← Chapters

အခန်း (၁၂၇)

Vol. 9 Ch. 127

အခန်း (၁၂၇)

Vol. 9 Ch. 127

ရှန့်ကျွေက မှင်တက်သွားခဲ့သည်။

"ငါက သိုင်းလောကမှာ လူသစ်တစ်ယောက် မဟုတ်ဘူး။ ငါ့ရဲ့ဂုဏ်သတင်းနဲ့ တိုက်ပွဲမှတ်တမ်းတွေက ရှိနေပြီးသားပဲ။ ဒါပေမယ့် သူက ငါ့ဆီကို ရောက်လာသေးတယ်ဆိုတော့ သူ့ရဲ့စွမ်းရည်အပေါ် အလွန်အမင်း ယုံကြည်နေလို့ ဖြစ်နိုင်တယ်…။ သူ့ရဲ့စွမ်းရည်တွေကို ငါက မသိသေးဘူး…”

“အမှန်အတိုင်းပြောရရင် သူက မဆင်မခြင်လုပ်တတ်တဲ့ ကောင်လေးတစ်ယောက်ပဲ။ ဒီလိုမဆင်မခြင်လုပ်တတ်တဲ့ ကောင်လေးတစ်ယောက်က အန်ကုံရှဲ့လို တံခါး(၉)ပေါက် ပွင့်နေတဲ့ ပညာရှင်တစ်ယောက်ကို သတ်နိုင်ပါ့မလား…"

သူကတော့ မိတ်ဆွေများ၏ အကူအညီမရှိလျှင်ပင် စွမ်းရည်များက ထိပ်တန်းအဆင့်ဖြစ်သည်။ ထိုအချိန်တွင် အနားယူနေကြသော တခြားဓားပြ(၂)ယောက်ကလည်း သူတို့၏ တဲထဲမှ ထွက်လာကြသည်။

တစ်ယောက်က ဓားမောက်တစ်ချောင်းကို ကိုင်ထားပြီး တခြားတစ်ယောက်က ဓားရှည်တစ်ချောင်းကို ကိုင်ထားသည်။ ဓားမောက်ကတော့ မြင်းသမားများ အသုံးပြုသော ဓားတစ်ချောင်းကဲ့သို့ဖြစ်ပြီး ဓားရှည်ကတော့ အသွားကျဉ်းကျဉ်းနှင့် အလယ်တွင် နက်ရှိုင်းသော သွေးရောင်မျဉ်း(၂)ကြောင်းရှိနေသည်။

မုန့်ချီက ပြောပြီးသွားသည့်အချိန်တွင် ရှန့်ကျွေ စကားတစ်ခွန်းမျှ မပြောနိုင်သေးခင် သူတို့ဆီသို့ ပြေးဝင်သွားခဲ့သည်။ သူက နေမင်းနီမကောင်းဆိုးဝါးဓားကို ဝှေ့ယမ်းလိုက်ရာ ရှန့်ကျွေနှင့် မြင်းဓားပြများထဲမှ တစ်ယောက်ကို လွှမ်းခြုံသွားခဲ့၏။

ဓားအလင်းရောင်က လှိုင်းလုံးများကဲ့သို့ ကျရောက်လာခြင်းဖြစ်ပြီး တစ်ကြိမ်ထက် တစ်ကြိမ်ပို၍ မြန်နေခဲ့သည်။ တစ်ခါတရံ ကြောက်စရာကောင်းပြီး တစ်ခါတရံ ခန့်မှန်း၍ မရနိုင်ပေ။ တစ်ခါတရံ ထူးခြားပြီး တည့်တိုးဆန်၏။ သူကတော့ သူ၏ ဓားပညာကို အမြင့်ဆုံး သုံးထားခဲ့သည်။

ကူချန်းချင်ကတော့ သူ၏ဓားရှည်နှင့်အတူ တခြားသော မြင်းဓားပြတစ်ယောက်ကို တိုက်ခိုက်လိုက်သည်။ သူ၏ဓားပညာက အစွမ်းထက်သော်လည်း ခုခံမှုကတော့ အားနည်းနေသည်။ ထို့ကြောင့် သူက ရန်သူကို အနိုင်မရသေးခင် သေချာသတိထားရန် လိုအပ်၏။

မုန့်ချီကို ဓားနှင့် တိုက်ခိုက်နေသော မြင်းဓားပြကတော့ မုန့်ချီ၏ မုန်တိုင်းသဖွယ် တိုက်ခိုက်မှုများကို ခံနေရသည်။ သူကတော့ သူ့ဆီသို့ ရောက်လာသော ဓားသွားကို ရင်ဆိုင်နိုင်ခြင်း မရှိချေ။ သူက ကိုယ်ကိုယ်ကိုယ် မနည်းခုခံ‌နေရ၏။

ထို့ပြင် ကြောက်စရာကောင်းသော သူ၏ဓားပညာက တိုက်ပွဲအတွေ့အကြုံများမှတစ်ဆင့် တိုးတက်လာခဲ့ခြင်းဖြစ်သည်။ ရှန့်ကျွေက သူ့ဘေးတွင် ရှိနေသည်မှာ ကံကောင်းသွား၏။ သူက အလယ်အလတ် ဓားရှည်တစ်ချောင်းကို သုံးနေပြီး သူ၏ဓားပေါ်တွင် သွေးရောင်အမှတ်အသားတစ်ခု ရှိနေသည်။

ရှန့်ကျွေ၏ ဓားပညာကတော့ စက်ဝိုင်းသဏ္ဍာန် လှုပ်ရှားမှုကို အခြေခံထားသည်။ သူ၏ ခုခံမှုကလည်း ရေပက်မဝင်နိုင်အောင် ဖြစ်နေသည့်အတွက် ထိုက်ကျိဓားပညာမှ ဆင်းသက်လာသည်မှာ သေချာသည်။

“ချွမ်…ချွမ်…ချွမ်…”

ဓားများအချင်းချင်း ဆက်တိုက် တိုက်ခိုက်နေကြချိန်တွင် ရှန့်ကျွေကတော့ မုန့်ချီ၏ ဓားသိုင်းပညာကို အကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။ ထို့နောက် သူက သူ့ဓားနှင့် လျင်မြန်စွာ တိုက်ခိုက်လိုက်၏။

အလွန်နှေးကွေးသော ဓားလှုပ်ရှားမှုက လေးလံသောအရာ တစ်စုံတစ်ခုကို မတင်နေသလို ထင်မှတ်ရသည်။ သို့သော် အထဲတွင် တိုက်ခိုက်မှုတစ်ခုကို ဖုံးကွယ်ထားသေး၏။

“ချွမ်…”

သူ၏ ဓားရှည်က မုန့်ချီ၏ ဓားနှင့် ရင်ဆိုင်မိလိုက်သည့်အချိန်တွင် ဓားသွား၏ အရှိန်ကို အောင်မြင်စွာ နှောင့်ယှက်နိုင်ခဲ့သည်။ ထိုဓားသိုင်းပညာထဲတွင် ပေါင်းစပ်ထားသော ရှန့်ကျွေ၏ အကြားအာရုံနှင့် အမြင်အာရုံများက အလွန်တိကျနေခဲ့သည်။

မုန့်ချီက တိုက်ပွဲကို လျင်မြန်စွာ အဆုံးသတ်ချင်နေ၏။ ထို့ကြောင့် သူက ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကို သုံးပြီး သူ၏ ခုခံမှုကို ထိုးဖောက်ချင်နေခဲ့သည်။ သို့သော် ရှန့်ကျွေ၏ တိုက်ခိုက်မှုတိုင်းက မျက်ခုံး၊ မျက်လုံး၊ လည်ချောင်းနှင့် အားနည်းသော နေရာများကို ဦးတည်နေခြင်းဖြစ်သည်။

ရှန့်ကျွေက အမှန်တကယ်ကို ထိပ်တန်းသိုင်းသမားတစ်ယောက်ဖြစ်ပြီး အလွန်သတိထားသည်။ သူ့ကို မည်သည့်အခွင့်အရေးမျှ မပေးခဲ့ပေ။ ထို့ကြောင့် မုန့်ချီက ရုတ်တရက် တိုက်ခိုက်အနိုင်ယူရန် အတွေးကို ဖယ်ရှားလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ ထို့နောက် ဤတိုက်ပွဲကို ဓားစွမ်းရည် လေ့ကျင့်နိုင်သည့် တိုက်ပွဲအဖြစ် ပြောင်းလဲလိုက်သည်။

မုန့်ချီ၏ ဓားအရှိန်ကို နှောင့်ယှက်လိုက်သည့်အချိန်တွင် ရှန့်ကျွေ၏ ဓားကွက်များကလည်း ပြောင်းလဲသွားခဲ့၏။ သူက လှိုင်းလုံးများသဖွယ် ဆက်တိုက် တိုက်ခိုက်နေသည့်အတွက် မုန့်ချီက ခုခံမှုကို အာရုံစိုက်နေရသည်။

ရှန့်ကျွေက တံခါး(၆)ပေါက် ပွင့်နေသော နာမည်ကျော် သိုင်းပညာရှင်တစ်ယောက် ဖြစ်သည်။ မုန့်ချီက ရှန့်ကျွေကို စိတ်ထဲတွင် တိတ်တဆိတ် ချီးကျူးလိုက်ပြီးနောက် လျှို့ဝှက်အန္တရာယ်ကို အရင်ဆုံးရှင်းပစ်ရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူက ဘယ်ဘက်သို့ ရုတ်တရက် ခုန်သွားလိုက်၏။

ရှန့်‌ကျွေ၏ဓားကလည်း စက်ဝိုင်းကဲ့သို့ လည်သွားပြီး ဘယ်ဘက်ခြမ်းကို တိုက်ခိုက်လိုက်သည်။ သူ့ဓားက မုန့်ချီ၏ မျက်ခုံးကြားထဲသို့ စိုက်သွားမည့်အချိန်ကို စောင့်နေပုံရ၏။

သို့သော် မုန့်ချီက နောက်သို့ အနည်းငယ် ယို့လိုက်ပြီး ဓားချက် တိုက်ခိုက်နိုင်သည့် နယ်မြေထဲမှ ရှောင်ထွက်လိုက်သည်။ ထိုသို့ နောက်ဆုတ်လိုက်သည့် တစ်ချိန်တည်းတွင် သူက မြင်းဓားပြကို တိုက်ခိုက်လိုက်သည်။

မုန့်ချီက သူ့ကို နောက်ပြန်တိုက်ခိုက်လိုက်မည်ဟု မြင်းဓားပြက မထင်ထားခဲ့ပေ။ ထို့ကြောင့် သူက ဓား၏အရှိန်ကို မထိန်းနိုင်တော့ဘဲ မုန့်ချီ၏ နောက်ကျောကို ဓားနှင့် ထိုးလိုက်မိသည်။ သူ့ဓားက မုန့်ချီ၏ အဝတ်ကို ထိုးဖောက်သွားခဲ့သော်လည်း မုန့်ချီ၏ အရေပြားပေါ်တွင်တော့ ရွှေရောင်အလင်းတန်းတစ်ခု တောက်ပလာသည့်အတွက် ဒဏ်ရာသေးသေးလေးသာ ဖြစ်ပေါ်စေခဲ့၏။

သူ၏ဓားကို မုန့်ချီ၏ ကြွက်သားများက ညှပ်ထားသလို ခံစားလိုက်ရ၏။ ထိုအချိန်တွင် ရွှေရောင်အလင်းတန်းများကလည်း တဖြည်းဖြည်းပို၍ တောက်ပလာသည့်အတွက် ဓားက ပြန်ဆွဲထုတ်၍ မရနိုင်တော့ပေ။

ထိုအချိန်တွင် နောက်ပြန်ထိုးလိုက်သော မုန့်ချီ၏ ဓားသွားက သူ့ဗိုက်ကို ထိုးဖောက်သွားခဲ့၏။ အနီရင့်ရောင်အလင်းတန်းများလည်း တောက်ပလာသည့် အချိန်တွင် မုန့်ချီက ရှန့်‌ကျွေ၏ တိုက်ခိုက်မှုကို အရိပ်သဖွယ် ရှောင်တိမ်းလိုက်သည်။

တံခါး(၄)ပေါက်ပွင့်နေသော မြင်းဓားပြကတော့ မြေပေါ်တွင် လဲကျနေပြီး သူ၏ခန္ဓာကိုယ်ထဲမှနေ၍ သွေးများ စီးကျလာနေသည်။ သူ့မိတ်ဆွေ၏ အခြေအနေကို ကြည့်ပြီး ရှန့်ကျွေ၏ မျက်လုံးများက ဒေါသကြောင့် နီရဲနေခဲ့၏။

သူက ဓားကွက်ကို နောက်တစ်ကြိမ် ပြောင်းလဲလိုက်ပြန်သည်။ သူက မုန့်ချီကို လှိုင်းလုံးများကဲ့သို့ တိုက်ခိုက်နေခြင်းမရှိတော့ဘဲ ကြမ်းတမ်းခက်ထန်သော လေလှိုင်းတစ်ခုသဖွယ် တိုက်ခိုက်လိုက်၏။

မုန့်ချီကတော့ သူ၏ဓားပညာကို အစွမ်းကုန်သုံးထားသော်လည်း ခုခံနိုင်ရုံသာ ရှိသည်။ မည်သို့ဖြစ်စေကာမူ သူ၏ဓားပညာဖြစ်သော တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်က အလွန်ထူးခြားသော ပုံစံတစ်မျိုး ဖြစ်နေပြီး တခြားသော ဓားပညာများဖြစ်သည့် ကျား(၅)ကောင် တံခါးဖျက်ဆီးခြင်းသိုင်းကွက်နှင့် သွေးဓားသိုင်းကျမ်းတို့ကတော့ ချီစုဆောင်းရေးအဆင့်သာ ရှိနေသေးသည်။

ဓားသိုင်းတစ်ခုချင်းဆီက ထူးခြားသော်လည်း ဉာဏ်အလင်းပွင့်မှုအဆင့်တွင် ထိပ်တန်းသိုင်းပညာများ မဟုတ်ကြပေ။ ထို့ကြောင့် မုန့်ချီကတော့ မတူညီသော ပုံစံများပြောင်းလဲထားလျှင်ပင် သူ၏ဓားပညာက ဉာဏ်အလင်းပွင့်မှုအဆင့်တွင် ထူးချွန်သည်ဟု သတ်မှတ်နိုင်စွမ်းမရှိပေ။

ဓားပညာကျွမ်းကျင်သော ရှန့်ကျွေကဲ့သို့ ပြိုင်ဘက်တစ်ယောက်ကို ရင်ဆိုင်ရသည့် အချိန်တွင် သူ၏ဓားသိုင်းပညာက အတော်လေးကို နိမ့်ကျနေခဲ့သည်။ ရှန့်ကျွေ၏ ဓားသိုင်းကတော့ ဉာဏ်အလင်းပွင့်မှုအဆင့်တွင် အထွဋ်အထိပ်ဟု ဆိုနိုင်သည်။

မုန့်ချီ၏ ဓားသိုင်းပညာကတော့ တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်၏ ပြောင်းလဲမှုများကို ပြင်ဆင်ထားခြင်းဖြစ်သည်။ ထို့နောက် သူက သေမျိုးဖုန်မှုန့်ကျဆင်းခြင်း သိုင်းကွက်တချို့ကို သုံးပြီး ကိုယ်ပိုင်သိုင်းကွက်တစ်ခုကို ဖန်တီးထားခြင်းဖြစ်၏။

သူက ပို၍လေ့ကျင့်လာလေလေ ဓားပညာအပေါ် ပို၍ကျွမ်းကျင်လာလေလေ ဖြစ်သည်။ ထိုအချိန်တွင် သူက သမုဒ္ဒရာ၏ လှိုင်းလုံးကဲ့သို့သော အရှိန်များကို ရပ်တန့်နိုင်သည့် အဆင့်မျိုး ရောက်နေခဲ့၏။ အချိန်ပေးလိုက်မည်ဆိုလျှင် မုန့်ချီကလည်း ကျန်းကျိဝေကဲ့သို့ ဓားမောက်ပညာ၏ အနှစ်သာရများအားလုံးကို ပြည့်ပြည့်ဝဝ နားလည်သွားပါလိမ့်မည်။ သို့သော် ထိုအဆင့်က လိုနေသေး၏။

ယခု မုန့်ချီက ကြောက်စရာကောင်းသော ရှန့်ကျွေ၏ ဓားသိုင်းပညာနှင့် ရင်ဆိုင်နေရသည့်အတွက် သူ၏ ဓားသိုင်းကွက်များကို ဆက်လက်လေ့ကျင့်လိုခြင်း မရှိတော့ပေ။ သူက တိုက်ပွဲကို မြန်မြန်အဆုံးသတ်ရန် ဆုံးဖြတ်လိုက်၏။ မဟုတ်လျှင် သူ၏ အားနည်းချက်များ ပေါ်သွားနိုင်သည့်အတွက် ရှန့်ကျွေက အနိုင်ရသွားနိုင်သည်။

"ငါက နောက်ပိုင်း နောင်တရလာနိုင်ပေမယ့် အခွင့်‌အရေးရတုန်း သူ့ကို ရှင်းပစ်လိုက်တာ ပိုပြီးကောင်းမယ်…"

သို့သော် ထိုတိုက်ပွဲတွင် မုန့်ချီက သူ၏အစွမ်းအပေါ် ပို၍ကောင်းမွန်သော အတွေးတစ်ခု ရခဲ့သည်။ သူ့ဆီတွင် ဝှက်ဖဲများ ၊ အကူအညီပစ္စည်းများမရှိလျှင် တံခါး(၆)ပေါက် ပွင့်နေသော သာမန်ပညာရှင်တစ်ယောက်ကို ရင်ဆိုင်တိုက်ခိုက်နိုင်သည်။ သို့သော် ရှန့်ကျွေကဲ့သို့သော ပညာရှင် တစ်ယောက်ကိုတော့ မယှဉ်နိုင်သေးပေ။

အကယ်၍ သူကသာ သူ၏ဝှက်ဖဲများအားလုံးကို အစွမ်းကုန်သုံးလိုက်ပြီး အကူအညီနည်းလမ်းများ ရှိနေမည်ဆိုလျှင်တော့ တံခါး(၆)ပေါက် ပွင့်နေသော ပညာရှင်တစ်ယောက်ကပင် သူ့ကို မယှဉ်နိုင်ကြပေ။ တံခါး(၈)ပေါက် ပွင့်နေသော ပညာရှင်များကတော့ အခြေအနေပေါ် မူတည်ပါလိမ့်မည်။ သူက ထိုလူများကို ဒဏ်ရာရအောင်သာ လုပ်ဆောင်နိုင်ပါလိမ့်မည်။

တံခါး(၆)ပေါက် ပွင့်နေပြီးနောက် ပြောင်းလဲမှုကျင့်စဉ်နှင့် ဖန်တီးထားသော ပုံရိပ်ယောင်များက အကျိုးသက်ရောက်မှု မရှိနိုင်တော့ပေ။ ပြိုင်ဘက်က သူ၏ စိတ်ဝိညာဉ်ကို ကာကွယ်ထားနိုင်၏ ။

အကယ်၍ သူကသာ ထိခိုက်ပျက်စီးမှုများ၊ အကျိုးဆက်များကို စိုးရိမ်စရာ မလိုလျှင်တော့ သူ၏စွမ်းအားများက အချိန်တိုလေးအတွင်း ပေါက်ကွဲထွက်လာနိုင်ပြီး မတူညီသော ရလဒ်များ ရလာနိုင်သည်။

သူက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်၏ အဆင့်(၅)ကို ရောက်နေသော်လည်း အားနည်းချက်တစ်ခု၊ နှစ်ခုခန့်သာ လျော့သွားခြင်းဖြစ်၏။ သူက တိုက်ပွဲထဲတွင်တော့ ပို၍ အစွမ်းထက်လာနိုင်သည်။

မုန့်ချီက ပြောင်းလဲမှုကျင့်စဉ်ကို အသက်သွင်းပြီး တိုက်ပွဲကို မြန်မြန်အဆုံးသတ်ရန် ကြိုးစားလိုက်သည့် အချိန်တွင် ရှန့်ကျွေကလည်း တူညီစွာ ဆုံးဖြတ်လိုက်ပုံရသည်။ သူ၏မျက်လုံးထဲတွင် အနီရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး ဓားရှည်က သူ့ဆီကို ရောက်လာခဲ့၏။

ထိုဓားရှည်က အလွန်ကြောက်စရာကောင်းပြီး ထူးဆန်းလှသည်။ ဓားချက်တစ်ချက်ထက် တစ်ချက် ပို၍မြန်လာခဲ့၏။ ဓားချက်(၃)ချက်ကို ခုခံလိုက်ပြီးနောက် သူ၏စိတ်ဝိညာဉ်က ပစ်မှတ်ထားခံလိုက်ရကြောင်း မုန့်ချီက နားလည်သွားသည်။

မုန့်ချီကတော့ ရာမဖိတ်ခေါ်ခြင်းနှင့် အနန္တဓားသိုင်းတို့ကလွဲလျှင် ထိုမျှ ကြောက်စရာကောင်းသော ဓားသိုင်းပညာတစ်ခုကို မမြင်ဖူးသေးပေ။ သူက ထိုကဲ့သို့ သိုင်းကွက်မျိုးကို မြင်ထားဖူးသည်မှာ ကံကောင်သွား၏။

ထို့ကြောင့် သူ့ပုံစံက အတော်လေး အေးဆေးတည်ငြိမ်နေပြီး စိတ်ပိုင်းဆိုင်ရာ သက်ရောက်ခံရခြင်း မရှိချေ။ သူက ဓားသိုင်းကို သုံးလိုက်သည့်အချိန်တွင် ကမ္ဘာကြီးတစ်ခုလုံး အလှတရားများ ပြည့်နှက်လာသလို ထင်မှတ်ရ၏။

“ချွင်….ချွမ်…”

မုန့်ချီက ရှန့်ကျွေ၏ ဓားသိုင်းကွက် နှစ်ခုကို တားဆီးလိုက်နိုင်သော်လည်း သူ၏ ဓားသွားက တစ်ဖက်သို့ ချော်ထွက်သွားခဲ့သည်။ ထို့ကြောင့် တတိယသိုင်းကွက်ကိုတော့ တားဆီးနိုင်ခြင်းမရှိဘဲ ရှန့်ကျွေ၏ ဓားက မုန့်ချီ၏ လည်ပင်းကို ဦးတည်နေခဲ့၏။

အရှိန်ကလည်း အလွန်ကြောက်စရာကောင်းသည့်အတွက် ရှောင်တိမ်း၍ မရနိင်ပေ။ သူက ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကို သုံးပြီး တိုက်ခိုက်မှုကို ကာကွယ်ရန်သာ ရှိတော့၏။ မုန့်ချီက ထိုအရာကို တားဆီးရန် တခြားနည်းလမ်းမရှိတော့ပေ။

သို့သော် လည်ပင်းဟူသည်မှာ သူ့အတွက် အားနည်းချက်တစ်ခုဖြစ်၏။ သူက မည်မျှဒဏ်ရာ ရသွားမည်ဖြစ်ကြောင်း မသိနိုင်ပေ။ ထိုခဏတွင် မုန့်ချီက သူ၏ ဘယ်ဘက်လက်ကိုသုံး၍ တားဆီးထားလိုက်ပြီး ရှန့်ကျွေ၏ ဓားလမ်းကြောင်းကို လွှဲပြောင်းလိုက်သည်။ ထို့ကြောင့် ဓားက သူ့ပုခုံးကို ထိုးဖောက်သွားခဲ့သည်။

ထိုအချိန်တွင် ရွှေရောင်အလင်းတန်းများက သူ၏အရေပြားပေါ်တွင် ထွက်ပေါ်လာပြီး ဓားရှည်ကတော့ သစ်သားတုံးကြီးတစ်ခုကို ထိုးဖောက်သွားသလို ထင်မှတ်ရ၏။ ဓားရှည်ပေါ်တွင် သွေးများပြည့်နှက်လာပြီး မုန့်ချီကတော့ သူ၏သွေးများ ဆူပွက်လာသလို ခံစားလိုက်နေရသည်။

သူက ရှန့်ကျွေ၏ တိုက်ခိုက်မှုကို တားဆီးနိုင်ခြင်း မရှိသော်လည်း လျှပ်စီးပြောင်းလဲမှုနှင့် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်သေးသည်မှာ ကံကောင်းသွားသည်။ မုန့်ချီက အနောက်ကို တစ်လှမ်းပြန်ဆုတ်လိုက်ပြီး ဓားကိုကိုင်၍ တန်ပြန်တိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။

"ကျုပ်က ဒီအကြွေးကို ပြန်မပေးရင် မလေးစားသလို ဖြစ်တော့မှာပေါ့…"

သူ၏မျက်ခုံးကြားထဲတွင် လှုပ်ရှားလာပြီး သူ၏စိတ်ဝိညာဉ်ကို ထုတ်သုံးလိုက်သည်။ ထို့နောက် သူက ဆူးတစ်ချောင်းအဖြစ် ဖန်တီး၍ ရှန့်ကျွေ၏ ခေါင်းကို တိုက်ခိုက်လိုက်၏။

မုန့်ချီက အန်ကုံရှဲ့ကို သတ်ပစ်ခဲ့ကြောင်း ရှန့်ကျွေက သိနေခဲ့သည်။ သူကတော့ တံခါး(၆)ပေါက် ပွင့်နေသော ပညာရှင်တစ်ယောက် ဖြစ်သည့်အတွက် ရှန့်ကျွေက သေချာပြင်ဆင်ထားခဲ့၏။

ပြောင်းလဲမှုကျင့်စဉ်က ထိုကဲ့သို့ အခြေအနေမျိုးတွင် ပုံရိပ်ယောင်များကို ဖန်တီးနိုင်မည် မဟုတ်ချေ။ မုန့်ချီက အန်ကုံရှဲ့ကို သတ်နိုင်သည်မှာ သူက မုန့်ချီကို လျှော့တွက်ထားခဲ့ခြင်းကြောင့် ဖြစ်သည်။

သို့သော် ပုံရိပ်ယောင်များကို ဖန်တီးနိုင်သည်မှာ ပြောင်းလဲမှုကျင့်စဉ်၏ တစ်စိပ်တစ်ပိုင်းသာ ဖြစ်သည်။ တခြားသော လျှို့ဝှက်စွမ်းရည်တစ်ခုကတော့ တခြားသူများ၏ စိတ်ဝိညာဉ်ကို တိုက်ခိုက်နိုင်သော စွမ်းရည်ဖြစ်သည်။ ထိုအရာက အရေးကြီးသည်ဟု မထင်ရသော်လည်း ကြောက်စရာကောင်းသည်။

သို့သော် ထိုအရာက စုယွမ်ရင်၏ မကောင်းဆိုးဝါးမျက်လုံး အကျိုးသက်ရောက်မှုကိုတော့ မယှဉ်နိုင်ပေ။ ထိုအရာကတော့ သူက မျက်ခုံးကြားထဲတွင် နာကျင်မှုကို ခံစားလိုက်ရသည်နှင့် မကောင်းဆိုးဝါးတစ်ယောက်ကို မြင်လိုက်ရသလို ဖြစ်သွားစေနိုင်သည်။

သို့သော် ခေါင်းထဲတွင် မူးဝေသွားစေခြင်းကပင် စွမ်းအားတူညီနေသော လူတစ်ယောက်ကို အနိုင်ရရန် လုံလောက်သည်။

ရှန့်ကျွေ၏ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုက ထင်ထားသလို သေစေနိုင်လောက်သည့် အကျိုးသက်ရောက်မှုမျိုး မရခဲ့သော်လည်း သူက မုန့်ချီ၏ တန်ပြန်တိုက်ခိုက်မှုကို ရင်ဆိုင်ရန် ယုံကြည်ချက် ရှိနေသေးသည်။ မဟုတ်လျှင်လည်း သူက နောက်ထပ် အခွင့်အရေးတစ်ခု ရှာပြီးထွက်ပြေး၍ ရနိုင်၏။

သူက ဓားရှည်ကို ဝှေ့ယမ်းလိုက်ပြီး မုန့်ချီ၏ဓားကို တားဆီးရန်ကြိုးစားလိုက်သည်။ သို့သော် ထိုခဏတွင် မျက်ခုံးကြားထဲ၌ နာကျင်သွားသလို ခံစားလိုက်ရပြီး ခေါင်းထဲတွင် မူးဝေသွားသည့်အတွက် သူ၏လှုပ်ရှားမှုများက နှေးကွေးသွားခဲ့၏။

မုန့်ချီက ထိုအရာကို မျှော်လင့်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် သူက ဓားနှင့် ရှန့်ကျွေ၏ ဓားရှည်ကို ရိုက်ချလိုက်၏။ ရှန့်ကျွေ၏ မျက်လုံးထဲတွင် ယာယီမှောင်မည်းသွားခဲ့ပြီး ဓားက လွတ်ကျသွားခဲ့၏။ နောက်တစ်ကြိမ် သတိဝင်လာသည့်အချိန်တွင်တော့ အရာအားလုံးက ကွဲပြားသွားခဲ့သည်။

ဓားသမားတစ်ယောက်ဖြစ်သည့်အတွက် သူ၏တိုက်ခိုက်စွမ်းရည်ကို လက်သီးများက ယှဉ်၍ မရနိုင်ပေ။ မုန့်ချီက ပို၍ပင် ကြောက်စရာကောင်းလာပြီး သူ့ဆီတွင် အလွန်ထက်မြက်သော ဓားတစ်လက် ရှိနေသေး၏။

သိပ်မကြာခင် ရှန့်ကျွေ၏ လက်ဝါးသိုင်းပညာက သူ၏ဓားသိုင်းကို မယှက်နိုင်ကြောင်း မုန့်ချီက နားလည်သွားခဲ့သည်။ ထို့ကြောင့် သူက အားနည်းချက်တစ်ခု ဖော်လိုက်ပြီး သူ၏ ရင်ဘတ်အလယ်ကို တိုက်ခိုက်လိုက်သည်။ ထို့နောက် သူ့ဓားနှင့် ရှန့်ကျွေ၏ လည်ပင်းပေါ်ကို တင်ထားခဲ့၏။

အကယ်၍ သူကသာ ဓားရှည်ကဲ့သို့ ထက်မြက်သော လက်နက်တစ်ခုကို သုံးလိုက်မည်ဆိုလျှင် မုန့်ချီက သူ၏အရှိန်ကို ထိန်းထားနိုင်မည် မဟုတ်ချေ။ ရှန့်ကျွေက ကိုယ့်ကိုယ်ကိုယ် သတ်သေနိုင်ခြင်းရှိမရှိ စဉ်းစားနေသည့်အချိန်တွင် မုန့်ချီက အခွင့်အရေးကို အရယူပြီး ဘယ်လက်နှင့် မြေပေါ်တွင် ရှိနေသောဓားကို ကောက်လိုက်၏။

ထို့နောက် ညာလက်နှင့် နှင်းပျော်သွေးကြောလက်ကျင့်စဉ်ကို သုံးလိုက်ပြီး သူ၏ ရင်ဘတ်တွင် ရှိနေသော ပင်မသွေးကြောများအားလုံးကို ပိတ်လိုက်သည်။

ဉာဏ်အလင်းပွင့်မှုအဆင့် မြင်းဓားပြကတော့ တစ်ဖက်တွင် ရုန်းကန်နေသေး၏။ ရှန့်ကျွေ အဖမ်းခံလိုက်ရသည်ကို မြင်သည့်အခါ သူက ပို၍ပင် လှုပ်ရှားသွားခဲ့သည်။ ထိုအချိန်တွင် ကူချန်းချင်က သူ၏ အားနည်းချက်များကို တွေ့လိုက်ရပြီး နှလုံးတည့်တည့်ကို ဓားနှင့် ထိုးစိုက်လိုက်၏။

မုန့်ချီက သူ့ဓားကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် ရှန့်ကျွေ၏ အပေါ်သွားများကို ချိုးပစ်လိုက်သည်။ သူက လျှာကိုက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမှာ စိုးခြင်းကြောင့် ဖြစ်၏။

နောက်ဆုံးတွင်တော့ သူက ရယ်၍ မေးလိုက်သည်။

"ဓားပြကြီး တန်းကျိ…

ကျုပ်ရဲ့ ဆရာတူညီလေးက ချီလဲ့ချိုင့်ဝှမ်းကို ဖြတ်သွားပြီး ဘယ်နေရာကို ရောက်သွားပြီလဲ…"

ထိုမြင်းဓားပြများက ကျန်းဟွေကို သေချာပေါက်မြင်ဖူးကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က ကျန်းဟွေ၏ ပုံစံနှင့်အခြေအနေကို အသေးစိတ် ပြောပြနိုင်ခြင်းကြောင့်ဖြစ်သည်။

သို့သော် သူတို့က ယခုအချိန်ထိ မကောင်းဆိုးဝါးဓား သတ်ဖြတ်ရေးအမိန့်ကို မရသေးသည့်အတွက် လမ်းတွင် တောင်းနေသော ကိုရင်လေးတစ်ပါးကို ဓားပြတိုက်လိုခြင်း မရှိကြပေ။

"တကယ်လို့ ငါပြောပြမယ်ဆိုရင် မင်းက ငါ့အသက်ကို ချမ်းသာပေးမှာလား…"

ရှန့်‌ကျွေကတော့ အပေါ်သွားမရှိတော့သော်လည်း စကားပြောနိုင်သေးသည်။

မုန့်ချီက အမူအရာကင်းမဲ့သွာ ပြန်ဖြေလိုက်၏။

"သေချာပေါက် အလွတ်ပေးမှာမဟုတ်ဘူး…။ ဓားပြကြီးတန်းကျိ… ခင်ဗျားတို့က ကုန်သည်တွေကို ဓားပြတိုက်ပြီးသွားရင် သူတို့ကို အလွတ်ပေးခဲ့လား။ သူတို့တွေကို တိတ်တိတ်နေဖို့ ပြောပြီး မသတ်ဘဲ နေခဲ့လား…"

ရှန့်ကျွေက ပြောစရာစကားလုံး မရှိတော့ပေ။

မုန့်ချီက အားရပါးရရယ်ပြီး ပြောလိုက်၏။

"ရိုးရိုးသားသားပြောရမယ်ဆိုရင် ကျုပ်က တရားမမျှတတဲ့ လူတစ်ယောက်တော့ မဟုတ်ဘူး။ ဒါပေမယ့် ကျုပ်သာ ခင်ဗျားကို မသတ်ဘူးဆိုရင် ကျုပ်ရဲ့ တည်နေရာက ပေါ်သွားလိမ့်မယ်လေ။ ဒီတော့ ခင်‌ဗျားက သေရလိမ့်မယ်…"

ထို့နောက် သူက ခေါင်းစဉ်ပြောင်း၍ ပြောလိုက်သည်။

"ဒါပေမယ့် သေစေနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိတယ်။ မနာမကျင်ဘဲ သေချင်တာလား။…နာနာကျင်ကျင်နဲ့ သေချင်တာလား…။ ဓားပြကြီးတန်းကျိက ဘာကို ရွေးမှာလဲ…"

မုန့်ချီက သူ့ကို ရိုးရိုးသားသားပြောပြနေခြင်းဖြစ်ကြောင်း ရှန့်ကျွေက သိနေသည်။ မည်သို့ဖြစ်စေကာမူ လူတစ်ယောက်ကို သတ်ရန် နည်းလမ်းမျိုးစုံ ရှိနေကြောင်း သူလည်း သိနေခဲ့၏။

မုန့်ချီက ကူချန်းချင်ကို လက်ညှိုးထိုးပြလိုက်ပြီး ထူးဆန်းစွာ ပြုံးလိုက်သည်။

"ဒီမှာရှိတဲ့ ငါ့မိတ်ဆွေက ယောကျ်ားတွေကို အရမ်းသဘောကျတာ။ အထူးသဖြင့် ခင်ဗျားလို ဗလတောင့်တောင့်နဲ့ လူတွေကိုလေ…။ အခုဆိုရင် သူ့ရဲ့စိတ်ထဲမှာ ဆာလောင်နေလောက်ပြီ။ ခင်ဗျားက သူ့ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်မှာလား…"

မုန့်ချီ၏ စကားကြောင့် ရှန့်ကျွေ၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့၏။ သူကတော့ ဘဝတစ်လျှောက်လုံး ကောင်းမွန်စွာ နေခဲ့ပြီး သေခါနီးအချိန်ကျမှ အရှက်တရားများနှင့် မနေချင်တော့ပေ။ ထို့ကြောင့် သူက ပြန်ဖြေလိုက်၏။

"ငါ…ငါ…အကုန်လုံး ပြောပြပါ့မယ်။"

ထိုစကားကို ကြားသည့်အခါ ကူချန်းချင်က မုန့်ချီကို စိုက်ကြည့်လိုက်သည်။

“သေစမ်း…! မင်းက ငါ့ကို အသုံးချပြီး လူတွေကို ခြောက်ပြန်ပြီ…"

ထို့နောက် သူလည်း ရှန့်ကျွေကို လှည့်ကြည့်လိုက်၏။ သူက မုန့်ချီကို တစ်ခုခု ပြန်ပြောချင်နေသော်လည်း ပါးစပ်ပိတ်၍ အဝေးတွင်သာ ရပ်နေခဲ့သည်။

"သူရဲ့စိတ်ဓာတ်က မမာဘူး…။ သူ့ကို အမိဖမ်းနိုင်တာ ကံကောင်းသွားတယ်..”

မုန့်ချီက ကူချန်းချင်ကို ကြည့်ပြီး အပြုံးနှင့် ပြောလိုက်သည်။

Translated by Hein Htet

All Chapters