← Chapters

မထင်မှတ်ထားသည့်အရာ

Vol. 2 Ch. 28

မထင်မှတ်ထားသည့်အရာ

Vol. 2 Ch. 28

ပစ္စည်းများထုပ်ပိုးပြီး သူထွက်လာခဲ့သည်။ အိမ်နဲ့ ခြံအား ဂရုစိုက်ပေးရန် အခြားတယောက်အား မမှာခဲ့ပေ။ အကြောင်းမှာ ကောင်းကင်ဘုံရနံ့တာအိုပန်းကြောင့် ဖြစ်သည်။ တခုခုမှားယွင်းသွားမည်ကိုစိုးသည်။ ထို့အပြင် သူ့ခြံက အမြဲတမ်းစောင့်ကြည့်မှုအောက်တွင် ရောက်နေသည်။ အကြီးအကဲ ပိုင်ကျီက ဒီတိုင်းထားမည်မဟုတ်ပေ။

"ဟိုအမျိုးသမီးလာလို့ ငါမရှိမှန်းသိရင် ပန်းကိုယူသွားလောက်လား" ကျန်းဟောင် သိပ်စိုးရိမ်မနေတော့ချေ။ သူ မရှိသည့် ကာလအတွင်းဖြစ်ပျက်သမျှအတွက် သူ့ကို အပြစ်မတင်နိုင်ပေ။

"ငါ့ကိုယ်ငါပဲ အရင်စိတ်ပူရမယ်" စနစ်မျက်နှာပြင်ကိုကြည့်သည်။

အသက်သွေး ၅၆/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

ကျင့်ကြံရေး ၆၁/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

တစ်ဝက်ကျော်ပြီ၊ သိပ်မကြာခင် ၁၀၀ ပြည့်နိုင်မလားမသိဘူး၊ ပြည့်ခဲ့ရင် အခွင့်အရေးရှာပြီး အဆင့်တက်ရမယ်။

ဒါက သူ့ရဲ့ နောက်ဆုံးဝှက်ဖဲဖြစ်သည်။ သူမသွားခင် ကမ်းပါးသခင်ကို နှုတ်ဆက်ချင်သွားပေမဲ့ ကံမကောင်းစွာရှိမနေချေ။

ဥပဒေခန်းမရှိရာသို့ သူ ရောက်လာခဲ့သည်။

"ဂျူနီယာညီလေး သွားတော့မှာလား" လျှိုရှင်းချန်က ရောက်လာသည်။

"မင်္ဂလာပါ စီနီယာအစ်ကို" ကျန်းဟောင် ယဥ်ကျေးစွာပြောသည်။ သူ ရယ်ချင်မိသည်။ သူလျှိုများက သူ့ကို စိုးရိမ်နေကြသည်။ သူ့ကို ဘာကြောင့် ဂရုစိုက်မှန်း မသိသော်လည်း အသက်ရှင်လျက် ပြန်လာစေချင်ပုံရသည်။

လျှိုရှင်းချန်နဲ့ ကျန်းဟောင်က စကားပြောလျက် လျှောက်လာကြသည်။ "ဂျူနီယာညီလေးရဲ့ အခြေအနေက သိပ်မကောင်းဘူး"

"ကျနော် နာမည်စာရင်းတွေ့ပြီးပြီ အားအကောင်းဆုံးက အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်းပိုင်းပဲ ကောင်းကင်ရွှင်ပျော်စံအိမ်နဲ့ သိပ်အဆင်မသင့်တဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်းပိုင်းတယောက်ပါသေးတယ် ဒါက ကျနော့်အတွက် အရမ်းမဆိုးပါဘူး" ကျန်းဟောင် ပြောသည်။

"ဟုတ်တယ် ဒီတခေါက် တာဝန်အတွက်စီစဥ်ပေးခံရတဲ့ ကောင်းကင်ရွှင်ပျော်စံအိမ်က လူတွေက အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်းပိုင်းနဲ့ အလယ်အလတ်ပဲ ဒါပေမဲ့ မထင်မှတ်ထားတာဖြစ်လာတယ်" လျှိုရှင်းချန် သက်ပြင်းချသည်။

"လူပြောင်းသွားတာလား" ကျန်းဟောင် အံ့သြသွား၏။

"မဟုတ်ဘူး" လျှိုရှင်းချန်က ခေါင်းယမ်းပြီး "သူတို့ အဆင့်တက်သွားတာ"

ကျန်းဟောင် ကြောင်သွားပြီး ပြဿနာကြီးတက်ပြီမှန်း သိလိုက်သည်။ စီနီယာအစ်မမင်ယီပေးသောစာရွက်တွင် ချိုးဖျက်ရန် နီးကပ်နေဟု ဖော်ပြချက်ပါသည်။

ဒါဆို တယောက်က အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်မှ နှောင်းပိုင်းကိုရောက်သွားပြီး နှောင်းပိုင်းအဆင့်ရှိသူမှာ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ပြီးပြည့်စုံသွားပြီဖြစ်သည်။

ဒါက အန္တရာယ်များသည်။

"သတိပေးတာ ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို" ကျန်းဟောင် ပြောသည်။

လျှိုရှင်းချန်က ခေါင်းညိတ်ပြီး ထွက်ခွာသွားသည်။

"အဆင့်တက်နိုင်ဖို့ အသက်သွေးနဲ့ ကျင့်ကြံရေးကို မြန်မြန်စုဆောင်းနိုင်မဲ့နည်းလမ်းရှာရမယ်" သူတွေးသည်။

စုဝေးသည့်နေရာကိုရောက်သောအခါ လူလေးဦးကိုတွေ့သည်။ အေးစက်ပြီး တည်ကြည်သည့် အမျိုးသမီးတယောက်၊ ကြမ်းကြုတ်ပုံရသည့် အမျိုးသားတဦးဖြစ်သည်။ ကျန်းဟောင်ကိုကြည့်သည့် သူတို့မျက်လုံးများက မုဆိုးများလိုပင်။

သူတို့အပြင် ယပ်တောင်ဖြူတစ်ချောင်းကိုင်ထားသည့် ရင်းနှီးဖော်ရွေဟန်ရသည့် အမျိုးသားတဦးနှင့် အပြာဝတ်အမျိုးသမီးတဦးလည်း ရှိသည်။

သူတို့မှာ ကောင်းကင်ရွှင်ပျော်စံအိမ်မှ ချင်ရွှယ်နှင့် လော့ဖုန်း၊ ရေခဲလတောင်ကြားမှ ကျန်းရှီကျူးနှင့် မိုးကြိုးမီးတောင်ထိပ်မှ ရှင်းယုယွီတို့ဖြစ်ကြသည်။

သူတို့လေးယောက်က အချင်းချင်းမကြိုက်ကြသော်လည်း သူနဲ့ရော အဆင်ပြေပါ့မလား မသိပါချေ။

သူ ချဥ်းကပ်လာသောအခါ လူတိုင်းကြည့်လိုက်ကြသည်။ တချို့က အကဲခတ်ပြီး တချို့က ခပ်လှောင်လှောင်ပုံဖြစ်သည်။ ကျန်းဟောင်က မတုန်လှုပ်ပဲ လျှောက်သွားလိုက်သည်။

"နှုတ်ဆက်ပါတယ် စီနီယာအစ်ကိုအစ်မတို့" ကျန်းဟောင် ယဥ်ကျေးစွာပြောသည်။" နောက်ကျသွားလို့ တောင်းပန်ပါတယ်"

တကယ်တော့ သူတို့က စောနေခြင်းပင်။

"မဟုတ်ပါဘူးလေ အချိန်ကိုက် ရောက်လာတာပါ" လော့ဖုန်းက ဤနေ့ကို အကြာကြီးစောင့်ဆိုင်းခဲ့ရသည့်အလား ပြုံးသည်။

"ဒါဖြင့် သွားစို့" ကျန်းရှီကျူးက ပြောသည်။

"ကောင်းပြီ ကောင်းကင်ရွှင်ပျော်စံအိမ်က လူတွေနဲ့ အကြာကြီးရပ်နေတာ အဆင်မပြေဘူး" ရှင်းယုယွီက မနှစ်မြို့စွာပြောသည်။

ကျန်းဟောင် ဘာမှမပြောပေ။ ကောင်းကင်ရွှင်ပျော်စံအိမ်က လူများမှာ ကျင့်ကြံခြင်းကို ဖုံးကွယ်ထားကြောင်း သတိပြုမိသည်။ လျှို့ဝှက်ကျမ်းကို လေ့လာထားသောကြောင့် ၎င်းတို့၏ အဆင့်အား ပြောနိုင်လေသည်။

သို့သော်လည်း ချင်ရွှယ်အား အကဲဖြတ်လိုက်သည်။

[ချင်ရွှယ်၊ ကောင်းကင်ရွှင်ပျော်စံအိမ်၏ တပည့်၊ အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ်၊ စံအိမ်သခင်အပေါ် သစ္စာရှိပြီး သင့်အပေါ် နက်ရှိုင်းသည့် အမုန်းတရားရှိသည်]

ကျန်းဟောင် ဆွံ့အသွား၏။ ဒါက ရူးတာပဲ။ သူ သက်ပြင်းချသည်။ ဒီလိုလူမျိုးတွေမရှိပဲ မိစ္ဆာဂိုဏ်းမဖြစ်နိုင်ပေ။

နတ်ဆိုးအသိုက်ကို မွန်းတည့်ချိန်တွင် ရောက်သွားကြသည်။ ကောင်းကင်ရှင်းလင်းဂိုဏ်း၏ ဗဟိုရေကန်တွင် ရှိသည်။ ကိုယ်ပိုင်ကမ္ဘာတစ်ခုလိုဖြစ်ပြီး ကျယ်ပြောသည်။ ဝင်ပေါက်က ဂိုဏ်း၏ နယ်စပ်အတွင်းကျနေသောကြောင့် ဂိုဏ်းပိုင်နက်ထဲ ရှိသည်ဟုဆိုနိုင်သည်။

"အထဲက လူအများစုက အခြေခံတည်ဆောက်ခြင်းအဆင့် စဦးနဲ့ အလယ်အလတ်ပဲရှိတယ်လို့ကြားတယ် ဒါဆို ငါတို့ လူခွဲသင့်တယ်" ချင်ရွှယ်ကပြောသည်။

"သဘောတူတယ်" လော့ဖုန်းကဆိုသည်။

"ငါတော့ အဲ့လိုမထင်ဘူး" ကျန်းရှီကျူးက ခေါင်းယမ်းပြီး "အထဲက မိစ္ဆာတွေကများနိုင်တယ် အတူတူပူးပေါင်းတာက ထိရောက်မှုရှိရှိ တိုက်ခိုက်နိုင်ရုံတင်မဟုတ်ဘူး တယောက်နဲ့တယောက်လည်း ဂရုစိုက်နိုင်တယ် အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်းပိုင်း ဒါမှမဟုတ် အထွတ်အထိပ်နဲ့ မတော်တဆဆုံခဲ့ရင် အနိုင်ယူနိုင်လိမ့်မယ် လူခွဲတာက အကြံကောင်းဖြစ်မယ်မထင်ဘူး"

"စီနီယာအစ်ကိုကျန်းနဲ့ သဘောတူတယ် " ရှင်းယုယွီက ထောက်ခံသည်။

"စီနီယာအစ်ကိုကျန်း ပြောတာ ပိုသင့်တော်မယ်ထင်ပါတယ် "ကျန်းဟောင်လည်း သဘောတူသည်။

လူတိုင်းနဲ့ အတူရှိနေရန်လိုအပ်သည်။ တိုက်ခိုက်လာပါက အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ်နဲ့ သူ မရင်ဆိုင်နိုင်သေးပါချေ။

"ကောင်းပြီလေ မိစ္ဆာအများစုကိုရှင်းပြီးမှ လူခွဲလည်း နောက်မကျသေးပါဘူး" ချင်ရွှယ်က ကျန်းရှီကျူးကို အေးစက်စက်ကြည့်သည်။

သူမ၏ မကျေနပ်မှုကို ကျန်းဟောင် ခံစားမိသည်။ သို့သော် လက်ရှိသူ့အတွက် ဤအခြေအနေက အလွန်အရေးပါသည်။

All Chapters