← Chapters

မိစ္ဆာမချန်ထားခဲ့သည့် စာအုပ်

Vol. 2 Ch. 17

မိစ္ဆာမချန်ထားခဲ့သည့် စာအုပ်

Vol. 2 Ch. 17

သူမကို အကဲမဖြတ်နိုင်ပေ။ နောက်ပြီး သူပေါ်မသွားသည့်အတွက်လည်း စိတ်သက်သာရာရမိသည်။

သူသိချင်သွား၏။ ဘာလို့ သူ့ရဲ့ အကဲဖြတ်စွမ်းရည်က ကျရှုံးသွားရတာလဲ။ ဒါမျိုးအရင်က မဖြစ်ဘူးပေ။ သူမရဲ့ ကျင့်ကြံဆင့်က မြင့်လွန်းနေတာကြောင့်လား။ နောက်ကျရင် ထပ်စမ်းကြည့်ရမယ်။

"မင်းရဲ့ ကျင့်ကြံခြင်းကို တကယ်ဖုံးကွယ်ချင်နေပုံပဲ" ဟုန်ယွီယဲ့က ပြောသည်။

"ကျနော် အာရုံစိုက်မခံချင်လို့ပါ ခြံထဲက ပန်းက သာမန်မဟုတ်ဘူး ပြဿနာတွေရောက်လာနိုင်တယ် " သူ အမှန်တိုင်းပြောသည်။

သူ အဆင့်တက်ခြင်းက မြန်လွန်းသည်။ အထူးသဖြင့် ကောင်းကင်ဘုံရနံ့တာအိုပန်းကြောင့်ဖြစ်သည်။ သူသာ မဖုံးကွယ်ထားပါက အခြားသူများ၏ ပစ်မှတ်ဖြစ်လာနိုင်သည်။

ရွှေအမြုတေအဆင့်တွင် ရှိသူများနဲ့ ရင်ဆိုင်ရပါက သူသေဖို့သေချာသည်။

"ဒါဖြင့် ရော့" ဟုန်ယွီယဲ့က စားပွဲပေါ် စာအုပ်တအုပ်ပစ်တင်ပေးလိုက်သည်။" ပန်းသာ ကောင်းကောင်း အရွယ်မရောက်လာရင် အကျိုးဆက်တွေကိုသိတယ်မလား"

"ဟုတ်ကဲ့ စီနီယာ "

သူ စာအုပ်ကိုလှမ်းကြည့်လိုက်၏။ အဖုံးပေါ်တွင် မည်သည့်ခေါင်းစဥ်မှ မပါချေ။

ဟုန်ယွီယဲ့က လျှောက်ထွက်သွားသည်။ တံခါးနားရောက်သောအခါ ရပ်တန့်ပြီး သူ့ကို လှည့်ကြည့်၏။ သူမအကြည့်များက တည်ငြိမ်လွန်းရကား သူ့ကို ကြောက်ရွံ့မှုဖြစ်စေသည်။

"စီနီယာ အမိန့်ပေးချင်တာများကျန်သေးလား "ကျန်းဟောင်မေးသည်။ သူမက ကြောက်စရာကောင်းသောကြောင့် အကြည့်ချင်းမဆုံရဲပေ။

ဒါက သန်မာသည့် ကျင့်ကြံသူများ၏ အဆင့်ဖြစ်သည်။ အကြည့်တချက်နဲ့တင် ထိတ်လန့်ကြောက်ရွံ့စေနိုင်၏။

"ငါနဲ့ပတ်သတ်ပြီး"

"ကျနော်သေရမယ်ဆိုရင်တောင် စီနီယာနဲ့ပတ်သတ်ပြီး ဘာတစ်ခွန်းမှမဟပါဘူး" သူ ချက်ချင်းပြောလိုက်၏။

"မင်း မှတ်ထားရင်ကောင်းတယ်" ဟုန်ယွီယဲ့က ထွက်ခွာသွားသည်။ "ပန်းရဲ့ တိုးတက်မှုကို ငါ မကြာမကြာ လာစစ်ဆေးမယ် တခုခုမှားယွင်းရင် ငါ့ဒေါသကိုရင်ဆိုင်ရလိမ့်မယ်"

ကျန်းဟောင်က ဒီတိုင်းရပ်နေခဲ့သည်။ ဟုန်ယွီယဲ့ ထွက်သွားပြီဖြစ်၏။ သူမ သွားကြောင်း သေချာသည်အထိ သူ မလှုပ်ခဲ့ပေ။ ထို့နောက် သက်ပြင်းချလိုက်သည်။ သူမ အကြည့်က သူ့ကို အကြောသေသွားသလိုဖြစ်စေခဲ့သည်။

သို့သော် သူ့နှလုံးသားက အထိန်းအကွပ်မရှိ ခုန်နေခဲ့သည်။ သူမ ပြန်သွားတော့မှ တဖြည်းဖြည်းတည်ငြိမ်သွား၏။

ကျန်းဟောင် စာအုပ်ကိုကောက်ယူပြီး လှန်ကြည့်လိုက်သည်။ စွမ်းအင်၊ စိတ်ဝိညာဥ် ၊ ခန္ဓာကိုယ်နှင့် အသက်ရှူခြင်းတို့အကြောင်း အသေးစိတ်မိတ်ဆက်ထားခြင်းဖြစ်သည်။

လက်နဲ့ရေးထားပြီး လက်ရေးလက်သားက အလွန်လှသည်။ ကျန်းဟောင်က စာလုံးတိုင်းကို ဂရုတစိုက်ဖတ်သည်။ ဤစာအုပ်က အသက်ရှူခြင်း၊စွမ်းအင်လည်ပတ်ခြင်းတို့အား ထိန်းချုပ်ရန် ညွှန်ပြထားခြင်းပင်။ သူသာ နေ့တိုင်းလေ့ကျင့်သွားလျှင် ကျင့်ကြံခြင်းအား အပြည့်အဝဖုံးကွယ်နိုင်လိမ့်မည်။

အခြားသူများ၏ အသက်ရှူပုံ၊ စွမ်းအင်စီးဆင်းပုံတို့ကိုကြည့်ပြီး ခန့်မှန်းခြင်းပင်ပြုနိုင်သည်။ ဤစာအုပ်ကို ကျွမ်းကျင်သွားလျှင် အားထုတ်မှုတစ်ဝက်နှင့် ရလဒ်နှစ်ဆရပေမည်။

"ဒီစာအုပ်က သာမညကျင့်ကြံခြင်းနည်းစနစ်မဖြစ်နိုင်ဘူး ရတနာပဲ ကြည့်ရတာ ဒီအမျိုးသမီးက ကောင်းကင်ဘုံရနံ့တာအိုပန်းကိုရယူဖို့ ဆုံးဖြတ်ထားပုံပဲ"

ကောင်းကင်ဘုံရနံ့တာအိုပန်းကို အကြီးအကဲပိုင်ကျီ ပေးထားခြင်းဖြစ်သည်။ အစက သူမကို ထပ်မံတွေ့ဆုံပြီး ပန်းအား ပြန်လည်ယူဆောင်သွားရန် တောင်းဆိုချင်ခဲ့သည်။ အခုတော့ မသေချာတော့ပေ။

ဤပန်းကို လိုချင်နေသည့် အမျိုးသမီးက အလွန်အားကောင်းသောကြောင့် သူ မငြင်းနိုင်ပေ။ ကောင်းကင်ဘုံရနံ့တာအိုပန်း အရွယ်ရောက်ရန် ကြာမြင့်ပါစေ ဟုသာမျှော်လင့်မိသည်။ အကြီးအကဲပိုင်ကျီ အခြားနည်းလမ်းဖြင့် သိသွားလျှင်ကောင်းမည်။ သူလျှိုများက မလှုပ်ရှားသေးသောကြောင့် အကြီးအကဲပိုင်ကျီ လိုချင်သည်အား မသေချာဖြစ်နေသည်။

အစီအရင်မြေပုံကိုလည်း ယူကြည့်လိုက်သည်။ ၎င်းက လွယ်ကူပြီး ဝိညာဥ်ကျောက်တုံး ၁၀၀ သာကုန်ကျပေမည်။ ကံကောင်းစွာ သူ့တွင် ဝိညာဥ်ကျောက်တုံးအတွက် စိတ်ပူရမည့် အခြေအနေမျိုးမရှိတော့ပါချေ။ နောက်ထပ်တစ်လကျန်သေးသောကြောင့် သူ ပိုရနိုင်သေးသည်။

မွန်းတည့်ချိန်နီးနေသောကြောင့် ဆေးဥယျာဥ်အား အမြန်သွားလိုက်သည်။ လူအချို့တွေ့ရပေမဲ့လည်း သူက ကောင်းကင်ရွှင်ပျော်စံအိမ်ကို ဆန့်ကျင်ထားကြောင့် သ်ိထားသည်တွင် သူ့အား ရှောင်ကွင်းကြလေသည်။

သူနဲ့ ရင်းနှီးနေပါက ကောင်းကင်ရွှင်ပျော်စံအိမ်၏ စက်ကွင်းထဲ မလွတ်ကင်းမည်ကို စိုးရိမ်နေကြသည်။ ဤအခြေအနေက ကျန်းဟောင်ကို အသည်းကွဲကမ်းပါးက ကောင်းကင်ရွှင်ပျော်စံအိမ်လောက် လွှမ်းမိုးနိုင်စွမ်းမရှိသည်ကို နားလည်သွားစေသည်။

အခုချိန် သူ့ကို ချဥ်းကပ်လာသူက သစ္စာဖောက် သူလျှိုသာဖြစ်နိုင်သည်။

ငါးကြီးကတော့ ငါးစာဟပ်နေပြီ။ အကြီးအကဲပိုင်ကျီရဲ့ တုံ့ပြန်မှုက နောက်ကျမနေပါစေနဲ့လို့ မျှော်လင့်မိတယ်။

ဘယ်သူက ပိုသန်မာလဲဆိုတာ သူ မသိပေ။ အနီဝတ်အမျိုးသမီးက မြင်ဖူးသမျှထဲ အသန်မာဆုံးဖြစ်ကြောင်း သူသိသည်။ သို့သော် အကြီးအကဲပိုင်ကျီ၏ စွမ်းအားကို သူ မသိပေ။ သေချာသည်က နှစ်ယောက်လုံးမှာ သူ့ထက် ပိုသန်မာကြသောကြောင့် နှစ်ဖက်လုံးကို မဆန့်ကျင်နိုင်ပါချေ။

ကျန်းဟောင် အတွေးများကိုရုတ်သိမ်းပြီး ဆေးဥယျာဥ်အလုပ်များတွင် အာရုံစိုက်လိုက်သည်။ ပူဖောင်းများက သူနဲ့ ပေါင်းစည်းသွားကြသည်။

စိတ်ဝိညာဥ် +၁

ခွန်အား +၁

ခံနိုင်ရည် +၁

ဓားမြှောင် +၁

ကျင့်ကြံရေးနှင် အသက်သွေးကို မရခဲ့ပေမဲ့ ဂရုမစိုက်ချေ။ စာအုပ်ကိုဖတ်ပြီးနောက် ခွန်အားနှင့် စိတ်ဝိညာဥ်အပေါ် အာရုံခံစားနိုင်စွမ်းမြင့်လာသည်။ သူ့ခန္ဓာကိုယ်က တိုးတက်မှုကို ခံစားနိုင်လာ၏။ နောက်ရက်အနည်းငယ်အတွင်း အဆောင်များပြုလုပ်ရန် လောမနေပဲ စာအုပ်ကိုသာ ကျေညက်အောင် ဖတ်ရှုနေသည်။

ဤစာအုပ်အား အရင်ဆုံးနားလည်ရန် လုပ်ရမည်။ မဟုတ်ပါက ကျွမ်းကျင်သူနဲ့ဆုံသည့်အခါ သူ၏ ကျင့်ကြံဆင့်က ပေါ်သွားနိုင်သည်။ ကြည်လင်သန့်စင်နှလုံးသားကလည်း သူ့အား ဤစာအုပ်၏ ဗဟုသုတများကို နားလည်စေရာတွင် များစွာ အထောက်အကူဖြစ်လေသည်။

All Chapters