← Chapters

ဆင်းရဲခြင်း

Vol. 2 Ch. 27

ဆင်းရဲခြင်း

Vol. 2 Ch. 27

ဟုန်မုန့်နှလုံးသားဆုဒြာက လည်ပတ်လာသည်။ စိတ်ဝိညာဥ်စွမ်းအားများက စွမ်းအင်ဗဟိုချက်သို့ စီးဆင်းလာကြ၏။

စွမ်းအင်ဗဟိုချက်ရှိ စွမ်းအားများက ဖိသိပ်ခံရပြီး အကာအရံအား တိုက်ခိုက်လိုက်ကြသည်။

ဘန်း

ပြင်းထန်သည့် ဖိသိပ်မှုအောက်တွင် စိတ်ဝိညာဥ်စွမ်းအင်များက ပိုမိုသန့်စင်ပြီး သိပ်သည်းလာကြသည်။ ကျန်းဟောင် စိတ်သက်သာရာရပြီး ဆက်လက်လှည့်ပတ်နေသည်။ ကျန်ရစ်နေသည့် အသက်သွေးနှင့် ကျင့်ကြံရေး ၂၀ ကိုလည်း အပြည့်အဝစုပ်ယူလိုက်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံအား ခိုင်မာစေရန်လိုသည်။

နောက်တရက် ကျန်းဟောင် မျက်လုံးဖွင့်ပြီး လက်သီးဆုပ်လိုက်သည်။ သန်မာသည့်အင်အားက သူ့ကို ပျော်ရွှင်ပြီး စိတ်သက်သာရစေသည်။ နှစ်ပေါင်း ၂၀ လောက် နေထိုင်လာပြီးနောက် ကိုယ်ပိုင်အင်အားကသာ လုံခြုံမှုပေးနိုင်ကြောင်း သိလာသည်။

ဤနေရာတွင် ခွန်အားမရှိပါက ဘာမှမဟုတ်ပေ။ အခြားသူများ၏ သနားကြင်နာမှုကိုသာ မျှော်လင့်နေရပေမည်။ ပိုမိုသန်မာခြင်းမရှိပါက အရာအားလုံးက အန္တရာယ်ဖြစ်နေပေမည်။

သူက အခု အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်းပိုင်းကိုရောက်နေသည်။ လုံးဝ စွမ်းအားကြီးသွားသည်မဟုတ်သော်လည်း ပိုမိုသန်မာရန် ခြေတစ်လှမ်းနီးလာသည်။ နတ်ဆိုးအသိုက်ခရီးအတွက် စိုးရိမ်စိတ် အနည်းငယ်လျော့သွားသည်။ သို့သ်ော မလုံလောက်ပါသေးချေ။

ကျန်းဟောင် ခြံထဲဆင်းသွားပြီး ပူဖောင်းများကောက်သည်။

ကျင့်ကြံရေး +၁

အသက်သွေး +၁

ခွန်အား +၁

ကျန်းဟောင်မှာ လက်သီးဆုပ်၍ ကျောက်တုံးကြီးအား အစိတ်စိတ်အမြွှာမြွှာ ထိုးခွဲလိုက်သည်။ ၎င်းမှာ အသက်သွေးနှင့် ကျင့်ကြံရေးက ထောက်ပံ့ပေးထားသည့် ခန္ဓာကိုယ်ခွန်အားဖြစ်သည်။

"ဒီတိုင်းဆို မန္တန်မသုံးနိုင်ရင်တောင် ရုပ်ခွန်အားကျန်နေသေးတာပဲ" သူတွေးလိုက်သည်။ အဖြူရောင်ပူဖောင်းများကို နေ့စဥ်နဲ့အမျှ စုဆောင်းခဲ့သည့်ရလဒ်ဖြစ်သည်။

မိစ္ဆာအသံဓားချက်အား လေ့ကျင့်ပြီးနောက် ဆေးဥယျာဥ်ကိုသွားသည်။

နောက်တစ်လ

သူ၏အချိန်အများစုကို ကိုယ့်ကိုကိုယ်တိုးတက်စေရန်အတွက် အသုံးပြုခဲ့သည်။ ကံကောင်းစွာ နှောင့်ယှက်မည့်လူပေါ်မလာခဲ့ချေ။

မိစ္ဆာအသံဓားချက်ကို လေ့ကျင့်သောအခါ လျှို့ဝှက်ကျမ်းကိုလည်း တွဲလျက်ဖတ်ရှုသည်။ ညွှန်ကြားချက်များအတိုင်း လိုက်နာလျှင် စွမ်းအားထိန်းချုပ်မှုက ပိုလွယ်လာကြောင်း တွေ့ရသည်။ အမျိုးသမီးပေးသွားသည့် လျှို့ဝှက်ကျမ်းက တကယ့် ရတနာဖြစ်ကြောင်း သူ ဝန်ခံရပေမည်။

ညတွင် အဆောင်များလုပ်သည်။ စိတ်ဝိညာဥ်စုစည်းအဆောင်နှင့် နတ်ဓားအဆောင်က သာမန်ဖြစ်သောကြောင့် အများအပြားလုပ်သည်။

ဓားတစ်သောင်းအဆောင်အချို့ကိုလည်း ဖန်တီးထားပေမဲ့ ရောင်းရန်မဟုတ်ပေ။ သူ့အတွက်ထားထားသည်။ သူ့တွင် ၁၅ ခုရှိသည်။ သူ့အတွက် သိမ်းထားပြီး ကျန်တာကို ရောင်းရမည်။ ဝိညာဥ်ကျောက်တုံးအနေနဲ့ လက်ရှိသူ့တွင် ၇၂၃ တုံးရှိနေလေပြီ။

သူ့အနေနဲ့ အများကြီးမရခြင်းမှာ ဤရက်ပိုင်းအတွင်း စီးပွားရေးက မကောင်းသလို ဓားတစ်သောင်းအဆောင်အတွက် ကုန်ကြမ်းများကိုလည်း ဝယ်ယူရသောကြောင့်ဖြစ်သည်။

ဆေးဥယျာဥ်ကိစ္စများပြီးနောက် မှော်ရတနာဝယ်ရန် စီစဥ်ထားသည်။

"ခရီးထွက်ဖို့ ခုနစ်ရက်ပဲလိုတော့တယ် ငါ အချိန်မဆွဲသင့်တော့ဘူး"

မှော်ရတနာကိုဝယ်ပြီးနောက် အသားကျရန် လုပ်ဆောင်ရပေဦးမည်။ သူ့လေ့ကျင့်ရန် ခုနစ်ရက်သာကျန်သည်။

အမည် ကျန်းဟောင်

အသက် ၂၀

ကျင့်ကြံခြင်းအဆင့် အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်းပိုင်း

ကျင့်စဥ်နည်းလမ်း ကောင်းကင်တေးသံတစ်ရာလှည့်ခြင်း၊ ဟုန်မုန့်နှလုံးသားဆုဒြာ

နတ်စွမ်းရည် ကိုးလှည့်သေခြင်းအစားထိုး (ထူးခြား)၊ အကဲဖြတ်ခြင်း၊ ကြည်လင်သန့်စင်နှလုံးသား

အသက်သွေး ၄၆/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

ကျင့်ကြံရေး ၅၁/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

နတ်စွမ်းရည် ၁/၃ (မရနိုင်)

"အသက်သွေးနဲ့ ကျင့်ကြံရေးက တစ်ဝက်နီးပါးဖြစ်နေပြီ သိမ်းထားရမလား သုံးလိုက်ရမလား" သူ စဥ်းစားသည်။ သို့သော် သူ၏ ကျင့်ကြံခြင်းက အခြေခိုင်နေပြီဖြစ်ရာ ၎င်းတို့ကို ထုတ်နုတ်လိုက်ရင်တောင် အကူအညီ များများစားစားမဖြစ်နိုင်ပါချေ။

"နတ်ဆိုးအသိုက်ထဲဝင်တဲ့အချိန် ငါ့ကို တိုက်ရိုက်တိုက်ခိုက်ဖို့ ဖြစ်နိုင်ချေနည်းတယ် ငါ့ရဲ့ ကျင့်ကြံခြင်းကို ဆက်လက်စုဆောင်းရမယ်"

ကျန်းဟောင် ဆုံးဖြတ်ချက်ချပြီး ဂိုဏ်း၏ ဈေးထဲထွက်ခဲ့သည်။ မျှော်စင်တခုရှေ့ရပ်ပြီး ကြည့်နေသည်။ ဤနေရာက နှင်းကြာပန်းစံအိမ်ထက် ခမ်းနားသည်။

"ဆေဘာအမျိုးအစား အခြေခံတည်ဆောက်ခြင်းအဆင့် မှော်ရတနာလား" သူ့တောင်းဆိုမှုကိုကြားသောအခါ ဝန်ထမ်းမိန်းကလေးက ပြောသည်။ "ဒီဖက်ပါ စီနီယာအစ်ကို"

ထို့နောက် သူ့အား ဆေဘာသုံးလက်ကို ပြလာသည်။

ပထမတခုက ရဲရဲနီပြီး လက်သုံးလုံးကျယ်ကာ သုံးပေရှည်သည်။ ဒုတိယတခုက အလင်းများတောက်နေပြီး လက်နှစ်လုံးဗြက်ကျယ်ကာ တစ်ပေသာရှိသည်။ ဆေဘာတိုဖြစ်သည်။

တတိယမှာ အနက်ရောင်ဖြစ်ပြီး လက်သုံးလုံးစာကျယ်ပြီး နှစ်ပေရှည်သည်။

"ပထမတခုက နေလောင်ကျွမ်းဆေဘာပါ မီးစွမ်းအားနဲ့ အော်ရာက မြင့်မားတဲ့အပူချိန်ပါပါတယ် ဖျက်ဆီးနိုင်အား မြင့်မားပါတယ် ဝိညာဥ်ကျောက်တုံး ၈၈၈ တုံးပါ"

"ဒုတိယက ခုနစ်စင်လဆေဘာပါ သဲလွန်စမကျန်၊ မမြင်ရပဲ သတ်ဖြတ်နိုင်စွမ်းရှိတယ် ဈေးက ဝိညာဥ်ကျောက်တုံး ၁၁၀၀ ပါ"

"တတိယက အရိပ်ဆေဘာပါ ညဆိုမမြင်နိုင်ပါဘူး ပထမနှစ်ခုလောက် မကောင်းပေမဲ့ သုံးထားတဲ့ပစ္စည်းကြောင့် အရမ်းခိုင်မာပါတယ် ဈေးက ဝိညာဥ်ကျောက်တုံး ၈၃၀ ပါ"

ကျန်းဟောင်က အရိပ်ဆေဘာကို ကောက်ယူလိုက်သည်။ ၎င်းက အားလုံးထဲ ဈေးအသက်သာဆုံးဖြစ်သည်။ သူ အလိုချင်ဆုံးက ခုနစ်စင်လဆေဘာဖြစ်သော်လည်း ဈေးကြီးလှသည်။

အဆုံးတွင် အရိပ်ဆေဘာအား ဝိညာဥ်ကျောက်တုံး ၇၂၀ ဖြင့် ဈေးညှိနိုင်ခဲ့သည်။ ဆေဘာဝယ်ပြီးနောက် အဆောင်တချို့ရောင်းရာမှ ဝိညာဥ်ကျောက်တုံး ၃၀ နီးပါးရခဲ့သည်။ ထို့နောက် ဆေးဥယျာဥ်ကို ခဏပြန်သွားပြီး အိမ်ပြန်လာသည်။ ဆေဘာနဲ့ ရင်းနှီးအောင်ပြုချင်နေသည်။

ညတွင် ဆေဘာအား ဝေ့ယမ်းနေသည်။ အရပ်မျက်နှာတိုင်းကို ပိုင်းဖြတ်ပြီး ကြီးမားသည့် ဖျက်ဆီးနိုင်စွမ်းအား ပြသနေသည်။

ဤဆေဘာက မိစ္ဆာအသံဓားချက်နှင့် အလွန်လိုက်ဖက်ကြောင်း ခံစားရသည်။ သို့သော် အရိပ်ဆေဘာက ချောင်းတိုက်ရန် ပိုသင့်တော်ပြီး မိစ္ဆာအသံဓားချက်မှာ သိသာထင်ရှားလွန်းသည်။ ဒါပေမဲ့ ပေါင်းစပ်အသုံးပြုသောအခါ ကောင်းကောင်း အလုပ်လုပ်သည်။

ကျန်းဟောင် ကောင်းကင်ကိုကြည့်လိုက်ရာ လင်းစပြုနေလေပြီ။

ဒီနေ့ အချိန်ကျပြီဖြစ်၏။ နတ်ဆိုးအသိုက်ကနေ ပြန်ရောက်လာရန်အတွက်မူ သူ ယတိပြတ် မပြောနိုင်ပါသေးချေ။

All Chapters