← Chapters

လှောင်ပြောင်ခြင်း

Vol. 2 Ch. 25

လှောင်ပြောင်ခြင်း

Vol. 2 Ch. 25

ဂိုဏ်းတာဝန်များထွက်လာလေပြီ။

ကျန်းဟောင်အနေနဲ့ မဖော်ပြပေမဲ့လည်း ၎င်းကို အတော်လေးဂရုစိုက်သည်။ ပူဖောင်းများရယူပြီးနောက် ဥပဒေခန်းမရှိရာ တောင်ခြေကိုရောက်သွားလေသည်။ ကြေညာဘုတ်အနားတွင်ရပ်လျက် သူ့နာမည်ကိုရှာနေ၏။

အသည်းကွဲကမ်းပါးမှ ကျန်းဟောင် ၊ နတ်ဆိုးအသိုက်ကို ရှင်းလင်းရန်

"အဖွဲ့တာဝန်ပဲ" သူတွေးလိုက်၏။ "ဘယ်သူတွေပါမှာပါလိမ့်"

နာမည်လေးခုကို တွေးလိုက်ရသည်။ နှစ်ခုက သူ ထင်ထားသလိုဖြစ်၏။

ကောင်းကင်ရွှင်ပျော်စံအိမ်၏ ချင်ရွှယ်

ကောင်းကင်ရွှင်ပျော်စံအိမ်၏ လော့ဖုန်း

မိုးကြိုးမီးတောင်ထိပ်၏ ရှင်းယုယွီ

ရေခဲလတောင်ကြား၏ ကျန်းရှီကျူး

"ကောင်းကင်ရွှင်ပျော်စံအိမ်က နှစ်ယောက်တောင်ပါတယ် သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘာပါလိမ့်"

မိုးကြိုးမီးတောင်ထိပ်နှင့် ရေခဲလတောင်ကြားမှာ သူနဲ့ အဆက်အသွယ်မရှိသောကြောင့် ရန်သူမဖြစ်နိုင်ပေ။ ကောင်းကင်ရွှင်ပျော်စံအိမ်ကတော့ မတူပေ။

တာဝန်လုပ်ရမည့် ရက်ကိုကြည့်ရာ နောက်လ၏ အဆုံးသတ်ဖြစ်သည်။ ၄၅ ရက်ကျန်ပါသေး၏။

"အရင်ဆုံးအဆင့်တက်ပြီး ကျင့်ကြံခြင်းကို ခိုင်မာစေရမယ် ပြီးရင် နောက်တစ်လစာ ဝိညာဥ်ကျောက်တုံးတွေစုပြီး မှော်ရတနာဝယ်မယ် ကျန်တဲ့လဝက်က ကျင့်ကြံရမယ် ဟုန်မုန့်နှလုံးသားဆုဒြာအတွက် သင့်တော်တဲ့မန္တန်မရှိဘူး ကမ်းပါးသခင်ကို မေးရမယ်"

ကမ်းပါးသခင်က သူ့ကိုအများကြီး မမျှော်လင့်ထားပေမဲ့လည်း သူတောင်းဆိုလျှင်တော့ ကူညီမည်ဖြစ်သည်။

ကောင်းကင်ရွှင်ပျော်စံအိမ်က ဤခရီးတွင် ကျိန်းသေ လှုပ်ရှားလာနိုင်သည်။ ဆရာက ထိုအခြေအနေကို နားလည်မှာသေချာသည်။

နတ်ဆိုးအသိုက်က များပြားသည့် ပညာရှင်များကျင့်ကြံနေကြသည့် ကောင်းချီးမြေဖြစ်သည်။ နတ်ဆိုးအသိုက်က မိစ္ဆာများ၏ နေထိုင်ရာဖြစ်ခဲ့သည်။ ၎င်းတို့ကို အတွင်းအနက်ပိုင်းတွင် စည်းခတ်ထားသည်။ လွတ်မြောက်လာနိုင်လျှင်တောင် အခြေခံတည်ဆောက်ခြင်းအဆင့်သာဖြစ်ပေမည်။

ဂိုဏ်း၏ ကျွမ်းကျင်သူများက ထိုသို့ပမွှားလေးများကို ဂရုမစိုက်ပဲ အတွင်းစည်းတပည့်များကိုသာ စေလွှတ်၍ ရှင်းလင်းစေသည်။

အချိန်မှာ အကြမ်းအားဖြင့် တစ်လကနေ သုံးလအထိကြာနိုင်သည်။ လုပ်ဆောင်မှုပေါ် မူတည်သည်။ ပြန်ရောက်လာသောအခါ တိုက်ပွဲရလဒ်ပေါ် မူတည်၍ ဆုလာဘ်များရပေမည်။ လေ့ကျင့်ရန် နေရာကောင်းလည်း ဖြစ်၏။ ကျန်းဟောင်သာ ကောင်းကင်ရွှင်ပျော်စံအိမ်ကို မဆန့်ကျင်ခဲ့မိပါက အဖွဲ့နဲ့ ပူးပေါင်းရမည်ကို စိတ်လှုပ်ရှားမိပေမည်။ တိုက်ပွဲအတွေ့အကြုံများရနိုင်ပြီး ပူဖောင်းများကိုလည်း ရှာနိုင်မည်မဟုတ်ပါလား။

သူ ထွက်လာခဲ့ပြီးနောက် အဖွဲ့ဝင်များ၏ အတွေ့အကြုံအား သိရှိနိုင်ရန် စဥ်းစားထားသည်။ ဒါမှ ကြိုတင်ပြင်ဆင်ထားနိုင်မည်။

"ဂျူနီယာမောင်လေး ဆုံပြန်ပြီနော်" အစိမ်းရောင်ဝတ် မိန်းကလေးတဦးက ဆိုသည်။

"စီနီယာအစ်မမင်ယီ" ကျန်းဟောင် ရိုသေစွာ နှုတ်ဆက်လိုက်၏။

ကောင်းကင်သူတော်စင်ဂိုဏ်း၏ အစားထိုး သူတော်စင်မဖြစ်သည်။ သူက သူလျှိုဖြစ်ပြီး ရွှေအမြုတေ အစောပိုင်းအဆင့်တွင်ရှိသည်။

ကံကောင်းစွာ နောက်ဆုံးတခေါက် သူလျှိုများကိုရှင်းလင်းပြီးနောက် သူတို့ ကောင်းကောင်းပြုမူဖို့ မျှော်လင့်ရသည်။ ထို့အပြင် ကောင်းကင်ဘုံရနံ့တာအိုပန်းကြောင့် သူတို့ အလျင်စလိုမပြုမူရဲပေ။ ၎င်းက သူတို့ကို မျှားသည့် ငါးစာဖြစ်ကြောင်း နားလည်ကြသည်။

ဟိုအမျိုးသမီးကလွဲလျှင် မည်သူမှ ငါးစာမဟပ်ကြပေ။

"ဂျူနီယာမောင်လေးရဲ့ နာမည်ကိုတွေ့လိုက်တယ် နတ်ဆိုးအသိုက်ကို သွားမလို့မလား" မင်ယီက မေးသည်။

သူ၏ အပြုံးကချိုသာပြီး နွေးထွေးသည်။ သို့သော် သူမက ရက်စက်ပြီး အပြုံးနောက်တွင် ဓားဝှက်ထားကြောင်း သိသည်။ သူမကို မဆန့်ကျင်မိတာကောင်းမည်။

အစောပိုင်း ရွှေအမြုတေအဆင့်က မရွေ့လျားနိုင်သည့် တောင်ကြီးအလား သူ့ကိုဖိထားသည်။ သူမနဲ့ မယှဥ်နိုင်ပါသေးချေ။

"ဟုတ်ပါတယ်" ကျန်းဟောင် ခေါင်းညိတ်သည်။" နောက်လကုန်ကျရင် နတ်ဆိုးအသိုက်ကို ရှင်းလင်းဖို့ သွားရမှာပါ"

ဒါဖြင့် ဒါက မောင်လေးအတွက်ပါ" သူမ ပြောသည်။ "အရင်တုန်းက မောင်လေးရဲ့ အကူအညီအတွက် ကျေးဇူးတင်တဲ့အနေနဲ့ ယူလိုက်ပါ အစ်မမှာ အခက်အခဲရှိရင်လည်း လာရှာမယ်နော် အစ်မကို ကူညီဖို့ မငြင်းဆန်ဘူးလို့ မျှော်လင့်ပါတယ် တာဝန်အတွက် ကံကောင်းပါစေ"

မင်ယီက သူ့လက်ထဲ စာရွက်ပိုင်းတခုထည့်ပြီး ထွက်သွားလေသည်။ သူ စာရွက်ကိုဖွင့်ကြည့်လိုက်၏။ ဒါက သူလျှိုများနှင့် ရင်းနှီးခြင်း၏ ကောင်းကျိုးလားဟုမပြောတတ်။ စာထဲတွင် သူ့အဖွဲ့ဝင်များအကြောင်းပါဝင်လေသည်။

ကောင်းကင်ရွှင်ပျော်စံအိမ်၊ ချင်ရွှယ်၊ အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်းပိုင်း၊ ချိုးဖျက်ရန် နီးကပ်နေ၊ ကောင်းကင်ရွှင်ပျော်လမ်းစဥ်ကိုကျင့်ကြံသည်၊ သူမကို ပိုကြည့်မိလေ ဆွဲဆောင်မှုထဲကျရောက်ဖို့ လွယ်ကူလေပင်။

ကောင်းကင်ရွှင်ပျော်စံအိမ်၊ လော့ဖုန်း၊ အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်၊ ချိုးဖျက်ရန် နီးကပ်နေ၊ ကောင်းကင်ကြွေအင်မော်တယ်လမ်းစဥ်ကို ကျင့်ကြံသည်၊ တစုံတဦး၏ စိတ်အား ဖရိုဖရဲဖြစ်စေနိုင်၏။

မိုးကြိုးမီးတောင်ထိပ်၊ ရှင်းယုယွီ၊ အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်း၊ မိုးကြိုးဓားလမ်းစဥ်ကို ကျင့်ကြံသည်၊ ကောင်းကင်ကြွေအင်မော်တယ်လမ်းစဥ်ကို တန်ပြန်ရန် ကောင်းကင်မိုးကြိုးကို ဆင့်ခေါ်ရာတွင် အတော်ဆုံးဖြစ်သည်။

ရေခဲလတောင်ကြား၊ ကျန်းရှီကျူး၊ အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်းပိုင်း၊ မိုင်တစ်ထောင်ရေခဲတံဆိပ်အား ကျင့်ကြံသည်၊ သတ်ဖြတ်ခြင်းတွင်ပြတ်သားပြီး ကောင်းကင်ရွှင်ပျော်စံအိမ်ကလူများကို အထင်သေးသည်။

ကျန်းဟောင် အချက်အလက်ကိုကြည့်ပြီး ထူးဆန်းနေ၏။ ပထမနှစ်ဦးက သူ့ကို သဘောမကျမှာသေချာသည်။ သို့သော် ကျန်နှစ်ဦးက ကောင်းကင်ရွှင်ပျော်စံအိမ်ကို ဆန့်ကျင်ရန်ပါဝင်နေသလိုဖြစ်နေသည်။

"တယောက်ယောက်က ငါ့ကိုကူညီခဲ့တာလား" ကျန်းဟောင်မှာ ကမ်းပါးသခင်ကို သတိရလိုက်သည်။

သူက အတော်ဆုံးမဟုတ်ပေမဲ့ အသည်းကွဲကမ်းပါးအတွက် တန်ဖိုးရှိသေးပုံပေါ်သည်။ ကမ်းပါးသခင်က သူ့ကို ကူညီသည်ဟုခံစားရသည်။ ကောင်းကင်ရွှင်ပျော်စံအိမ်နှင့် ဘက်ညီစေမည့် ကျန်နှစ်ဦးကို ရွေးချယ်ပေးခဲ့သည်။

ကောင်းကင်ရွှင်ပျော်စံအိမ်သခင်က သူ့ကိုမုန်းတီးနေသည်။ ၎င်းအတွက် လိုအပ်သည့် ခန္ဓာကိုယ်အသစ်ရသွားပါက သူ့ကို မေ့သွားလောက်သည်။ မတွေ့ခဲ့ပါမူ သူ့တသက်လုံး ဒီလိုရှောင်တိမ်းနေရမည့်ပုံပေါ်သည်။ သူ့ကျင့်ကြံခြင်းအား ထုတ်ပြလိုက်လျှင်တောင် ကမ်းပါးသခင်က သူ့ကို ကယ်နိုင်မည်မဟုတ်ပေ။ သူလျှိုများပါ ပါဝင်ပတ်သတ်နေသည့် ဤကိစ္စက အလွန်အန္တရာယ်များသောကြောင့်ပင်။

"ဟေး ဒါ အသည်းကွဲကမ်းပါးက ဂျူနီယာညီလေးကျန်းမဟုတ်လား "

အသံကြားရသဖြင့်ကြည့်လိုက်ရာ လူတစ်ယောက်လျှောက်လာကြောင်း တွေ့ရသည်။ သူ့ဆံပင်များက ပွရောင်းရောင်းဖြစ်ပြီး မျက်လုံးများနီရဲနေသည်။ မျက်လုံးထဲ မဖော်ပြနိုင်သည့် ကြမ်းကြုတ်မှုများရှိနေသည်။ သူက အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်တွင်ရှိသည်။

"စီနီယာအစ်ကို ကျနော့်ကိုသိလို့လား" ကျန်းဟောင် ယဥ်ကျေးစွာမေးသည်။

"ငါတို့က နတ်ဆိုးအသိုက်ကို အတူသွားရမှာလေ ဂျူနီယာညီလေး ကောင်းကောင်း ပြင်ဆင်ထားဖို့ မျှော်လင့်တယ်" လော့ဖုန်းက သူ့ပုခုံးကိုပုတ်သည်။ "မင်းပုံစံနဲ့ဆို နတ်ဆိုးအသိုက်မှာ ဂရုမစိုက်ရင် သေသွားနိုင်တယ် အဲဒီအခါကျရင် မင်းကိုမကယ်တဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့နော် "

လော့ဖုန်းက ခပ်လှောင်လှောင်ရယ်ပြီး ထွက်သွားသည်။

သူ ဘယ်သူလဲဆိုတာ ကျန်းဟောင်သိသွား၏။ ကောင်းကင်ရွှင်ပျော်စံအိမ်က လော့ဖုန်း

All Chapters