← Chapters

ဟန်မင်၏ စိန်ခေါ်မှု

Vol. 2 Ch. 24

ဟန်မင်၏ စိန်ခေါ်မှု

Vol. 2 Ch. 24

[နှင်းကြာပန်းအစေ့၊ အဆင့်မြင့် ကုသဆေးအဖြစ် ကြီးထွားနိုင်သည်၊ ကိုယ်ပေါ်တွင် အက်ရာရှိပါက စိုက်ပျိုးရန်ခက်သည်၊ အလွန်အေးသောနေရာတွင် စိုက်ပျိုးပါမူ စိုးရိမ်စရာမရှိပေ၊ မဟုတ်ပါက ဝိညာဥ်ကျောက်တုံး ၁၆ တုံးဝန်းရံ၍ စိုက်ပျိုးပြီး သုံးရက်တစ်ကြိမ် ရေလောင်းပါ]

"ငါ ကြည့်လို့ရမလား" ကျန်းဟောင် မေးသည်။

"ဒါပေါ့ "သူမပြောသည်။

မျိုးစေ့အား လက်ထဲထည့်ပြီး သေချာကြည့်သည်။ အခြေ၌ သေးငယ်သည့် အက်ရာကိုတွေ့သောအခါ မိန်းကလေးအား ပြလိုက်သည်။

"စီနီယာအစ်ကိုက အမြင်စူးရှတာပဲ အက်ရာပါနေတော့ တစ်ဝက်ဈေး ဝိညာဥ်ကျောက်တုံး ၅၀ နဲ့ပဲပေးလိုက်ပါမယ်" သူမက ပြုံး၍ပြောသည်။

"ဉာဏ်များလိုက်တာ" ကျန်းဟောင် တွေးသည်။ သူသာ အက်ရာမတွေ့ခဲ့လျှင် ဈေးလျှော့ပေးမည်မဟုတ်ပေ။ သို့သော် ဤနေရာတွင် ဒါက ပုံမှန်သာဖြစ်သည်။ မှန်ကန်ဖြောင့်မတ်မှုမျိုးကို ရှာနိုင်မည်မဟုတ်ပါချေ။

"ဒီဟာယူလိုက်မယ် နောက်ထပ် ဝိညာဥ်ကျောက်တုံး ၅၀ လောက်တန်တဲ့ မျိုးစေ့ရောပြပေးနိုင်မလား"

"ရတာပေါ့ ဒီဖက်မှာပါ"

ကျန်ရစ်သည့် ဝိညာဥ်ကျောက်တုံးဖြင့် ကြာပြာမျိုးစေ့ကို ဝယ်လာသည်။ ၎င်းမှာ စိတ်ဝိညာဥ်စွမ်းအားစုစည်းပေးနိုင်ရုံကလွဲပြီး အခြားလုပ်ဆောင်ချက်မရှိပါချေ။ သေချာဂရုမစိုက်မိပါက ပျက်စီးလွယ်သည့် အားနည်းချက်တခုလည်း ရှိသည်။

"အပြာရောင်ပူဖောင်းရနိုင်မလားပဲ" လက်ထဲက မျိုးစေ့ကိုကြည့်ပြီး တွေးသည်။ အဖြူနဲ့ အစိမ်းပူဖောင်းများက ရရန်လွယ်သည်။ ဆေးဥယျာဥ်၌ များစွာရနိုင်သည်။

အိမ်ပြန်လာပြီးနောက် နှင်းကြာပန်းမျိုးစေ့ကို ဝိညာဥ်ကျောက်တုံး ၁၆ ခုဝန်းရံပြီး စိုက်ပျိုးလိုက်သည်။ လက်ရှိ သူ့တွင် ၁၉ တုံးသာကျန်တော့၏။ အဆောင်ပစ္စည်းများဝယ်ပြီးပါက လုံးဝပြတ်လပ်သွားမည်ဖြစ်သည်။ ဝိညာဥ်ကျောက်တုံးများ ပိုရရန်လိုသည်။

နောက်ရက် ကျန်းဟောင်တယောက် ကျင့်ကြံခြင်းမှ နိုးထလာသည်။ ပထမဆုံး သူလုပ်သည့်အရာက ခြံဝန်းထဲ သွားစစ်ဆေးခြင်းပင်။

ကောင်းကင်ဘုံရနံ့တာအိုပန်းမှ အပြာရောင်ပူဖောင်းနှစ်ခုကလွဲပြီး ဘာမှမရှိပေ။ နှင်းကြာပန်းအစေ့က မပေါက်သေးပေ။ အချိန်ယူရဦးမည်ထင်၏။

ကြာပြာမျိုးစေ့ကို ထုတ်ပြီး အကဲဖြတ်လိုက်သည်။

[ကြာပြာမျိုးစေ့၊ အညှောက်ထွက်လာပြီးနောက် ဝိညာဥ်စွမ်းအင်များကို စုစည်းပေးနိုင်သည် ]

ဒါပဲလား။ ထင်သည့်အတိုင်း ၎င်းက အတော်သာမန်ဆန်သည်။ ထို့နောက် အစေ့အား စိုက်ပျိုးပြီးနောက် ဆေးဥယျာဥ်ကို ထွက်လာခဲ့သည်။

တစ်လကြာပြီးနောက်

ကျန်းဟောင် စုတ်တံချပြီး အခုလေးတင်ပြီးစီးသွားသည့် ဓားတစ်သောင်းအဆောင်ကိုကြည့်သည်။ စီနီယာအစ်မ လန်ထျန်က ၎င်းကိုမှာယူထားခြင်းပင်။ စုစုပေါင်း ဆယ်ခုဖြစ်ပြီး ဒါက နောက်ဆုံးဖြစ်သည်။

ကျရှုံးစရိတ်နဲ့ပါဆို စုစုပေါင်း ဝိညာဥ်ကျောက်တုံး ၈၀ ကုန်ကျခဲ့သည်။ ၎င်းတို့ကိုရောင်းပြီးနောက် ၂၀၀ လောက်ရနိုင်သည်။ အမြတ်က ၁၂၀ ဖြစ်သည်။

ပြီးခဲ့သည့်ရက်များတွင် သူ မကျင့်ကြံခဲ့ရပေ။ ခေါင်းယမ်းပြီး စနစ်အား ဖွင့်လိုက်သည်။

အမည် ကျန်းဟောင်

အသက် ၂၀

ကျင့်ကြံခြင်းအဆင့် အလယ်အလတ် အခြေခံတည်ဆောက်ခြင်းအဆင့်

ကျင့်စဥ်နည်းလမ်း ကောင်းကင်တေးသံတစ်ရာလှည့်ခြင်း၊ ဟုန်မုန့်နှလုံးသားဆုဒြာ

နတ်စွမ်းရည် ကိုးလှည့်သေခြင်းအစားထိုး (ထူးခြား)၊ အကဲဖြတ်ခြင်း၊ ကြည်လင်သန့်စင်နှလုံးသား

အသက်သွေး ၈၈/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

ကျင့်ကြံရေး ၉၀/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

နတ်စွမ်းရည် ၀/၃ (မရနိုင်)

"အဆင့်တက်ဖို့ နောက်တစ်ပတ်လောက် စောင့်ရဦးမယ်" သူ့အသက်ကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။

ငါ့အသက် ၂၀ တောင်ရှိပြီပဲ။ ပြီးခဲ့သည့် အနှစ် ၂၀ က သူ့အတွက် မချောမွေ့ခဲ့ချေ။ တယောက်တည်းဖြစ်ခဲ့သော်လည်း ကံကောင်းစွာ အန္တရာယ်မရှိခဲ့။

"အသက် ၂၀ ထိရှင်သန်နိုင်လာလို့ ဂုဏ်ယူပါတယ်" သူ့ကိုယ်သူပြန်ပြောပြီး အိမ်မှထွက်လာသည်။

ခြံထဲရောက်သောအခါ နှင်းကြာပန်းမှ ပူဖောင်းတခုကို တွေ့သည်။ ကြာပြာကတော့ အရွယ်မရောက်သေးပေ။ ၎င်းနဲ့ပတ်သတ်ပြီး အများကြီး မမျှော်လင့်ထားသောကြောင့် ရလဒ်နဲ့ပတ်သတ်ပြီး မလောပါချေ။

သူလျှောက်သွားသောအခါ ပူဖောင်းများက ပျံသန်းလာကြသည်။

ကျင့်ကြံရေး +၁

အသက်သွေး +၁

နတ်စွမ်းရည်အပိုင်းအစ +၁

ကျန်းဟောင် သဘောကျသွား၏။ နတ်စွမ်းရည်များက အလွန်ကောင်းကြောင်း သံသယဖြစ်စရာမလိုပေ။ ဒါပေမဲ့ သူ့တွင် တိုက်ခိုက်ရေးစွမ်းရည်ကင်းမဲ့နေသည်။ အားကောင်းသည့် မန္တန်နှင့် မှော်ရတနာလည်း မရှိပေ။ မကြာခင် ဂိုဏ်းတာဝန်ထမ်းဆောင်ရတော့မည်ဖြစ်၍ နည်းလမ်းတခုရှာထားရန်လိုသည်။

"အလုပ်မဖြစ်ရင်တော့ တခုလောက်ဝယ်ရမယ် ဓားတစ်သောင်းအဆောင်တွေ ရောင်းပြီးရင် ငါ့မှာ ဝိညာဥ်ကျောက်တုံး ၅၀၀ နီးပါးရှိလာလိမ့်မယ် မှော်ရတနာတခုလောက်တော့ ဝယ်နိုင်ကောင်းပါရဲ့ "

ဆုံးဖြတ်ချက်ချပြီးနောက် ဆေးဥယျာဥ်ကို ထွက်လာခဲ့သည်။

ဆေးဥယျာဥ်ကိုရောက်သောအခါ ဟန်မင်နဲ့ဆုံသည်။

"စီနီယာအစ်ကို" ဟန်မင်က အပြုံးဖြင့် လျှောက်လာသည်။ "ကျနော် တခုခုထူးခြားတာသတိပြုမိလား အော်ရာတွေဘာတွေပြောင်းသွားလား"

ကျန်းဟောင် အံ့သြသွား၏။ ဟန်မင်က အခြေခံတည်ဆောက်ခြင်းအဆင့်ကိုရောက်တာမကြာသေးသည့်အတွက် အလယ်အလတ်အဆင့်ကို မြန်မြန်မတက်နိုင်သေးလောက်ပေ။

သိလိုစိတ်ကြောင့် ၎င်းအား အကဲဖြတ်လိုက်သည်။

[ဟန်မင်၊ ကောင်းကင်ရှင်းလင်းဂိုဏ်း အသည်းကွဲကမ်းပါး၏ အစစ်အမှန်တပည့်၊ ထိပ်တန်းပါရမီရှိသည်၊ အသက် ၁၈ နှစ် အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်းဖြစ်သည်၊ တောင်တန်းနှင့် မြစ်စိတ်ဝိညာဥ်များ၏ နှစ်သက်ခြင်းခံထားရသည်၊ စွမ်းအားကြီး ပုဂ္ဂိုလ်၏ အမွေအနှစ်ရထား၏]

စွမ်းအားကြီး ပုဂ္ဂိုလ်ရဲ့ အမွေအနှစ်

သူ ရှော့ရသွား၏။ သူက တောင်တန်းနှင့် မြစ်စိတ်ဝိညာဥ်ရဲ့ နှစ်သက်ခြင်းခံရလို့လား။

"နောက်လအနည်းငယ်ဆို ကျနော် အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်ကိုရောက်တော့မှာ အဲဒီအခါ ကျနော် အစ်ကို့ကို ကျော်တက်သွားမှာနော်" ဟန်မင်က အတန်ငယ်ထောင်လွှားဟန်ဖြင့် ပြုံးသည်။

ကျန်းဟောင်လည်း ပြုံးပြီး "ဂုဏ်ပြုပါတယ် ဂျူနီယာညီလေး"

ဟန်မင်၏ အပြုံးက ပိုမိုတောက်ပလာပြီး "အဲ့ဒီအချိန်ရောက်ရင် ကျနော် စီနီယာအစ်ကို့ကို စိန်ခေါ်လို့ရလား ကျနော်နဲ့ အသက်အရွယ် မတိမ်းမယိမ်းက အစ်ကိုပဲရှိတာလေ"

"ရတာပေါ့" သူ သဘောတူလိုက်သည်။

အချိန်ရောက်လာလျှင် သူ သရုပ်ဆောင်ပြီး အရှုံးပေးလိုက်မည်။ ဟန်မင်က ဟန်ရေးပြချင်သည်ဖြစ်ရာ ကျန်းဟောင်အတွက် လိုက်လျောပေးရန် စိတ်မရှိပေ။

"ဒါဆို ကတိနော် စီနီယာအစ်ကိုရှုံးသွားရင် ကျနော့်ကို စိတ်မဆိုးရဘူး ဘာပဲဖြစ်ဖြစ် ကျနော်တို့ကြားမှာ ကွာဟချက်က ရှိနေတာပဲလေ" ဟန်မင်က ထွက်သွားရန်ပြုပြီးမှ တစုံတခုအား စဥ်းစားနေသည်။

"ဂိုဏ်းတာဝန်တွေ စီစဥ်ပြီးပြီလို့ ဆရာဆီကကြားတယ် စီနီယာအစ်ကိုလည်း ပါတယ်"

All Chapters