← Chapters

အခန်း (၁၂၉)

Vol. 9 Ch. 129

အခန်း (၁၂၉)

Vol. 9 Ch. 129

ခဏကြာအောင် ဝမ်းသာနေပြီးနောက် မုန့်ချီက သိုင်းကျမ်းများကို ထုတ်ပိုးလိုက်ပြီး ရှန့်ကျွေ၏ တဲထဲကို ဆက်လက်ရှာဖွေနေခဲ့သည်။ သို့သော် တခြားတန်ဖိုးကြီးသည့်အရာ မည်သည့်အရာကိုမျှမတွေ့တော့သည်မှာ ကံဆိုးသွား၏။

ထိုသို့ဆိုရာတွင် သူကတော့ ဉာဏ်အလင်းပွင့်မှုအဆင့် သိုင်းကျမ်း(၄)ခုနှင့် ဓားပညာကိုရခဲ့ပြီး ဉာဏ်အလင်းပွင့်မှုအဆင့် အသေခံဓားသိုင်းကြမ်းတစ်ခုနှင့် သန့်စင်လက်နက်တစ်ခုကိုလည်း ရခဲ့သည်။ ထိုအရာများအားလုံးကို ပေါင်းလိုက်မည်ဆိုလျှင် သူက အနည်းဆုံး ကံကြမ္မာအမှတ်(၆ဝဝ) (၇ဝဝ)ခန့်နှင့် လဲလှယ်၍ ရနိုင်သည်။

ထိုအရာက တာဝန်မှ ပေးအပ်သော ဆု‌လက်ဆောင်တစ်ခုနှင့် ညီမျှသည်။ ထို့ပြင် သူ့ဆီ၌ မြေစာချုပ်များ ၊ အိမ်စာချုပ်များ ၊ ရတနာများနှင့် အနာဂတ်တွင် အေအေးဆေးဆေး နေနိုင်သော တခြားအရာများလည်း ပိုင်ဆိုင်ထားသည်။ အကယ်၍ သူကသာ ဆရာတူညီလေးကို ကယ်တင်ရန် အလျင်လိုနေခြင်း မရှိလျှင် မုန့်ချီကတော့ မြင်းဓားပြရှင်းလင်းသူအဖြစ် နေထိုင်ရန်ပင် စဉ်းစားထားမိခဲ့သည်။

ထိုအရာက အလွန်အန္တရာယ်များသော အလုပ်တစ်ခုဖြစ်သည်။ ထို့ပြင် နိမ့်ကျသော မြင်းဓားပြများက ထိုမျှတန်ဖိုးရှိသောအရာများကို ပိုင်ဆိုင်ထားခြင်း မရှိချေ။ ပို၍အစွမ်းထက်သော ရတနာများကို လိုချင်သည်ဆိုလျှင်တော့ သူ့အသက်ကိုရင်းရန် လိုအပ်သည်။

သို့သော် ရှန့်ကျွေကဲ့သို့သော လူမျိုးကတော့ အနည်းစုသာရှိသည်။ ထို့ပြင် အကယ်၍ သူကသာ သူတို့၏ မုန်းတီးမှုကို ခံရမည်ဆိုလျှင် သေချာပေါက် ဝန်းရံတိုက်ခိုက်ခံရနိုင်သည်။ သို့သော် အလွန်ခက်ခဲသော သံသရာတာဝန်ကို လုပ်ရခြင်းထက် ပို၍ကောင်းမွန်နေသေး၏။ အနည်းဆုံးတော့ အခြေအနေမဟန်လျှင် ထွက်ပြေး၍ ရနိုင်သေးသည်။

မုန့်ချီက ပင့်သက်ရှိုက်လိုက်ပြီးနောက် စိတ်ကူးများအားလုံးကို ဖယ်ရှားလိုက်သည်။ ပုံမှန်အခြေအနေမျိုးတွင် မုန့်ချီက အရာအားလုံးကို ကြိုတင်ပြင်ဆင်တတ်၏။ သူ့ဆီတွင် လျှို့ဝှက်လက်နက်များအားလုံးလည်း ရှိနေသေးသည်။ ရလဒ်အနေနှင့် လျှို့ဝှက်လက်နက်အများစု၏ အန္တရာယ်က အလွန်နိမ့်ကျ၏။

အဘယ့်ကြောင့်ဆိုသော် သူတို့ကို ထွက်မပြေးနိုင်သည့် ပိုက်ကွန်က အရင်ဆုံး ကာကွယ်ထားနိုင်၏။ ထို့နောက် သူတို့က ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်၏ ခုခံမှုကို မဖျက်စီးခင် ထိုအရာ၏ တားဆီးခြင်းကို အရင်ဆုံး ခံရပါလိမ့်မည်။

ထို့ကြောင့် မုန့်ချီက ရှန့်ကျွေနှင့် တိုက်ခိုက်ရသည့် အချိန်တွင် သူ၏တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက် ၊ သေမျိုးဖုန်မှုန့်ကျဆင်းခြင်းနှင့် ရာမဖိတ်ခေါ်ခြင်းသိုင်းပညာများကို မသုံးခဲ့ခြင်းဖြစ်သည်။ အလွန်ထူးခြားသော စွမ်းရည်များက သူတို့၏နာမည်နှင့် ကိုက်ညီပြီး ဝှက်ဖဲတစ်ခုဖြစ်ရန် လုံလောက်သည့် ဂုဏ်သတင်းမျိုးလည်း ရှိသည်။

သူတို့ကို ကောင်းကောင်းအသုံးချရန် လိုအပ်သလို တစ်ကြိမ်သုံးရတနာများကဲ့သို့ ဖြစ်ကြ၏။ အကယ်၍ အလွန်ထူးခြားသော စွမ်းအင်တစ်ခုကိုသာ ဆက်တိုက်သုံးနေမိမည်ဆိုလျှင် ထိုအရာက ထူးခြားသော စွမ်းရည်တစ်ခု မဟုတ်တော့ပဲ ပုံမှန်သိုင်းကွက်တစ်ခုသာ ဖြစ်သွားနိုင်သည်။ ထို့ကြောင့် သူက အလွန်ကြောက်စရာကောင်းသော ရန်သူများနှင့် တိုက်ခိုက်သည့်အချိန်တွင်သာ အသုံးပြုသည်။

တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်နှင့် သေမျိုးဖုန်မှုန့်ကျဆင်းခြင်း သိုင်းကွက်(၂)ခုလုံးက စွမ်းအားအမြောက်အများ ကုန်ဆုံး၏။ ထိုသိုင်းကွက်များကို တစ်ကြိမ်သုံးပြီးသွားလျှင် တိုက်ခိုက်ရေးစွမ်းအားအနည်းငယ်သာ ကျန်တော့သည်။

အကယ်၍ နောက်ပိုင်းတစ်စုံတစ်ခုဖြစ်လာလျှင် သူက စွန့်လွှတ်ခြင်းကျင့်စဉ်ကို သုံး၍ရသေးသည်။ သူ၏ သွေးအဆီအနှစ်ကို လောင်ကျွမ်းခြင်းက ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပြီး ပို၍ပြင်းထန်သော တန်ပြန်သက်ရောက်မှုများကို ဖန်တီးနိုင်သည်။ သူက ထိုအရာကို မကြာခဏ သုံးလေလေ သူ၏အုတ်မြစ်က မတည်ငြိမ်လေလေဖြစ်သည်။

ထိုအရာက အမည်မသိအန္တရာယ်များစွာကို ဖိတ်ခေါ်လာနိုင်ပြီး နောက်ပိုင်းလေ့ကျင့်မှုတွင် အခက်အခဲ ဖြစ်နိုင်သည်။ သူက သံသရာအရှင်သခင်ကို ကုသပေးရန် တောင်းဆိုနိုင်သော်လည်း ကြိုမမြင်နိုင်သော အခြေအနေအတွက် စွန့်စားရဲခြင်းရှိနိုင်မည်လော။ ထို့ကြောင့် သူက ထိုအရာများကို အတတ်နိုင်ဆုံး မသုံးသည်မှာ အကောင်းဆုံးဖြစ်သည်။

ရာမဖိတ်ခေါ်ခြင်းကတော့ အသေခံတိုက်ကွက်တစ်ခုဖြစ်သည်။ ထိုအရာက ဘုရင့်နောင် ဖောင်ဖျက်သည့် သဘောမျိုးဖြစ်ပြီး ထိန်းချုပ်ရန် ခက်ခဲသည်။ အကယ်၍ သူက ထိုအရာကို သုံးလိုက်မည်ဆိုလျှင် ရှန့်ကျွေ၏အသက်ကို သေချာပေါက်ယူရပါလိမ့်မည်။ သို့သော် ရှန့်ကျွေ မရှိလျှင် သူက မည်သို့သတင်းစုံစမ်းရမည်နည်း။

တဲအပြင်ဘက်တွင်တော့ ကူချန်းချင်က ဓားကိုကိုင်ပြီး နောက်ကျောတွင် အထုပ်ငယ်လေးတစ်ခုနှင့်အတူ ရပ်စောင့်နေကြောင်း တွေ့လိုက်ရသည်။ သူ၏မျက်နှာကလည်း ပြုံးနေခဲ့၏။

"ကြည့်ရတာ သူကလည်း တော်တော်လေးရသွားတယ် ထင်တယ်....."

မုန့်ချီက အေးအေးဆေးဆေး စဉ်းစားနေမိသည်။

"ကူရဲတိုက်ထဲမှာ သူက အလေးထားခံရတဲ့ ကလေးတစ်ယောက် မဟုတ်နိုင်ဘူး...။ ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်လာတဲ့အချိန် သူက အပြင်ဘက်မှာ လျှောက်သွားနေပေမယ့် လက်နက်အနည်းငယ်နဲ့ ရတနာအနည်းငယ်လောက်ပဲ ရခဲ့တယ်။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ မြင်းဓားပြတွေဆီကနေ သူရခဲ့တဲ့ဓားက သန့်စင်လက်နက်လို့ မခေါ်နိုင်သေးပေမယ့် သူကိုင်တဲ့လက်နက်ထက်တော့ အဆပေါင်းများစွာ ပိုကောင်းတယ်....။ သူရထားတဲ့ရတနာတွေက သူထင်ထားတာထက်တောင် ပိုပြီးတော့များနေသေးတယ်....."

မုန့်ချီကတော့ ကူချန်းချင်၏ အိမ်မက်ကို ဖျက်ဆီးသွားခဲ့ခြင်း မရှိချေ။ ထိုအစား သူက ရေခဲပေါ်တယ်ဓားကို ဆွဲထုတ်လိုက်ပြီး ရှန့်ကျွေ၏ဆံပင်ကို သေချာဖြတ်လိုက်၏။

"မင်းက နောက်တစ်ကြိမ် ပုံစံပြောင်းဦးမလို့လား..."

ကူချန်းချင်က သူ့ကိုကြည့်၍ သံသယဝင်စွာ မေးလိုက်သည်။

"မင်းက အဲဒီဆံပင်တွေအစား ခေါင်းပေါ်မှာ အဝတ်စတစ်ခုခု အုပ်ထားတာက ပိုပြီးမကောင်းဘူးလား..."

သူကတော့ မုန့်ချီရခဲ့သောအရာများကို မမေးခဲ့ပေ။

မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။

"တကယ်လို့ ငါကသာ ငါ့ခေါင်းကို အဝတ်တစ်ခုနဲ့ အုပ်ထားမယ်ဆိုလျှင် သူတို့နဲ့ နေ့စဉ်အတူတူ နေလိုက်တာနဲ့ ငါက ဆံပင်မရှိတဲ့ ဘုန်းတော်ကြီးတစ်ပါးဆိုတာကို မြင်းဓားပြတွေက သတိထားမိသွားနိုင်တယ်..."

"နေ့စဉ်နဲ့အမျှဟုတ်လား....။ ငါတို့က နေ့ရောညပါ မြင်းဓားပြတွေနဲ့ အတူတူနေဖို့လိုအပ်လို့လား..."

ကူချန်းချင်က ပို၍ပင် ရှုပ်ထွေးသွားခဲ့သည်။

မုန့်ချီက သူ့ကိုကြည့်ပြီး အပြုံးနှင့် ပြောလိုက်၏။

"ဟုတ်တယ်။ တကယ်လို့ ငါတို့သာ မြင်းဓားပြတွေ ဖြစ်လာရင် ငါတို့က အဲဒီမြင်းဓားပြတွေနဲ့ နေ့စဉ်အတူတူနေရမှာပဲလေ....."

"မြင်းဓားပြတွေဟုတ်လား...."

ကူချန်းချင်က ပထမတွင် အံ့ဩသွားခဲ့သော်လည်း သေချာစဉ်းစားမိလိုက်၏။

“မင်းက မြင်းဓားပြဟန်ဆောင်မလို့လား…”

မုန့်ချီက လျင်မြန်စွာ ပြန်ဖြေလိုက်သည်။

"ကျန်းဟွေကို ယွမ်မုန်ကျိက ဖမ်းထားခဲ့‌ပေမယ့် မကောင်းဆိုးဝါးဓား သတ်ဖြတ်ရေးအမိန့်ရဲ့ ပစ်မှတ်က ငါလေ.။ ဒါကြောင့် မြင်းဓားပြတော်တော်များများက ငါ့ကိုဖမ်းနိုင်မယ်ဆိုရင် နာမည်‌ကျော်ကြားလာနိုင်တဲ့ အခွင့်အရေးကို လိုချင်တဲ့အတွက် ယွမ်မုန်ကျိရဲ့နောက်ကို လိုက်နိုင်တယ်...။ တကယ်လို့ သူတို့သာ အောင်မြင်မယ်ဆိုရင် ကျိလော်ကျူးရဲ့ကတိကိုလည်း ရနိုင်တယ်လေ...."

ကူချန်းချင်၏ မူလမိတ်ဆက်ပေးမှုကြောင့် ယွမ်မုန်ကျိက တံခါး(၉)ပေါက် ပွင့်နေသော ထိပ်တန်းပညာရှင်ဖြစ်ကြောင်း သူသိခဲ့သည်။ ထို့ပြင် သူနှင့်အတူ တံခါး(၈)ပေါက် ပွင့်နေသော အကူတစ်ယောက်လည်း ရှိနေပြီး တံခါး(၆)ပေါက်နှင့် တံခါး(၇)ပေါက် ပွင့်နေသော နောက်လိုက် (၄)ယောက် (၅)ယောက်ခန့်ရှိသည်။ ထို့ပြင် တခြားသော ဉာဏ်အလင်းပွင့်မှုအဆင့် နောက်လိုက်များစွာလည်း ရှိနေကြ၏။

သူ၏ နောက်လိုက်များက အလွန်အစွမ်းထက်လွန်းလှသည့်အတွက် သူတို့က အရာအားလုံးကို သတိထားကြသည်။ ကျန်းဟွေကို ဖမ်းပြီးသွားသည်နှင့် မကောင်းဆိုးဝါးဓား သတ်ဖြတ်ရေးအမိန့်ရထားသော လူငယ်က သူ၏ဆရာတူညီလေးကို လာကယ်မည်ဟု မြင်းဓားပြများက ယုံကြည်နေကြသည်။

တစ်ခါတရံ မြင်းဓားပြများက သူတို့၏ ပိုင်နက်နယ်မြေ၏ အဝေးတွင် သွားပြီး အခွင့်အရေး ရောက်လာမည့်အချိန်ကို စောင့်နေကြသည်။ တစ်ချိန်တည်းတွင် မုန့်ချီက ခေါင်းဖြူလင်းတကို သတ်ပစ်ခဲ့ကြောင်း အနီးအနားတွင်ရှိသော မြင်းဓားပြများက သိနေကြသည်။

မည်မျှတိုက်ဆိုင်သည်ဆိုစေကာမူ သူ့အစွမ်းကို လျှော့တွက်၍မရနိုင်ပေ။ အကယ်၍ သူကသာ ယွမ်မုန်ကျိကို ပြင်းပြင်းထန်ထန် ထိခိုက်အောင် လုပ်နိုင်မည်ဆိုလျှင် ထွက်ပြေးသွားအောင်လည်း လုပ်နိုင်မည်ဖြစ်သည်။

ထိုအချိန်ကျလျှင ်မထင်မှတ်ဘဲ သူတို့က ကံကောင်းသွားနိုင်၏။ ထို့ပြင် မြင်းဓားပြများထဲတွင် အစွမ်းထက်သော မြင်းဓားပြများ နည်းပါးမှုမရှိချေ။ နာမည်ကျော်ကြားလိုသူများက တစ်ခြားသော မြင်းဓားပြအဖွဲ့များကို ခေါ်ဆောင်တတ်သည်။ ထိုကဲ့သို့ ကြီးကျယ်သော အခွင့်အရေးကို မည်သူမျှ လက်လွှတ်ခံကြမည်နည်း။

အကယ်၍ သူတို့က မုန့်ချီကို မဖမ်းနိုင်သည်ပင်လျှင် မြင်းဓားပြများ စုစည်း‌နေသည့်အချိန်၌ နာမည်ကျော်မြင်းဓားပြတစ်ယောက်ကို တိုက်ခိုက်အနိုင်ယူလိုက်မည်ဆိုလျှင် သူတို့၏ ဂုဏ်သတင်းက ကျော်ကြားသွားနိုင်သည်။

လူသစ်များကတော့ စည်းမျဉ်းများကို နားမလည်ကြသည့်အတွက် သူတို့၏ အမိန့်ကို နာခံရမည်ဖြစ်သည်။ ထို့ကြောင့် မုန့်ချီက သူတို့ထဲမှ တစ်ယောက်အဖြစ် ဟန်ဆောင်ရန် ပြင်ဆင်လိုက်ခြင်းဖြစ်၏။

ကူချန်းချင်က ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ် သေမင်းပင်လယ်ကန္တာရကြီးက အကျယ်ကြီးပဲ ..။ ဒီတော့ မြင်းဓားပြတွေကလည်း နွားတစ်ကောင်ရဲ့ အမွှေးတွေလိုပဲ အရမ်းများတယ် .။ အများစုက သူတို့အချင်းချင်း မသိကြဘူး .။ ကျိလော်ကျူး ကိုယ်တိုင်တောင် မြင်းဓားပြ ခေါင်းဆောင်တွေ အားလုံးကို မမှတ်မိနိုင်ဘူး..”

“ဟား...ဟား.. ဟားဟား ....။ ဒါဆိုရင်လည်း ငါတို့က လိုက်ကြတာပေါ့ ...."

မုန့်ချီက ကျယ်လောင်စွာ ရယ်လိုက်သည်။

ရှုပ်ထွေးနေသော တောရိုင်းကြီးထဲတွင် ရှားရှားပါးပါး ရေကန်ငယ်လေးတစ်ခု ရှိသည်။ ထိုရေကန်ငယ်လေး၏ ပတ်ပတ်လည်တွင်တော့ သစ်ပင်များ ၊ဧရာမကျောက်တုံးကြီးများ ရှိနေ၏။

ရေကန်၏ အစွန်တွင်တော့ မည်သည့် သတ္တဝါမျှမရှိဘဲ လူသားအဖွဲ့တစ်ဖွဲ့ ရှိနေကြသည်။ သူတို့က မြင်း (၃)ကောင်၊ အိတ်(၃)အိတ်နှင့် မြှားများ သယ်ဆောင်ထားကြ၏။ ထိုမြင်းများ၏ ဘေးနှစ်ဖက်တွင်တော့ ဓား ၊ လေးနှင့် တခြားလက်နက်များကို ချိတ်ထားသည်။

ခေါင်း‌ဆောင်ကတော့ အဝါရောင်မုတ်ဆိတ်မွှေး ရှိနေသော မျက်လုံးစိမ်း လူတစ်ယောက် ဖြစ်သည်။ သူက အလွန်တည်ငြိမ်လှ၏။ သူက မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး လက်ထဲတွင် ကိုင်ထားသော ဓားနှင့်အတူ ရေကန်ဆီသို့ လျှောက်သွားခဲ့သည်။

တခြားသော မြင်းဓားပြများအားလုံးကတော့ အလုပ်ရှုပ်နေကြ၏။ တစ်ချို့ကတော့ ရေသန့်စင်မှု ရှိမရှိ စစ်ဆေးနေကြပြီး တစ်ချို့ကတော့ တဲများဆောက်၍ မီးမွှေးနေကြသည်။ တစ်ချို့ကတော့ ကင်းလှည့်နေကြ၏။ တစ်ချို့ကတော့ စားစရာများ ရလိုရငြား ထွက်သွားပြီး အမဲလိုက်နေကြသည်။

တစ်ချို့က သူတို့၏ အိတ်များထဲသို့ ရေထည့်၍ သယ်ဆောင်နေကြသည်။ မြင်းဓားပြအနည်းငယ်ကတော့ သူတို့၏တဲထဲသို့ မီးခိုရောင် ဝတ်စုံဝတ်ထားသော ကိုရင်ငယ်လေး တစ်ပါးကို ခေါ်လာခဲ့သည်။

"အဲဒါက ကျန်းဟွေပဲ ...."

မုန့်ချီက လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ကူချန်းချင်ကို ပြောလိုက်သည်။

သူတို့ကတော့ ကျောက်တုံးကြီး တစ်တုံး၏နောက်တွင် ပုန်းအောင်းနေခဲ့၏။ သူက ခေါင်းတွင် အနက်ရောင်ဆံပင်များ အုပ်ထားပြီး သာမန် မြင်းဓားပြတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသည်။ နောက်ကျောတွင်လည်း နေမင်းနီ မကောင်းဆိုးဝါးဓားနှင့် သွေးသောက်ဓားတို့ ရှိနေ၏။

သူ၏ ဘယ်လက်တွင်တော့ ရေခဲပေါ်တယ် ဓားကို ကိုင်ထားခဲ့သည်။ ကူချန်းချင်ကလည်း မုန့်ချီကဲ့သို့ ဝတ်ဆင်ထားပြီး လျှို့ဝှက်အသံ ပို့ဆောင်မှု နှင့် ပြန်ဖြေလိုက်၏။

"အဲဒါသူပဲဆိုတာ သေချာတော့ ကောင်းတာပေါ့ .။ မင်းက ဘယ်အချိန် အလုပ်စမှာလဲ။ ငါက မင်းထွက်ပြေးလို့ရအောင် လမ်းကြောင်းတစ်ခု စီစဉ်ပေးမယ်….”

“အလျင်မလိုသေးပါဘူး ...။အခွင့်အရေးကို စောင့်ကြမယ် ...."

မုန့်ချီက အေးအေးဆေးဆေးပြောလိုက်သည်။

ချီလဲ့ချိုင့်ဝှမ်းမှ ထွက်လာပြီး သိပ်မကြာခင် ယွမ်မုန်ကျိ၏ လမ်းကြောင်းက ငါးပင်လယ် ဖြစ်ကြောင်းသေချာသွားခဲ့သည်။ ထို့ကြောင့် သူတို့က ဤနေရာတွင် ကြိုရောက်နေခဲ့ခြင်း ဖြစ်၏။

ပထမတော့ ကျန်းဟွေက သူတို့နှင့် အတူ ရှိမရှိ သူတို့က အတည်ပြုရန် လိုအပ်နေသေးသည်။ ဒုတိယတစ်ချက်ကတော့ သူတို့က အခွင့်ကောင်းကို စောင့်နေရန် လိုအပ်၏။

မုန့်ချီနှင့် ကူချန်းချင်တို့က သတင်းစုံစမ်းရန် မလိုအပ်‌တော့ပေ။ အဘယ့်ကြောင့်ဆိုသော် ယွမ်မုန်ကျိက ဓားစားခံကိုခေါ်ပြီး မကောင်းဆိုးဝါး တောင်တန်းသို့ ခရီးနှင်လာကြောင်း ကြားလိုက်ရခြင်းကြောင့် ဖြစ်သည်။

သေမင်းပင်လယ် ကန္တာရထဲ၌ လျှောက်လှမ်းနေသည့်ချိန်တွင် သူတို့၏ နာမည်ကို ထုတ်ဖော်ရန် အခွင့်အရေး မရှိချေ။ ထို့ပြင် လှည့်စားထားသည့်အတွက် သူတို့ဆီတွင် နာမည်အသစ်တစ်ခုဆီ ရှိနေကြ၏။ ထို့ကြောင့် သူတို့က မြင်းဓားပြများကြားထဲတွင် ပုန်းအောင်းနေကြခြင်းဖြစ်သည်။

"အခွင့်အရေးကို စောင့်မှာလား..."

ကူချန်းချင်က ရှုပ်ထွေးသွားခဲ့သည်။

မုန့်ချီကတော့ မည်သည့်အရာမျှ ထပ်မပြောတော့ပေ။ သူက ကျောက်တုံးကြီး တစ်တုံး၏အစွန်တွင် ရှိနေသော တဲဆီကို လျှောက်သွားခဲ့၏။ မုန့်ချီက တခြားအတွေးများကို ဖယ်ရှားလိုက်ပြီး စိတ်ထဲတွင် စဉ်းစားနေခဲ့သည်။

"ချန်းချင် ..ကျေးဇူးပြုပြီး မင်းရဲ့ဓားစွမ်းရည်ကို ပြပါဦး ..."

မုန့်ချီ ဆိုလိုသော အဓိပ္ပာယ်ကို နားလည်သွားသည့်အချိန်တွင် ကူချန်းချငိက သူ့ဓားကို ဆွဲထုတ်လိုက်ရာ တခဏအတွင်း ဓားအလင်းတန်းများစွာ ထွက်ပေါ်လာခဲ့သည်။

မုန့်ချီက သေချာစိုက်ကြည့်နေခဲ့၏။ ရုတ်တရက်ဆိုသလို သူက ရေခဲပေါ်တယ် ဓားကို ဆွဲထုတ်လိုက်ပြီး အားနည်းချက်တစ်ခုကို ထောက်ပြလိုက်သည်။

"တကယ်လို့ ငါက ဒီလို တိုက်ခိုက်ရင်ကော ဘယ်လိုလုပ်မလဲ ...”

“အဲဒါက ငါ့ဓားသိုင်းရဲ့ အားနည်းချက်ပဲ ...။ မင်းက အခွင့်အရေးကို အရယူလိုက်မယ်ဆိုရင် ငါ့ရဲ့အစွမ်းက တိုးတက်လာမှာ မဟုတ်ဘူး...။ ငါက တခြားနည်းလမ်းတစ်ခုကို သုံးဖို့ စဉ်းစားထားရလိမ့်မယ် ..."

ကူချန်းချင်က ဖုံးကွယ်ထားခြင်း မရှိဘဲ ပြောလိုက်သည်။

ဤအချိန်အတောအတွင်း မုန့်ချီက နေမင်းနီမကောင်းဆိုးဝါးဓားကို မသုံးခဲ့ပေ။ ထိုဓားက အလွန်ထင်ရှားလွန်းလှ၏။ ထို့ပြင်သူက မြင်းဓားပြတစ်ယောက်ဆီမှ ဓားအိမ်ကို ရခဲ့ပြီး သွေးသောက်ဓားကို ထည့်ထားခဲ့သည်။ ထိုအရာက သူလုယူထားခဲ့သော ဆုတစ်ဆိပ်တစ်ခုပမာ တခြားလူများက တွေ့မြင်နိုင်၏။

သွေးသောက်ဓားက ရှန့်ကျွေ၏ ဓားဖြစ်ပြီး တစ်ခြားသော မြင်းဓားပြများက သတိထားမိသွားနိုင်သည်။ ထို့ကြောင့် သူက ထိုဓားကိုလည်း အသုံးပြုနိုင်ခြင်းမရှိဘဲ ဓားအိမ်တစ်ခုရှာပြီး နောက်ကျောတွင် လွယ်ထားခဲ့၏။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မုန့်ချီက ဘယ်လက်ဓားကျင့်စဉ်ကို အဓိက ကြိုးကြိုးစားစား လေ့ကျင့်နေပြီး ကျိုးမိသားစု၏ ဓားမြန်တိုင်း ၊ တူကူးဓား(၉)ကွက်နှင့် တခြားဓားသိုင်းပညာများကို လေ့လာဖတ်ရှုနေခဲ့သည်။ ယခုသူက သင်ယူခဲ့သည့်အရာများကို လေ့ကျင့်ရန် ကူချန်းချင်ကို တောင်းဆိုနေရ၏။

သူက ကျောက်တုံးကြီး၏အစွန်သို့ လျှောက်သွားတော့မည့်အချိန်တွင် သူ၏မျက်နှာက ဖြူဖပ်ဖြူလျော်ဖြစ်သွားသည်။ သူ့တဲနားတွင် အလောင်း(၃)လောင်းရှိနေ၏။ မြင်းဓားပြများစွာက သူတို့ကိုဝန်းရံပြီး သူတို့၏ ပိုင်ဆိုင်မှုများကိုရှာဖွေ၍ အဝတ်အစားများကို ဆုတ်ဖြဲနေကြသည်။

အလောင်း(၃)လောင်းက ယောကျာ်း(၂)ယောက်နှင့် မိန်းမ(၁)ယောက်ဖြစ်သည်။ သူတို့ကတော့ သာမန်ခရီးသွားများဖြစ်ကြပြီး ထိုရေကန်ငယ်လေးကို ဖြတ်သွားသူများဖြစ်ကြ၏။ သူတို့ကတော့ စုစည်းနေသော မြင်းဓားပြများ၏ ရက်ရက်စက်စက် သတ်ပစ်ခြင်းကို ခံလိုက်ရသည်။

အနီးအနားတွင်တော့ စခန်းပေါင်းများစွာကို တည်ဆောက်ထားသည်။ မြင်းဓားပြအဖွဲ့များစွာလည်း ဝင်လိုက်ထွက်လိုက်ဖြစ်နေပြီး သူတို့အားလုံးက ထိုအရာကိုငုံ့ကြည့်နေကြ၏။

တစ်ချို့သော မြင်းဓားပြများကတော့ ယွမ်မုန့်ကျိ၏နောက်သို့ တိတ်တဆိတ် လိုက်လာခြင်းဖြစ်သည့်အတွက် မုန့်ချီနှင့် ကူချန်းချင်တို့က အလိမ်ပေါ်သွားမှာကို စိုးရိမ်စရာ မလိုတော့ပေ။ ဤနေရာတွင် ထိုကဲ့သို့ လုပ်‌ဆောင်နေသော လူ (၃ဝ) မှ (၅၀)ခန့်ရှိ နေ၏။ မုန့်ချီကတော့ အလွန်တည်ငြိမ်နေသောအမူအရာနှင့် နောက်ပြန်ဆုတ်လာခဲ့သည်။

မြင်းဓားပြတစ်ယောက်က အလောင်းကို မုဒိန်းကျင့်ရန် ပြင်ဆင်နေသည့်အချိန်တွင် သူက တိုက်ခိုက်ရန် ဆင်ခြေရသွားခဲ့သည်။

"မင်းက ဘာကြည့်နေတာလဲ …ခွေးကောင်လေး..."

သူ့ကို နှောင့်ယှက်လိုက်သည်ဟု ခံစားခဲ့ရသော မြင်းဓားပြတစ်ယောက်က မုန့်ချီကို ပြန်လှည့်ကြည့်လိုက်သည်။ သူကတော့ မျက်လုံးတံခါးပွင့်နေသော လူတစ်ယောက်ဖြစ်၏။ သူက အမြဲလိုလိုသွေးဆာနေတတ်ပြီး ၊မြင်းဓားပြများထဲတွင် နာမည်ကျော်ကြားသည်။

မုန့်ချီက စကားမပြောဘဲ ဓားကို လျင်မြန်စွာ ဆွဲထုတ်၍ ထိုမြင်းဓားပြ၏လည်ပင်းကို ထိုးစိုက်လိုက်သည်။ နာမည်ကျော်ကြားရန် ကြိုးစားနေကြသော မြင်းဓားပြတစ်ယောက်က သူ့ကိုသတ်ရန် ဆင်ခြေတစ်ခု လိုအပ်နေမည်လော။

ထိုကောင်လေးက မည်သည့်အရာမျှ စဉ်းစားမနေဘဲ သူ့ကိုသတ်လိမ့်မည်ဟု မြင်းဓားပြက ထင်မှတ်မထားခဲ့ပေ။ သူက တုန့်ပြန်ရန် နောက်ကျသွားခဲ့၏။ မုန့်ချီ၏ဓားက အလွန်လျင်မြန်လှသည့်အတွက် လည်ပင်းကိုဖြတ်သွားခဲ့သည်။

သူက လျင်မြန်စွာနောက်ဆုတ်လိုက်သော်လည်း မုန့်ချီက ကြိုတင်တွေးထားပုံရ၏။ မုန့်ချီ၏ဓားဖျားက သူ၏လည်ပင်းအောက်သို့ နိမ့်ဆင်းသွားပြီး ခန္ဓာကိုယ်ထဲသို့ဖောက်ဝင်၍ ချက်ချင်းသေဆုံးသွားခဲ့သည်။ မြင်းဓားပြက မြေပေါ်သို့လဲကျသွားပြီး သွေးများ စီးကျလာခဲ့၏။

"မင်းက စည်းမျဉ်းတွေကို နားလည်ရဲ့လား...."

တခြားသော မြင်းဓားပြတစ်ယောက်က အံ့ဩထိတ်လန့်သွားခဲ့သည်။ သူကလည်း တုန်ရင်နေသောအမူအရာနှင့် ဓားကောက်တစ်ချောင်းကို ထုတ်လိုက်ပြီး မုန့်ချီကို ချိန်လိုက်၏။

အကယ်၍ မြင်းဓားပြများက သတ်ဖြတ်ရာတွင် ဆာလောင်နေသူများ ဖြစ်နေလျှင်ပင် အနည်းစုကသာ အမှန်တကယ် သတ်ရဲဖြတ်ရဲကြသည်။ သူတို့အတူတကွ စုစည်းလာသည့်အချိန်တွင် စာရေးမထားသော စည်းမျဉ်းများရှိနေသည်။

သူတို့က အချင်းချင်း တိုက်ခိုက်၍ မရနိုင်ပေ။ သို့သော် ထိုလူငယ်ကတော့ မျက်တောင်မခတ်ဘဲ လူတစ်ယောက်ကို အလွယ်တကူ သတ်ပစ်လိုက်၏။ ထိုအရာက အတော်လေး ကြောက်စရာကောင်းလှသည်။

သူ့ပုံစံက အလွန် ငယ်ရွယ်ပုံရ၏။ သူကနာမည်ကြီးချင်နေသော လူတစ်ယောက်ပေလော။ ထိုလူငယ်က အမှန်တကယ် ရက်စက်ကြမ်းကြုတ်ပြီး အညှာအတာကင်းမဲ့သည်။ သူက စည်းမျဉ်းများကို လျစ်လျူရှုသည့်အတွက် ထိုလူများက မုန်းတီးပြီး ကြောက်လန့်နေကြ၏။

သို့သော် သေမင်းပင်လယ်ကန္တာရထဲတွင် ခေါင်းဆောင်တိုင်းက သင်ခန်းစာပေးနိုင်သည့်အတွက် စည်းမျဉ်းကို လိုက်နာမှုမရှိသော မြင်းဓားပြများက ပို၍နည်းလာကြ၏။ သူတို့က သေချင်သေ သို့မဟုတ် ရင့်ကျက်တည်ငြိမ်မှုနှင့် သွေးကြွေးကို လဲလှယ်ကြရသည်။ မည်သို့ရှိစေကာမူ သူတို့က မြင်းဓားပြများဖြစ်ကြ၏။

Translated by Hein Htet.

All Chapters