ရူးသွပ်မှု
Vol. 2 Ch. 29
နတ်ဆိုးအသိုက်က မှောင်မဲသည့်ဂူဖြစ်သည်။ သို့သော် အတွင်းတွင် လင်းထိန်နေသည့်ကောင်းကင်ရှိသောကြောင့် အံ့သြသွားရသည်။
ကောင်းကင်တွင် အလင်းများက ရေလှိုင်းများလို ရွေ့လျားနေကြသည်။ မြေပြင်ကတော့ အပြင်နဲ့ မကွာပါချေ။ တောင်တန်း၊ မြစ်များ၊ ပန်းနဲ့ သစ်ပင်များရှိကြသည်။ တောအုပ်တခု၏ အစွန်ကို သူတို့ရောက်သွားကြသည်။ ရှေ့တွင် အလင်းတန်းတခုက ကောင်းကင်ပေါ် မြင့် တက်နေကြောင်း မြင်ရသည်။
နတ်ဆိုးအသိုက်ရဲ့ ဗဟိုချက် ကျန်းဟောင် တွေးသည်။ ၎င်းကို ဂိုဏ်းမှတ်တမ်းများတွင် ဖတ်ဖူးသည်။
ဗဟိုချက်တွင် မိစ္ဆာများကို ချိပ်ပိတ်ထားသည်။ မည်သူ့ကိုမှ အနားကပ်ခွင့်မပြုပေ။
"ဒီကို ပထမဆုံးရောက်ဖူးတာ ပတ်ဝန်းကျင်က ဒီလောက်လှမယ်မထင်ထားဘူး" ရှင်းယုယွီက အံ့အားသင့်စွာပြောသည်။
"အင်း ဒီနေရာက လှပသလို အန္တရာယ်လည်း များတယ်" လော့ဖုန်းက ကျန်းဟောင်ကိုကြည့်သည်။ "မင်း ဒီမှာသေသွားရင်တောင် ဥပဒေခန်းမက မရုမစိုက်ဘူးလို့ကြားတယ်"
ကျန်းဟောင် ခေါင်းငုံ့လိုက်သည်။ လော့ဖုန်းက သူ့ကို ခြိမ်းခြောက်နေသည်။ သူတို့ရန်စသလောက် သူတည်ငြိမ်ရမည်။ မဟုတ်ပါက အကြောင်းပြချက်အဖြစ် သုံးလာနိုင်သည်။
ပထမဆုံး မိစ္ဆာများကိုရှာပြီးသတ်ရမည်။ ဆေးပင်စိုက်ခြင်းနှင့် မိစ္ဆာသတ်ခြင်းက အတူတူဖြစ်သည်။ နှစ်ခုလုံးက ပူဖောင်းများပေးသည်။
"နည်းနည်းငြိမ်သက်နေသလိုပဲ" ကျန်းရှီကျူးက ပတ်ဝန်းကျင်ကိုကြည့်ပြီး မျက်မှောင်ကြုတ်သည်။
"ဟုတ်တယ် ပုံမှန်ဆို မိစ္ဆာတွေ တိုက်ခိုက်လာလောက်ပြီ" ချင်ရွှယ်ပြောသည်။
ငါးယောက်သား တောနက်ထဲလျှောက်ဝင်သွားကြသည်။ ကျန်းဟောင်မှာ သတိအပြည့်ထားထားသည်။ သူ၏ အာရုံက ချင်ရွှယ်ထက် အနည်းငယ်သာ အားနည်းပေမည်။ သို့သော် သူ မဖော်ပြပေ။
ကျန်းဟောင် ဘယ်ဖက်ကိုကြည့်သည်။ ထိုနေရာတွင် လှုပ်ရှားမှုရှိနေသည်။
ချင်ရွှယ် သတိပေးလိုက်၏။" လာနေပြီ"
ဝှစ်
ဘုန်း
ကျောက်တုံးကြီးများ လွင့်ပျံလာပြီး မြေပေါ် တွင်းနက်ကြီးဖြစ်လာသည်။ သူတို့အားလုံး ကမန်းကတန်း ရှောင်တိမ်းလိုက်ရသည်။ မီးတောက်တခုက ကျောက်တုံးထံ ဝင်ရောက်သွားခဲ့သည်။
ဘန်း
ရှင်းယုယွီ လှုပ်ရှားလိုက်ခြင်းပင်။ သူမ၏ စွမ်းအားက အသိအမှတ်ပြုဖွယ်ဖြစ်သည်။ သူမက အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်ကိုရောက်ရန်နီးနေကြောင်း သတိပြုမိသည်။
ဂါး
ဒေါသတကြီးအော်သံနဲ့အတူ ပုံရိပ်သုံးခုပြေးထွက်လာကြသည်။
အနားရောက်လာသောအခါ ကျန်းဟောင် သေချာမြင်လိုက်ရသည်။ ၎င်းတို့က လူဝံများနဲ့တူပြီး အမွေးရှည်များက တကိုယ်လုံးကို ဖုံးအုပ်ထားကြသည်။ မျက်နှာများက ကြမ်းကြုတ်လှသည်။
ကျန်းဟောင် ရှေ့တက်လိုက်၏။ သူ့ခန့်မှန်းချက်အရ ၎င်းတို့မှာ အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်းသာရှိပေမည်။ သူ၏ ဆေဘာဖြင့် ပထမ မိစ္ဆာကို လွှဲခုတ်လိုက်သည်။
မီးပွားများပေါ်လာပြီး မည်သည့်ထိခိုက်မှုမှ မဖြစ်စေပေ။ ကျန်းဟောင်ရှော့ရသွားပြီး မိစ္ဆာအနောက်သို့ ခုန်လိုက်သည်။ ဓားမြှောင်ကိုထုတ်ပြီး လည်ပင်းကိုထိုးလိုက်၏။ ထိုသို့လုပ်ရသည်ကပင် အလွန်ခက်ခဲသည်။ သို့သော် သူအောင်မြင်သွားပြီး သွေးများထွက်လာသည်။
ဂါး
မိစ္ဆာ အော်လိုက်၏။ ကျန်းဟောင်မှာ ဓားမြှောင်ဖြင့် ထိပ်ထိုးသည်။ နောက်ဆုံးတွင် မိစ္ဆာမှာလဲကျသွားပြီး ၎င်းကိုယ်မှ ပူဖောင်းနှစ်ခုထွက်လာကာ သူနဲ့ ပေါင်းစည်းသွားသည်။
အသက်သွေး +၁
ကျင့်ကြံရေး +၁
ဒါက ပထမဆုံးအကြိမ် သတ်ဖြတ်ပြီး ပူဖောင်းရရှိခြင်းဖြစ်သည်။ အခြား မိစ္ဆာနှစ်ကောင်ကိုကြည့်သော် ဘာမှမတွေ့ရပေ။
"ကြည့်ရတာ ဂျူနီယာညီလေးကျန်းက သူများလည်ပင်းကို ဓားနဲ့ထိုးရတာ သဘောကျပုံပဲ" လော့ဖုန်းက မိစ္ဆာတကောင်ကို နှစ်ပိုင်းဖြတ်ပြီးပြောသည်။
"စီနီယာအစ်ကို နောက်နေပါပြီ မိစ္ဆာရဲ့ကိုယ်က မာပေမဲ့ လည်ပင်းက နည်းနည်းပျော့တယ်လေ" သူ အသာပြောသည်။
မှတ်တမ်းများတွင် အချက်အလက်တချို့ပါခဲ့သည်။ သို့သော် ဤသတ္တဝါများက မှတ်တမ်းထဲကထက် အရေပြားပိုမာသည်။ တိုက်ပွဲအား လေ့လာပြီးနောက် ၎င်းတို့၏ ခုခံမှုကို ဖျက်ဆီးလိုပါက မိစ္ဆာအသံဓားချက်ကို သုံးရမည်မှန်း သိခဲ့သည်။
အရေအတွက်များလွန်းပါက အန္တရာယ်ရှိသည်။ နောက်ထပ် လိုအပ်ချက်တခုက အနည်းဆုံး မိစ္ဆာအကောင် ၅၀ သတ်နိုင်မှ နတ်ဆိုးအသိုက်မှ ထွက်ခွင့်ရပေမည်။ မဟုတ်ပါက ကောင်းကင်ရွှင်ပျော်စံအိမ်က လူများက သူ့ကို ပြဿနာရှာပေမည်။
"ဒါဆို လည်ပင်းက အားနည်းချက်ပေါ့" ရှင်းယုယွီက မိစ္ဆာ၏ လည်ပင်းကို ဓားဖြင့်ထိုးလိုက်သည်။" တကယ်ပဲ လည်ပင်းကို တိုက်ခိုက်ရင် သတ်ရလွယ်တယ်"
"ငါတို့သတိထားရမယ် မိစ္ဆာတွေ တိုက်ခိုက်လာတာ ရုတ်တရက်ဆန်လွန်းတယ် ဒီနေရာက သူတို့ပိုင်နက်ဖြစ်မယ် ဆိုလိုတာက သုံးကောင်မကနိုင်ဘူး အုပ်လိုက်ဖြစ်နိုင်တယ်" ကျန်းရှီကျူးပြောသည်။
"ဒီလိုဆိုတော့လည်း တခါတည်းရှင်းပစ်လို့ရတာပေါ့ အုပ်လိုက်ရှင်းပြီးမှ သင်းကွဲတွေကို လိုက်ရှာရမယ်" ချင်ရွှယ်က အေးစက်စက်ပြောပြီး လျှောက်သွားသည်။ လူတိုင်းလိုက်ပါလာကြသည်။ ကျန်းဟောင်လည်း မိစ္ဆာများများသတ်ရန် မည်သို့လုပ်ရမည်အား စဥ်းစားနေသည်။
မကြာမီ မိစ္ဆာလေးကောင်နဲ့ ထပ်တွေ့သည်။ တစ်ကောင်က အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်ဖြစ်ပြီး ကျန်းဟောင် ရှောင်ရှားသည်။ ကျန်သုံးကောင်ကိုသာသတ်၏။
တကောင်ကို ဓားမြှောင်နဲ့ထိုးပြီး ကျန်နှစ်ကောင်ထံ ပြေးဝင်သွား၏။ အားလုံးက သူ့ကို တိုက်ခိုက်ရန် ခွင့်ပြုပေးထားသလိုပင်။
ပူဖောင်းသုံးခုကို သူရလိုက်သည်။
ကျင့်ကြံရေး +၁
အသက်သွေး၊+၁
အသက်သွေး +၁
"ကြည့်ရတာ ရိတ်သိမ်းနှုန်းက မတည်ငြိမ်ဘူးပဲ၊ သတ်တဲ့ပမာဏလည်း တိုးဖို့လိုမယ်" ကျန်းဟောင် စိတ်လေးသွား၏။ သူ သိပ်အကောင်းမမြင်တော့ပေ။
ဒါဖြင့် မိစ္ဆာအားလုံးကို သူသတ်ရပေမည်။ တစ်လက ဤသို့နှယ် ကုန်ဆုံးသွားခဲ့သည်။ ဤလအတွင်း သူတို့ အတူသွားခဲ့ကြသည်။ ဒါက ကျန်းဟောင်ကို အန္တရာယ်ကင်းစေ၏။ ကောင်းကင်ရွှင်ပျော်စံအိမ်က အခြားသူများရှေ့ သူ့ကိုသတ်မည်မဟုတ်ချေ။
ကျင့်ကြံရေး +၁
သူ့ရှေ့က လဲသွားသည့် မိစ္ဆာကို ကျန်းဟောင် ကြည့်နေ၏။ အခြေအနေက ပိုဆိုးလာသည်။ တစ်လကြာသွားပြီး နေ့တိုင်း မိစ္ဆာများနှင့်ရင်ဆိုင်ရသော်လည်း ပူဖောင်းများက နည်းသထက်နည်းလာသည်။
ထို့အပြင် လော့ဖုန်းကလည်း သူ့ကို အများကြီးပေးမသတ်ပေ။ သူ အကုန်လုံးကိုသတ်မည်ပြုလျှင် လော့ဖုန်းကလည်း တူညီစွာပြုမူသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်ကိုပင် ဖုံးကွယ်မထားတော့ပါချေ။
ကျန်းဟောင်က လော့ဖုန်း တမင်လုပ်သည်အား သိသည်။ မိစ္ဆာအရေအတွက်က နည်းလျှင်တော့ အတူတူခွဲဝေကြသည်။ သူ့အသက်သွေးနဲ့ ကျင့်ကြံရေးက ပြည့်ရန် အနည်းငယ်လိုသေးသည်။
အသက်သွေး ၉၅/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)
ကျင့်ကြံရေး ၉၆/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)