← Chapters

အခန်း (၁၅၀)

Vol. 10 Ch. 150

အခန်း (၁၅၀)

Vol. 10 Ch. 150

မုန့်ချီက နောက်ဆုံးကျန်နေသည့် ခောက်ဆွဲအရည်ကို သောက်လိုက်ပြီး အဘိုးရှဲ့ကို ကျသင့်ငွေ ပေးချေလိုက်သည်။ ထို့နောက် ပြန်လှည့်ပြီး မေးလိုက်၏။

"စွမ်းရည်ထိန်းသိမ်းခြင်းကျောင်းက ဘယ်နေရာမှာလဲဆိုတာ ငါမသိဘူး... ။ ကျေးဇူးပြုပြီး ငါ့ကိုလမ်းပြပေးလို့ ရနိုင်မလား... "

လူအများစုကတော့ ယှဉ်ပြိုင်ပွဲကို ကြည့်ရှုရန်အတွက် စွမ်းရည်ထိန်းသိမ်းခြင်းကျောင်းဆီကို သွားနေကြသည်။ ခေါင်းစည်းထားသော လူငယ်က မုန့်ချီကို မခေါ်ချင်ခဲ့ပေ။ သို့သော် သူကတော့ သူ့ကိုယ်သူ ထိန်းချုပ်လိုက်၏။ သူက မိန်းမလှလေး၏ရှေ့တွင် မျက်နှာမပျက်ချင်ပေ။

သူက ပြောလိုက်၏။

"ဒါက မြို့အပြင်ဘက်မှာ ရှိတဲ့ ကျန်းရှန်တောင်ပေါ်မှာ ရှိတယ်လေ... "

မုန့်ချီဆီတွင် မြင်းမရှိသည့်အတွက် သူတို့ (၂) ယောက်ကလည်း မြင်းဇက်ကြိုးကို ဆွဲပြီး လမ်းလျှောက်လာကြသည်။

"မောင်လေး …နင့်ရဲ့လေသံအရ ဒီနယ်သား မဟုတ်ဘူးမလား... "

မိန်းမပျိုက လူငယ်မှတ်တမ်းကို ကြည့်ရှုခဲ့ပြီးနောက် တစ်စုံတစ်ခုကို အမှတ်ရသွားသည့်အလား ထပ်ပြောလိုက်သည်။

"စကားမစပ် ငါတို့တွေကတော့ စမ်းချောင်းခွဲခွာဓားဂိုဏ်းက တပည့်တွေပါ... ။ ငါ့နာမည်က ဝူချင်းရှင်လို့ခေါ်တယ်... ။ သူကတော့ ငါ့ရဲ့ဂိုဏ်းတူအစ်ကိုကြီး သူ့နာမည်က ရှန့်ကွမ်းဟန်... ။ သူ့ကို ကောင်းကင်ခုတ်ချက်ရေလှိုင်းလို့ သိုင်းလောကသားတွေက နာမည်ပေးထားတယ်... "

သူမက သိုင်းလောကတွင် လူသစ်တစ်ယောက် ဖြစ်သည့်အတွက် ကိုယ်ပိုင်နာမည်တစ်ခု မရှိသေးပေ။

ရှန့်ကွမ်းဟန်ကတော့ အလွန်မာနကြီးသော လူငယ်တစ်ယောက် ဖြစ်သည်။ သူက မျက်နှာပျက်ရမှာကို မလိုလားသလို ရိုင်းစိုင်းသော လူတစ်ယောက်ဟု အပြောမခံနိုင်ပေ။ သူက လက်သီးဆုပ်၍ ပြောလိုက်၏။

"ငါ့ရဲ့မိတ်ဆွေတွေက ငါ့ကိုဒီနာမည်ပေးထားတာ... ။ ငါက တော်တော်လေးကို ရှက်ရွံမိပါတယ်... ။ ငါက ဒီကမိတ်ဆွေရဲ့နာမည်နဲ့ ဇာတိကို သိခွင့်ရှိမလား... "

"သူ့ရဲ့နာမည်ကမှ ငါ့ထက်ပိုပြီးကောင်းသေးတယ်... "

မုန့်ချီက ဝမ်းနည်းစွာ ပြောလိုက်၏။

"ငါ့နာမည်က မုန့်ချီ ။ ငါက လော့ရန်ကလာတာ... ။ ငါငယ်ငယ်ကတည်းက လော့ရန်ကနေ ထွက်လာပြီး ကျိလျန်မှာ အခြေချခဲ့တယ်.. ။ ငါက သိုင်းလောကမှာ လှည့်ပတ်သွားလာနေတာ... ။ လူတွေကတော့ ငါ့ကို သစ္စာဓားလို့ခေါ်ကြတယ်... "

သူ၏လေသံက ဤခန္ဓာကိုယ်၏ သက်ရောက်မှုကို ခံလိုက်ရသည့်အတွက် လော့ရန် လေယူလေသိမ်း ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူက အလယ်ပိုင်းနယ်မြေမှ လူတစ်ယောက်အဖြစ် သူ့ကိုယ်သူ သတ်မှတ်လိုက်၏။ သို့သော် သူက လော့ရန်ကို လုံးဝမရောက်ဖူးသည့်အတွက် မည်သည့်အရာကိုမျှ သိမထားခဲ့ပေ။ ထို့ကြောင့် သူတို့ဆက်မေးမည့် မေးခွန်းများကို ပြန်ဖြေရန် ခက်ခဲသည်။

ထို့ကြောင့် သူက အသက်ငယ်ငယ်နှင့် အိမ်မှထွက်လာပြီး ကျိလျန်တွင် ခရီးသွားလာနေခဲ့သည်ဟု ဆင်ခြေပေးခဲ့ခြင်း ဖြစ်သည်။ ထိုအရာက ကျိကျိုးနယ်မြေ၏ အလယ်ပိုင်းတွင် ရှိနေသော မြို့တစ်မြို့ ဖြစ်သည်။

မုန့်ချီက ထိုမြို့ကိုဖြတ်သန်းပြီး အလယ်ပိုင်းနယ်မြေသို့ သွားခဲ့သည်။ ထိုနေရာတွင် ရက်အနည်းငယ် နေထိုင်ခဲ့သည့်အတွက် တချို့အရာများကိုတော့ သိနေခဲ့၏။ သစ္စာဓားဟူသည်မှာ မုန့်ချီ သူ့ကိုယ်သူ ပေးထားသော နာမည်ဖြစ်သည်။ သူက ထိုနာမည်ကို အသုံးပြုခွင့်ရရန် မျှော်လင့်နေပြီး မိုးကြိုးဓား ဒေါသကိုယ်တော်နှင့် မဆင်မခြင် ကိုယ်တော်ဟူသော နာမည်များကို ဆန့်ကျင်လိုခဲ့သည်။

"သစ္စာဓား ဟုတ်လား... "

ရှန့်ကွမ်းဟန်က ရယ်လိုက်ပြီး မည်သည့်စကားမျှ မပြောခဲ့ပေ။ မုန့်ချီက သူ့ကိုယ်သူ နာမည်ကျော်ကြားသယောင် ဟန်ဆောင်ထားခြင်းဖြစ်ကြောင်း သူသိနေသည်။

သူကတော့ မုန့် ဟူသောနာမည်ကို ဂရုမစိုက်မိခဲ့ပေ။ ဤကမ္ဘာကြီးထဲတွင် မုန့် ဟူသော နာမည်ရှိနေသည့် လူပေါင်းများစွာ ရှိနေသည်။ ထို့ပြင် မုန့်ချီက အရပ် (၈)ပေ ရှိနေသော လူတစ်ယောက် မဟုတ်သလို ခြေထောက်ကြီးသော လူတစ်ယောက်လည်း မဟုတ်ချေ။ မည်သူကမျှ သူ့ကို မြောက်ပိုင်းကျိုးအင်ပါယာတွင် ရှိနေသော အထက်တန်းလွှာမိသားစုမှ လူတစ်ယောက်ဟု သတ်မှတ်လိမ့်မည် မဟုတ်ချေ။

ဝူချင်းရှင်ကတော့ သစ္စာဓားဟူသည့်နာမည်ကို မကြားခဲ့ဖူးချေ။ သူမက နောက်ဆုံးနာမည်ကို ဂရုမစိုက်ဘဲ အပြုံးနှင့် ပြောလိုက်၏။

"မောင်လေး …

နင့်ရဲ့နာမည်က တော်တော်လေးလှတာပဲ ။ ငါက ကျိလျန်မှာရှိတဲ့ အနောက်ပိုင်းနယ်မြေအကြောင်းကို ကုန်သည်တွေဆီကနေ ကြားခဲ့ဖူးတယ်... ။ သူတို့တွေက မကောင်းဆိုးဝါးမျိုးဆက်တွေလား... ။ သူတို့တွေဆီမှာ အညိုရောင်ဆံပင်နဲ့ မျက်ခုံးကြားထဲမှာ မျက်လုံးတစ်လုံး ရှိနေတာလား... "

ထို့နောက် သူမက ခေါင်းစဉ်ပြောင်းလိုက်ပြီး ကျိလျန်နယ်မြေအကြောင်းကို မေးခဲ့သည်။ သူမကတော့ မွေးလာကတည်းက တောင်(၃)လုံး မြစ်(၄)သွယ်မှ လုံးဝထွက်သွားခဲ့ဖူးခြင်း မရှိသည့်အတွက် စိတ်ဝင်တစား မေးနေခဲ့သည်။ သူမက ဆွေမျိုးများဆီသို့ သွားလည်ခဲ့သည့် အချိန်မျိုးတွင်ပင် ချီရွှေမြို့ထဲတွင်သာ ပိတ်မိနေခဲ့၏။

"ကျိလျန်မှာ အဲဒီလိုလူတွေကို တွေ့ရခဲပါတယ်..။ ဒါပေမယ့် ငါက ကျောက်စိမ်းတံခါးတောင်ကြားနဲ့ သဲမြန်မြို့ကို ရောက်ခဲ့ဖူးတယ်..။ အဲဒီနေရာမှာတော့ မကောင်းဆိုးဝါးမျိုးဆက်တွေ ရှိတယ်.။ သူတို့တွေက တော်တော်လေးကို ထူးဆန်းတာပဲ…"

မုန့်ချီက ထိုအကြောင်းအရာများကို ဝမ်းမြောက်ဝမ်းသာ ပြောပြနေခဲ့သည်။ သူက နေရာပေါင်းများစွာကို သွားလာခဲ့ဖူးပြီး သူတို့ဂိုဏ်းတူမောင်နှမ (၂) ယောက်ထက်ပို၍ တွေ့ကြုံခဲ့ဖူးသည်။

ရှန့်ကွမ်းဟန်နှင့် ဝူချင်းရှင်တို့က အနောက်ပိုင်း နယ်မြေအကြောင်းကို စိတ်ဝင်စားနေကြပြီး သိုင်းလောကတွင် နာမည်မရှိသော မုန့်ချီကိုပင် ဂရုမစိုက်ကြတော့ပေ။

မုန့်ချီက ထိုအကြောင်းအရာများ အားလုံးကို အမှန်တကယ် တွေ့ကြုံခဲ့ဖူးပြီး စကားပြောလည်း ကောင်းသည်။ ထို့ကြောင့် သူတို့အားလုံးက သူ၏စကားထဲတွင် နစ်မျောသွားကြ၏။ သဲမှုန့်လေးတစ်မှုန် ၊ မြင်းဓားပြများနှင့် မတူညီသော နယ်မြေအသီးသီးမှ လူများက သူတို့၏ခေါင်းထဲတွင် အထင်းသား ပေါ်လာကြသည်။

"ငါ တံခါး (၉) ပေါက်ပွင့်တဲ့အချိန်ကျရင် အနောက်ပိုင်းနယ်မြေကိုသွားပြီး မြင်းဓားပြတွေကို သတ်ပစ်မယ်... "

ရှန့်ကွမ်းဟန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

သို့သော် သူက မုန့်ချီ ပြောပြခဲ့သော မြင်းဓားပြများကို ကြောက်လန့်နေသေး၏။ အကယ်၍ သူသာ အစီအစဉ်အတိုင်း သေမင်းပင်လယ် ကန္တာရထဲသို့ သွားချင်သည်ဆိုလျှင် တံခါး (၉) ပေါက်ပွင့်ရန် လိုအပ်ကြောင်း သိနေသည်။

အလယ်ပိုင်းနယ်မြေတွင် ရှိနေသော ဂိုဏ်းများမှ တပည့်များက ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်ပြီးမှသာ သိုင်းလောကတွင် သွားခွင့်ပေးထားသည်။ တချို့ဂိုဏ်းများတွင်တော့ ကောင်းမွန်သော အစဉ်အလာများ ရှိနေပြီး တပည့်များ၏ ကြိုးစားအားထုတ်မှုသာ လုံလောက်လျှင် စည်းမျဉ်းစည်းကမ်းအရ သွား၍ရသည်။

သို့သော် နာမည်ကျော် ဂိုဏ်းများတွင်တော့ တင်းကျပ်သော စည်းမျဉ်းများ ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က မြောက်မြားလွန်းလှသော စိန်ခေါ်မှုများကို ရင်ဆိုင်ရမည့်အတွက် ဖြစ်၏။

ရှောင်လင်ကို ဥပမာအနေနှင့် ပြော၍ရသည်။ အကယ်၍ ရှောင်လင်မှ တပည့်များကသာ ထိပ်တန်းသိုင်းပညာ (၇၂) မျိုးထဲမှ တစ်ခုကို ကျွမ်းကျင်ထားခြင်း မရှိလျှင် သူတို့က ကြေးနီလူသားလမ်းကြောင်း စမ်းသပ်မှုကို အလွယ်တကူ ဖြတ်ကျော်နိုင်မည် မဟုတ်ချေ။

ကျိကျန်း ဓားစံအိမ်မှ ကျန်းကျိဝေကတော့ တံခါး (၆) ပေါက် ပွင့်ပြီးနောက် တောင်ပေါ်မှ ဆင်းလာပြီး ဓားနိယာမများ အားလုံးကို နားလည်ထားပြီးသား ဖြစ်သည်။

ရှန့်ကွမ်းဟန်နှင့် ဝူချင်းရှင်တို့ နှစ်ယောက်လုံးက သူ့ကိုယုံကြည်ပြီး လေးစားနေကြသည့်အတွက် မုန့်ချီက ကျေနပ်နေခဲ့သည်။ သူကတော့ ထိုအရာများကို အများကြီး မပြောခဲ့ပေ။

သူက ဆက်ပြောလိုက်၏။

"ငါက တောင်(၃)လုံး မြစ်(၄)သွယ်ကို ပထမဆုံးအကြိမ် ရောက်လာဖူးတာ... ။ စွမ်းရည်ထိန်းသိမ်းခြင်းကျောင်းနဲ့ ချင်တောင်ဓားဂိုဏ်းအကြောင်းကိုလည်း နည်းနည်းလေးပဲသိတယ်... ။ ကျေးဇူးပြုပြီး ငါ့ကိုအသေးစိတ် ပြောပြပေးလို့ရနိုင်မလား... "

“တောင်(၃)လုံး မြစ် (၄) သွယ်ဆိုတာက အန္တရာယ်များတဲ့ မြေမျက်နှာသွင်ပြင်ရှိတယ်.။ ပုံမှန်အားဖြင့် ရှားပါးတဲ့ဆေးမြစ်တွေ ၊ ကျောက်မျက်ရတနာတွေကို တောင်တန်းတွေထဲမှာ ရှာဖွေလို့ရတယ်.။ ဂိုဏ်းအသီးသီးမှာရှိတဲ့ လူတွေက ငါတို့နဲ့ ပတ်သက်ချင်ကြတယ်လေ..”

“စွမ်းရည်ထိန်းသိမ်းခြင်းကျောင်းကိုတော့ ကျန်းရီကျောင်းက ထောက်ပံ့ပေးထားတယ်.။ ချင်တောင်ဓားဂိုဏ်းကိုတော့ ကျန်းမိသားစုက ထောက်ပံ့ပေးထားတယ်... ။ သူတို့တွေက ဒီနယ်မြေထဲမှာတော့ နာမည်ကျော်ဂိုဏ်းတွေပဲ …"

ဝူချင်းရှင်က စိတ်လှုပ်ရှားစွာ ပြောပြနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏အတွေ့အကြုံကို ပြသရန် အခွင့်အရေး ရှိလာခြင်းကြောင့် ဖြစ်၏။ ထို့ပြင် ထိုအရာက စမ်းချောင်းခွဲခွာဓားဂိုဏ်း၏ လျှို့ဝှက်ချက်များလည်း မဟုတ်ချေ။

ကျန်းရီဂိုဏ်းက နာမည်ကျော်ဂိုဏ်း ဖြစ်သည်။ ကျန်းဝူဂိုဏ်းမှ တပည့်တစ်ယောက်က အတွေ့အကြုံများစွာ ရခဲ့ပြီးနောက် ထိုဂိုဏ်းကို တည်ထောင်ထားခဲ့ခြင်း ဖြစ်၏။ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာပြီးနောက် ယခု ကျန်းရီဂိုဏ်းက အလွန်နာမည် ကျော်ကြားလာပြီး တပည့်အမြောက်အမြား ရှိနေသည်။ ထို့ပြင် ကျန်းဝူဂိုဏ်း၏ အထောက်အပံ့လည်းရှိနေသည့်အတွက် အလွန်အစွမ်းထက်သော ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်လာသည်။

လုံနန်ရှိ ကျန်းမိသားစုကလည်း ထိပ်တန်းမိသားစုတစ်ခု ဖြစ်သည်။ ကောင်းကင်လောင်ကျွမ်း မဟာနေမင်းလက်ဝါးသိုင်းက ဓမ္မကာရအဆင့် သိုင်းပညာတစ်ခု ဖြစ်၏။

အမှန်အတိုင်းပြောရလျှင် ချင်တောင်ဓားဂိုဏ်းက လုံနန်ရှိ ကျန်းမိသားစု၏ ထောက်ပံ့မှုကို မရခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့က အလွန်အားနည်းခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ချင်းတောင် ဓားဂိုဏ်းက ကျန်းမိသားစု၏ လက်အောက်ခံဂိုဏ်းတစ်ခုကို အထောက်အပံ့ ပြုထားရ၏။

မုန့်ချီက နှာခေါင်းရှုံ့လိုက်မိသည်။

"ကျန်းရီဂိုဏ်းနဲ့ လုံနန်မှာရှိတဲ့ ကျန်းမိသားစုရဲ့ လက်အောက်ခံဂိုဏ်းတွေအားလုံးက သာမန်ဂိုဏ်းတွေပဲ ။ သူတို့က ဘာမှ နာမည်မရှိဘူး... "

သူကတော့ ပထမတန်းစား သိုင်းဂိုဏ်းကြီးတစ်ခုဖြစ်သော ရှောင်လင်မှ ထွက်လာခဲ့ခြင်း ဖြစ်သည်။ သူ့အနားပတ်လည်တွင် ရှိနေသော လူအများစုကလည်း သူနှင့်အဆင့်တူ ဖြစ်ကြ၏။ ဥပမာအနေနှင့် ပြောရလျှင် ကျန်းဝူဂိုဏ်း ၊ ကျိကျန်းစံအိမ်နှင့် ဟွမ်ဟွာဓားဂိုဏ်းတို့ ဖြစ်ကြသည်။

သူနှင့်တွေ့ခဲ့ဖူးသော ကောင်လေးကပင် ထူးခြားသော မိသားစုတွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ပင်ကျင်းမှ ကွေကလန်က လုံနန်တွင် ရှိနေသော ကျန်းမိသားစုနှင့် အဆင့်တူညီနေပြီး သူတို့ဆီတွင် ဓမ္မကာရအဆင့် ပညာရှင်များ ရှိနေသည်။

သူ့ရန်သူ ကူရှောင်စန်းကလည်း မကောင်းဆိုးဝါးလမ်းစဉ် (၉) သွယ်တွင် လော်အဖွဲ့အစည်းမှ ထိပ်တန်းမိန်းမပျိုတစ်ယောက် ဖြစ်သည်။ ငိုကြွေးခြင်း အကြီးအကဲကလည်း အနောက်ပိုင်းနယ်မြေတွင် လွှမ်းမိုးမှုရှိသည်။

ထို့ကြောင့် စွမ်းရည်ထိန်းသိမ်းခြင်းကျောင်းနှင့် ချင်တောင်ဓားဂိုဏ်းတို့အကြောင်းကို ကြားသည့်အချိန်တွင် အလွန်အားနည်းသည်ဟု ခံစားမိခဲ့ခြင်း ဖြစ်သည်။ သို့သော် သိပ်မကြာခင် သူ့ကိုယ်သူ ရယ်လိုက်မိ၏။

သူကတော့ ရှောင်လင်မှ မောင်းထုတ်ခံထားရခြင်း ဖြစ်သည်။ သူက ထိုလူများထက်ပင် အခြေအနေက ပို၍ဆိုးရွားနေသေး၏။ သူကတော့ ထိုအရာကို ဂရုမစိုက်ခဲ့ပေ။

"ငါက အချုပ်အနှောင်တွေ ဖိအားတွေမရှိဘဲ လွတ်လွတ်လပ်လပ်သွားလို့ရတာ အရမ်းကောင်းတယ်...။ ငါက ဘယ်ဂိုဏ်းကမှ မဟုတ်ပေမယ့် ငါ့မိတ်ဆွေတွေကတော့ ဂိုဏ်းတွေရှိတယ်လေ...”

“မင်းတို့ရဲ့ဂိုဏ်းကရော ဘယ်အဖွဲ့အစည်းကလဲ... "

မုန့်ချီက မေးလိုက်သည်။

ရှန့်ကွမ်းဟန်က ဂုဏ်ယူစွာ ပြန်ဖြေလိုက်၏။

"ငါတို့ ဂိုဏ်းကတော့ နေဝင်ဆည်းဆာဓားဂိုဏ်းနဲ့ အရင်းအမြစ်အတူတူပဲလေ... "

သူက မုန့်ချီမသိမှာ စိုးသည့်အတွက် ထပ်ဖြည့်ပြောလိုက်၏။

"နေဝင်ဆည်းဆာဓားဂိုဏ်းဆိုတာက ဟွမ်ဟွာဓားဂိုဏ်းရဲ့ လက်အောက်ခံဓားဂိုဏ်း (၇)ခုထဲက တစ်ခုလေ... "

"ငါက နေဝင်ဆည်းဆာဆိုတဲ့စကားလုံးကို တော်တော်လေး ရင်းနှီးနေတယ်... "

မုန့်ချီက အသံတိုးတိုးနှင့် ပြောလိုက်သည်။ သူကတော့ စမ်းချောင်းခွဲခွာ ဓားဂိုဏ်းအကြောင်းကို ပို၍သိချင်နေ၏။

ချီကျန်းရန်က ဟွမ်ဟွာဓားဂိုဏ်းတွင် ပြင်ပအရေးကိစ္စများကို စီမံဆောင်ရွက်ရသော လူတစ်ယောက်ဖြစ်သည်။ သူ့ဆီတွင် ဟွမ်ဟွာဓားဂိုဏ်းမှ သိုင်းပညာမဟုတ်သော ဖရိုဖရဲကျင့်စဉ် ရှိနေသော်လည်း သူကတော့ အရေးပါသော လူတစ်ယောက် ဖြစ်နေနိုင်သည်။

မုန့်ချီက သူတို့ကို အနည်းငယ် ချီးကျူးလိုက်ပြီးနောက် စွမ်းရည်ထိန်းသိမ်းခြင်းကျောင်းနှင့် ချင်တောင်ဓားဂိုဏ်းတို့၏ အကြောင်းကိုဆက်၍ မေးနေခဲ့သည်။

ဝူချင်းရှင်ကတော့ သူ၏သဘောထားကို အလွန်သဘောကျနေပြီး ရိုးရိုးသားသား ပြန်ဖြေလိုက်၏။

"လွန်ခဲ့တဲ့ (၆) နှစ်လောက်တုန်းက ချင်တောင်တန်းပေါ်ကို ထူးဆန်းတဲ့ ကျောက်တုံးတစ်တုံး ကျလာခဲ့တယ်...။ စွမ်းရည်ထိန်းသိမ်းခြင်းကျောင်းအုပ် ဟွာတျန်းကီနဲ့ ချင်တောင်ဓားဂိုဏ်းရဲ့ခေါင်းဆောင် နင်ကျိတောင်တို့က အဲဒီနေရာကို တစ်ပြိုင်နက်တည်း ရောက်လာခဲ့ကြတယ်...။ သူတို့နှစ်ယောက်လုံးက တံခါး (၉)ပေါက် ပွင့်နေပြီး ကျောက်တုံးကို လိုချင်နေခဲ့ကြတယ်လေ..”

“နောက်ဆုံးမှာတော့ ဂိုဏ်းတစ်ဂိုဏ်းဆီက တပည့် (၃) ယောက်ဆီ စေလွှတ်ပြီး တိုက်ခိုက်ခိုင်းမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်..။ အနိုင်ရသူက ထူးဆန်းတဲ့ကျောက်တုံးကို (၃) နှစ် ထိန်းသိမ်းပိုင်ခွင့်ရှိတယ်...”

“ပထမတော့ ချင်တောင်ဓားဂိုဏ်းက အသာစီးရခဲ့ပြီး အဲဒီမှော်ကျောက်တုံးကို ရသွားခဲ့တယ်..။ မှော်ကျောက်တုံးက သူတို့ကိုတော်တော်လေး အကူအညီပေးနိုင်ခဲ့တယ်..။ ဒါပေမယ့် သူတို့က မှော်ကျောက်တုံးရဲ့ အကျိုးကျေးဇူးတွေကို ပြည့်ပြည့်ဝဝ မရသေးခင် ဒုတိယပြိုင်ပွဲစခဲ့တယ်..”

“အဲဒီအချိန်မှာ ဟွာတျန်းကီရဲ့သား ဟွာလွန်က သူ့ရဲ့ကိစ္စတွေကို ကူညီပေးခဲ့တယ်လေ။ သူက ကျန်းရီကျောင်းမှာ သင်ကြားနေပေမဲ့ သူ့သားကို စွမ်းရည်ထိန်းသိမ်းခြင်းကျောင်းရဲ့ တပည့်တစ်ဝက်လို့လည်း သတ်မှတ်နိုင်တယ်... ။ ဒါကြောင့် သူ့သားက တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်လာတယ်...”

“အဲဒီအချိန်မှာ ဟွာလွန်က တံခါး (၂) ပေါက်ပဲ ပွင့်နေပေမဲ့ တံခါး (၄) ပေါက် ပွင့်နေတဲ့ ချင်တောင်ဓားဂိုဏ်းက တပည့် (၃) ယောက်လုံးကို အနိုင်ရခဲ့တယ်..။ နင်ကျိတောင်ကတော့ ဒေါသထွက်သွားတဲ့အတွက် တစ်ညတည်းနဲ့ ဆံပင်အားလုံး ဖြူသွားခဲ့တယ်... "

ရှန့်ကွမ်းဟန်က ဆက်ပြောလိုက်သည်။

သူတို့က စကားပြောနေရင်း ချင်းရှန်မြို့ပြင်သို့ သွားနေကြသည်။ သူတို့က ကျန်းရှန်တောင်ထိပ်ရှိရာကို ဦးတည်နေကြ၏။ သိုင်းလောကမှ လူပေါင်းများစွာကလည်း လမ်းတလျှောက်တွင် ရှိနေပြီး အများစုကတော့ တိုက်ပွဲကိုကြည့်ရန် ရောက်လာသူများ ဖြစ်ကြသည်။

သူတို့အများစုက ရှန့်ကွမ်းဟန်နှင့် သိသယောင် နှုတ်ဆက်နေကြ၏။ ရှန့်ကွမ်းဟန်က ပြုံးပြနေသော်လည်း စိတ်ဝင်စားခဲ့ခြင်း မရှိချေ။

မုန့်ချီက ထိုအခြေအနေနှင့် အသားကျလာပြီး သူ့ကို ထပ်မေးလိုက်သည်။

"ဒီတစ်ကြိမ် ဟွာလွန်ကရော တိုက်ခိုက်နိုင်မှာလား...။ မင်းတို့အားလုံးကိုကြည့်ရတာ ချင်တောင် ဓားဂိုဏ်းကို ပိုပြီးအလေးသာနေသလိုပဲ…"

မုန့်ချီကတော့ ကျန်းဝူဂိုဏ်း၏ လက်အောက်ခံဖြစ်သော ကျန်းရီကျောင်းအကြောင်းကို ပို၍စိတ်ဝင်စားသည်။

ဝူချင်းရှင်၏ မျက်လုံးများက တောက်ပလာပြီး သူမက တိုးတိုးလေး ပြောလိုက်၏။

"လွန်ခဲ့တဲ့ (၃) နှစ်မှာ ဟွမ်ယွင်က မျက်လုံးတံခါး မပွင့်သေးဘူး... ။ ဒါကြောင့် ဒီတိုက်ပွဲကို မပါဝင်နိုင်ခဲ့ဘူး..။ အခုတော့ သူက တံခါး (၆)ပေါက် ပွင့်နေပြီး သူ့ရဲ့ဓားသိုင်းပညာကလည်း တော်တော်လေး တိုးတက်နေတယ်... ။ သူ့ရဲ့ဓားသိုင်းပညာက ချင်တောင်ဓားသိုင်းတွေထဲမှာ အကောင်းဆုံးလို့ ပြောကြတယ်... ။ သူက တခြားလူတွေနဲ့လည်း တိုက်ခိုက်ခဲ့ဖူးတယ်... ။ သူက တောင်(၃)လုံး မြစ် (၄)သွယ်မှာရှိတဲ့ အဆင့်မြင့်ဆရာကြီးတွေကိုတောင် တိုက်ခိုက်ပြီး အနိုင်ယူနိုင်ခဲ့တယ်..။ သူ့ကိုတော့ တိမ်ပျံဓားလို့ ခေါ်ကြတယ်... ။ လုံနန်မှာရှိတဲ့ ကျန်းမိသားစုရဲ့လက်အောက်ခံဂိုဏ်းက သူ့ကို ထောက်ပံ့ပေးနေတယ်လို့လည်း ပြောကြတယ်လေ..။ သူက လူငယ်မှတ်တမ်းကို ဝင်နိုင်တယ်လို့တောင် သူတို့က ယုံကြည်နေကြတယ်...”

“ဟွာလွန်ကတော့ ခရီးသွားလာနေခဲ့ပေမယ့် ဘာမှမရခဲ့ဘူး..။ သူက တံခါး (၄)ပေါက်ပဲ ပွင့်သေးတယ်..။ သူက တခြားလူတွေနဲ့ရင်ဆိုင်ဖို့အတွက် မလုံလောက်သေးဘူး... ။ သူ့ရဲ့ဓားသိုင်းပညာကတော့ ပြောမနေနဲ့တော့... "

"အဲဒီလိုလား... "

မုန့်ချီက နားလည်သွားခဲ့သည်။ သူကတော့ ထိုပြိုင်ပွဲကိုကြည့်ရန် စိတ်အားထက်သန်နေခဲ့သည်။ သူက မတူညီသော အရာများကို စိတ်ဝင်စားနေသော လူတစ်ယောက် ဖြစ်သည်။

သိပ်မကြာခင်အတောအတွင်း သူက အလုပ်များနေသည့်အတွက် လူငယ်မှတ်တမ်းတွင် ရှိနေသော လူငယ်များနှင့် ယှဉ်ပြိုင်ရန် အခွင့်အရေး မရခဲ့ပေ။

"ကောင်းကင်ဆန်းကြယ်ကျောက်တုံးက ဘယ်လိုထူးခြားမှုတွေ လုပ်ပေးနိုင်လို့လဲ... "

ရှန့်ကွမ်းဟန်က စိတ်ဝင်တစား ပြန်ဖြေလိုက်သည်။

"လုံနန် ကျန်းမိသားစုရဲ့ လက်အောက်ခံဂိုဏ်းနဲ့ ကျန်းရီကျောင်းမှာရှိတဲ့ အကြီးအကဲတွေက အဲဒီကျောက်တုံးကို စစ်ဆေးကြည့်ခဲ့ကြတယ်..။ အဲဒီကျောက်တုံးထဲမှာ ရှေးဟောင်းအင်မော်တယ်တစ်ယောက်ရဲ့ သွေးစက်တွေ ရှိနေပြီး တချို့သိုင်းပညာတွေကို ပိုပြီးရှင်းရှင်းလင်းလင်း သင်ယူနိုင်တယ်လို့ သူတို့က ယုံကြည်နေကြတယ်... ။ အဲဒီကျောက်တုံးကို ကြည့်မယ်ဆိုရင် လူတိုင်းက မတူညီတဲ့အဓိပ္ပါယ်တွေကို နားလည်နိုင်ကြတယ်..”

“လွန်ခဲ့တဲ့ (၆) နှစ်အတွင်း ချင်တောင် ဓားဂိုဏ်းနဲ့ စွမ်းရည်ထိန်းသိမ်းခြင်းကျောင်းမှာ အဆင့်မြင့်ဓားပညာတွေ အများကြီး ထပ်တိုးလာခဲ့တယ်... ။ အဲဒီနောက် ဟွမ်ယွင်က သူ့ထက်ပိုပြီး အဆင့်မြင့်တဲ့သူတွေကို စိန်ခေါ်ရဲလာတယ်... "

"အဆင့်မြင့်သိုင်းပညာတွေလား..။ လုံနန် ကျန်းမိသားစုရဲ့ လက်အောက်ခံဂိုဏ်းနဲ့ ကျန်းရီကျောင်းက အဲဒါကို စိတ်မဝင်စားဘူးလား... "

မုန့်ချီက ရှုပ်ထွေးစွာ မေးလိုက်သည်။

"သူတို့ကလည်း သေချာပေါက် စိတ်ဝင်စားကြတယ်... ။ဒါပေမယ့် သိုင်းပညာတွေက တစ်ပိုင်းတစ်စတွေ ဖြစ်နေပြီး ရှင်းရှင်းလင်းလင်း မရှိဘူးလေ.။ ဒီတော့ အသုံးမဝင်ဘူး ။ သူတို့က မျက်နှာမပျက်ချင်တဲ့အတွက် အကြီးအကဲတွေကို စစ်ဆေးဖို့ပဲ ခိုင်းခဲ့တာ.။ သူတို့က သူတို့ရဲ့တပည့်တွေထဲက တစ်ယောက်ကို ပြိုင်ပွဲမှာ အနိုင်ရစေချင်တယ်..။ ဥပမာအနေနဲ့ ပြောရရင်တော့ ဟွမ်ယွင်ပေါ့..။ ကျန်းမိသားစု လက်အောက်ခံဂိုဏ်းမှာရှိတဲ့ အကြီးအကဲတွေက သူ့ကိုသေချာသင်ပေးထားတယ်လို့ ပြောကြတယ်... "

ရှန့်ကွမ်းဟန်က ဟွမ်ယွင်ကို အတော်လေး အားကျနေပုံရသည်။

ဝူချင်းရှင်က ဂိုဏ်းတူအစ်ကိုကြီးကိုကြည့်ပြီး လျင်မြန်စွာ ပြောလိုက်၏။

"သူ့မှာ ထူးချွန်တဲ့ ဆရာတစ်ယောက် ရှိနေပေမယ့် သူကိုယ်တိုင်လည်း ထူးချွန်တယ်လေ... ။ ကျန်းရီကျောင်းနဲ့ လုံနန် ကျန်းမိသားစုရဲ့ လက်အောက်ခံဂိုဏ်းက တိုက်ပွဲကိုကြည့်ဖို့ စိတ်မဝင်စားဘူးလို့ ကြားခဲ့တယ်... ။ သူတို့က အဲဒီကျောက်တုံးကိုပဲ လေ့လာချင်ခဲ့တာ..။ အဲဒီကျောက်တုံးက ဘယ်နေရာကနေ ရောက်လာလဲဆိုတာကို သူတို့က သိချင်နေခဲ့တာလေ..။ ဒါဆိုရင် သူတို့က အင်မော်တယ်ရဲ့အလောင်းကို ရှာဖွေနိုင်တဲ့အတွက် ပိုပြီးအသုံးဝင်နိုင်တယ်.."

မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး သူတို့နှစ်ယောက်နှင့်ဆက်၍ စကားပြောနေခဲ့သည်။ ထို့နောက် သူတို့က တောင်ပေါ်သို့ ရောက်လာပြီး စွမ်းအင်ထိန်းသိမ်းခြင်းကျောင်း၏ ရှေ့တွင် ရပ်လိုက်သည်။

စွမ်းရည်ထိန်းသိမ်းခြင်းကျောင်းကတော့ သိုင်းလောကသားများအတွက် စားသောက်ပွဲကြီးတစ်ခုကို ပြင်ဆင်ပေးထားသည်။ ခန်းမထဲတွင်လည်း လူများပြည့်ကျပ်နေခဲ့၏။

ရှန့်ကွမ်းဟန်က တောင်(၃)လုံး မြစ် (၄) သွယ်တွင် နာမည်ကျော်ကြားသော လူငယ်တစ်ယောက် ဖြစ်သည့်အတွက် လမ်းတလျှောက်တွင် လူပေါင်းများစွာက လာရောက်နှုတ်ဆက်ကြသည်။

ဝူချင်းရှင်ကလည်း စမ်းချောင်းခွဲခွာ ဓားဂိုဏ်းချုပ်၏ သမီး ဖြစ်သည်။ ထို့ကြောင့် လူပေါင်းများစွာက သူမကိုလာ၍ နှုတ်ဆက်ကြ၏။ သို့သော် မုန့်ချီကိုတော့ အစေခံတစ်ယောက်ဟုသာ သတ်မှတ်ထားကြသည်။

သူတို့က စားပွဲဝိုင်းကို သွားရန်ပင် မလွယ်ခဲ့ပေ။ သူတို့ထိုင်လိုက်သည့် အချိန်တွင်ပင် ဘေးစားပွဲ၌ ရှိနေသော သိုင်းပညာရှင်များက ရှန့်ကွမ်းဟန်နှင့် ဝူချင်းရှင်တို့ကို အပြုံးနှင့် လာရောက် မိတ်ဆက်နေကြသည်။ သူတို့က မုန့်ချီကိုလည်း ဝတ်ကျေတန်းကျေ နှုတ်ဆက်လိုက်ကြ၏။

"သူက သစ္စာဓားလေ..။ သူ့နာမည်က မုန့်ချီလို့ခေါ်တယ်.။ သူက အနောက်ပိုင်းကနေ ရောက်လာတာ... "

ရှန့်ကွမ်းဟန်က တခြားလူများကို မိတ်ဆက်ပေးလိုက်သည်။

သိုင်းပညာရှင်များက သူ့ကို ခေါင်းညိတ်ပြလိုက်ကြသော်လည်း ဂရုမစိုက်ကြဘဲ ရှန့်ကွမ်းဟန်တို့နှင့်သာ ဆက်၍ စကားပြောနေကြသည်။

မုန့်ချီကတော့ သူတို့နှင့် စကားမပြောချင်သည့်အတွက် စားစရာရှိသည့် အရာကိုသာ စားနေခဲ့၏။ ဝူချင်းရှင်က မုန့်ချီကို သူတို့နှင့် မိတ်ဆက်ပေးနေသော်လည်း သူကတော့ သူတို့၏အစွမ်းကိုသာ အလေးထားသည်။

တချို့က တံခါး (၄) ပေါက်ပွင့်နေပြီး တစ်ချို့က တံခါး (၂) ပေါက်သာ ပွင့်သေးသည်။ အများစုကတော့ ချီစုဆောင်းရေးအဆင့်သာ ရှိသေး၏။ ထိုအရာက သေခြင်းရှင်ခြင်း အခြေအနေမျိုးစုံကို ကြုံတွေ့ခဲ့ပြီးနောက် မုန့်ချီ၏ တုံ့ပြန်မှုသာ ဖြစ်သည်။

ထို့နောက် စွမ်းရည်ထိန်းသိမ်းခြင်းကျောင်းအုပ် ဟွာတျန်းကီက သူ့တပည့်နှင့်အတူ ထွက်လာခဲ့သည်။ သူ့ပုံစံက အသက် (၅၀)သာ ရှိသေးသော်လည်း အသက် (၆၀)အရွယ် အဘိုးအိုတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့သည်။ ဆံပင်များကလည်း စွတ်စွတ်ဖြူနေခဲ့၏။

"သူ့ပုံစံကိုကြည့်ရတာ ဝမ်းနည်းပြီး စိုးရိမ်နေသလိုပဲ ။ ဘာကြောင့်လဲမသိဘူး... "

မုန့်ချီက သူ့ကိုကြည့်ပြီး တွေးလိုက်မိလေသည်။

Translated by Hein Htet

All Chapters