← Chapters

အခန်း (၁၄၈)

Vol. 10 Ch. 148

အခန်း (၁၄၈)

Vol. 10 Ch. 148

သူ့လူ(၄)ယောက်က မြေပေါ်သို့ လဲကျသွားသည်ကို မြင်လိုက်ရသည့်အခါ ယုဟွမ်တောင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူက မျက်မှောင်ကြုတ်ပြီး ချီးကျူးလိုက်မိ၏။

"တော်တော်ထူးခြားတဲ့ဓားပညာပဲ ...."

တူကူးဓား (၉)ကွက်မှ ဆင်းသက်လာသည့်အတွက် ထိုတိုက်ကွက်က ပြိုင်ဘက်၏ တိုက်ခိုက်မှုကို ကြိုတင် တွက်ဆထားသလို ထင်မှတ်ရသည်။ ထိုအရာကတော့ အနုပညာသမားတစ်ယောက် ရိုးရှင်းစွာ လှုပ်ရှားလိုက်သလို ထင်မှတ်ရသော်လည်း သူမြင်ခဲ့ဖူးသမျှ ဓားသိုင်းပညာများထဲတွင် အထူးခြားဆုံးပုံစံ ဖြစ်နေခဲ့သည်။

"ဒါကြောင့်လည်း သူက အတွင်းအားတွေ မရှိတော့တာတောင် ဓားချက်တစ်ချက်တည်းနှင့် ငါ့ရဲ့လက်အောက်ငယ်သား (၄)ယောက်လုံးကို မျက်လုံး ကန်းအောင် လုပ်ပစ်နိုင်တာ ..။ သူတို့ရဲ့ပုံစံကို ကြည့်ရတာ သိုင်းပညာမတတ်တော့တဲ့ သာမန်လူတွေလို ဖြစ်သွားတယ် ...။ ဒီလို ထူးခြားတဲ့ဓားပညာမျိုးက အတွင်းအား အထောက်အပံ့မရှိ‌တာတောင် တော်တော်လေး ကြောက်စရာ ကောင်းနေသေးတယ်..”

“ငါကသာ သိုင်းကွက်ကို လျစ်လျူရှုပြီး အဝေးကနေ လေခွဲ လက်ဝါးသိုင်းနဲ့ တိုက်ရိုက် တိုက်ခိုက်လိုက်မယ်ဆိုရင် သူ့ရဲ့ဓားသိုင်းက ဘာလုပ်နိုင်မှာလဲ ...။ အနည်းဆုံးတော့ မင်းရဲ့သိုင်းပညာ ပျက်စီးသွားပြီဆိုတာ ငါက သေချာသိသွားပြီ။ မင်းက ကောင်းကင်မိုးကြိုးကို ဘယ်လိုခေါ်မလဲ ဆိုတာ ကြည့်ကြသေးတာပေါ့ ...."

ယုဟွမ်တောင်က သေချာသွားပြီးနောက် သူ၏မြင်းပေါ်မှ ခုန်ဆင်းသွားခဲ့ပြီး မုန့်ချီဆီသို့ လေလှိုင်းတစ်ခုသဖွယ် ပျံသန်းသွားခဲ့သည်။

မုန့်ချီက ထွက်ပြေးရန် ကြိုးစားခဲ့ခြင်း မရှိချေ။ ထိုကဲ့သို့ အကွာအဝေးအတွင်း ယုဟွမ်တောင်က မြင်းတစ်ကောင်ကဲ့သို့ လျင်မြန်ကြောင်း သူသိနေသည်။ အကယ်၍ သူသာ ထွက်ပြေးလိုက်မည်ဆိုလျှင် နောက်ကျောက လစ်ဟာနေပါလိမ့်မည်။

မုန့်ချီက အနည်းငယ် မသက်မသာ ခံစားနေရ၏။ သူကတော့ တူကူးဓား (၉)ကွက်ကို ကနဦး အဆင့်သာ နားလည်ထားသေးသည်။ သူက လက်ဝါး ခြေဖျက်သိုင်းကွက်နှင့် အတွင်းအားခြေဖျက်သိုင်းကွက်များကိုလည်း မကျွမ်းကျင်သေးပေ။

ထို့ကြောင့် သူ့ဆီတွင် အတွင်းအားမရှိဘဲ လက်ဝါးပညာနှင့် အတွင်းအားအစွမ်းထက်သော ယုဟွမ်တောင်ကို အနိုင်ရရန် ယုံကြည်ချက် မရှိချေ။ သို့သော် ထိုကဲ့သို့ အခြေအနေမျိုးတွင် သူ၏ကံကြမ္မာက မျှခြေတွင် ရှိနေသေး၏။ အကယ်၍ သူက တောင်းပန်နေမည်ဆိုလျှင်ပင် ယုဟွမ်တောင်ကတော့ သူ့ကို အလွတ်ပေးမည် မဟုတ်ကြောင်း သိနေသည်။

"ဟား ...ဟား ...ဟားဟား...ဟားဟား...ခေါင်းတုံးလေး ဒီတစ်ကြိမ် မင်းက ဘယ်ကို ပြေးမလဲဆိုတာ ကြည့်ကြသေးတာပေါ့ ..."

ယုဟွမ်တောင်က ခနဲ့သလို ပြောလိုက်၏။

"မင်းရဲ့ဓားပညာနဲ့ ငါ့ရဲ့လေလွင့်သဲမုန်တိုင်းအစွမ်း ဘယ်ဟာက ပိုပြီးအစွမ်းထက်လဲ ဆိုတာ ကြည့်ကြတာပေါ့...."

မုန့်ချီဆီတွင် အတွင်းအား မရှိကြောင်း သိနေသည့်အတွက် သူက မုန့်ချီ၏ ဓားပညာကို ကျော်လွှားရန် အဝေးမှ တိုက်ခိုက်ရန် စီစဉ်ထားခဲ့သည်။ ထိုသို့ဆိုလျှင် သူက ကြောက်စရာကောင်းသော ချီစွမ်းအားများကို သုံးပြီး အရာအားလုံးကို ဖျက်စီး ပစ်နိုင်ပါလိမ့်မည်။

ထိုခေါင်းတုံး‌လေးက အန်ကုံရှဲ့၊ ယွမ်မုန်ကျိကို သတ်ပစ်ခဲ့ပြီး မကောင်းဆိုးဝါး တောင်တန်းကို ဖျက်စီးခဲ့ကြောင်း တွေ့လိုက်မိသည့်အချိန်တွင် သူလည်း စိတ်လှုပ်ရှားလာခဲ့သည်။

"ဒီအလုပ်သာ ပြီးသွားပြီဆိုရင် ဘိုးဘေးက ငါ့ကို သေချာပေါက်ဆုချမှာပဲ..။ အဲဒါက လေလွင့်လက်ဝါး (၁၈)ကွက်ထဲက သိုင်းကွက်တစ်ကွက်တောင် ဖြစ်နိုင်တယ် ..."

သူကတော့ ကိုယ့်ကိုယ်ကိုယ် ရိုးရှင်းသော လယ်သမားတစ်ယောက်ပုံစံ နေထိုင်သော်လည်း ထိုအရာက ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။ အကယ်၍ သူသာ ရက်စက်ကြမ်းကြုတ်ခြင်း မရှိလျှင် ဓားပြများက အားနည်းသော ခေါင်းဆောင် တစ်ယောက်၏ စကားကို မည်သို့ နားထောင်မည်နည်း။

ထို့ပြင် လူငယ်မှတ်တမ်းတွင် ရှိခဲ့ဖူးသော ပညာရှင်တစ်ယောက်ဖြစ်ပြီး ဓားပြ(၇၂)ယောက်၏ ခေါင်းဆောင်ဖြစ်သည့်အတွက် သူ့ဆီတွင် မာနများ ရှိနေသည်။ သူ၏ နိုင်ပွဲများကလည်း အလွန်သိသာထင်ရှား၏။

ယုဟွမ်တောင်က အနားသို့ ကပ်လာသည်ကို မြင်သည့်အခါ မုန့်ချီက သူ့ဓားကို ရင်ဘတ်ပေါ်တွင် ကန့်လန့်ဖြတ်ပြင်ဆင်ထားပြီး ရှုပ်ထွေးနေသော သူ၏စိတ်ဆန္ဒ များအားလုံးကို စုစည်းထားခဲ့သည်။ သူက တူကူးဓား(၉)ကွက်နှင့် လျှပ်စီးပြောင်းလဲမှုကို ပေါင်းစပ်အသုံးပြုပြီး တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့သည်။

ယခု တစ်ကြိမ်တော့ သူက အနာဂတ်ကို မတွေးတော့သလို အန္တရာယ်များ၊ သိုင်းပညာ ပျက်စီးသွားသည့် အကြောင်းကိုလည်း မတွေးမိတော့ပေ။ သူ၏ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးကို မေ့လျော့သွားခဲ့၏။ သူက ယုဟွမ်တောင်၏ ခြေလှမ်းနှင့် လှုပ်ရှားမှုကိုသာ အာရုံစိုက်နေပြီး တစ်ကြိမ်ပြီး တစ်ကြိမ် ချေဖျက်ရန် အာရုံစိုက်နေခဲ့သည်။

ထိုကဲ့သို့ အခြေအနေတွင် မုန့်ချီ၏ ခန္ဓကိုယ်ထဲမှနေ၍ တစ်စုံတစ်ခု ပျက်စီးသွားသလို ခံစားလိုက်ရသည်။ ထို့နောက် သူ၏ ဒန်တျန်ထဲမှနေ၍ နွေးထွေးသော စီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့လာခဲ့သည်။

ရွှေခေါင်းလောင်း အကာအကွယ်ကလည်း နောက်တစ်ကြိမ် အသက်ဝင်လာပြီး ပထမအဆင့်မှနေ၍ အဆင့် (၅) ထိအောင် ရောက်လာခဲ့သည်။ မုန့်ချီ၏ အတွင်းအားများကလည်း စက္ကန့်ပိုင်းလေးအတွင်း ပြန်ကောင်းလာခဲ့သည်။

မုန့်ချီကတော့ မထင်ထားသော အခြေအနေကြောင့် အံ့ဩမှင်တက်သွားခဲ့၏။ သို့သော် သူက တစ်စုံတစ်ခုကို နားလည်သွားသည့်အတွက် မျက်လုံးများက ဝေဝါးသွားခဲ့သည်။

"ဆရာ ...”

……………..

ကျောက်စိမ်းတံခါးတောင်ကြားတွင် …

ရွှမ်ပိုင်က ကုံံံကျန်း၏ အခန်းထဲသို့ လျှောက်လာခဲ့သည်။

"ဆရာဦးလေး ...

ကျွန်တော်က ကျန်းတင်ကို ဝူလျန့်ဆိပ်ကမ်းဆီ ပို့ခဲ့တယ် ...."

ရွှမ်ပိုင်က တည်ငြိမ်စွာ ဦးညွှတ်လိုက်သည်။

ကုံကျန်းက မျက်မှောင်ကြုတ်၍ မသေမချာ ပြောမေးလိုက်၏။

"မင်းက ကျန်းတင်ကို ငါတို့ရဲ့လက်အောက်မှာ ရှိတဲ့ ကလန်တစ်ခုဆီ ပို့မပေးခဲ့ဘူးလား"

မြင်းဓားပြများက အနီးနားတွင် ပုန်းနေသည့်အတွက် သူတို့ကို ရှာမတွေ့နိုင်‌သော်လည်း ကြိုတင်သတိထားခြင်းက ပိုကောင်းသည်။ ထို့ကြောင့်လည်း ရွှမ်ပိုင်က ကျန်းတင်ကို ဝူလျန့်ဆိပ်ကမ်းကို ပို့ခဲ့ပြီးနောက် ထွက်မသွားခဲ့ခြင်း ဖြစ်သည်။ သူကတော့ ကျန်းတင်ကို အလယ်ပိုင်းနယ်မြေဆီသို့ ပို့ပေးနိုင်သော ပို့ဆောင်ရေး အဖွဲ့တစ်ဖွဲ့ဆီသို့အပ်နှံလိုက်ရန် စဉ်းစားခဲ့သေးသည်။

အလယ်ပိုင်းနယ်မြေတွင်တော့ မြင်းဓားပြများ သွားလာနိုင်ခြင်း မရှိသည့်အတွက် စိုးရိမ်စရာ မလိုတော့ပေ။ သူကတော့ ထိုအရာကို လုံးဝမပြောခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ကျန်းတင်ကို အမြဲ ဂရုစိုက်နေသော ရွှမ်ပိုင်က သူ့ကို ပို့ဆောင်ရေးအဖွဲ့တစ်ဖွဲ့၏ လက်ထဲသို့ ထည့်ပေးလိုက်မည်ဖြစ်ကြောင်း နားလည်နေခြင်းကြောင့် ဖြစ်သည်။ ရွှမ်ပိုင်က အရာအားလုံးကို စဉ်းစားထားမည်ဟု ကုံကျန်းက တွေးခဲ့မိ၏။

ထိုအချိန်တွင် ရွှမ်ပိုင်က ရုတ်တရက်ဒူးထောက်ပြီး ပြောလိုက်သည်။

" ဆရာဦးလေး …

ကျွန်တော်က အမှားလုပ်ခဲ့မိတဲ့အတွက် အပြစ်ပေးပါ ...."

"ရွှမ်ပိုင် …ဘာဖြစ်တာလဲ ...."

ကုံကျန်းက မျက်မှောင်ကြုတ်လိုက်မိ၏။

ရွှမ်ပိုင်ကတော့ ဝမ်းနည်းနေသည့် အမူအရာနှင့်ခေါင်းမော့ပြီး ပြောလိုက်သည်။

"ရှောင်လင်ကို ရောက်လာတဲ့အချိန်ကတည်းက စပြီး ကျွန်တော် က ဗုဒ္ဓလမ်းစဉ်ကို လျှောက်လှမ်းခဲ့ပေမယ့် သိုင်းလောကအကျင့်စရိုက်တွေကို လုံးဝမစွန့်ပစ်နိုင်ခဲ့ဘူး။ ကျွန်တော်က ကျန်းတင်ရဲ့သိုင်းပညာကို ဖျက်စီးရမှာပေမယ့် မလုပ်နိုင်ခဲ့ဘူး ။ ဒါကြောင့် သူက သူ့ရဲ့သိုင်းပညာကို ပိတ်ထားရုံပဲ လုပ်ခဲ့တယ်..။ တကယ်လို့ သူကသာ သူ့ရဲ့ အတွင်းအား၊ ချီစွမ်းအင်နှင့် စိတ်ဆန္ဒတွေကို အာရုံစိုက်လိုက်မယ်ဆိုရင် တံဆိပ်က ပျက်စီးသွားနိုင်တယ် .။ ကျွန်တော့်ကို အပြစ်ပေးပါ..."

"အဲဒီလိုလုပ်လိုက်တဲ့အတွက် မင်းက စေတီထဲမှာ အဆင့်မြင့်ကျင့်စဉ်တွေ လေ့ကျင့်ဖို့ အခွင့်အရေး ပျောက်ကွယ်သွားနိုင်တယ် ...'

ကုံကျန်းကတော့ ဒေါသထွက်နေခြင်းမရှိဘဲ သက်ပြင်းချ၍ ပြောလိုက်သည်။

"ဒါပေမယ့် ဘာကြောင့်လဲ .။ မင်းက ကျန်းတင်ကို တစ်ကြိမ်ထက်မနည်း ကာကွယ်ပေးခဲ့တယ် ..။ မင်းကသူ့ကို တပည့်‌တစ်ယောက်ထက်ပိုပြီး ဂရုစိုက်ခဲ့တယ်။ အစစ်အမှန် အကြောင်းအရင်းက ဘာလဲ ...."

ရွှမ်ပိုင်က ပင့်သက်ရှိုက်လိုက်မိပြီး အပြုံးနှင့် ပြောလိုက်၏။

"ကျွန်တော်ရဲ့မိသားစု အသတ်ခံလိုက်ရတဲ့အချိန်မှာ ညီမလေးကတော့ ကံကောင်းပြီး အသက်ရှင်နေခဲ့တယ် ..။ သူက မရင့်ကျက်သေးတဲ့အချိန်မှာ အသက်ငယ်ငယ်နှင့် လော့်ရန်မှာ ရှိတဲ့ စုမိသားစုဝင် တစ်ယောက်ကို လက်ထပ်ပြီး အမြှောင်မယားဖြစ်ခဲ့တယ်...။ ဒါကြောင့် အဖေက စိတ်ဆိုးပြီး သူ့ကို ပစ်ထားခဲ့တာ။ ဒါကြောင့်လည်း သူက ကံဆိုးမှုကနေ အသက်ရှင်နေခဲ့တာ ...။ ကျွန်တော်က စုံစမ်းကြည့်လိုက်တော့ လွန်ခဲ့တဲ့(၃)နှစ်ကတည်းက သူသေသွားတာကို သိလိုက်ရတယ် ...။ ကျန်းတင်က သူ့ရဲ့သားပါ..."

"ပြီးတော့ ..."

ရွှမ်ပိုင်ကတော့ အတိတ်ကို သတိရသွားသည့်အလား သူက မျက်နှာပျက်သွားခဲ့သည်။ သူ၏ မျက်လုံးထဲတွင်လည်း မေတ္တာတရားများနှင့် ပြည့်နှက်နေခဲ့၏။

"တကယ်လို့ ကျွန်တော်ရဲ့ကလေးတွေသာ မသေခဲ့ဘူးဆိုရင် သူတို့ကလည်း ကျန်းတင်နှင့် ရွယ်တူလောက် ရှိနိုင်တယ် ..။ ရုပ်တောင် တူနေနိုင်တယ် ...."

ကုံကျန်က သက်ပြင်းရှည်ကြီး ချလိုက်မိသည်။

"မင်းက အရမ်းကို မေတ္တာတရားကြီးမားလွန်းတယ် ...."

……………….

သူရဲ့စွမ်းအားနှင့် သိုင်းပညာကို ပြန်ရလာပြီးနောက် မုန့်ချီက စိတ်လှုပ်ရှားနေခြင်း မရှိတော့ပေ။ အကယ်၍ သူက ယုဟွမ်တောင်ကို အနိုင်မရလျှင်ပင် သေချာပေါက် လွတ်မြောက်နိုင်မည်ဖြစ်သည်။အထူးသဖြင့် သူက အလယ်ပိုင်း နယ်မြေထဲရှိ ပတ်ဝန်းကျင်နှင့် ပို၍ ရင်းနှီးသည်။

“ပိုပြီး အရေးကြီးတာကတော့ ငါ့ရဲ့သိုင်းပညာကို ဆရာက ဖျက်စီးလိုက်ပြီလို့ ဒီအရူးက တွေးနေတာပဲ ...."

သူက လှုပ်ရှားနေသော ခံစားချက်များကို ထိန်းချုပ်လိုက်ပြီး ညာလက်ကို ဆန့်ထုတ်၍ နောက်ကျောတွင် အဝတ်နှင့် ပတ်ထားသော ဓားလက်ကိုင်ကို ‌ဆုပ်ကိုင်လိုက်သည်။ သူက အနီရောင်ဓားမောက်ကို ဆွဲထုတ်လိုက်သည့်အချိန်တွင် သူ၏ခန္ဓာကိုယ်ထဲမှနေ၍ အဖြူရောင် မီးခိုငွေ့များ ထွက်ပေါ်လာနေခဲ့သည်။

မုန့်ချီက သူ၏ဓားကို ဆွဲထုတ်ရန် ရွေးချယ်လိုက်သည့်အတွက် ယုဟွမ်တောင်က အံ့ဩနေခြင်း မရှိခဲ့ပေ။ ထိုခေါင်းတုံးလေး၏ ဓားမောက်သိုင်းပညာက သူ၏ ဓားရှည်သိုင်းပညာထက် အဆပေါင်းများစွာ ပို၍ မြင့်မားကြောင်း ကြားခဲ့ဖူးသည်မှာ ကြာခဲ့ပါပြီ။ သူက ဝေ့ကျင်းအဆင့် ဓားသိုင်းကွက်တစ်ခုကို ကျွမ်းကျင်နေပြီး ထိုအရာက အစောပိုင်းတွင် သူသုံးခဲ့သော ဓားသိုင်းပညာထက် ပို၍ အစွမ်းထက်သည်။

"ဓားပညာက အစွမ်းထက်တော့ရော ဘာလုပ်ရမှာလဲ ..။ ချီစွမ်းအားတွေရဲ့ အထောက်အပံ့မရှိရင် သူ့ရဲ့အစစ်အမှန်စွမ်းအားကို ဘယ်လိုသုံးနိုင်မှာလဲ ..။ ဓားသိုင်းကွက်တွေက ထူးခြားမယ်ဆိုရင်တောင် အဲဒါက ဉာဏ်အလင်းပွင့်မှုအဆင့်ပဲ ရှိနိုင်ဦးမယ် ..။ အဲဒါက မင်းသုံးခဲ့တဲ့ ဓားရှည်သိုင်းပညာကိုတောင် ယှဉ်နိုင်ပါ့မလား ..”

မုန့်ချီက မှားယွင်းသောဆုံးဖြတ်မှု တစ်ခုကို လုပ်ဆောင်ခဲ့သည်ဟု သူက မပြောရဲခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် မုန့်ချီက ဘယ်လက်နှင့် ဓားရှည်ကို ကိုင်ထားပြီး ညာလက်နှင့် ဓားမောက်ကို ကိုင်ထားသည်မှာ ပဋိပက္ခဖြစ်နေခြင်း မရှိချေ။ မုန့်ချီက အသေခံ တိုက်ခိုက်တော့မည်ဟု သူက တွေးနေမိ၏။

"ဒါပေမယ့် ချီစွမ်းအားမရှိဘဲ အသေခံ တိုက်ခိုက်တော့ရော ဘာအသုံးဝင်မှာလဲ ..."

သူကတော့ ဓားမောက်နှင့် ဓားရှည်တို့၏ တိုက်ခိုက်ရေးနယ်မြေအတွင်းသို့ ဝင်ရောက်လာခြင်း မရှိဘဲ အစွန်အဖျားတွင်သာ လှည့်ပတ်နေခဲ့သည်။

သူက လက်ဝါးနှင့် တိုက်ခိုက်လိုက်မည်ဆိုလျှင် လောင်ကျွမ်းနေသော လက်ဝါးချက်က မုန့်ချီ၏ သွေးများကို ခြောက်ခမ်းသွားအောင် လုပ်ဆောင်နိုင်သည်။ ထိုသို့ဆိုလျှင် သူက တုံ့ပြန်ရန် အခွင့်အရေးပင် မရှိနိုင်ပေ။

ယုဟွမ်တောင်၏ လေလွင့်လက်ဝါးသိုင်းကို တုန့်ပြန်ရန် မုန့်ချီက ရွှေခေါင်းလောင်း အကာအကွယ် ကျင့်စဉ်ကို အသက်သွင်းလိုက်သည်။ ထို့နောက် သူ၏ အတွင်းအား ၊ စိတ်စွမ်းအင်နှင့် စိတ်ဆန္ဒများအားလုံးကို စုစည်းပြီး နေမင်းနီမကောင်းဆိုးဝါး ဓားနှင့် ပေါင်းစပ်လိုက်၏။

ယုဟွမ်တောင်၏ မျက်လုံးထဲတွင်တော့ တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး မုန့်ချီက မည်မျှအားနည်းကြောင်း တွေ့လိုက်ရသည်။ သူ့လက်ဝါးနှင့် တိုက်ခိုက်လိုက်သည့်အချိန်တွင် ထိုခေါင်းတုံးလေးက ချက်ချင်း သေဆုံးသွားခဲ့၏။

ထို့နောက် သူက ဘိုးဘေး၏အသိအမှတ် ပြုမှုကို ရခဲ့ပြီး ထိပ်တန်းသိုင်းပညာများကို သင်ကြားခွင့်ရခဲ့သည်။ တဖန် ဝေ့ကျင်းအဆင့်ကို ရောက်သွားပြီး လေလွင့်လက်ဝါး(၁၈)ချက်ကို ကျွမ်းကျင်လာသည့်အချိန်တွင် ကျိလော်ကျူးနှင့် ရန်ရှီချီတို့ကို သတ်ပစ်ခဲ့သည်။ နောက်ဆုံးတွင်တော့ သူက ဘိုးဘေးကို သတ်ပစ်ခဲ့ပြီး ရန်ရှီချီ၏ သမီးနှင့် လက်ထပ်၍ ဟယ်လာကို ဆက်ခံခဲ့သည်။ သူက သေမင်းပင်လယ် ကန္တာရနှင့် အနီးနားတွင် ရှိနေသော ကန္တာရများအားလုံးကိုပေါင်းစည်းပြီး နောက်ဆုံးတွင်တော့ အထွဋ်အထိပ်ကို ရောက်ရှိသွားခဲ့၏။

ထိုမြင်ကွင်းများ အားလုံးက အလွန် စစ်မှန်နေခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူ့ရင်ထဲတွင် ရှိနေသော စိတ်ဆန္ဒများက ခိုင်မာနေခြင်းကြောင့်ဖြစ်၏။

ရုတ်တရက်ဆိုသလို သူ၏လည်ပင်းမှ နေ၍ ပြင်းထန်သော နာကျင်မှုတစ်ခု ပေါ်လာပြီး အသက်ရှုရန် ခက်ခဲသွားခဲ့သည်။ သူက သတိပြန်ဝင်လာသည့်အချိန်တွင် အနီရင့်ရောင်ဓားသွားက လည်ပင်းထဲကို စိုက်ဝင်နေကြောင်း မြင်လိုက်ရ၏။

"ဒါက ဝေ့ကျင်းအဆင့်ဓား သိုင်းကွက်လား .။ သူ့ရဲ့သိုင်းပညာတွေ ပျက်စီးသွားပြီ မဟုတ်ဘူးလား .။ ဘယ်လို ဖြစ်ပြီး ဒီလိုအစွမ်းမျိုးကို သုံးနိုင်ရတာလဲ ...."

ယုဟွမ်တောင်က အံ့ဩမှင်တက်သွားပြီး ထိတ်လန့်နေခဲ့သည်။

သို့သော် သူကတော့ ထိုအရာကို ဆက်၍ မတွေးရဲပေ။ သူ၏လည်ပင်းများက စတင် ပျက်စီးလာပြီး မြွေတစ်ကောင်ကဲ့သို့ တွန့်လိမ်၍ ဓားသွားကို ကွေ့ရှောင်သွားခဲ့သည်။ တစ်ချိန်တည်းတွင် ညာလက်နှင့် ဓားသွားကို ဆုပ်ကိုင်လိုက်ပြီး လက်ထဲမှ သွေးများ စီးကျလာနေသော်လည်း လွှတ်မပေးခဲ့ပေ။ထိုအချိန်တွင် သူ၏ အရိုးများက စတင် ပြောင်းလဲလာခဲ့၏။

“သူ့အစွမ်းက အန်ကုံရှဲ့ထက်တောင် ပိုပြီးအစွမ်းထက်သေးတယ် ...."

ထိုအချိန်တွင် မုန့်ချီ၏ ခန္ဓာကိုယ်ပေါ်၌ ရွှေရောင်အလင်းတန်းများကို မြင်လိုက်ရသည်။ သူ့ပုံစံက အလွန်တည်ငြိမ်အေးချမ်းနေခဲ့၏။

"ငါက တိုက်ခိုက်မှ ရမယ် .။ သူ့ရဲ့သိုင်းပညာက မပျက်စီးသေးဘူး ...။ သေစမ်း ။ ငါက ဒီခေါင်းတုံးလေးရဲ့ အရူးလုပ်တာကို ခံရပြန်ပြီ ..."

အလွန်မာနကြီးသော လူတစ်ယောက်ဖြစ်သည့်အတွက် သူ၏ ပထမဆုံး အတွေးကတော့ တန်ပြန်တိုက်ခိုက်ရန်ဖြစ်သည်။ ထို့နောက် မုန့်ချီက ကောင်းကင်မိုးကြိုးကို ဆင့်ခေါ်နိုင်ကြောင်း တွေးမိသွား၏။

မုန့်ချီကတော့ တစ်ကြိမ်တိုက်ခိုက်လိုက်ပြီးနောက် ရပ်တန့်နေခြင်း မရှိချေ။ ယုဟွမ်တောင်၏ အားနည်းချက်ကို သိသွားပြီးနောက် သူက ဘယ်လက်ထဲတွင် ရှိနေသော ဓားကို ဝှေယမ်းပြီး တုကူးဓား (၉)ကွက်နှင့် ရာမဖိတ်ခေါ်ခြင်း သိုင်းကွက်တို့ကို တစ်ပြိုင်နက်တည်း အသုံးပြုလိုက်သည်။

တုကူဓား(၉)ကွက်တွင် တိကျသောသိုင်းကွက် မရှိဘဲ တိုက်ကွက်တစ်ခုတည်းသာ ရှိသည်။ ထိုအရာက အလွန်ရိုးရှင်းသော တိုက်ခိုက်မှုတစ်ခုဖြစ်ပြီး အချိန်ဖြုန်းနေရန် မလိုအပ်ပေ။ မည်သည့်ပြောင်းလဲမှုမျှမရှိချေ။

အလွန်သန့်စင်ပြီး ရိုးရှင်းသော ဓားအလင်းတန်းတစ်ခု တောက်ပလာပြီး ယုဟွမ်တောင်၏ မျက်ခုံးတည့်တည့်ကို ဦးတည်လာခဲ့သည်။ ထိုအချိန်တွင် ယုဟွမ်တောင်၏ မျက်ခုံးကြားထဲ၌ လှုပ်ရှားလာပြီး ဆူးတစ်ချောင်းအဖြစ်

ပြောင်းလဲသွားသည်။ ထို့နောက် တိုက်ခိုက်မှုကို ခုခံလိုက်၏။

ယုဟွမ်တောင်က နေမင်းနီ မကောင်းဆိုးဝါးဓားကို လက်ထဲတွင် ကိုင်ထားသော်လည်း နှစ်ပေါင်းများစွာ တိုက်ခိုက်ရေး အတွေ့အကြုံများက သူ့ကို သတိပေးနေခဲ့သည်။ သူက စဉ်းစားမနေတော့ဘဲ သူ၏ အရိုးများကို ပျော့ပျောင်းအောင် လုပ်ဆောင်လိုက်၏။

ထိုအချိန်တွင် အက်ကွဲသံများ ထွက်ပေါ်လာပြီးနောက် သူ၏ ခန္ဓာကိုယ်က ရွှံ့များသဖွယ် ပြောင်းလဲသွားခဲ့သည်။ သူက အလျင်လိုနေသလို ခံစားရနေသော်လည်း မုန့်ချီ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်သေးသည်။ သို့သော် သူ၏ နားဖက်တစ်ဖက်ကတော့ ပြတ်ကျသွားခဲ့၏။ ယုဟွမ်တောင်ကသူ၏ နားရွက်မှနေ၍ နာကျင်မှုကို ခံစားနေရသည်။

တစ်ချိန်တည်းတွင် သူ၏ ခြေထောက်နှင့်လက်က မုန့်ချီ တိုက်ခိုက်နိုင်သောနယ်မြေ အတွင်းမှ ရုန်းထွက်နိုင်ခဲ့၏။ ထို့နောက် အရိုးများကို ပြန်လည်တည်ဆောက်ပြီး ထွက်ပြေးသွားခဲ့သည်။ သူက ရှောင်လင်ခေါင်းတုံးလေး၏ ထောက်ချောက်ထဲသို့ ထပ်ကျသွားမှာကို စိုးရိမ်နေခဲ့သည်။ မဟုတ်လျှင်လည်း မုန့်ချီက ကောင်းကင်မိုးကြိုး ဆင့်ခေါ်မှာကို ကြောက်လန့်နေခဲ့၏။

ထို့ကြောင့် သူက မရပ်မနား တိုက်ခိုက်မှုကို ခုခံနေမည့်အစား အသက်လု၍ ထွက်ပြေးရန် ရွေးချယ်လိုက်သည်။ ကြမ်းတမ်းသဲမုန်တိုင်း စွမ်းအားကို အသက်သွင်းထားသည့်အတွက် သူက လေလှိုင်းသဖွယ် ပြေးနိုင်သော်လည်း မုန့်ချီက သူ့နောက်မှ မီလာခဲ့သည်။ မုန့်ချီကလည်း လေနတ်ဘုရား ခြေလှမ်းသိုင်းကို အသုံးပြုနိုင်၏။

"ငါက ရာမဖိတ်ခေါ်ခြင်းသိုင်းကွက်နဲ့ အနတ္တကျိန်စာဖျက်ဓားပညာကို (၂)ကြိမ်တိတိ သုံးနိုင်သေးတယ် ...။ဒါကြောင့် ငါက သူမသေမချင်းလိုက်သတ်ရမှာပဲ ..."

ယုဟွမ်တောင်က မြစ်ကမ်းဆီသို့ ပြေးသွားခဲ့သည်။

သူက မြစ်ထဲသို့ ခုန်ချတော့မည့်အချိန်တွင် လှေတစ်စီးပေါ်မှ ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုဓားအလင်းတန်းက မုန့်ချီသုံးခဲ့သော ဓားကွက်နှင့် တစ်ထပ်တည်း တူညီနေသော်လည်း ပို၍ကြောက်စရာကောင်းသည်။

ဓားအလင်းတန်း ပျောက်ကွယ်သွားသည့်အချိန်တွင် သူက ဆက်၍ပြေးနေသေး၏။ ခြေလှမ်း အနည်းငယ် ဆက်သွားလိုက်ပြီးနောက် သူက လဲကျသွားခဲ့ပြီး ခန္ဓာကိုယ်ထဲမှ သွေးများ စီးကျလာနေခဲ့သည်။

ထိုအရာကိုကြည့်ပြီး အဝါရောင်ဝတ်စုံဝတ်ထားသော မိန်းမ‌လှလေးက အပြုံးနှင့် ပြောလိုက်သည်။

"နာမည်ကျော် ကြမ်းတမ်းသဲမုန်တိုင်းစွမ်းအားက ဒီလောက်ပဲလား ...."

မုန့်ချီက အလွန်ဝမ်းသာသွားခဲ့၏။

"ကျိဝေ …

နင်က ဘယ်လိုဖြစ်ပြီး ဒီနေရာကို ရောက်နေရတာလဲ ...”

“ငါက ခရီးသွားနေတုန်း နင် မအောင်မြင်မှာကို စိုးရိမ်နေခဲ့တာ..။ အန်ကုံရှဲ့က နင့်ကို ဖမ်းပြီး ဟယ်လာကို ခေါ်သွားမယ်လို့ တွေးခဲ့မိတာလေ .။ ဒါကြောင့် ငါက နင့်ကို လာရှာဖို့အတွက် အနောက်မြောက်ဘက်ကို ထွက်လာဖို့ ဆုံးဖြတ်ခဲ့တာ ..။ဒါပေမယ့် နင့်ကို ဒီမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး ..."

ကျန်းကျိဝေက ယုဟွမ်တောင်ကို ကြည့်ပြီး မေးလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ ..."

မုန့်ချီက သူ၏အ‌တွေ့အကြုံများကို ကျန်းကျိဝေသိအောင် ပြောပြလိုက်၏။ အဆုံးတွင်တော့ သူက ကျောက်စိမ်းတံခါး တောင်ကြားရှိရာကို လှည့်ကြည့်လိုက်သည်။ သူက ဒူးထောက်ပြီး အရိုအသေပေးလိုက်၏။

"ဆရာ…

ကျွန်တော်က ဆရာ့အပေါ်မှားပြီး စွပ်စွဲမိခဲ့တယ်..။ကျွန်တော်က အနာဂတ်မှာ သေချာပေါက် ပြန်ပေးဆပ်ပါ့မယ် ..."

ကျန်းကျိဝေက တောင်းပန်နေသော မုန့်ချီကို တိတ်တဆိတ် စိုက်ကြည့်မိခဲ့သည်။ ထို့နောက် သူ့ကို နှစ်သိမ့်ပေးလိုက်၏။

"ဒီကိစ္စမှာ ဘယ်သူက တိတိကျကျမှန်တယ်ဆိုတာ မရှိပါဘူး..။ နင်ရဲ့အတွေးတွေက ဗုဒ္ဓလမ်းစဉ်နဲ့ မကိုက်ညီရုံပါပဲ..။ ဒါကြောင့် ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူး .။ တကယ်လို့ ငါတို့ကျိကျန်းဓားစံအိမ်မှာဆိုရင် နင်ရဲ့အပြစ်ပေးမှုက စိတ်ဝိညာဉ်ကို သန့်ရှင်းဖို့အတွက် သိုင်းကျမ်းတွေ ကူးရေးခိုင်းတာလောက်ပဲဖြစ်လိမ့်မယ်....”

“ဒါပေမဲ့ အခုချိန်မှာ ငါတို့အတူတူသွားမယ်ဆိုရင် အရမ်းသိသာလွန်းနေတယ်...။ ဒါကြောင့် ဘုန်းတော်ကြီးတွေက နင့်ကို ရှာတွေ့ဖို့ သိပ်မခက်နိုင်ဘူး..။ နင်က အစ်ကိုကြီးကျန်းနဲ့ အစ်ကိုကြီးချီတို့ဆီကို သွားနေတာ ပိုကောင်းမယ်..။ နင်က အရပ်ပိုရှည်လာပြီး ပိုရင့်ကျက်လာပြီဆိုရင်တော့ သိုင်းလောကမှာ လွတ်လပ်စွာ သွားလို့ရပြီ....."

မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး မျက်နှာဖုံးတစ်ခုကိုထုတ်၍ ကျန်းကျိဝေကို ပြလိုက်သည်။ ကံဆိုးသွားသည်မှာ ထိုအရာက တန်ကြေးသိပ်မရှိပေ။ ထို့နောက် သူက ယုဟွမ်တောင်၏ ခန္ဓာကိုယ်ကို ရှာဖွေကြည့်လိုက်ရာ ပုလဲလုံးတစ်အိတ်နှင့် ငွေစများကို တွေ့လိုက်ရသည်။

မုန့်ချီဆီတွင် ပိုင်ဆိုင်မှုများစွာ ရှိနေသည့်အတွက် ထိုငွေကြေးများကို ဂရုမစိုက်ပေ။ ထို့ကြောင့် ကျန်းကျိဝေကို ပေးလိုက်၏။

“လမ်းခရီးအတွက် သုံးဖို့အများကြီးထပ်ရတာပေါ့ ..”

ကျန်းကျိဝေက ငြင်းဆန်နေခြင်း မရှိချေ ။ သူမက မုန့်ချီကို ရှောင်လင်ကိုယ်တော်များ လိုက်လံဖမ်းဆီးမှာကိုသာ စိုးရိမ်နေခဲ့၏။

ထို့ကြောင့် မုန့်ချီကို အချိန်ဆွဲ‌မနေတော့ပဲ နှုတ်ဆက်လိုက်သည်။

"အဝေးကနေ နင့်ကိုကြည့်လိုက်တဲ့အချိန်မှာ နင့်ရဲ့ဓားပညာက တော်တော်လေး တိုးတက်လာတာကို သတိထားမိတယ်...။ နောက်တစ်ကြိမ် ငါတို့က လက်ရည်စမ်းကြည့်ကြတာပေါ့....."

မုန့်ချီကတော့ သူ၏ပုခုံးပေါ်တွင် ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုရှိနေသလို ခံစားလိုက်ရသည်။ သူ့ဆီတွင် သူက သူ့ဆရာကိုပြန်ပေးဆပ်လိုသည့်အရာကလွဲလျှင် တခြားစိုးရိမ်မှု မရှိခဲ့ပေ။

သူက ရယ်ကာမောကာနှင့် လှည့်ထွက်သွားပြီး သီချင်းဆိုနေခဲ့သည်။

“သမုဒ္ဓရာကြီးက လှုပ်ခတ်လာတဲ့အချိန်မှာ ….ရေလှိုင်းတွေက ကမ်းခြေကို ရောက်လာတယ်….”

ကျန်းကျိဝေက သူထွက်သွားသည်ကိုကြည့်နေပြီး မနေနိုင်တော့ဘဲ ရယ်လိုက်မိသည်။

"သူတို့က ဒီလိုထူးဆန်းတဲ့သီချင်းကို ဘယ်နေရာကနေ ကြားလာတာလဲ....။ စာသားတွေကလည်း တော်တော်လေးထူးဆန်းတယ်....”

“ငါတို့သိတဲ့ကမ္ဘာကြီးကလည်း လှိုင်းလုံးတွေ သဲ‌တွေလို တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်....”

မုန့်ချီ၏အရိပ်ကတော့ အဝေးတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူ၏သီချင်းသံကလည်း တဖြည်းဖြည်းဝေးကွာသွားခဲ့သည်။

ကျန်းကျိဝေက ပြန်လှည့်လာပြီး တီးတိုး ရေရွတ်လိုက်၏။

"သေချာနားထောင်ကြည့်တော့လည်း စာသားတွေက မဆိုးပါဘူး..."

……………..

ယပ်တောင်(၆)လက်ကျောင်းတော်၏ ဌာနချုပ်

လော့ရန်မြို့...

အပြင်ဘက်တွင် ရှိနေသောမြေကွက်လပ်ပေါ်တွင် အဝါရောင်စက္ကူများ ပြည့်နေသည်။ မြို့သူမြို့သားများစွာက လူငယ်မှတ်တမ်းတွင် ပြောင်းလဲမှုရှိမရှိ သိချင်နေကြ၏။ သိပ်မကြာခင် ယပ်တောင်(၆)လက်ကျောင်းတော်မှ လူဆိုးထိန်းတစ်ယောက်က လူငယ်မှတ်တမ်း၏ရှေ့ကို လျှောက်လာပြီး အသစ်တစ်ခုကို ကပ်လိုက်သည်။

"ဟေ …ပြောင်းလဲမှုကြီးတွေအများကြီးပါလား....."

နောက်တွင် ရှိနေသောလူများက ပြောနေကြ၏။

“တစ်ယောက်ယောက်က အဆင့်ခုန်တက်သွားတာလား။ ဒါကြောင့် စာရင်းတစ်ခုလုံး ပြောင်းလဲသွားတာလား…”

ထိပ်ဆုံး(၉)ယောက်ကတော့ ပြောင်းလဲသွားခြင်း မရှိချေ။ သို့သော် တိုက်ပွဲမှတ်တမ်းတစ်ချို့ တိုးလာခဲ့သည်။ နံပါတ်(၁ဝ)ကို ရောက်လာသည့် အချိန်တွင်တော့ လူတစ်ချို့က ထိတ်လန့်အံ့ဩသွားကြ၏။

"ကျိကျန်းစံအိမ်က ကျန်းကျိဝေ....ပျက်သုဉ်းခြင်း ဓားနတ်သမီး …

သူရိန်မကောင်းဆိုးဝါးဓား ကံတဟိုင်ကို သတ်ပစ်ခဲ့တယ်...။ လေလွင့်ရာမ ယုဟွမ်တောင်ကို ဓားချက်တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်ခဲ့တယ်။ လူငယ်မှတ်တမ်းမှာ အဆင့်(၁ဝ).....”

“သူက မှတ်တမ်းမှာ အဆင့်တက်လာမယ်ဆိုတာ မျှော်လင့်ထားပြီးသားပဲ....။ တံခါး(၇)ပေါက် တံခါး(၈)ပေါက် ပွင့်နေတဲ့ ပညာရှင်တွေ‌ကတောင် ညီမလေးကျိဝေကို အနိုင်မရနိုင်ကြဘူး...။ အခု သူက တောင်အောက်ကိုဆင်းပြီး သိုင်းလောကထဲ ရောက်သွားပြီဆိုတော့ သူ့ရဲ့အဆင့်က အလိုလို မြင့်လာတော့မှာပဲ....."

တခြားတစ်ယောက်က ရှင်းပြလိုက်သည်။

"ဒါက အဓိပ္ပာယ်ရှိတယ်...."

သူမအဆင့်တက်လာသည့်အတွက် မည်သူကမျှမကျေမနပ်ဖြစ်နေခြင်း မရှိချေ။

တဖြည်းဖြည်းနှင့် မှတ်တမ်းထဲတွင် ပို၍များပြားသော ပညာရှင်များကို တွေ့လာရပြီး အများစုကတော့ သူတို့ရင်းနှီးထားသူများဖြစ်ကြသည်။ အဆင့်(၃၃)ကို ရောက်လာသည့် အချိန်တွင်တော့ သူတို့အားလုံးက အံ့ဩသွားကြ၏။

"ကျန်းတင်ဆိုတာက ဘယ်သူလဲ..."

သူတို့အားလုံးက ထိုစာရွက်ကို သေချာအာရုံစိုက်လိုက်ကြသည်။

"နာမည် - ညီလေးမုန့်လို့ ခေါ်ကြတယ်...။ မူလဓမ္မနာမည် ကျန်းတင်...

သိုင်းပညာ - တံခါး(၄) ပေါက် ပွင့်နေပြီး ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ် အဆင့်(၅) သို့မဟုတ် အဆင့်(၆)ကို ရောက်နေပြီ...။ ဘယ်လက်မှာ ဓားရှည်နဲ့ ညာလက်မှာ ဓားမောက်ကိုကိုင်တယ်...။ ထူးခြားတဲ့ဓားပညာရှိတယ် ။ အနတ္တကျိန်စာဖျက်ဓားပညာရဲ့ ပထမသိုင်းကွက်ကို ကျွမ်းကျင်ထားပြီး ကောင်းကင်မိုးကြိုးကို ဆင့်ခေါ်နိုင်စွမ်းရှိတယ်.....

တိုက်ပွဲမှတ်တမ်း - ခေါင်းဖြူလင်းတအန်ကုံရှဲ့ကို သတ်ပစ်ခဲ့တယ်...။ ကောင်းကင်မိုးကြိုး ဆင့်ခေါ်ပြီး မီးခိုရောင်ကျောက်စိမ်းလက် ယွမ်မုန်ကျိကို သိုင်းကွက်တစ်ကွက်တည်းနဲ့ သတ်ပစ်ခဲ့တယ်...။ မကောင်းဆိုးဝါးတောင်တန်းကို ဖျက်ဆီးပစ်ပြီး လေလွင့်ရာမ ယုဟွမ်တောင်ကို တားဆီးနိုင်ခဲ့တယ်။

အဆင့် - ၃၃

သိုင်းလောကနာမည် - မိုးကြိုးဓား ဒေါသကိုယ်တော် သို့မဟုတ် မဆင်မခြင်ကိုယ်တော်

နောက်ကြောင်း - ရှောင်လင်၏ အစွန့်ပစ်ခံတပည့်တစ်ယောက် ....."

Translated by Hein Htet.

All Chapters