတို့အားလုံးက သတ္တိကောင်းသော်လည်း အရူးများ မဟုတ်ကြပေ။ သူတို့က မည်သည့်မြင်းဓားပြကိုမှ တွေ့လိုခြင်း မရှိချေ။
မုန့်ချီက တစ်စုံတစ်ခု ပြောတော့မည့်အချိန်တွင် ရုတ်တရက်ရပ်လိုက်သည်။ ထိုအချိန်တွင် သက်လတ်ပိုင်းလူကြီးတစ်ယောက်က ကြောက်ကြောက်လန့်လန့်နှင့် သူတို့ဆီကို လျှောက်လာနေခဲ့၏။ သူကတော့ ကျန်းဟွေနှင့် ရွှမ်ပိုင်တို့အကြောင်း သတင်းစုံစမ်းရန် လွှတ်လိုက်သော လူတစ်ယောက်ဖြစ်သည်။
မုန့်ချီက သက်လတ်ပိုင်းလူကြီးကို တိုက်ရိုက်မကြည့်ဘဲ သူ၏ ပတ်ပတ်လည်ကို စိုက်ကြည့်လိုက်၏။ ထိုလူက သစ်တောထဲသို့ လျှောက်လာသည့်အချိန်တွင် မုန့်ချီ၏ မျက်လုံးများက ဝင်းလက်တောက်ပသွားခဲ့သည်။
ထိုအချိန်တွင် ဝါးခမောက် ဆောင်းထားသော မျက်နှာမည်းနှင့် လူတစ်ယောက်က ကျောက်တုံးများကြားထဲတွင် ပုန်းလျှိုးကွယ်လျှိုးနှင့် သက်လတ်ပိုင်းလူကြီး၏ နောက်မှ လိုက်လာနေကြောင်း တွေ့လိုက်ရလေသည်။
Translated by Hein Htet