ဂျူနီယာညီလေးကျန်းက ဒီမှာပဲ တစ်သက်လုံး နေသွားရနိုင်တယ်
Vol. 2 Ch. 30
ဂါး
နောက်ထပ် မိစ္ဆာတကောင်ပေါ်လာ၏။ ကျန်းဟောင်လှုပ်ရှားရန်ပြုသော်လည်း လော့ဖုန်းက သတ်ဖြတ်ပစ်လိုက်သည်။ သူ့အနေနဲ့ ရပ်ကြည့်နေရုံသာတတ်နိုင်သည်။
"ဂျူနီယာညီလေးက မိစ္ဆာတွေကိုသတ်ရတာ စိတ်အားထက်သန်ပုံပဲ ငါနဲ့တူတယ် ဘယ်သူက ပိုသတ်နိုင်မလဲသိချင်သား" လော့ဖုန်းက အပြုံးဖြင့် ပြောသည်။
လော့ဖုန်း ဤနေရာကိုရောက်နေခြင်းက ကောင်းကင်ရွှင်ပျော်စံအိမ်ကြောင့်မဟုတ်ပေ။ ယွင်ရိုကြောင့်ဖြစ်သည်။ သူက သူမကို အလွန်စွဲလမ်းခဲ့သောကြောင့် လက်စားချေချင်နေခြင်းဖြစ်သည်။
"ဘာလို့ ဂျူနီယာညီလေးက တိတ်နေရတာလဲ "လော့ဖုန်း၏ မျက်လုံးထဲ သွေးဆာမှုများရှိနေသည်။
"သူ့ရဲ့အမုန်းတရားက ပိုပြင်းထန်လာပြီ ဒီတိုင်းဆို ထိန်းချုပ်မှုလွတ်ကင်းဖို့ လွယ်တယ်" ကျန်းဟောင် တွေးသည်။
သူတင်သာမဟုတ် ကျန်းရှီကျူးလည်း စိုးရိမ်နေသည်။ လော့ဖုန်းသာ စိတ်လွတ်သွားပါက ဤနေရာရှိလူအားလုံးကို သတ်ပစ်နိုင်သည်။
လော့ဖုန်းက အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်းပိုင်းဖြစ်သည်။ ရှင်းယုယွီလည်း စိတ်ပူနေသည်။ အဆင့်ခြင်းကွာခြားမှုကြောင့် သူမ ကြိုးစားလျှင်တောင် လော့ဖုန်းကို မထိန်းချုပ်နိုင်ဖို့များသည်။
"မိစ္ဆာတွေလည်း အရေအတွက်အတော်လျော့သွားပြီးပဲ လူခွဲကြရအောင်" ချင်ရွှယ်က ရုတ်တရက် ပြောလာသည်။
လူတိုင်း သက်ပြင်းချလိုက်ကြသည်။ ကျန်းဟောင် စိတ်ပူသွား၏။ လော့ဖုန်း လှုပ်ရှားလာပါမူ ချင်ရွှယ်လည်း ပါလာမည်မှာ သေချာသည်။
သူ့ရဲ့ ကျင့်ကြံခြင်းက ပြည့်လုနီးပါးဖြစ်နေလေပြီ။ အဆင့်တက်ရန် မခက်ခဲနိုင်လောက်ပေ။ အချိန်အနည်းငယ်သာ လိုသည်။
ကျန်းရှီကျူးမှာ ကျန်းဟောင်နှင့် ကောင်းကင်ရွှင်ပျော်စံအိမ်ကြား ပြဿနာကိုသိသည်။ ၎င်းထဲ သူ မပါချင်ပေ။ အန္တရာယ်များလွန်းသောကြောင့်ဖြစ်၏။
"ကန့်ကွက်ချင်တာရှိလား" ချင်ရွှယ်မေးသည်။
"ဂျူနီယာညီလေးကျန်း ဘယ်လိုထင်လဲ" ကျန်းရှီကျူးက မေးသည်။
"အကြံကောင်းလို့ပဲထင်ပါတယ်" သူပြောသည်။
သူ၏ တည်ငြိမ်သည့်အမူအရာကြောင့် ကျန်းရှီကျူး ချီးကျူးလိုက်မိသည်။ တဖက်တွင် လော့ဖုန်းမှာ ဆန္ဒပြည့်သွားသည့် မုဆိုးလိုပြုံးသည်။
"ဒါဆို ဂျူနီယာညီလေးကျန်းက ဘယ်ဖက်ကိုသွားမှာလဲ" ကျန်းရှီကျူးက သူ့ကို အရင်ရွေးစေသည်။ "အရပ်မျက်နှာအတူတူတော့ မရွေးကြစေချင်ဘူး ဒါမှ နတ်ဆိုးအသိုက်ကို မြန်မြန်ရှင်းလင်းနိုင်လိမ့်မယ်"
နောက်ဆုံးဆွေးနွေးပြီးနောက် ကျန်းဟောင် တည့်တည့်ထွက်ခွာသွားသည်။ ပထမဆုံး ရွေးချယ်ရခြင်းက ကောင်းကျိုးဆိုးကျိုးရှိသည်။ ကျန်းရှီကျူး ကြည့်နေသည့်အတွက် သူ့နောက်ကို မည်သူမှလိုက်မလာကြပေ။ ဒါပေမဲ့လည်း သူသွားသည့်လမ်းကို လူတိုင်းသိနေကြသည်။ သူ မြန်မြန်သွားရမည်။ မည်သူမှမတွေ့ခင် လမ်းကြောင်းပြောင်းရပေမည်။
ကျန်းဟောင် ထွက်သွားပြီးနောက် ကျန်းရှီကျူးက ကောင်းကင်ရွှင်ပျော်စံအိမ်က လူနှစ်ဦးကိုကြည့်သည်။ သူတို့ အရပ်မျက်နှာရွေးရန် အချိန်မဖြုန်းခဲ့ပါချေ။
"ဂျူနီယာမောင်လေးကျန်းက ကောင်းကင်ရွှင်ပျော်စံအိမ်ကို မကျေနပ်စေခဲ့ဘူးလို့ကြားတယ် ဘာလို့ ဒီကိစ္စကို မဖြေရှင်းပေးရတာလဲ" ရှင်းယုယွီက မေးသည်။
ကျန်းရှီကျူး သက်ပြင်းချလျက် "ငါ မလုပ်ချင်လို့မဟုတ်ပါဘူး ဒါပေမဲ့ ငါ သူတို့နဲ့ ပြိုင်ဘက်မဖြစ်နိုင်ဘူး တယောက်က အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်းပိုင်းနဲ့ နောက်တယောက်က အထွတ်အထိပ်ပဲ"
"ကောင်းကင်ရွှင်ပျော်စံအိမ်က တကယ်အရှက်မဲ့တာပဲ" ရှင်းယုယွီက မနှစ်မြို့စွာပြောသည်။
"ကောင်းကင်ရွှင်ပျော်စံအိမ်က မကျေမနပ်ဖြစ်နေတာ ဒါပေမဲ့ အသည်းကွဲကမ်းပါးကလည်း အရမ်းအားမနည်းပါဘူး နို့ပေမဲ့ ဒီတခါတော့ ကောင်းကင်ရွှင်ပျော်စံအိမ်ကပဲ အနိုင်ရလိမ့်မယ်ထင်တယ် ဂျူနီယာညီလေးကျန်းက ကံကြမ္မာကောင်းကြောင့်သာ အတွင်းစည်းတပည့်ဖြစ်လာတယ်ပြောတယ်"
"အမှန်ပဲ" ရှင်းယုယွီပြောသည်။ "ကျမတို့ ငါးယောက် အတူတူမပြန်နိုင်တော့ဘူးပေါ့"
"လေးယောက်ပဲပြန်နိုင်လိမ့်မယ် ဂျူနီယာညီလေးကျန်းက ဒီမှာပဲ ကျန်ခဲ့ရနိုင်တယ် "
"သူ့အတွက် လွတ်လမ်းမရှိတော့ဘူးလား"
"ငါတော့မထင်ဘူး" ကျန်းရှီကျူးက စိတ်မကောင်းစွာပြောသည်။" ကောင်းကင်ရွှင်ပျော်စံအိမ်က နှစ်ယောက်က သူ့နောက်ကိုလိုက်နေလောက်ပြီ ဂျူနီယာညီမ မင်းတယောက်တည်းသွားမလား ငါနဲ့အတူလိုက်မလား"
"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို ဒါပေမဲ့ ကျမတယောက်တည်း လေ့ကျင့်ချင်တယ်" ရှင်းယုယွီက ယဥ်ကျေးစွာပြောသည်။
"ကောင်းပြီ" ကျန်းရှီကျူးက လမ်းတခုကိုရွေးလိုက်သည်။ "နောက်လမှ ပြန်တွေ့တာပေါ့"
ရှင်းယုယွီမှာ ကောင်းကင်ရွှင်ပျော်စံအိမ်အား စက်ဆုပ်သည်။ ၎င်းတို့က လူကောင်းမဟုတ်ကြပေ။ ကျန်းဟောင်အတွက် စိတ်မကောင်းပေမဲ့လည်း သူမ ဘာမှမတတ်နိုင်ပေ။ သူ့ကျင့်ကြံခြင်းက အားနည်းလှသည်။ သူ စောစောသေသွားတာကလည်း ကောင်းမွန်ခြင်းဖြစ်နိုင်သည်။ အနာဂတ်တွင် နာကျင်ခံစားစရာမလိုတော့ပေ။
ထိုအခိုက် ကျန်းဟောင်မှာ အမြန်ဆုံးနှုန်းဖြင့် သွားနေသည်။ မိစ္ဆာများနှင့် ရင်ဆိုင်ရသောအခါ မလှုပ်ရှားခဲ့ပေ။ သူရှိနေရာအား ပေါ်သွားမည်ကို မလိုလားပေ။
နောက်တစ်ရက် ရေကန်တခုနားတွင် ရပ်တန့်လိုက်သည်။ တစ်ရက်လုံး မရပ်မနားပြေးလာပြီးနောက် ခဏနားရန် အကြံရသည်။ ကျင့်ကြံခြင်းနှင့် အသက်သွေးအတွက် မိစ္ဆာအချို့သတ်ရန်လိုသည်။ ထို့နောက် အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ်ကို တက်ရမည်။ မဟုတ်ပါက ကောင်းကင်ရွှင်ပျော်စံအိမ်က လူများကို ရင်ဆိုင်နိုင်မည်မဟုတ်ပေ။
ဂါး
ရေကန်ထဲမှ မိစ္ဆာတကောင်တက်လာသည်။ ၎င်းက အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်တွင်ရှိပြီး ကျန်းဟောင် တချက်တည်းနဲ့ သတ်ပစ်ခဲ့သည်။
ကျင့်ကြံရေး +၁
"တခုတည်းလား"
ထို့နောက် ခရီးဆက်သည်။ ကောင်းကင်ပေါ်တက်နေသည့် အလင်းတိုင်ကြီးကိုမြင်ရတိုင်း အံ့သြနဘန်းဖြစ်ရသည်။ ဒါပေမဲ့ အနားမသွားရဲပေ။ ထိုနေရာတွင် မိစ္ဆာ အရေအတွက်ပေါ၏။ လိုအပ်သည့် ပူဖောင်းများရရန် သုံးရက်စုဆောင်းခဲ့ရသည်။
နောက်ဆုံး မိစ္ဆာအားသတ်လိုက်ပြီးနောက် သူ သက်ပြင်းချသည်။ သူ၏ အသက်သွေးနှင့် ကျင့်ကြံရေးက ပြည့်သွားလေပြီ။
အသက်သွေး ၁၀၀/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)
ကျင့်ကြံရေး ၁၀၀/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)
"အဆင့်တက်ရတော့မဲ့အချိန်ပဲ"
တနေရာတွင် လော့ဖုန်းက မိစ္ဆာအလောင်းကိုကြည့်ပြီး ရေကန်ရှိရာအရပ်ကို လှည့်ကြည့်လိုက်သည်။ "မင်းကိုတွေ့