← Chapters

သူက ငါ့ကိုကျော်ချင်တာလား

Vol. 2 Ch. 23

သူက ငါ့ကိုကျော်ချင်တာလား

Vol. 2 Ch. 23

ယွင်ရိုနဲ့ ဆုံပြီးကတည်းက လူများကို သူ အကဲဖြတ်လေ့ရှိသည်။ အထူးသဖြင့် နေရာတိုင်းတွင် သူလျှိုများရှိနေသည့် အချိန်တွင်ဖြစ်၏။။

[ဟန်မင်၊ ကောင်းကင်ရှင်းလင်းဂိုဏ်း အသည်းကွဲကမ်းပါး၏ အစစ်အမှန်တပည့်၊ ထိပ်တန်းပါရမီရှိသည်၊ အသက် ၁၈ နှစ် အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်းဖြစ်သည်၊ တောင်တန်းနှင့် မြစ်စိတ်ဝိညာဥ်များ၏ နှစ်သက်ခြင်းခံထားရသည်]

"အစစ်အမှန်တပည့်လား သူ့အဆင့်အတန်းက ငါ့ထက်မြင့်တာပဲ" ကျန်းဟောင် သက်ပြင်းချသည်။

ကံကောင်းစွာ အစစ်အမှန်တပည့်များအား စီနီယာအစ်ကိုဟုခေါ်ရမည့် စည်းမျဥ်းမျိုးမရှိခြင်းပင်။ မဟုတ်ပါက အတော် ကိုးရိုးကားရားနိုင်ပေမည်။ ဂိုဏ်းက ထိပ်ဆုံးတပည့် ဆယ်ဦးအတွက် ပြိုင်ပွဲဝင်အဖြစ် လက်ခံခဲ့ပုံရသည်။

ဟန်မင်က မည်မျှပါရမီရှိနေပါစေ ကျန်းဟောင် ဂရုမစိုက်ပေ။ ၎င်း သူလျှိုမဟုတ်သရွေ့ အဆင်ပြေသည်။ သူလျှိုများတွင် ရည်ရွယ်ချက်များရှိပြီး ရင်ဆိုင်ရခက်သည်။ ၎င်းတို့နဲ့ တွေ့ဆုံရာတွင် တန်ပြန်သက်ရောက်မှုလည်း ရှိသည်။ ထို့ကြောင့် သူ ပိုသန်မာရမည်။

"စီနီယာအစ်ကိုကျန်း ကျနော်က ဟန်မင်ပါ" ဟန်မင်က ယဥ်ကျေးစွာပြောသည်။" စီနီယာအစ်ကိုက ၁၉ နှစ်ရှိပြီလို့ကြားတယ်"

"ဟုတ်တယ်" ကျန်းဟောင် ခေါင်းညိတ်သည်။

"တစ်နေ့ကျရင် စီနီယာအစ်ကိုကို ကျော်ဖြတ်နိုင်အောင် ကြိုးစားမယ် "သူက ပြောသည်။

"မင်းလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ် "ကျန်းဟောင် ပြုံးသည်။" ငါ လိုက်ပြပေးမယ် ဒါပေမဲ့ အလေးအနက်ကြီးထားစရာမလိုပါဘူး မင်းရဲ့ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပါ "

အစစ်အမှန်တပည့်ဖြစ်သောကြောင့် ဤနေရာကိုလာရန် မလိုပေ။ အချိန်ဖြုန်းရုံသက်သက်သာဖြစ်မည်။ ကမ်းပါးသခင်က ပတ်ဝန်းကျင်နဲ့ ရင်းနှီးစေရန်သာ ခေါ်လာခဲ့ပုံပေါ်သည်။

"ကျေးဇူးပါ စီနီယာအစ်ကို" ဟန်မင်က တောက်ပစွာပြုံး၏။

ကျန်းဟောင်မှာ ဆေးဥယျာဥ်အနှံ့လိုက်ပြပြီး ဆေးပင်များအကြောင်း ရှင်းလင်းပြောပြသည်။

"စီနီယာအစ်ကိုက ဒီနေရာကို တယောက်တည်းစီမံနေတာလား ဒါက အချိန်မကုန်လွန်းဘူးလား "ဟန်မင်က မေးသည်။

"အဆင်ပြေပါတယ် ငါလည်း သဘောကျတယ်လေ"

ဟန်မင်က သဘောတူချင်ဟန်မရပေ။" ဒီနေရာမှာ အချိန်ကုန်တာ အလကားပဲလို့ခံစားရတယ် အထူးသဖြင့် ကျင့်ကြံခြင်းမှာပေါ့ ကျနော်က ထိပ်ဆုံးတပည့်ဆယ်ဦးထဲ ပါချင်တာ"

ကျန်းဟောင် ပြုံးပြီး "ဒါဖြင့် ရည်ရွယ်ချက် မြန်မြန်အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်မယ်"

"ကျနော် စီနီယာအစ်ကိုကို ကျော်တက်နိုင်ဖို့ အချိန်ဘယ်လောက်ကြာမယ်ထင်လဲ" သူက မေးသည်။

"နှစ်အနည်းငယ်လောက်လား"

သာမန်အခြေအနေတွင် နှစ်အနည်းငယ်လိုမည်ဖြစ်သော်လည်း အခွင့်အလမ်းနှင့်ကြုံခဲ့ပါက မြန်မြန်ဆန်ဆန် တိုးတက်နိုင်သည်။

ဟန်မင် ပြန်တော့မည်ဆိုသောအခါ သူလိုက်ပို့လိုက်သည်။ အခြားသူများက ပူဖောင်းမရနိုင်သောကြောင့် ဆေးဥယျာဥ်ကို သဘောကျကြမည်မဟုတ်ပေ။ ကျန်းဟောင် အတွက်မူ ကွာခြားသည့်အရာဖြစ်သည်။

ဖုံးကွယ်ထိန်းချုပ်ခြင်းနည်းလမ်းကို သင်ယူပြီးနောက် နေ့တိုင်း တိုးတက်မှုခံစားရသည်။

သူက အခြေခံတည်ဆောက်ခြင်းအဆင့်ကို အသက် ၁၉ နဲ့ရောက်တယ်ဆိုလို့ ငါ့ကို လာကြည့်တာပဲ သူ့အတွက် ပြဿနာမရှိဘူးလို့ ယုံကြည်သွားပုံရတယ်။ နောက်လအနည်းငယ်ဆိုရင် သူလည်း စိတ်ထဲမှာမရှိတော့ပဲ မေ့သွားလိမ့်မယ်။

ကျန်းဟောင်က အချိန်ဇယားအတိုင်း ဆေးဥယျာဥ်အား ဂရုစိုက်သည်။ နေ့ခင်းတွင် ဈေးသွားပြီး အဆောင်ရောင်းသည်။ ထို့နောက် အိမ်ပြန်လာပြီး အဆောင်ဖန်တီးသည်။ ညတွင် လျှို့ဝှက်ကျင့်စဥ်အား ပိုမိုနားလည်အောင် လေ့လာသည်။

နောက်တစ်ရက်

ခြံထဲမှ ထုံးစံအတိုင်း ပူဖောင်းနှစ်ခုရသည်။

ကျင့်ကြံရေး +၁

ကျင့်ကြံရေး +၁

ထို့နောက် ဆေးဥယျာဥ်ကိုသွားပြီး ပူဖောင်းများစုဆောင်းသည်။

စိတ်ဝိညာဥ် +၁

စိတ်ဝိညာဥ် +၁

ခွန်အား +၁

အသက်သွေး +၁

နေ့ခင်းတွင် အဆောင်များရောင်းပြန်သည်။ အခု သူ့တွင် ဝိညာဥ်ကျောက်တုံး ၁၃၅ တုံးရှိထားသည်။ ၎င်းတို့ဖြင့် မျိုးစေ့ဝယ်ရန် စဥ်းစားထားသည်။ သို့သော် မည်သည့်မျိုးစေ့ဝယ်ရမည်ကိုကား မဆုံးဖြတ်ရသေး။

ဝိညာဥ်ကျောက်တုံးများလုံလောက်နေပြီဖြစ်သောကြောင့် ယမန်နေ့ကတည်းက သွားနိုင်သော်လည်း မသွားခဲ့ပေ။ သူ၏ အကဲဖြတ်စွမ်းရည်ကို သုံးထားပြီးသောကြောင့်ပင်။ သူဝယ်မည့် မျိုးစေ့အား အကဲဖြတ်ရမှ ကျေနပ်နိုင်ပေမည်။

မျိုးစေ့ဝယ်ရမည့်နေရာက နှင်းကြာပန်းစံအိမ်ဖြစ်သည်။ ဂိုဏ်း၏ အကြီးဆုံး စိတ်ဝိညာဥ်ဆေးဝါးအရောင်းဆိုင်ဖြစ်သည်။ အမျိုးမျိုးသောဆေးဝါး၊ ဆေးပင်နှင့် မျိုးစေ့များကို ရောင်းသည်။

"မျိုးစေ့ဝယ်ချင်တာလား ဘယ်လို ဆေးပင်မျိုးစေ့မျိုး ဝယ်ချင်တာပါလဲ စီနီယာအစ်ကို "လမ်းညွှန်မိန်းကလေးက မေးလာသည်။

"သိပ်တော့မသေချာဘူး "

မိန်းကလေးက ခေါင်းညိတ်သည်။" စီနီယာအစ်ကို ဘယ်လောက်သုံးမယ်မှန်းထားပါလဲ"

"ဝိညာဥ်ကျောက်တုံးတစ်ရာလောက်" ကျန်းဟောင် ပြောသည်။

"တစ်ရာလား ဒါဆိုရင် မျိုးစေ့ကောင်းကောင်း ရနိုင်ပါတယ် ကျေးဇူးပြုပြီး ဝင်ခဲ့ပါ "

မိန်းကလေးက သူ့ကို မျိုးစေ့များသိမ်းထားရာ အခန်းတခုသို့ခေါ်သွားသည်။ မျိုးစေ့တခုအတွက် ဝိညာဥ်ကျောက်တုံး ၁၀၀ သုံးတာ သိပ်မထူးဆန်းပါချေ။ အထူးသဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့်တွင် ရှိနေသူများအတွက်ဖြစ်သည်။

မိန်းကလေးက ဖန်ဘူးတခုထဲ ငြိမ်သက်စွာရှိနေသည့် မျိုးစေ့တခုအား ပြသလာသည်။

"ဒါက နှင်းကြာပန်းမျိုးစေ့ပါ ဒဏ်ရာကိုကုသပေးပြီး ကျင့်ကြံခြင်းကိုမြန်ဆန်စေတဲ့ အဆင့်မြင့်ဆေးပင်ပဲ အေးတဲ့နေရာ နှင်းကျတဲ့နေရာမှာ စိုက်ပျိုးရင်အကောင်းဆုံးဆိုပေမဲ့ အခြားနေရာတွေမှာလည်း စိုက်ပျိုးနိုင်ပါတယ် ကြီးထွားနှုန်းကတော့ နှေးသွားလိမ့်မယ် တန်ကြေးက ဝိညာဥ်ကျောက်တုံး ၉၉ တုံးပါ စီနီယာအစ်ကိုရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီရဲ့လား "

ကျန်းဟောင်က အကဲဖြတ်စွမ်းရည်ကို အသက်သွင်းလိုက်သည်။ ၎င်းကို အကဲဖြတ်ပြီးပါက ပိုမိုယုံကြည်မှုရှိလာပေမည်။

All Chapters