ပါရမီရှင်တပည့်
Vol. 2 Ch. 22
လျှိုရှင်းချန်၏ စကားကို ကျန်းဟောင် နားလည်သည်။ တာဝန်အများစုက အဖွဲ့နဲ့ဖြစ်ရာ သူ မငြင်းနိုင်ပေ။ ထိုသို့အခြေအနေတွင် တစုံတယောက်က သူ့ကို အခွင့်အရေးယူလာနိုင်သည်။
သူသာ ကောင်းကင်ရွှင်ပျော်စံအိမ်က လူနဲ့ဆုံခဲ့လျှင် ထိုသို့ဖြစ်ရန် ရာခိုင်နှုန်းများသည်။ သူ့ကိုယ်သူကာကွယ်ချင်ပါက ဒီထက်ပိုပြီး သန်မာရပေမည်။
အမည် ကျန်းဟောင်
အသက် ၁၉
ကျင့်ကြံခြင်းအဆင့် အလယ်အလတ် အခြေခံတည်ဆောက်ခြင်းအဆင့်
ကျင့်စဥ်နည်းလမ်း ကောင်းကင်တေးသံတစ်ရာလှည့်ခြင်း၊ ဟုန်မုန့်နှလုံးသားဆုဒြာ
နတ်စွမ်းရည် ကိုးလှည့်သေခြင်းအစားထိုး (ထူးခြား)၊ အကဲဖြတ်ခြင်း၊ ကြည်လင်သန့်စင်နှလုံးသား
အသက်သွေး ၄၉/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)
ကျင့်ကြံရေး ၅၀/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)
နတ်စွမ်းရည် ၀/၃ (မရနိုင်)
"လမ်းတဝက်မှာပဲရှိသေးတယ် အဆင့်တက်ဖို့လိုနေသေးပါလား " ကျန်းဟောင် စဥ်းစားသည်။ "ဆေးပင်မျိုးစေ့တွေ များများစိုက်ဖို့လိုမယ် ဒါမှ ပူဖောင်းများများရမှာ"
ကောင်းကင်ဘုံရနံ့တာအိုပန်းကိုစိုက်ပြီးကတည်းက သူ၏ ကျင့်ကြံခြင်းမှာ မြန်ဆန်လာခဲ့သည်။ အန္တရာယ်ကလည်း လိုက်ပါတိုးတက်လာသော်လည်း ကောင်းသည့်အရာများစွာ ရခဲ့သည်။ ဘာပဲဖြစ်ဖြစ် ပြဿနာတက်ရကျိုးနပ်သည်ဟု ခံစားရသည်။။
ဟုန်မုန့်နှလုံးသားဆုဒြာ ၊ ဖုံးကွယ်ခြင်းကျင့်စဥ်၊ ကောင်းကင်တိုက်ပွဲချပ်ဝတ်၊ နေ့စဥ်ရနေသည့် အပြာရောင်ပူဖောင်းများ
သိပ်မဆိုးလှချေ။ သို့သော်လည်း အကြီးအကဲပိုင်ကျီ၊ ဟိုအမျိုးသမီးတို့ကို ဆန့်ကျင့်မိပါက လွတ်မြောက်ရန်နည်းလမ်းမရှိကြောင်း သိလေသည်။
"စကားမစပ် စီနီယာအစ်ကို တာဝန်တွေက ဘယ်တော့စမှာလဲ "ကျန်းဟောင် မေးသည်။
"သာမန်ဆိုရင်တော့ ဒါမျိုးပြောရလို့မရပေမဲ့ ဂျူနီယာညီလေးက ခက်ခဲနေတာဆိုတော့ ချွင်းချက်ထားပေးလိုက်မယ်" လျှိုရှင်းချန်က ပြောသည်။" အနည်းဆုံး နှစ်လ၊ ဒါမှမဟုတ် သုံးလဝန်းကျင်ပဲ"
"မင်းအတွက် နည်းလမ်းနှစ်မျိုးရှိမယ် တခုက ကောင်းကင်ရွှင်ပျော်စံအိမ်သခင်ရဲ့ ကျင့်ကြံနည်းအတွက် နောက်ထပ် ခန္ဓာကိုယ်တခုရတဲ့အထိ ပုန်းနေဖို့ပဲ အချိန်တချို့ကြာရင်တော့ သူတို့ မင်းကိုမေ့သွားမှာပါ"
"နောက်တခုက မင်းရဲ့တန်ဖိုးကိုမြှင့်တင်ပြီး အသည်းကွဲကမ်းပါးသခင်က ဘယ်နည်းနဲ့မဆို ကာကွယ်ပေးအောင်လုပ်ဖို့ပဲ ဒီလိုဖြစ်လာခဲ့ရင် ကောင်းကင်ရွှင်ပျော်စံအိမ်သခင်လည်း ရွေးချယ်စရာမရှိပဲ ဘာမဟုတ်တဲ့ကိစ္စလေးအဖြစ် သဘောထားပေးလိမ့်မယ် "
"ဒါပေမဲ့ ဒုတိယနည်းလမ်းက နည်းနည်းခက်တယ် အသည်းကွဲကမ်းပါးက မကြာသေးခင်ကမှ ထူးချွန်တဲ့တပည့်တဦး လက်ခံထားတယ် မင်း အဲဒ့ါကိုသိလား"
ကျန်းဟောင် ခေါင်းယမ်းသည်။ သူ့တွင် လုံးဝအကြံမရှိပေ။ နည်းလမ်းနှစ်ခုလုံးက မလွယ်ပေ။ သူ့ရဲ့တန်ဖိုးကိုလည်း လူတိုင်းကိုထုတ်ပြရန် ရည်ရွယ်ချက်မရှိပေ။ အထူးသဖြင့် ယခုလိုအခြေအနေတွင် သူ့အဆင့်အမှန်ကို ပြသလိုက်ပါက ပိုမသင်္ကာစရာကောင်းပေမည်။
အသည်းကွဲကမ်းပါးက တပည့်သစ်လက်ခံသည်ကိုမူ လုံးဝဂရုမစိုက်ချေ။ သူ အမြဲတမ်းလုပ်ခဲ့သလို လုပ်ဆောင်နေဖို့သာလိုသည်။
တာဝန်တွင် အဖွဲ့ခေါင်းဆောင်၏ ကျင့်ကြံခြင်းအဆင့်ကို မေးခဲ့သည်။ လျှိုရှင်းချန်၏စကားအရ အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်းပိုင်းဖြစ်နိုင်သည်။ မထင်မှတ်ထားသည်မျိုးဖြစ်လာပါက ခေါင်းဆောင်မှာ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ပြီးစီးထားနိုင်သည်။
ကျန်းဟောင် တွေးလိုက်၏။ သူသာ ပိုကြိုးစားမည်ဆိုလျှင် အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်းပိုင်းကိုရောက်နိုင်သော်လည်း ပြီးစီးရန်မူ မဖြစ်နိုင်ပေ။
သူ နည်းလမ်းတခုစဥ်းစားရမည်။
အနည်းငယ်စကားပြောပြီးနောက် လျှိုရှင်းချန် ထွက်သွားသည်။ ကောင်းကင်ရွှင်ပျော်စံအိမ်က သူ့ကို လုံးဝလွှတ်ပေးလိုက်သည့်နေ့တွင် သံသယစာရင်းမှလည်း နာမည်ဖယ်ခံရမည်ဖြစ်ကြောင်း ပြောခဲ့သည်။
ကျန်းဟောင် သက်ပြင်းချလိုက်၏။ လျှိုရှင်းချန်က သူ့ကို ကြင်နာနေသည်။ ဒါက ကောင်းကင်ဘုံရနံ့တာအိုပန်း၏ ကျေးဇူးမကင်းပေ။
ကောင်းကင်ရွှင်ပျော်စံအိမ်ကြောင့် အတိတ်က သူနဲ့ ရင်းနှီးသူများကို မဆက်သွယ်နိုင်ပေ။ သူက သစ္စာဖောက်များအတွက် ငါးစာဖြစ်နေဆဲပင်။ ဤကမ္ဘာရှိလူတိုင်းက တယောက်ကိုတယောက် အသုံးချနေကြသည်။
နှစ်လ၊ ရက်ခြောက်ဆယ်၊ ဆေးပင်မျိုးစေ့တွေဝယ်ဖို့ ဝိညာဥ်ကျောက်တုံးတွေ ပိုရမှဖြစ်မယ်။
လက်ရှိတွင် သူ စဥ်းစားနိုင်သမျှ အကောင်းဆုံးအကြံဖြစ်သည်။ လျော်ကြေးပေးပြီးနောက် ဝိညာဥ်ကျောက်တုံး များများစားစား မကျန်တော့ပေ။ ၉၀ သာကျန်သည်။ အဆောင်ပစ္စည်းများဝယ်ပြီးနောက် ကျန်သည့် ဝိညာဥ်ကျောက်တုံးများနှင့် မျိုးစေ့မည်မျှဝယ်နိုင်မည်ကို မသိပါချေ။
နောက်တစ်ရက်
ဆေးဥယျာဥ်ကိုသွားသောအခါ ဝင်ပေါက်၌ လူငယ်တဦးနဲ့တွေ့သည်။ ၎င်းက သူ့ထက်ပင် ငယ်ပုံရသည်။
သူက သားသားနားနားဝတ်ဆင်ထားပြီး မျက်နှာထက် ကလေးဆန်မှုအနည်းငယ်ရှိသည်။ သူ့ဘေးတွင် သက်လတ်ပိုင်းလူတဦးပါလာသည်။ သူတို့က အလေးအနက် စကားပြောနေကြပြီး လူငယ်က ခေါင်းတညိတ်ညိတ်ရှိနေသည်။
သက်လတ်ပိုင်းလူမှာ ခူဝူကန်းဖြစ်သည်။ ကျန်းဟောင်က သူတို့ကို မနှောင့်ယှက်ချင်သော်လည်း လူငယ်က သူ့ကိုမြင်သွားသည်။ ဒါကြောင့် ကျန်းဟောင်က သူတို့ဆီ လျှောက်သွားပြီး ကမ်းပါးသခင်အား အရိုအသေပေးသည်။
"နှုတ်ဆက်ပါတယ် ဆရာ"
ခူဝူကန်းက သူ့ကိုကြည့်ပြီး တခဏမျှစဥ်းစားဟန်ပြုသည်။" မင်းရောက်လာတာ အချိန်ကိုက်ပဲ ဒီဂျူနီယာညီလေးကို ဆေးဥယျာဥ်နဲ့ ရင်းနှီးသွားအောင် လိုက်ပြပေးပါလား သူက အသစ်ဆိုတော့ ဘာမှမသိသေးဘူး"
"ရပါတယ်" ကျန်းဟောင် ရိုသေစွာပြောသည်။ သူက ဆေးဥယျာဥ်ရှိ အရာအားလုံးကို လက်တွေ့ကျကျ စီမံခန့်ခွဲခဲ့သူဖြစ်သည်။ ကောင်းကင်ရွှင်ပျော်စံအိမ်တွင် ကျန်းဟောင် အကြွေးတင်နေသည့် ဝိညာဥ်ကျောက်တုံးများအတွက် ကမ်းပါးသခင်တွေးမတွေးကို ဂရုမစိုက်ပေ။ သူက အသက်ရှင်ရန် ကြိုးကြိုးစားစားနေထိုင်နေသူဖြစ်၏။ အခြားသူများထံမှ မျှော်လင့်ချက်တစုံတရာမထားရှိပါချေ။
မိစ္ဆာဂိုဏ်းတွင် အခုထိ အသက်နဲ့ကိုယ် အိုးစားမြဲနေသည်မှာ ကံကောင်းလှပြီဖြစ်၏။
"ဟယ်လို" ကျန်းဟောင်က လူငယ်ကို နှုတ်ဆက်လိုက်သည်။ ခူဝူကန်းမှာ ပြန်သွား၏။ "ငါက ကျန်းဟောင်ပါ လက်ရှိ ဆေးဥယျာဥ်ကို ယာယီစီမံနေသူပါ"
လူငယ်က လျှိုရှင်းချန်ပြောသည့် ပါရမီရှင်မှန်း သူသိလိုက်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်းရှိ အသက် ၁၈ နှစ်အရွယ်ဖြစ်သည်။ သူ၏ အသက်အရ အတော်ပါရမီရှိသည်ဟုဆိုရပေမည်။