မိုးကြိုးအတိဒုက္ခ
Vol. 133 Ch. 4.1502
"အစ်ကိုကြီး?"
"စိတ်မပူပါနဲ့... ငါ့မှာ နည်းလမ်းတွေ အများကြီးရှိတယ်.. မင်းကို မလိမ်ပါဘူး... ငါတို့ ပေါင်းသင်းနေတာပဲ ကြာပြီ မင်း မယုံသေးဘူးလား"
ရှန်းရှန်း လုရွှမ်ကို စိုက်ကြည့်ပြီးနောက် သူမ၏လက်ချောင်းလေးများကို ဆန့်ထုတ်ကာ လုရွှမ်လက်ချောင်းကို ကိုင်ထားလိုက်သည်။
"ညီမကို မလိမ်ပါနဲ့နော်... မဟုတ်ရင် အစ်ကို့ကို လက်စားချေဖို့ နဂါးမျိုးနွယ်ကို ညီမ တကယ်လွှတ်လိုက်မှာ"
လုရွှမ်: "ငါ့ကို လက်စားချေဖို့ မလိုပါဘူးကွာ... ငါ မသေနိုင်သလို ဘယ်သူမှလည်း ငါ့ကို သတ်လို့မရဘူး ငါ့မှာ ဒီယုံကြည်မှု ရှိနေတုန်းပဲ"
ရှန်းရှန်း တုံ့ဆိုင်းစွာဖြင့် ထွက်ခွာသွားခဲ့သည်။ ပို့ဆောင်ခြင်းအစီအရင် ရှိရာ နေရာကို ရောက်သော် တစ်ချက် ပြန်လှည့်ကြည့်ကာ အဝေးသို့ ထွက်ခွာသွားခဲ့သည်။
"ကောင်လေး... မင်းက မာနကြီးတာလား ဒါမှမဟုတ် မင်းမှာ သတ္တိတွေပဲ တအားရှိနေတာလားတော့ မသိဘူ.... ဒါပေမဲ့ ဒီမာနအတွက် စိတ်မပူပါနဲ့ မင်းတစ်ကိုယ်လုံးကို ထားခဲ့ရမယ်"
လုရွှမ်: "တစ်ကိုယ်လုံးကို မပေးနိုင်တဲ့အတွက် တောင်းပန်ပါတယ်...."
"သတ်ပစ်!"
လူတစ်စုက တစ်ပြိုက်နက်တည်း တိုက်ခိုက်လာကြတော့သည်။ သူက အရင်ကသခင်တွေကို အစွမ်းထက် လှည့်ကွက်တွေနဲ့ သတ်ပစ်လိုက်ပေမယ့် ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ လူတိုင်းဆီက တစ်ပြိုင်တည်း တိုက်ခိုက်မှုတွေကို ဘယ်တော့မှ ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး။
ရုတ်တရက် ကောင်းကင်က လာသလို ပြင်းထန်သော ရောင်ဝါတစ်ခုကို လုရွှမ်ခန္ဓာမှ ထုတ်လွှတ်လာသည်။ အရှိန်အဟုန်က ကြောက်စရာ ကောင်းလောက်အောင် ပြင်းထန်လွန်းသဖြင့် မြို့တစ်ဝက်လောက်ကို တစ်ပြိုင်နက် ဖြတ်သွားလုနီးပါးပင် တုန်သွား၏။
ဝေးဝေး မသွားသေးသော ထွက်ပြေးသူတွေလည်း တစ်ယောက်ပြီး တစ်ယောက် ထိတ်လန့်သွားကြသည်။
ဓားရှည်များ၊ လှံများ၊ တစ်ဖက်သွားဓား စဖြင့် လက်နက်အမျိုးမျိုးဟာ ကောင်းကင်နဲ့ မြေကြီးကို တုန်လှုပ်သွားမတတ် ပစ်ခတ်လိုက်သော်လည်း ဦးတည်ရာ လွဲချော်သွားသလိုမျိုး လေထုထဲ၌ သဘာဝအတိုင်း ပျောက်ကွယ်သွားခဲ့သည်။
အလယ်က လုရွှမ်ဟာ ယခုအချိန်တွင် ၎င်းတို့တိုက်ခိုက်နေသော လူဖြစ်ပြီး သူ့ခန္ဓာကိုယ်က စူးရှသော အလင်းရောင်များဖြင့် တောက်ပနေသည်။ လုရွှမ်အနောက်တွင်တော့ အနီရောင်နေလုံးက မြင့်တက်လာပြီး တစ်ကိုယ်လုံးကို ဖုံးအုပ်ပစ်တာကြောင့် လုရွှမ်ကို နေတစ်စင်းလို ပြောင်းလဲသွားစေသည်။
လုရွှမ်ခန္ဓာကိုယ်မှ တောက်လောင်နေသော အပူနှင့် ဖြာထွက်နေသော နေရောင်ခြည်သည် လူတိုင်း၏ ခန္ဓာကိုယ်အတွင်းသို့ မတော်တဆ ဖြတ်သန်းသွားသော အမှုန်အမွှားလေးများလို ပျံ့သွားသည်။
ထိခိုက်မှုတစ်စုံတစ်ရာ မရှိသော်လည်း ခန္ဓာကိုယ်ထဲက အစိတ်အပိုင်း အားလုံးကို ထိတွေ့သွားသလို ခံစားရစေသည်။
ဒါက ဘယ်လို စွမ်းအားမျိုးလဲ။
လုရွှမ်မှာ နတ်ခန္ဓာရှိကြောင်း မြို့ထဲရှိ ကျင့်ကြံသူများအားလုံး သဘာဝအတိုင်း သိထားကြသည်။ ပါရမီရှင်စာရင်း၏ ထိပ်ဆုံးနေရာကို ရောက်နိုင်ခြင်းကြောင့် နတ်ခန္ဓာကိုယ်ကလည်း အဆင့်သတ်မှတ်ချက်အရ မြင့်မားလိမ့်မည်။
သို့ဖြစ်ပေရာ နတ်ခန္ဓာကိုယ်ကို ဘာဖြစ်လို့ ပြလိုက်တာလဲ။ သူ့ကို မက်မောဖို့ ကြံစည်နေသူတွေကို ပြသရတာ မလုံလောက်သေးလို့လား။
ဝုန်း!
ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး လူတိုင်းက ကောင်းကင်ကို ထိတ်လန့်စွာ မျှော်ကြည့်လိုက်သော် မမျှော်လင့်ဘဲ အရောင်သုံးရောင်စုံ တိမ်တိုက်များက တဖြည်းဖြည်း မည်းမှောင် စုပုံလာကာ ဖိအားများကလည်း အရှိန်အဟုန်နဲ့ တိုးလာနေလေ၏။
"ဒါက အတိဒုက္ခလား"
ရုတ်တရက် လူတစ်ယောက်က လူတိုင်းကို သတိပေးသလို အော်လိုက်သည်။ သူ့အသံမှာ တုနှိုင်းမရတဲ့ ထိတ်လန့်မှုတွေနဲ့ ပြည့်နေတာတော့ အမှန်ပင်။
စင်စစ် လူတိုင်းသည် ကောင်းကင်အတိဒုက္ခကဲ့သို့သော အရာများကို တွေ့ကြုံဖူးကြသော်လည်း ရန်သူအုပ်စု တစ်စုက လှည့်ပတ် တိုက်ခိုက်နေချိန်တွင် ငတုံးလိုမျိုး အတိဒုက္ခကို ဖြတ်ကျော်နေတာကိုတော့ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ ဖြစ်သည်။
ဒီအကြောင်းကို တွေးကြည့်တော့လည်း အစကတည်းက ဘယ်သူမှ မစဉ်းစားမိတဲ့ အချက်တစ်ချက်ပင်။ အတိဒုက္ခကြီးပြီးရင် လူဟာ မောပန်းနွမ်းနယ်ပြီး ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေတောင် ပြင်းပြင်းထန်ထန် ခံစားခဲ့ရတာမို့ တခြားသူတွေ မသိအောင် လျှို့ဝှက် ဖြတ်ကျော်တတ်ကြသည်။
အလယ်ပိုင်းဒေသမှာ နားမလည်နိုင်တဲ့ စွမ်းအားတွေ ရှိနေပုံပေါ်ပြီး ဒီလိုအတိဒုက္ခကို ကျော်လွှားပြီးရင် တခြားနေရာတွေထက် အကျိုးကျေးဇူးများစွာကို ရရှိနိုင်ပါ၏။ သို့သော် အလားတူ အတိဒုက္ခက ပို၍ပြင်းထန်ပြီး အန္တရာယ်လည်း ရှိသည်။
ဒီမှာ အတိဒုက္ခကို ခံနိုင်ရည်မရှိလို့ လဲကျခဲ့တဲ့ ပါရမီရှင်တွေ အများကြီးပါပဲ။ လုရွှမ် အမူအရာမှာ မီးနှင့်ကစားနေခြင်းသာ ဖြစ်သည်။ တခဏတာ အံ့အားသင့်သွားပြီးနောက် လူတိုင်းက မရယ်မောဘဲ မနေနိုင်ကြတော့ပေ။
လုရွှမ်က သူ့ကိုယ်သူ အသေသတ်ပြီး မီးနဲ့ ကစားနေတာ ဖြစ်တာကြောင့် သဘာဝအတိုင်း သူတို့ ဝင်မတားဘဲ မီးတောက်ကို ပိုပြင်းထန်လာဖို့ လောင်စာ အနည်းငယ် ထည့်ပေးလိုက်ဖို့သာ ဆုံးဖြတ်လိုက်သည်။
နတ်လက်နက်များ၊ ကောင်းကင်လက်နက်များ၊ သိုလှောင်ကွင်းများက အတိဒုက္ခထဲ၌ ပြီးစလွယ် ပျက်စီးသွားမယ့် အရာတွေ မဟုတ်ချေ။
လုရွှမ်ရဲ့ မျက်လုံးများသည် လူတိုင်းကို အမြဲတမ်း စိုက်ကြည့်နေခဲ့သည်။ အားလုံး၏ မျက်လုံးများသည်လည်း သဘာဝအတိုင်း သူ့အပေါ်တွင် ရှိနေသည်။ ဒါပေါ့ ထုံးစံအတိုင်း ဒီလူတွေ ဘာတွေတွေးနေလဲဆိုတာ သူကောင်းကောင်းသိသည်။
အလယ်ပိုင်းဒေသရဲ့ ဝိညာဥ်စွမ်းအင်က အလွန်ပေါများပြီး ကောင်းကင်နှင့် မြေကြီး၏ နိယာမက အတော်လေး ပြီးပြည့်စုံသည်။ ကောင်းကင်အတိဒုက္ခ အန္တရာယ်က အလွန်တိုးမြင့်လာသော်လည်း ကျင့်ကြံမှုအဆင့်မှာ လိုက်ပါ၍ တိုးတက်လာမည်။
အထူးသဖြင့် လုရွှမ်ရဲ့ ယွမ်ယန်ကျင့်စဥ် အဆင့်သည် တဖြည်းဖြည်း မြင့်တက်လာနေပြီ။ ယွမ်စွမ်းအင်ပမာဏသည် အခြားသူများထက် အနည်းငယ်သာ သာလွန်နေသော်လည်း ခြုံငုံကြည့်လျှင် ကျင့်စဉ်အရှိန်က လူတိုင်းထက် အမှန်တကယ် မြင့်မားလေ၏။
တိုက်ရိုက် ထိမှန်သွားသည့် အရာမှာ အနက်ရောင် နတ်မိုးကြိုး ဖြစ်သည်။ လုံးဝ အနက်ရောင်ဖြစ်နေပြီ ဖြစ်ပြီး အခြားအရောင်ကို အစွန်းလေးပင် မမြင်ရပေ။ ၎င်းသာ ခန္ဓာကိုယ်ကို ထိလိုက်ပါက ဘယ်လို ဖြစ်လာမလဲ တွေးကြည့်နိုင်သည်။
တိုက်ရိုက် အသတ်ခံရမှာ ကြောက်ရသည်။
ဒီလိုမျိုး မိုးခြိမ်းသံကိုမြင်တော့ ထိုနေရာမှာရှိနေတဲ့ မျှော်စင်နယ်ပယ်တွေဟာ သူတို့ကိုပါ ဆွဲခေါ်သွားမှာ ကြောက်တာကြောင့် တစ်ယောက်ပြီးတစ်ယောက် အလျင်အမြန် ပြန်ပြေးလာကြတော့သည်။
အကြောင်းပြချက်မှာ ဤအနက်ရောင် နတ်မိုးကြိုးမျိုးသည် မျှော်စင်နယ်ပယ်ကို နတ်ခြေလှမ်းနယ်ပယ်သို့ ခွဲထွက်စေနိုင်သော နတ်မိုးကြိုးပဲ ဖြစ်သည်။ ယခုမူ လုရွှမ်သည် နတ်မီးနယ်ပယ်သာ ရှိသေးသော်ငြား သာမာန် ပါရမီရှင်များထက်ကို သာလွန်နေပေပြီ။
နတ်ခြေလှမ်းနယ်ပယ် သခင်များ၏ မျက်နှာများပင် မည်းမှောင်သွားသည်။ ဒီနတ်မိုးကြိုးက နတ်ခြေလှမ်းနယ်ပယ် အဆင့်သို့ ရောက်ရှိသွားပြီ။ ဒီမိုးကြိုး ထွက်လာသည်နှင့် တပြိုင်နက် ၎င်းတို့သည် ယခင်က အတိဒုက္ခကို ကျော်လွှားခဲ့စဉ်က ဘယ်လို ဖြစ်ခဲ့သလဲ ချက်ချင်း အမှတ်ရသွားစေ၏။
မနေ့ကမှ ဖြတ်ကျော်ခဲ့ရသလိုမျိုး မူလမြင်ကွင်းက သူတို့စိတ်ထဲမှာ ပြန်ပေါ်လာတော့သည်။
ထိုအချိန်တွင် သူတို့သည် နတ်ဘုရားရဲ့ တန်ခိုးအာဏာကို ရင်ဆိုင်လုနီးပါး ဖြစ်နေခဲ့ရတာကြောင့် စိတ်နှလုံးထဲကပါ ကြောက်ရွံ့ တုန်လှုပ်နေကြသည်။ အတိဒုက္ခကို ဘယ်လိုဖြတ်ကျော်ပြီး နတ်ခြေလှမ်းနယ်ပယ် ရောက်သွားကြသလဲပင် မမှတ်မိတော့ပေ။
အကြောင်းမှာ သူတို့သည် နောက်တစ်ကြိမ် အတိဒုက္ခကို ဖြတ်ကျော်လိုသော်လည်း အောင်အောင်မြင်မြင် ကျော်လွှားနိုင်မလား ယုံကြည်မှု မရှိတော့တာကြောင့်ပါပဲ။
ချက်ချင်းပင် အလယ်ဗဟိုရှိ လုရွှမ် အနီးတစ်ဝိုက်တွင် ကြီးမားသော နေရာတစ်ခု ပွင့်သွားခဲ့ပြီး သူ့ကိုယ်သူ ကာကွယ်ထားလိုက်သည်။ ထို့နောက် ပေါ့ပေါ့ပါးပါး ရယ်ကာ သူ့ပါးစပ်ကိုဖွင့်၍ ဤနတ်မိုးခြိမ်းသံများကို စုပ်ယူပစ်လေသည်။