အခန်း (၁၂၆)
Vol. 9 Ch. 126
မုန့်ချီက သွမ့်ရှန်ဖေး၏ လှည့်ကွက်ကို အသုံးပြုပြီး ပြောင်းလဲမှုကျင့်စဉ်ကို သုံး၍ ထိုလူများကို နောက်ယောင်ခံလိုက်ခဲ့ခြင်း ဖြစ်သည်။
"သွမ့်ရှန်ဖေးက ငါ့နောက်ကို လိုက်ခဲ့ပေမယ့် သူက ပြောင်းလဲမှုကျင့်စဉ်ရဲ့အစွမ်းကို တော်တော်လေး သုံးခဲ့ရတယ်.။ ငါ့ဆီမှာတော့ တခြားနည်းလမ်းတွေ ရှိပါသေးတယ်."
မျက်နှာမည်းနှင့် လူက သူ့နောက်သို့ နောက်ယောင်ခံလိုက်သည့်သူများ ရှင်းမရှင်း သေချာကြည့်နေခဲ့သည်။ သူက တစ်ပတ် ပတ်သွားပြီးနောက် ခြံဝန်းတစ်ခု၏ အနောက်တံခါးမှနေ၍ ဝင်လာခဲ့သည်။
ထိုအချိန်ကျမှသာ သူက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ ထို့နောက် သူက အစွန်တွင် ရှိနေသော အခန်းတစ်ခုဆီသို့ လျှောက်သွားပြီး တံခါးကို အကြိမ်အနည်းငယ် ခေါက်လိုက်သည်။
"ဘယ်သူလဲ ..."
ကြည်လင်နေသော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။
"ကျွန်တော်ပါ ..ဒုခေါင်းဆောင်..."
မျက်နှာမည်းနှင့်လူက ပြန်ဖြေလိုက်သည်။
ထိုအခါ တံခါးက ပွင့်သွားပြီး မုတ်ဆိတ်မွှေးနှင့် လူငယ်တစ်ယောက် ထွက်လာသည်။ သူက မျက်နှာမည်းနှင့် လူကို အပြုံးနှင့်ပြောလိုက်၏။
"တကယ်လို့ မင်းသာ ပြန်မလာတော့ဘူးဆိုရင် ငါက ဓားပြကြီး တန်းကျိကို သတင်းပို့လိုက်တော့မလို့ ....."
မျက်နှာမည်းနှင့် လူက အသေခံလူသား တစ်ယောက် ဖြစ်သည်။ ယခုအချိန်ထိ အသက်ရှင်နေဦးမည်ဟု မျက်နှာမည်းနှင့် လူလည်း မထင်ထားခဲ့ပေ။ မည်သည့်အရာမျှ မဖြစ်ခဲ့သည်မှာ ကံကောင်းသွားသည်။
မျက်နှာမည်းနှင့်လူက သူကြုံခဲ့သည့်အရာများကို ကြောက်ကြောက်လန့်လန့်နှင့် အမှောင်ထဲတွင် ရှင်းပြနေခဲ့သည်။
"ကျွန်တော်က ဉာဏ်ထိုင်းထိုင်း မဟုတ်တာ ကံကောင်းသွားတယ်..။ ပြီးတော့ သူက ဘုန်းတော်ကြီးတစ်ပါးဆိုတော့ သနားညှာတာတတ်လို့လည်း ဖြစ်နိုင်တယ်...။ မဟုတ်ရင် ကျွန်တော်က သေနေလောက်ပြီ..။ ကျွန်တော်က ဒုခေါင်းဆောင်ရဲ့ စိုးရိမ်မှုကို နားလည်ပါတယ် ..။ ကျွန်တော်နှင့် ပတ်သက်ပြီး ဓားပြကြီး တန်းကျိကို သတင်းပို့ဖို့ မလိုတော့ပါဘူး ..”
“ဒီနေရာမှာ ဧည့်သည်က အဆင့်သင့်ဖြစ်နေပြီလို့ ငါက ဓားပြကြီးတန်းကျိကို သတင်းပို့ဖို့ ရောက်နေတာ ...."
လူငယ်က မုတ်ဆိတ်ကို လက်နှင့် သပ်ပြီး အပြုံးနှင့် ပြောလိုက်သည်။
"ကျေးဇူးပြုပြီး အထဲကို ဝင်ခဲ့ပါ..."
ပြတင်းပေါက်စက္ကူက အလွန်ထူထဲသည့်အတွက် အတွင်းထဲတွင် မည်းမှောင်နေခဲ့သည်။ လူငယ်ကတော့ ထိုကဲ့သို့သော အခြေအနေကို သဘောကျပုံရသည်။ အဘယ်ကြောင့်ဆိုသော် သူက ဖယောင်းတိုင်မီး မထွန်းထားပေ။
တံခါးပိတ်လိုက်ပြီးနောက် သူက မေးလိုက်၏။
"မင်းက သူတို့ကို အမှန်အတိုင်း ပြောပြလိုက်တာလား..."
"ဟုတ်ပါတယ် ဒုခေါင်းဆောင် ....
ကျွန်တော်က ဒုခေါင်းဆောင်ခိုင်းတဲ့အတိုင်း အကုန်ပြောခဲ့တာပါ..။ သူတို့တွေက လမ်းပေါ်မှာ ကြားရတဲ့ သတင်းတွေကို မယုံဘူးဆိုတာ ဒုခေါင်းဆောင်က ကြိုသိနေတာလား ...။ ဒီတော့ သူတို့တွေကို ထောက်ချောက်ထဲ ရောက်လာအောင် ဆွဲဆောင်ဖို့က အရမ်းခက်တယ်...။ သူတို့က တော်တော်လေး ဉာဏ်ကောင်းကျပေမယ့် ဒုခေါင်းဆောင်ကို မယှဉ်နိုင်သေးပါဘူး ..။ နောက်ကနေ လိုက်ချောင်းတဲ့ ကျွန်တော်ကမှ တကယ့် အစစ်အမှန် ထောက်ချောက်ဆိုတာ သူတို့က ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ ....."
မျက်နှာမည်းနှင့် လူက အံ့ဩစွာ ပြန်ဖြေလိုက်သည်။
သူက တိကျသော အခြေအနေကို မသိခဲ့သော်လည်း ဒုခေါင်းဆောင်က ထိုအရာများကို လျှို့ဝှက်မထားရန် ပြောပြခဲ့သည့်အချိန်တွင် ထိုအရာက ထောင်ချောက်တစ်ခု ဖြစ်ကြောင်း ခန့်မှန်းမိခဲ့သည်။
ဒုခေါင်းဆောင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။
"ငါက အခြေအနေ အားလုံးအတွက် ကြိုတင်ပြင်ဆင်ထားတယ်လေ....။ ဒီတော့ ဉာဏ်သိပ်မကောင်းတဲ့ လူတစ်ယောက်သာ ဆိုရင် လမ်းပေါ်ကနေ ကြားရတဲ့ သတင်းတွေနဲ့တင် သူတို့ကို ချီလဲ့ချိုင့်ဝှမ်းဆီ မျှားခေါ်ဖို့ လုံလောက်နေပြီ ...။ ဒါပေမယ့် ဉာဏ်ကောင်းတဲ့သူတွေလည်း ထောင်ချောက်ထဲကို ကျသွားရမှာပဲ..”
“မင်းက ခေါင်းဆောင်(၃)ဆီ သွားပြောလိုက်တော့..။ ဉာဏ်ကောင်းတဲ့သူပဲ ဖြစ်ဖြစ် ဉာဏ်ထိုင်းတဲ့သူပဲဖြစ်ဖြစ် ငါက သူတို့ကို မင်းရဲ့ အကျိုးဆောင်မှုထဲ ထည့်ပေးမှာပါ...။ ဒုခေါင်းဆောင်ရဲ့အစီအစဉ်တွေက တကယ့်ကို ပြိုင်ဘက်ကင်းတာပဲ ...."
မျက်နှာမည်းနှင့် လူက ချီးကျူးလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ဒုခေါင်းဆောင်က ထိုကဲ့သို့ မြှောက်ပင့်ပြောဆိုမှုမျိုးကို အလွန်သဘောကျ၏။
ဒုခေါင်းဆောင်းက အပြုံးနှင့် ပြောလိုက်သည်။
"သူက ဆရာကြီးကျိလော်ကျူးနှင့် ဆန့်ကျင်တဲ့ပုံစံမျိုး ဟန်ဆောင်စရာ မလိုတော့ဘူးလို့ ခေါင်းဆောင် (၃)ကို ပြောလိုက် ..။ တကယ်လို့ သူက ချီလဲ့ချိုင့်ဝှမ်းကို အမြန်ပြန်သွားခဲ့မယ်ဆိုရင်တော့ အဲဒီခေါင်းတုံးလေးကို ခေါင်းဖြတ်ဖို့ သေချာပေါက် မီနိုင်လိမ့်မယ် ...."
ကျိလော်ကျုးကတော့ အလောင်းများကိုသာ စိတ်ဝင်စားသည်။ အကယ်၍ ရန်သူက နှစ်ယောက် (၃)ယောက်ခန့် ဆိုလျှင်ပင် ကိစ္စမရှိချေ။ အဆုံးသတ်တွင်တော့ ထိုအရာက သူတို့ရင်ဆိုင်နိုင်သော အခြေအနေအတွင်းသာ ရှိနေသည်။ သူကတော့ သူကိုယ်တိုင် အချိန်မဖြုန်းချင်ဘဲ တခြားရန်သူများကို စုံစမ်းလိုခြင်းလည်း မရှိပေ။ ထိုခေါင်းတုံးလေးကိုသာ ဖမ်းမိမည်ဆိုလျှင် အရာအားလုံး ရှင်းလင်းသွားနိုင်သည်။
"ကျွန်တော်က အခုချက်ချင်းပဲ ခေါင်းဆောင်(၃)ကို သတင်းပို့လိုက်မယ် ...."
မျက်နှာမည်းနှင့် လူက ပြန်ဖြေလိုက်၏။ သူကတော့ အကျိုးဆောင်မှုကြီး တစ်ခု လုပ်နိုင်ခဲ့သည့်အတွက် ကျေနပ်စွာ ပြုံးနေမိခဲ့သည်။
ဒုခေါင်းဆောင်က လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။
"အရမ်းကြီး မြန်စရာလည်း မလိုပါဘူး ..။ အရင်ဆုံး ဖြစ်ခဲ့တဲ့အရာတွေ ငါ့ကို အသေးစိတ် ပြန်ပြောပြပါဦး .။ တကယ်လို့ သူသာ မလွှဲသာ မရှောင်သာ အခြေအနေမဟုတ်ရင် လျှို့ဝှက်ချက်အတွက် သူသေကိုယ်သေ တိုက်ခိုက်မှာပဲ ။ ငါက ပထမနေရာအတွက် သူ့ကို သတိပေးဖို့ မလိုအပ်လောက်ဘူး...။ သူက အမှားတစ်ခုခု ရှိမလား စောင့်ကြည့်လိုက်ဦးမယ် ...."
မျက်နှာမည်းနှင့်လူကတော့ စကားလုံးတိုင်းကို ပြန်ပြောလိုက်သည်။
"ဒုခေါင်းဆောင် ကျွန်တော်လုပ်ခဲ့တာ အဆင်ပြေရဲ့လား ..."
ဒုခေါင်းဆောင်က ခဏကြာတိတ်ဆိတ်သွားပြီးနောက် စုတ်တံတစ်ခုကို ထုတ်ယူ၍ စာတစ်စောင် လျင်မြန်စွာ ရေးလိုက်သည်။ နောက်ဆုံးတွင်တော့ သူက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်၏။
"မင်းက ကောင်းကောင်းလုပ်နိုင်ခဲ့တယ်...."
ထို့နောက် သူက အလွန်ထူးဆန်းသော ခေါင်းဖြူငှက်တစ်ကောင်ကို လှောင်အိမ်ထဲမှ ထုတ်လိုက်ပြီး ခြေထောက်တွင် စာကို ချည်ပေးလိုက်သည်။ ထို့နောက် ပြတင်းပေါက်မှ လွှတ်လိုက်၏။
ငှက်က အတောင်ပံများကို ခတ်ပြီး ပျံသန်းသွားသည့်အချိန်တွင် အရိပ်ထဲမှနေ၍ အစွမ်းထက်သော လက်တစ်ဖက် ပေါ်လာပြီး ဖမ်းထားလိုက်သည်။ ထို့နောက် အလွန်ချောမောခန့်ညားပြီး အနက်ရောင်ဝတ်စုံ ဝတ်ထားသော လူငယ်လေးက အရိပ်ထဲမှ ထွက်လာသည်ကို မြင်သည့်အခါ ဒုခေါင်းဆောင်နှင့် မျက်နှာမည်းလူတို့က အံ့ဩမှင်တက်သွားကြသည်။
သူက အပြုံးနှင့် ပြောလိုက်၏။
"ကျေးဇူးပြုပြီး ဆက်ပြောလိုက်ကြပါ....။ ငါက နားထောင်ရတာကို သဘောကျတယ်လေ...."
သူတို့နှစ်ယောက်လုံးက အတော်လေးကို ကြောက်လန့်သွားကြ၏။
"သူက ဘယ်နေရာကနေ ရောက်လာတာလဲ...။ ဘာလို့ ငါတို့က သူ့ကို သတိမထားမိရတာလဲ...။ အရိပ်ကိုလည်း ရှင်းရှင်းလင်းလင်း မြင်နေရတာပဲ..။ လုံးဝမှောင်နေတာမှ မဟုတ်တာ..။ ငါတို့က ဘာလို့ သူ့ကို မတွေ့ရတာလဲ...”
“ရှက်စရာပဲ ..။ ငါက မင်းကို တမင်အသက်ရှင်ခွင့်ပေးလိုက်တာလေ....."
မုန့်ချီက ညာလက်တွင် ဓားကိုကိုင်ပြီး မျက်နှာမည်းနှင့်လူကို ကန့်လန့်ဖြတ် ခုတ်ချလိုက်သည်။
အလင်းရောင်များကြောင့် မျက်နှာမည်းနှင့် လူက သတိပြန်ဝင်လာပြီး ဓားကို ရှောင်တိမ်းရန်အတွက် ဘေးသို့ခုန်လိုက်သည် ။ ဓားချက်က တောက်ပလာပြီးနောက် မျက်နှာမည်းနှင့်လူက နောက်တစ်ကြိမ် မတ်တပ်ပြန်မရပ်နိုင်တော့ပေ။ သူ၏ခန္ဓာကိုယ်ထဲမှနေ၍ သွေးများစီးကျလာခဲ့၏။
မုန့်ချီက လူသတ်ရာတွင် အလွန်အမင်း လျင်မြန်လှသည်။ ဒုခေါင်းဆောင်က မလှုပ်ရှားရသေးခင် သူ့ဓားက ချိန်ထားခဲ့၏။
"ငါထင်တာမမှားရင် မင်းက အပြုံးမြေခွေး ယုလင် မဟုတ်လား....."
မုန့်ချီက အပြုံးနှင့် မေးလိုက်သည်။
ဒုခေါင်းဆောင်က မူလနေအထားအတိုင်း ဆက်ရပ်နေပြီး ပြန်ဖြေလိုက်၏။
"ဟုတ်ပါတယ်...."
သူ့ခေါင်းထဲတွင် အတွေးပေါင်းများစွာ ပေါ်လာခဲ့သည်။ သူကတော့ တစ်စုံတစ်ယောက်၏ အကူအညီကို ရှာဖွေရန် ခက်ခက်ခဲခဲ ကြိုးစားနေခဲ့၏။
မုန့်ချီက သက်ပြင်းချ၍ ပြောလိုက်သည်။
"မင်းက ဉာဏ်ကောင်းပါတယ်..။ ဒါပေမယ့် စွမ်းအားနဲ့ စွမ်းရည်မရှိဘူး..။ မင်းက ခုအချိန်ထိ ဉာဏ်အလင်းပွင့်မှုအဆင့်တောင် မရောက်သေးဘူး..."
ယုလင်က အပြုံးနှင့် ပြောလိုက်သည်။
"အဲဒါက ကောင်းတာပဲ မဟုတ်လား...။ ငါ့မှာ စွမ်းအားမရှိတဲ့အတွက် ငါ့ကို အလွယ်တကူ ထိန်းချုပ်လို့ရတယ်လို့ ဆိုလိုနေတယ်လေ... ။ တစ်ချို့ ဉာဏ်ကောင်းတဲ့သူတွေဆိုရင် ငါနဲ့ဆက်သွယ်ဖို့က ပြဿနာမရှိပါဘူး..။ အဲဒီကိုရင်လေးကို ဘယ်နေရာခေါ်သွားလဲဆိုတာ မင်းက သိချင်နေတာမဟုတ်လား...”
“မင်းဆီမှာ လိမ်ညာမှုတွေအပြည့်ပဲ...။ ဒါကြောင့် မင်းရဲ့လုပ်ရပ်တွေက ဘာမှအသုံးမဝင်ဘူး...။ ငါက ကြိုက်တဲ့လူကိုခေါ်ပြီး မေးလိုက်လို့ ရတယ်...."
မုန့်ချီကတော့ သူ့စကားကို စိတ်မဝင်စားသည့်အလား ပြောလိုက်သည်။
မုန့်ချီက သူ့စကားများကို လက်မခံကြောင်း မြင်လိုက်ရသည့်အခါ ယုလင်က တီးတိုးရေရွတ်လိုက်သည်။
"မကောင်းဆိုးဝါးဓား သတ်ဖြတ်ရေးအမိန့်နဲ့ဆိုရင် ကိုရင်လေးက မြင်းဓားပြတွေရဲ့ လက်ထဲကို ရောက်နေလောက်ပြီ....။ တကယ်လို့ မင်းက သူ့ကို ကယ်ထုတ်ချင်တယ် ဆိုရင်တော့ မင်းရဲ့အစွမ်းနဲ့ မလုံလောက်သေးဘူး....။ မင်းက တကယ်ကို ဉာဏ်ကောင်းပြီး ကောက်ကျစ်စဉ်းလဲတယ်...။ ငါက အဲဒီအပိုင်းတွေကို ကူညီပေးနိုင်ပါတယ်..။ ပြီးတော့ မင်းရဲ့စည်းမျဉ်းအတိုင်း လက်ခံပါ့မယ်လို့ အာမခံနိုင်တယ်...”
“ငါက အသက်ရှင်ဖို့အတွက် ဘာမဆိုလုပ်နိုင်တယ်..။ ဘာလို့လဲဆိုတော့ အနှေးနဲ့အမြန် ငါက အရာအားလုံးကို ပြန်ရမှာမို့လို့ပဲ..."
မုန့်ချီက ရယ်၍ ပြောလိုက်သည်။
"စိတ်မကောင်းပါဘူး...။ ဒါပေမယ့် မင်းက အသုံးမဝင်တဲ့လူတစ်ယောက်ပဲ...."
"ဘယ်လို..."
ယုလင်က ရှုပ်ထွေးသွားခဲ့၏ ။
ထိုအချိန်တွင် အနီရင့်ရောင်ဓားက သူ့ဆီကို ရောက်လာကြောင်း မြင်လိုက်ရသည်။ သူက မည်မျှပင် ရှောင်တိမ်းရန် ကြိုးစားနေစေကာမူ ဓားသွားက သူ့လည်ပင်းကို ဖြတ်ပစ်ခဲ့၏။
"ငါမသေချင်သေးဘူး...။ ငါ့ဆီမှာ ကြီးကျယ်တဲ့ လှည့်ကွက်တွေ အများကြီး ရှိနေသေးတယ်...။ ငါက လူတွေရဲ့စိတ်ကို ဖတ်နိုင်တယ်လေ...."
ယုလင်က သူ့လည်ပင်းကို လက်နဲ့အုပ်ထားသော်လည်း လည်ပင်းမှနေ၍ သွေးများ စီးကျလာနေခဲ့၏။ သူ၏ခြေလက်များက အနည်းငယ် တွန့်လိမ်နေပြီးနောက် အရာအားလုံးက ငြိမ်သက်သွားခဲ့လေသည်။
"ငါက ချီလဲ့ချိုင့်ဝှမ်းကို ရောက်ဖို့အတွက် နေ့ဝက်လောက် အချိန်ပေးရလိမ့်မယ်.."
မုန့်ချီက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက ဥယျာဉ်ထဲတွင် တွင်းတစ်တွင်း တူးလိုက်ပြီး သူတို့၏ အလောင်း(၂)ခုကို မြှုပ်လိုက်သည်။ သူတို့ကို မီးရှို့လိုက်မည်ဆိုလျှင် တစ်ခြားလူများက အာရုံစိုက်မိသွားနိုင်သည်။
နေ့ဝက်ခန့် ကြာပြီးနောက် နေကျလာသည့်အတွက် တဖြည်းဖြည်း မှောင်စပျိုးလာခဲ့သည်။ ကန္တာရထဲတွင် ရှိနေသော အပူချိန်ကလည်း လျင်မြန်စွာ ကျဆင်းလာပြီး လေလှိုင်းများ တိုက်ခတ်လာခဲ့၏။
ချီလဲ့ချိုင့်ဝှမ်းက အင်မော်တယ်များ ဓားနှင့်ထုဆစ်ထားသော တောင်ကြားတစ်ခုပမာ ထင်မှတ်ရသည်။ ဘေးနှစ်ဖက်တွင် ရှိနေသော တောင်ထိပ်များက ချောမွေ့နေပြီး အပေါ်ကိုတက်ရန် မဖြစ်နိုင်ပေ။ တစ်ခါတစ်ရံ မြူခိုးများနှင့် လွှမ်းခြုံထားခဲ့၏။
ထိုနေရာက အလစ်ချောင်းတိုက်ခိုက်ရန် အကောင်းဆုံးနေရာတစ်ခု ဖြစ်သည်။ ကူချန်းချင်နှင့် မုန့်ချီတို့က မြင်းစီးပြီး ချီလဲ့ချိုင့်ဝှမ်းကို သေချာစစ်ဆေးနေကြ၏။
တောင်ထိပ်များကို မြင်သည့်အခါ ကူချန်းချင်က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
"မင်းက ဘာလို့ သူ့ကို အလျင်စလို သတ်ပစ်လိုက်ရတာလဲ...။ မင်းက ဓားပြကြီး တန်းကျိရဲ့ စခန်းဘယ်နေရာမှာရှိလဲ ဆိုတာတောင် မမေးလိုက်ဘူးလေ...။ အခုငါတို့က ဘယ်လိုရှာကြမလဲ.."
ကူချန်းချင်ကတော့ ထူးခြားသော မုန့်ချီ၏နည်းလမ်းများကို နားမလည်နိုင်တော့ပေ။
မုန့်ချီက ရယ်လိုက်၏။
"သူတို့ရဲ့စခန်းက နောက်ထပ်ပုန်းအောင်းရာ နေရာတစ်ခုပဲလေ..။ ဒါပေမယ့် ရှန့်ကျွေကတော့ သေချာပေါက် အဲဒီမှာမရှိနိုင်ဘူး...။ ဒါဆိုရင် ဘာလို့ သူ့ကို မေးနေရမှာလဲ...”
“ဒါပေမယ့် ငါတို့က သူ့ရဲ့စခန်းကို တိုက်ခိုက်ပြီး ရှန့်ကျွေရဲ့အလစ်ချောင်း တိုက်ခိုက်မှုကို ရှောင်ရမှာလေ....။ ဒါဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာ သိရမှာပေါ့...."
ကူချန်းချင်ကလည်း ဉာဏ်ထိုင်းနေခြင်းမရှိချေ။
မုန့်ချီက ရယ်ပြီး ပြောလိုက်၏။
"ဘာလို့ ဒုက္ခများမှာလဲ။ ငါက သူတို့ရဲ့တံခါးကို သွားခေါက်လိုက်ရုံပဲလေ...”
“မင်းက သူ့ကိုရှာဖို့ ဘယ်လိုများ စဉ်းစားထားတာလဲ...."
ကူချန်းချင်ကတော့ မည်သည့်အရာကိုမျှ မပြောဘဲ ဝေဝါးစွာ လုပ်တတ်သူများကို အမှန်တကယ်ကို မုန်းတီးတတ်သည်။
မုန့်ချီကလည်း ယခင်တုန်းက ထိုကဲ့သို့ခံစားခဲ့ရ၏။ သို့သော် အချိန်ပြောင်းလဲလာသည်နှင့်အမျှ သူလည်း ထိုကဲ့သို့ စကားပြောရခြင်းကို သဘောကျလာခဲ့သည်။
သူက အပြုံးနှင့် ပြန်လှည့်သွားခဲ့၏။
"မင်းက မျက်လုံးတံခါးပွင့်နေတဲ့ မြင်းဓားပြ ဘယ်နှစ်ယောက်ကို ရင်ဆိုင်နိုင်လဲ...."
ကူချန်းချင်က ထိုကဲ့သို့ အရာမျိုးကို မလိမ်နိုင်ပေ။ မဟုတ်လျှင် သူကိုယ်တိုင် အန္တရာယ်ထဲသို့ ကျရောက်သွားနိုင်၏။ သူက မျက်မှောင်ကြုတ်ပြီး ပြန်ဖြေလိုက်သည်။
"မြင်းဓားပြတွေက ရက်စက်ကြမ်းကြုတ်ပြီး မကြောက်တတ်ကြဘူး...။ တကယ်လို့ တစ်ယောက်ချင်း တိုက်ခိုက်ကြရင်တော့ မိသားစုဓားပညာကြောင့် ငါက အနိုင်ရနိုင်တယ်...။ ဒါပေမယ့် နှစ်ယောက် တစ်ယောက်ဆိုရင်တော့ ငါ့အတွက် နည်းနည်းပြဿနာရှိတယ်..."
သူက သိုင်းလောကထဲသို့ ခြေမချခင် မျက်လုံးတံခါး ပွင့်နေပြီးသားဖြစ်သည်။ ကူရဲတိုက်တွင် နာမည်ကျော် ဓားသိုင်းပညာတစ်ခုရှိသည်။ ထိုအရာကတော့ နေဖောက်ထိပ်သီးဓားပညာဖြစ်ပြီး ကူမိသားစု၏ ဓားသိုင်းပညာက ထိပ်တန်းအဆင့်ဖြစ်သည်။ သို့သော် သူတို့၏အတွင်းအားကျင့်စဉ်ဖြစ်သော မီးကျင့်စဉ်က သာမန်သာဖြစ်သည်ဟုဆိုနိုင်သည်။
မုန့်ချီက ခေါင်းညိတ်၍ ပြောလိုက်၏။
"ဒါဆိုရင် အတူတူသွားကြမယ်...."
ကူချန်းချင်က အတော်လေး မှင်တက်သွားခဲ့၏။
"ငါတို့က နေရာမသိဘဲ ဘယ်လိုသွားမှာလဲ....."
မုန့်ချီက ရယ်ပြီး ပြောလိုက်၏။
"ငါတို့မှာ လမ်းပြရှိလာအောင် လုပ်လို့ရပါတယ်...."
သူပြောလိုက်ပြီးနောက် ဘယ်လက်က အိတ်ထဲသို့ နှိုက်လိုက်သည်။ ထိုအချိန်တွင် အလွန်ထူးဆန်းသော ငှက်တစ်ကောင် ပျံသန်းလာခဲ့၏။ ထိုငှက်က လေထဲတွင် ခဏကြာပျံသန်းနေပြီးနောက် ချီလဲ့ချိုင့်ဝှမ်း၏ အနီးနားတောင်ကြားတစ်ခုဆီသို့ ပျံသန်းသွားခဲ့သည်။
"သွားကြစို့..."
မုန့်ချီက မြင်းကို ရိုက်လိုက်ပြီး ထိုခေါင်းဖြူငှက်၏နောက်သို့လိုက်သွားခဲ့သည်။
ကူချန်းချင်ကလည်း ငှက်ကိုကြည့်ပြီး အံ့ဩသွားခဲ့၏။
"မင်းသာ ငါ့ကိုစောစောပြောခဲ့မယ်ဆိုရင် ငါက ဒီလိုအကြည့်မျိုး ကြည့်ခံရမှာ မဟုတ်ဘူး...."
……………
ထိုလျှို့ဝှက်တောင်ကြားထဲတွင် တဲ(၃)လုံး ရှိနေသည်။ အလယ်တွင် ရှိနေသောတဲကတော့ ရှန့်ကျွေ၏တဲ ဖြစ်၏။ တစ်ခြား(၂)ခုကတော့ ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင် (၄)ယောက်၏တဲဖြစ်သည်။ သူတို့ထဲတွင် (၂)ယောက်က တံခါး(၄)ပေါက်ပွင့်နေပြီး ကျန်(၂)ယောက်ကတော့ မျက်လုံးတံခါး ပွင့်နေကြသည်။
အန်ကုံရှဲ့ကို သတ်ဖြတ်သူက သူတို့ဆီကို ရောက်လာမည်ဖြစ်ကြောင်း သူတို့က သိနေကြ၏။ ထို့ကြောင့် သူက ထောင်ချောက်ဆင်ထားပြီး အကူအညီပေးနိုင်သော အရာအားလုံးကို ယူဆောင်လာခဲ့သည်။
သူက နည်းလမ်းမျိုးစုံသုံးပြီး အန်ကုံရှဲ့ကို သတ်နိုင်ခဲ့သော်လည်း အန်ကုံရှဲ့က တံခါး(၉)ပေါက် ပွင့်နေသော ပညာရှင်တစ်ယောက် ဖြစ်သည်။ သူက လူငယ်မှတ်တမ်းတွင် ရှိနေနိုင်သည့် စွမ်းအားလည်း ရှိနေခဲ့၏။
သူက တဲထဲ၌ ချီစွမ်းအင်များကို လေ့ကျင့်နေသည့်အချိန်တွင် အသံတစ်ခုကို ကြားလိုက်ရသည်။ မျက်လုံးဖွင့်ကြည့်လိုက်သည့်အချိန်တွင် ခေါင်းဖြူငှက်က ပျံလာခဲ့၏။
သူက ငှက်ခြေထောက်မှ စာကိုဖြုတ်ယူပြီး သေချာဖတ်ကြည့်လိုက်သည့်အချိန်တွင် အလွန်ဝမ်းသာသွားခဲ့၏။ ထို့နောက် သူက အခြားသောပညာရှင် (၄)ယောက်ကိုခေါ်ပြီး (၂)နာရီအတွင်း အလစ်ချောင်းတိုက်ခိုက်ရန် ပြင်ဆင်ခိုင်းလိုက်၏။
သူ၏ လက်အောက်ငယ်သား(၄)ယောက်က အဖွဲ့(၂)ဖွဲ့ခွဲပြီး စောင့်ကြပ်နေကြသည်။ သူကတော့ သူ့တဲဆီသို့ ပြန်လာပြီး ရနိုင်သမျှ အနားယူချင်နေခဲ့၏။
မုန့်ချီနှင့် ကူချန်းချင်တို့က သစ်ပင်ကြီးတစ်ပင်ပေါ်မှနေ၍ စခန်းကို သေချာစောင့်ကြည့်နေကြသည်။ ထိုနေရာတွင် တစ်ခြားလူများ မရှိတော့ကြောင်း သေချာသွားသည့်အချိန်တွင် သူတို့က သစ်ပင်ပေါ်မှ ခုန်ချလာပြီး စခန်းဆီသို့ ပြေးဝင်သွားခဲ့၏။
ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်များက အခြေအနေကို နားလည်သွားသည့် အချိန်တွင် မုန့်ချီက လေနတ်ဘုရားခြေလှမ်းသိုင်းကို သုံး၍ သူတို့၏ရှေ့ကို ရောက်နေပြီး ဓားက အဆင်သင့် ဖြစ်နေခဲ့သည်။
သေရေးရှင်ရေး အခြေအနေမျိုးတွင် သူတို့က တွေဝေမနေကြဘဲ ဓားများနှင့် မုန့်ချီကို တိုက်ခိုက်လိုက်ကြ၏။ သံချင်းထိခတ်သံနှစ်ခု ထွက်ပေါ်လာပြီး ဉာဏ်အလင်းပွင့်မှု ပညာရှင်တစ်ယောက်က သေဆုံးသွားသည်။ တစ်ခြားတစ်ယောက်ကတော့ ဒဏ်ရာရသွားခဲ့၏။
သေဆုံးသွားသည့် တစ်ယောက်ကတော့ မျက်လုံးတံခါးတစ်ခုတည်းသာ ပွင့်နေပြီး တံခါး(၄)ပေါက်ပွင့်နေသော ပညာရှင်ကတော့ ရင်ဘတ်တွင် အလွန်နက်ရှိုင်းသော ဓားဒဏ်ရာကြီးတစ်ခု ပေါ်လာခဲ့သည်။
"မင်းက ရွှေခေါင်းလောင်းအကာအကွယ် ကျင့်စဉ်ကို သုံးနိုင်တာလား...."
ထိုလူက အလွန်ထိတ်လန့်ပြီး အံ့ဩသွားသည်။
သို့သော် အကူအညီတောင်းရန် အချိန်မရခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ရန်သူ၏ဓားက သူ့ဆီကို လှိုင်းလုံးများကဲ့သို့ ရောက်လာနေခြင်းကြောင့် ဖြစ်သည်။ လှုပ်ရှားမှုတစ်ခုချင်းဆီက တဖြည်းဖြည်းပို၍ ကြောက်စရာကောင်းလာပြီး သိပ်မကြာခင် သူလည်း သေဆုံးသွားခဲ့ရသည်။
ကူချန်းချင်က မီလာခဲ့သည့်အချိန်တွင် ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင် (၂)ယောက်က မြေပေါ်တွင် သေနေကြောင်း မြင်လိုက်ရသည်။ ထိုမြင်ကွင်းကြောင့် သူလည်း အနည်းငယ် ကြောက်လန့်သွားခဲ့၏။
သူက မုန့်ချီ၏အစွမ်းကိုလည်း ပို၍နားလည်သွားခဲ့သည်။ အကယ်၍ အသေခံသိုင်းကွက်များ၊ လျှို့ဝှက်လက်နက်နှင့် အဆိပ်များကို မသုံးလျှင်ပင် သူ၏ဓားပညာနှင့် ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်က သာမန်တံခါး(၄)ပေါက် ပွင့်နေသော ပညာရှင်များထက် အဆင့်တစ်ဆင့် ပိုမြင့်နေသည်။
မုန့်ချီ၏ဝတ်ရုံတွင် အပေါက်(၂)ပေါက်ရှိနေပြီး တစ်ခုက အဖြူရောင်အမှတ်အသားဖြစ်၍ တစ်ခြားတစ်ခုက ဖြတ်ရာတစ်ခု ဖြစ်သည်။ သို့သော် နက်ရှိုင်းလှခြင်း မရှိသည့်အတွက် သွေးထွက်နေခြင်း မရှိချေ။
ဆူညံသံများကြောင့် ရှန့်ကျွေကလည်း သတိဝင်လာပြီး ဓားကိုကိုင်၍ အော်ဟစ်လိုက်၏။
"ဘယ်သူလဲ...."
မှေးမှိန်နေသော အလင်းရောင်အောက်တွင် မုန့်ချီက ပြောလိုက်သည်။
"ဓားပြကြီးတန်းကျိက ကျုပ်ကို လိုက်ရှာနေတယ်လို့ကြားတယ်။ ဒါကြောင့် ခင်ဗျားဒုက္ခမများရအောင် ကျုပ်ကိုယ်တိုင်ခင်ဗျားဆီကို ရောက်လာခဲ့တာလေ..."
Translated by Hein Htet.