ဥပဒေခန်းမ၏ သံသယစာရင်း
Vol. 2 Ch. 20
လျှိုရှင်းချန်အား အိမ်ထဲတွင် နေရာပေးလိုက်သည်။ ကောင်းကင်ဘုံရနံ့တာအိုပန်းကို စူးစမ်းသည်အား မတွေ့ရခြင်းကြောင့် ကျန်းဟောင် ပဟေဠိဖြစ်မိသည်။ သူ ဟန်ဆောင်နေတာလား။
"ငါ ဘာလို့ရောက်လာရလဲဆိုတာသိလား" လျှိုရှင်းချန်က မေးသည်။
"အမ် ကောင်းကင်ရွှင်ပျော်စံအိမ်ကြောင့်မလား ကျနော်ပေးရမဲ့လျော်ကြေးအတွက် ပြည့်တော့မှာပါ "ကျန်းဟောင် ပြောသည်။
လျှိုရှင်းချန်က မြောင်ချမ်းကိစ္စနဲ့လာကြောင်း သိပေမဲ့ မသိချင်ယောင်ဆောင်ပြီး လက်ဖက်ရည်ငှဲ့ပေးလိုက်သည်။
"ဟုတ်တယ် ဒါပေမဲ့ အဲ့တာတင်မကသေးဘူး" လျှိုရှင်းချန်က လက်ဖက်ရည်သောက်ပြီးပြောသည်။ "ဂျူနီယာညီလေး ကောင်းကင်ရွှင်ပျော်စံအိမ်က မြောင်ချမ်းကိုသိလား"
"သိပါတယ် မနေ့က ကျနော့်ဆီက အဆောင်တွေဝယ်သွားတယ် ဝိညာဥ်ကျောက်တုံးမလောက်လို့ ဒီနေ့ပေးမယ်ပြောထားပါတယ်"
"မင်းသွားယူဖို့ စီစဥ်ထားလား" လျှိုရှင်းချန်က လက်ဖက်ရည်ခွက်ကိုချပြီး ကြည့်သည်။
ကျန်းဟောင် ခေါင်းယမ်းလိုက်၏။ "သူ တမင်လုပ်တယ်လို့ ထင်ပါတယ် သူ ကျနော့်ကိုပေးမှာမဟုတ်ဘူး ဒီနေ့ သွားရင် အဆောင်တွေကို ပိုက်ဆံမပေးပဲ ထပ်ယူဦးမှာပဲ သူ့ကို စောင့်ဖို့ ဒါမှမဟုတ် ကောင်းကင်ရွှင်ပျော်စံအိမ်ကို လိုက်ခဲ့ဖို့ပဲပြောမှာ"
"သူသေသွားပြီ" လျှိုရှင်းချန် ပြောသည်။
ကျန်းဟောင် အံ့သြသွားဟန်ပြုပြီး တိတ်ဆိတ်သွား၏။ အတန်ကြာမှ တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်၏။ "ကျနော်လုပ်တယ်လို့ သူတို့ထင်နေတာလား"
"ဟုတ်တယ်" လျှိုရှင်းချန် ခေါင်းညိတ်ပြီး " ငါဈေးကိုသွားပြီး မင်းဖြစ်ခဲ့တာတွေကိုကြားတယ် သူက မင်းကို ပြဿနာရှာသွားခဲ့တယ် ဒါပေမဲ့ မင်းရဲ့ခွန်အား၊ အထူးသဖြင့် အခင်းဖြစ်ပွားရာက သက်သေခံပစ္စည်းတွေကြောင့် မင်းလို့ပြောရင် ချဲ့ကားလွန်းရာကျတယ်"
"ဘာပစ္စည်းတွေလဲ " ကျန်းဟောင် မေးသည်။
"ဝိညာဥ်ဓားတွေ သုံးသွားတဲ့နည်းလမ်းက မင်းနဲ့တူတယ် လည်ပင်းကို ထိုးစိုက်ထားတယ်" လျှိုရှင်းချန်က ထိုသို့ပြောရင် သူ့အမူအရာကို အနီးကပ်အကဲခတ်နေသည်။
ဒါပေမဲ့ ဘာမှမတွေ့ရပေ။
တိတ်ဆိတ်သွားပြန်ပြီးမှ ကျန်းဟောင်ပြောသည်။" တစုံတယောက်က ကျနော့်ကို ချောက်ချချင်တာလား"
"ပြောရခက်တယ် ဒါပေမဲ့ သက်သေမရှိပဲနဲ့တော့ ကောင်းကင်ရွှင်ပျော်စံအိမ်က မင်းကို ဘာမှမလုပ်နိုင်ပါဘူး ဒါပေါ့ ဒါက အခြားတခုကို ဆိုလိုတာလည်း ဖြစ်နိုင်တယ် " လျှိုရှင်းချန်က လေးနက်သွားသည်။ "သက်သေမရှိပဲနဲ့လည်း ဂျူနီယာညီလေးရဲ့ အသက်က အာမမခံနိုင်ဘူး"
ကျန်းဟောင် ချွေးအေးများထွက်လာသည်။ သူက အခြားသူကို တိတ်တဆိတ်သတ်နိုင်ပါက အခြားသူကလည်း ဒီလိုလုပ်နိုင်လေသည်။
"အများကြီးတော့ စိတ်မပူပါနဲ့ ငါတို့က မိစ္ဆာဂိုဏ်းဖြစ်ပေမဲ့ စီမံခန့်ခွဲမှုမရှိတာမျိုးမဟုတ်ဘူး တပည့်ချင်း သတ်ဖြတ်မှုကို ခွင့်မပြုထားသလို သက်သေမရှိပဲ တစုံတယောက်ကို အရေးယူတာမျိုးလည်း မလုပ်ဘူး"
ကျန်းဟောင် စိတ်အေးသွား၏။ သူ၏ ကျင့်ကြံခြင်းကို ဖုံးကွယ်ထားနိုင်သောကြောင့်သာ အခုလို လုပ်ဆောင်နိုင်ခြင်းပင်။
"တပည့်သားချင်းသတ်ဖြတ်လို့ ပေးတဲ့အပြစ်ဒဏ်က ပြင်းထန်တယ်ဆိုတာသိပါတယ်" ကျန်းဟောင်ပြောသည်။
လျှိုရှင်းချန်က ခေါင်းညိတ်ပြီး "အပြစ်ဒဏ်က ဥပဒေမဲ့မျှော်စင်ထဲကို ဝင်ရတာပဲ ဂိုဏ်းရဲ့ ရက်စက်တဲ့ပြစ်ဒဏ်ပေါ့ ဝင်ပြီးရင် မျှော်စင်က ကျင့်ကြံခြင်းတွေအားလုံးကို စုပ်ယူသွားလိမ့်မယ် ကျင့်ကြံဆင့်မြင့်မားသူအချို့ပဲ အသက်ရှင်ဖို့ အခွင့်အရေးနည်းနည်းရှိတယ် ရွှေအမြုတေအဆင့် ကျင့်ကြံသူသာဝင်သွားပြီး ပြန်ထွက်လာရင် မင်းထက်တောင် အားနည်းနေလိမ့်မယ် ဒါက သေတာထက် ဘာကောင်းနိုင်စရာရှိသလဲ အဆင့်အတန်းက နိမ့်ပါးလာပြီး အနိုင်ကျင့်ခံရမယ် ဂိုဏ်းကထွက်သွားရင်လည်း အသတ်ခံရမှာပဲ"
"အသက်သွေးသန့်စင်ခြင်းအဆင့်ဆိုရင်ရော" ကျန်းဟောင် မေးသည်။
"ဒါဆိုရင်တော့ အားလုံးသိမ်းဆည်းခံရပြီး မိုင်းတွင်းထဲ ပစ်ချခံရမယ် သေတာရှင်တာက ကိုယ့်ကံပဲ"
ကျန်းဟောင် ခေါင်းညိတ်သည်။ တချို့အရာများကိုကြားဖူးပေမဲ့ အသေးစိတ်မသိပေ။ အခုလိုကြားရမှသာ မည်မျှအန္တရာယ်များကြောင်း သိရသည်။ သူ အပြင်ကိုထွက်လျှင် သေနိုင်သည်။ ဂိုဏ်းထဲမှာတော့ သူ့ကို အကွက်ချလာမည်ကို သတိကြီးကြီးထားရန်လိုသည်။
"ဂျူနီယာညီလေး မင်းဂရုစိုက်နေသရွေ့ ဂိုဏ်းထဲမှာ အန္တရာယ်ရှိမှာမဟုတ်ဘူး" လျှိုရှင်းချန် ပြောသည်။ "မင်းရဲ့ နာမည်က သံသယစာရင်းထဲမှာပါနေတယ် ဥပဒေခန်းမက အမှန်တရားကို အစွမ်းကုန်ထုတ်ဖော်ရမှာပဲ ဘယ်သူလုပ်သည်ဖြစ်စေ အဲ့အတွက် အပြစ်ဒဏ်ကျခံရမယ် မဟုတ်ရင် ဥပဒေခန်းမရဲ့ ရပ်တည်ချက်ကို ထိခိုက်လာနိုင်တယ် "
"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို" ကျန်းဟောင် ပြောသည်။
"ဂျူနီယာညီလေးက အားနာလွန်းနေပြီ တကယ်ဆို ယွင်ရိုကိစ္စသာမရှိရင် ဂျူနီယာညီလေးက ဒီလောက်ထိ အန္တရာယ်များနေမှာမဟုတ်ဘူး စကားမစပ် လျော်ကြေးပေးချိန်က နီးနေပြီနော် အခြေအနေဘယ်လိုလဲ "
"ပြဿနာမရှိပါဘူး"
"ကောင်းတယ် မင်း ယုံတယ်ဆိုရင် ဥပဒေခန်းမကိုလာပြီး ငါ့ကိုပေးပေါ့ ငါက ကောင်းကင်ရွှင်ပျော်စံအိမ်ကို လက်လွှဲပေးလိုက်မယ်" လျှိုရှင်းချန် ပြောသည်။
စကားအချို့ပြောပြီးနောက် ဤကာလအတွင်း သူ အရမ်းဒုက္ခမရောက်ရခြင်းမှာ အသည်းကွဲကမ်းပါး၏ ကြည့်ရှုမှုကြောင့်ဖြစ်ကြောင်း နားလည်ခဲ့သည်။ သို့သော် ဤအခြေအနေမှ ထွက်နိုင်ရန်မူ ကိုယ့်ကိုကိုယ်သာ အားကိုးရပေမည်။ ဒီ့အတွက် အခွင့်အရေးကို စောင့်ရမည်။
ကျန်းဟောင်က လျှိုရှင်းချန်ကို တံခါးဝဆီလိုက်ပို့ပြီး သိချင်နေသည့် အကြောင်းအရာကို မေးကြည့်သည်။ "တယောက်ယောက်က ကျနော့်ကို ဒုက္ခပေးဖို့လုပ်ပြီး အဲ့လူက ရှားပါးတဲ့ပါရမီရှင်ဖြစ်ခဲ့ရင်ရော အပြစ်ဒဏ်က အတူတူပဲလား"
လျှိုရှင်းချန်က ပြုံးသည်။ "ဒါကတော့ ဂျူနီယာညီလေး သေမသေဆိုတာပေါ် မူတည်တယ် သေသွားခဲ့ရင် သူက ငါတို့ ခန်းမသခင်နဲ့ စကားပြောရလိမ့်မယ် ဒါမျိုး အရင်က ဖြစ်ဖူးတယ် အဲဒီတုန်းက ခန်းမသခင်ပြောခဲ့တာက နစ်နာသူက ဘယ်လောက်ပဲ အရည်အချင်းရှိပါစေ ဒီလိုမျိုး ပါရမီရှင်တစ်ယောက် ရှိနိုင်ပါ့မလားတဲ့ ဒါက ဥပဒေခန်းမရဲ့ အခြေခံကို လှုပ်ခတ်စေခဲ့တယ်"
လျှိုရှင်းချန် ထွက်သွားသောအခါ သူ သက်ပြင်းချသည်။ ခန်းမသခင်၏ လုပ်ဆောင်ချက်ကိုကြားရသောအခါ သူ့အတွက် စိုးရိမ်သွားမိသည်။
...
ပန်းတစ်ရာရေကန်
ဟုန်ယွီယဲ့က မျက်မှောင်ကြုတ်နေပြီး အနားက ပိုင်ကျီမှာ အသက်ပင်မရှူရဲအောင် ထိတ်လန့်နေလေသည်။
"ပြီးခဲ့တဲ့ တိုးတက်မှုတွေကို တင်ပြချေ " သူမက အမူအရာကင်းမဲ့စွာပြောသည်။
ပြီ"