← Chapters

မတူညီသည့် ဆက်ဆံမှု

Vol. 2 Ch. 26

မတူညီသည့် ဆက်ဆံမှု

Vol. 2 Ch. 26

ကျန်းဟောင်မှာ ကောင်းကင်ရွှင်ပျော်စံအိမ်အကြောင်း တွေးနေ၏။

သူက စီနီယာအစ်မယွင်ရိုကို သတ်ပြီး ၎င်းတို့ကို ဆန့်ကျင်မိခဲ့သော်လည်း လူတိုင်းက သူ့ကို သတ်ချင်နေသည်မဟုတ်ပေ။ လူတိုင်းသာ သူ့ကိုမုန်းနေခဲ့ပါက သူသေနေလောက်ပေပြီ။ ကောင်းကင်ရွှင်ပျော်စံအိမ်က သူ့ကို ဒုက္ခပေးရန် နည်းမျိုးစုံဖြင့် ကြိုးစားနေသောကြောင့်ပင်။

သူ့ကို တကယ်သတ်ရလောက်အောင် မုန်းနေသူက နှစ်ဖွဲ့သာရှိသည်။ စံအိမ်သခင်ကို ကျေနပ်စေချင်သူနှင့် ယွင်ရိုအတွက် လက်စားချေချင်သူများဖြစ်သည်။

"ဒီခရီးက အန္တရာယ်အများဆုံးဆိုတော့ အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်းပိုင်းကို မြန်မြန်တက်ထားမှ ငါ့ကိုယ်ငါ ကာကွယ်နိုင်မယ်" သူ တွေးသည်။ "ငါ့မှာ အကာအကွယ်မှော်ရတနာရှိထားပြီဆိုတော့ တိုက်ခိုက်ရေးအတွက်ပဲလိုတော့တယ်"

ဟုန်မုန့်နှလုံးသားဆုဒြာက မှော်နည်းစနစ်အဖြစ်လည်း လုပ်ဆောင်နိုင်ပေမဲ့ သူ့ကျင့်ကြံဆင့်က နိမ့်နေသောကြောင့် မည်သို့အသုံးပြုရမည်မှန်း မသိပါသေးချေ။

ဆေးဥယျာဥ်အား ဂရုစိုက်ပြီးနောက် ခူဝူကန်းဆီ သွားလိုက်သည်။

"နည်းစနစ်လား" ခူဝူကန်းက တိုက်ရိုက်မေးလိုက်သည်။ "ဘယ်လိုနည်းစနစ်မျိုးလဲ"

"အားကောင်းတဲ့ဟာမျိုး"

"ဓားမြှောင်အပြင် တခြားလက်နက်သုံးသေးလား"

"ဓားမြှောင်နဲ့ ဓားပါပဲ" သူက လက်နက်တွင် ကျွမ်းကျင်သူမဟုတ်သော်လည်း အရင်က သုံးခဲ့ဖူးသည်ကိုပြောလိုက်သည်။

"ကောင်းပြီ ဒါဆို မိစ္ဆာအသံဓားချက်ကို သင်ပေးမယ်" ခူဝူကန်းက ကျန်းဟောင်၏ မျက်ခုံးနှစ်ခုကြားကို ညွန်လိုက်သည်။

ကျန်းဟောင်၏ စိတ်ထဲ ဓားအရိပ်ပေါ်လာသည်။ ၎င်းက မိုးကြိုးလို လျှပ်စီးလိုဖြစ်သည်။ အရိပ်က သူ့မျက်ခုံးကြားထဲ ပျောက်သွားခဲ့သည်။

ထို့နောက် ခူဝူကန်းက စာအုပ်တစ်အုပ်ပေးသည်။ "ဒါကို ယူသွားပြီး လေ့လာချေ မင်းပါရမီက မဆိုးတော့ တစ်လအတွင်း တတ်မြောက်နိုင်လိမ့်မယ်"

"ကျေးဇူးပါ ဆရာ "ကျန်းဟောင်လည်း စာအုပ်ယူပြီး ပြန်ခဲ့သည်။

သူ ပြန်ထွက်လာစဥ် ဟန်မင်နှင့် အခြား စီနီယာအစ်ကိုများ ရောက်လာသည်ကိုမြင်လိုက်ရသည်။

"တိုက်ခိုက်ရေးနည်းလမ်းကို သင်ချင်တာလား ဒါဖြင့် မိုးကြိုးဓားသိုင်းကို သင်ပေးမယ် ဒီမှာပဲ သင်ယူချေ တတ်မြောက်မှ ပြန်ရမယ်"

ခူဝူကန်း၏ အသံထွက်လာသည်။ ဟန်မင်နှင့် အခြားသူများကို ပြောနေခြင်းပင်။ ကျန်းဟောင်က စိတ်ထဲမထားပဲ ပြန်လာခဲ့သည်။ အစစ်အမှန်တပည့်များအပေါ် ဆက်ဆံမှုက သေချာပေါက်ကွာသည်။ သူတို့ကို ပိုဂရုစိုက်ပြီး အာရုံထားသည်။

ကျန်းဟောင် ဂရုမစိုက်သော်လည်း ဆက်ဆံရေးကွာခြားခြင်းက သူ့ကို သက်ပြင်းချစေသည်။

အိမ်ပြန်လာပြီးနောက် ကောင်းကင်ဘုံရနံ့တာအိုပန်းကို ကြည့်သည်။ အဖြူရောင်လရေကန်ကို သွားဦးမှပဲ ငါ ခရီးထွက်ရမှာဆိုတော့ ဒီတိုင်းထားခဲ့လို့မဖြစ်ချေဘူး

ထို့နောက် အခန်းထဲသွားပြီး ကြည်လင်သန့်စင်နှလုံးသားကို အသက်သွင်းလိုက်သည်။ ချက်ချင်းပဲ သူ့အာရုံများက ရှင်းလင်းစုစည်းသွားခဲ့သည်။ ထို့နောက် စာအုပ်အား လေ့လာသည်။

ခုနစ်ရက်ဆက်တိုက် သူ မနားတမ်းလေ့လာနေခဲ့သည်။ ရှစ်ရက်မြောက်တွင် နားလည်သွားခဲ့သည်။

စမ်းချောင်းအစွန်နား လျှောက်လာပြီး သစ်ကိုင်းတခုကို ကောက်ပြီး လွှဲယမ်းလိုက်သည်။

ဘုန်း

မိစ္ဆာအသံက ထက်ရှမှုနဲ့အတူ လှိမ့်ထွက်လာသည်။ ဆယ်မီတာရှည်သည့် ဓားအရိပ်ကြီးက အားလုံးကိုပိုင်းချသွားသည်။

စမ်းချောင်းက ပေါက်ကွဲပြီး ကျောက်တုံးနဲ့ သဲများ နေရာအနှံ့ လွင့်စင်ကုန်သည်။ ရှည်လျားသည့် ဓားရာကြီးက မြေပြင်တွင် ကျန်ခဲ့သည်။

ကျန်းဟောင် ပြုံးလိုက်၏။ ဒီနည်းစနစ်က မဆိုးဘူး ခုနစ်ရက်တည်းနဲ့ ကောင်းကောင်းသင်ယူနိုင်ခဲ့တယ်။

ကြည်လင်သန့်စင်နှလုံးသားကြောင့် မဟုတ်လျှင် သူ့အတွက် တစ်လမကကြာသွားနိုင်သည်။

"ငါ ဆေဘာတစ်လက်လိုတယ်" သူ သက်ပြင်းချသည်။ ဤခုနစ်ရက်အတွင်း စီနီယာအစ်မလန်ထျန်မှာထားသည့် ဓားတစ်သောင်းအဆောင်ကလွဲပြီး ဘာမှမရောင်းရပါသေးချေ။ သူ့အချိန်အများစုကို မိစ္ဆာအသံဓားကွက်တွင် မြုပ်နှံခဲ့ရသည်။

သူ့တွင် ဝိညာဥ်ကျောက်တုံး ၄၀၀ ဝန်းကျင်သာရှိသည်။ များသည်ထင်ရပေမဲ့ သူ့အသက်ကိုကာကွယ်ရန် မလုံလောက်သေးဟု ခံစားနေရသည်။

အခြေခံတည်ဆောက်ခြင်းအဆင့်အတွက် အကောင်းဆုံးမှော်ရတနာကို ဝယ်လိုလျှင် ဝိညာဥ်ကျောက်တုံးရာဂဏန်းလောက်နဲ့ မရကြောင်း သိသည်။

သစ်ကိုင်းကိုလွှင့်ပစ်ပြီး အိမ်ကိုပြန်လာသည်။ ဤရက်များအတွင်း သူ အသစ်အဆန်းရှာတွေ့ခဲ့သည်။ သုံးရက်ကြာတိုင်း နှင်းကြာပန်းမှ ပူဖောင်းတခုထွက်သည်။ အသက်သွေး သို့ ကျင့်ကြံရေးဖြစ်တတ်သည်။ နေ့တိုင်း ပူဖောင်းနှစ်ခုထုတ်ပေးသည့် ကောင်းကင်ဘုံရနံ့တာအိုပန်းနဲ့ မယှဥ်နိုင်ပေမဲ့ အရင်ထက်ကောင်းမွန်လာသည်။

ကြာပြာက ပွင့်နေလေပြီ။ သို့သော် ပထမနေ့တွင်သာ အစိမ်းရောင်ပူဖောင်းတခုပေးပြီး နောက်ပိုင်း အဖြူရောင်များဖြစ်သည်။ ဘာမှမရှိတာထက်တော့ တော်သေးသည်။

အသက်သွေး ၉၉/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

ကျင့်ကြံရေး ၁၀၀/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

အသက်သွေးက နည်းနည်းလိုနေသည်။ မနက်ဖြန်ဆို အဆင့်တက်နိုင်လောက်မည်။

ထို့နောက် ဆေးဥယျာဥ်ကိုသွားပြီး လှည့်ပတ်ကြည့်သောအခါ အပြာရောင်ပူဖောင်းတခုတွေ့သည်။

အသက်သွေး +၁

စိတ်ဝိညာဥ် +၁

ခွန်အား +၁

ခွန်အား +၁

ခွန်အား +၁

သူလိုချင်နေသည့် ပူဖောင်းကိုရသွားသည့်အတွက် ဝမ်းသာသွား၏။ ဒီည အဆင့်တက်နိုင်တော့မယ်။

အပြင်စည်းတပည့်များအား သူ မရှိတုန်း ဂရုစိုက်ရန်မှာကြားပြီး ထွက်လာခဲ့သည်။ တစ်လအကြာတွင် သူ ခရီးထွက်ရမည်ဖြစ်သည့်အတွက် ဆေးဥယျာဥ်ကို ဂရုစိုက်ရန် လူလိုသည်။

အဖြူရောင်လရေကန်ကို သွားခဲ့သော်လည်း အကြီးအကဲပိုင်ကျီနဲ့ မတွေ့ခဲ့ပေ။ ထို့အစား စီနီယာအစ်မ ကျိုးချန်ထံမှ စိတ်မပူရန် အမှာစကားကို လက်ခံရရှိခဲ့သည်။

ကြည့်ရတာ သစ္စာဖောက်များကို မျှားရန်ဖြစ်သည့်အတွက် သူ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကွာခြားသွားဟန်မရချေ။

ကျန်းဟောင်လည်း အိမ်ပြန်လာသည်။ ပြဿနာမရှိမှန်းသေချာမှ အိမ်ထဲဝင်ပြီး အသက်သွေးနှင့် ကျင့်ကြံရေးအား ထုတ်နှုတ်ရန်လုပ်သည်။

အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်းပိုင်းကို တခါတည်းရောက်နိုင်မနိုင် မသေချာသော်လည်း သူ ဆက်မစောင့်နိုင်တော့ပေ။ အသက်သွေးနှင့် စိတ်ဝိညာဥ်စွမ်းအင်များက သွေးကြောရှစ်ခုထဲ ပြည့်နှက်နေသည်။ ခရမ်းရောင်မြူများက လမ်းညွှန်ပေးနေသောကြောင့် ယခင်ကထက် ပိုလွယ်ပြီး အကျိုးရှိသည်။

All Chapters