← Chapters

ကြီးနိုင်ငယ်ညှင်း

Vol. 133 Ch. 4.1503

ကြီးနိုင်ငယ်ညှင်း

Vol. 133 Ch. 4.1503

"ဘာ?"

လူတိုင်း ထိတ်လန့်သွား၏။ လုရွှမ်က နတ်မိုးကြိုးကို သူ့ပါးစပ်ထဲ တိုက်ရိုက် စုပ်လိုက်တာ အပိုင်းပိုင်း ပြတ်သွားမှာကို မကြောက်ဘူးလား။ ခန္ဓာကိုယ်ရဲ့ အရိုးများနှင့် နှိုင်းယှဉ်ပါက အတွင်းအင်္ဂါများက ပိုမိုသိမ်မွေ့သည်။

လုရွှမ်၏ ခန္ဓာကိုယ်ပေါ်တွင် နတ်မိုးကြိုးလိုင်းများ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ဖြာထွက်သွားရာ ရုတ်တရက်ကြီး မိုးကြိုးနတ်ဘုရားအဖြစ် ပြောင်းလဲသွား​တော့သည်။

ပြီးတော့ နတ်မိုးကြိုးတွေက ဆိုင်းငံ့မနေဘဲ လုရွှမ်ရဲ့ ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်းမှန်သမျှကို ဖြတ်ပြေးသွားပြီး သူ့မျက်လုံးတွေထဲမှာတောင် တောက်ပနေသေး၏။

လူတိုင်း၏ မနာလိုသော ကျိန်စာမျက်လုံးများကြားတွင် နတ်မိုးကြိုးက လုရွှမ်ကို မထိခိုက်စေရုံသာမက မျက်လုံးများထဲတွင်ပင် သူ့အလိုလို ရောနှောသွားသည့်အတွက် အလွန်အမင်း စိတ်ပျက်ကုန်သည်။

မယုံနိုင်စရာလည်း ကောင်းပေ၏။

လုရွှမ်မျက်လုံးထဲမှ လျှပ်စီးကြောင်းများ ရုတ်တရက် ပြေးထွက်သွားပြီး နတ်ခြေလှမ်းနယ်ပယ်က လူတစ်ယောက်ဆီ ပစ်ခတ်လိုက်သည်။ တစ်ဖက်လူဟာ အစကတည်းက စွမ်းအားတွေကို လွှမ်းခြုံထားပေမယ့် ထူးထူးဆန်းဆန်းနဲ့ မခံမရပ်နိုင် ဖြစ်နေရသည်။

လုရွှမ် မျက်လုံးများမှ နတ်မိုးခြိမ်းသံ ထွက်လာမယ်လို့ ထိုလူလည်း မထင်ထားခဲ့ချေ။ ဒီလောက် ကြောက်စရာကောင်းတဲ့ နတ်မိုးခြိမ်းသံကိုတောင် ပစ်လွှတ်လိုက်သေးသည်။ ကမန်းကတမ်း ရှောင်ဖို့ ကြိုးစားသော်လည်း တိုက်ရိုက် ထိမှန်သွားခဲ့သည်။

ဝုန်း!

ထိုလူ၏ ခန္ဓာကိုယ်မှ သွေးအပေါက်သည် တိုက်ရိုက် ပေါက်ထွက်သွားသည်။ ကံကောင်းထောက်မစွာနဲ့ပဲ သူသည် လျှပ်စီးကြောင်း ဘေးအန္တရာယ်ကို လေ့ကျင့်မှုကို ခံနိုင်ရည်ရှိနေပြီ ဖြစ်သည်။

ထို့အပြင် ဤနတ်မိုးခြိမ်းသံကိုယ်တိုင်က လုရွှမ် ခန္ဓာကိုယ်မှ ဖြတ်သွားခဲ့တာကြောင့် နတ်မိုးကြိုး စွမ်းအားက များစွာလျော့ပါးသွားသည်။ မဟုတ်ပါက ထိုလူ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ထိုလူမျက်နှာသည် နီရဲလာ၏။ ရှက်ရွံ့သွားတာကြောင့် ဒေါသလည်း ထွက်သွားသည်။

နတ်မိုးကြိုးကသာ သူ့ဦးခေါင်းကို ထိသွားခဲ့ရင် ရလဒ်က အခုလို သွေးပေါက်တာနဲ့တင် ရပ်သွားမှာ မဟုတ်ချေ။ သူ့ခေါင်းက ပေါက်ကွဲသွားမှာ သေချာသည်။

လုရွှမ်: "ဟေး သနားစရာကောင်းလိုက်တာ... ပထမဆုံး ထိန်းချုပ်ဖူးတာ ဆိုတော့ တိကျတဲ့ အနေအထားကို မထိန်းချုပ်နိုင်ခဲ့ဘူး... အခုနတုန်းက မင်းကို ပစ်မှတ်မထားမိလို့ စိတ်မကောင်းပါဘူး"

လုရွှမ် လှောင်ပြောင်သံကြောင့် ထိုလူကြီးမှာ ပိုလို့တောင် ဒေါသထွက်သွားသေးသည်။ သူ့ကို မတိုက်ခိုက်တာက ဘာကိုဆိုလိုတာလဲ။

"ဟမ့်!

ဓားစွမ်းအင်က လုရွှမ်ရှေ့သို့ ပျံသန်းသွားသည်။ လုရွှမ် ပြန်တိုက်ရန် ပျင်းလွန်းသဖြင့် ထိုဓားစွမ်းအင်ကို နတ်မိုးကြိုးနဲ့ပဲ အစိတ်စိတ်အမွှာမွှာ ခွဲပစ်ခဲ့သည်။ နတ်မိုးခြိမ်းသံက ဓားစွမ်းအင်ကို ဖြတ်တောက်ပြီးနောက် ဦးတည်ရာလှည့်ကာ ထိုလူဆီသို့ တိုက်ရိုက် ပစ်ခတ်လိုက်၏။

နောက်ဆုံးတွင် သူလည်း အလွန်ထိတ်လန့်သွားပြီး နတ်မိုးခြိမ်းသံကို မတားဆီးရသေးခင် အလျင်အမြန် ရှောင်ထွက်လိုက်သည်။ ဒီတစ်ကြိမ်ရဲ့ နတ်မိုးကြိုးက လုရွှမ်ဆီက ပစ်ခတ်တာမဟုတ်တာမို့ ၎င်း၏ စွမ်းအားသည် ယခင်ထက် နှစ်ဆပိုမိုအားကောင်းလာသည်။

သူ ခုခံလိုက်သောအခါ ယခင်ကထက် ပို၍ အရှက်ကွဲသွားပြီး ပါးစပ်ထောင့်မှ သွေးများပင် ပါးစပ်မှ တတောက်တောက် ထွက်ကျလာသည်။

"အရူး.... မင်းသေချင်နေရင်လည်း ငါတို့ကို ဆွဲမထည့်နဲ့ကွ!"

အနီးနားရှိ လူတွေလည်း နတ်မိုးခြိမ်းသံကြောင့် ရေနစ်လုနီးပါး ဖြစ်ကုန်၏။ နတ်မိုးကြိုး သူတို့အနီနား ဝင်လာသည်နှင့် တစ်ပြိုင်နက် ဒုက္ခဆင်းရဲတွင်းသို့ ဝင်ရောက်သွားပေလိမ့်မည်။

ယွမ်စွမ်းအားက နောက်တစ်ဆင့်သို့ တက်လှမ်းရန် မလုံလောက်​သေးသောကြောင့် အတိဒုက္ခကိုသာ ကျော်လွှားရပါက အလကား သေပေးရလိမ့်မည်။ ယခု နတ်မိုးခြိမ်းသံရဲ့ အသွင်အပြင်ကို ကြည့်ရင် ထိမှန်သူတိုင်း သေသွားနိုင်သည်။ တစ်ယောက်ပြီးတစ်ယောက် ချက်ချင်းဆိုသလို ရှောင်ထွက်ကာ အစောကလူဟာ နောက်ကွယ်မှ ရှုတ်ချမှုအပြည့်ဖြင့် ကြည့်​နေကြသည်။

ထိုလူ့ခမျာလည်း ပိုလို့တောင် ဒေါသကြီးပေမယ့် နောက်ထပ် မလှုပ်ရဲတော့ချေ။ ဤနေရာ၌ နတ်မိုးကြိုးကို သူတကယ် ဆွဲဆောင်ချင်နေပြန်သည်။ ဒေါသတွေအပြည့်နဲ့ သူ့ကိုယ်သူ ဖုံးကွယ်ထားဖို့ကလွဲလို့ ရွေးချယ်စရာ မရှိခဲ့ချေ။ သူ့စိတ်ထဲမှာ ဒေါသတွေထွက်နေပြီး လုရွှမ်ကို အပိုင်းပိုင်းဖြတ်ပြီး ခွေးတွေကို အစာကျွေးဖို့ မစောင့်နိုင်တော့ပေ။

လုရွှမ်ကလည်း ဒီကောင် ဘာတွေတွေးနေလဲဆိုတာကို သိဖို့ မေးကြည့်နေစရာ မလိုချေ။

"ထပ်လာပြန်ပြီနော်!!"

လုရွှမ် အော်ပြောပြီး ကောင်းကင်ကကျလာတဲ့ နတ်မိုးကြိုးကို ကန်ထုတ်လိုက်ရာ မထင်မှတ်ဘဲ သတိမထားမိတဲ့ လူတစ်ယောက်ဆီ တစ်ချက်ထိသွားသည်။ သို့သော်လည်း ယခင်သင်ခန်းစာကြောင့် ဤလူ၏တုံ့ပြန်မှုက နှေးကွေးခြင်း မရှိသဖြင့် ချက်ချင်း ရှောင်တိမ်းသွားခဲ့သည်။ သူ့နောက်ကွယ်ကလူဟာ ကံဆိုးသူ ဖြစ်သွားရလေသည်။

အဲဒီမိုးခြိမ်းသံဆီက ပစ်ခတ်ခံလိုက်ရသူက မိန်းကလေး တစ်ယောက်ပင်။

ပါးစပ်က သွေးတွေ ထွက်လာပြီး ခေါင်းငုံ့လိုက်တဲ့အခါ နတ်မိုးကြိုးက သူမနှလုံးကို မတော်တဆ ထိမှန်သွားတာ တွေ့လိုက်ရလေသည်။ အကာအကွယ် တစ်စုံတစ်ရာတောင် မရှိခဲ့။ သူမဟာ နတ်ခြေလှမ်းနယ်ပယ်၌ ရှိသော်လည်း ဒီနတ်မိုးကြိုးကတော့ သူမ၏ ကန့်သတ်ချက်ကို ကျော်လွန်နေပြီ ဖြစ်သည်။

အလောင်းက မြေကြီးပေါ် အရှိန်ပြင်းပြင်းနဲ့ ပြုတ်ကျသွားခဲ့သည်။

လုရွှမ်: "အိုး..မတိုက်ဆိုင်သွားတာ ဖြစ်မယ်...."

သို့သော် လုရွှမ် နောက်တစ်ကြိမ် နတ်မိုးကြိုးကို တခြားနေရာများသို့ ပို့ဆောင်လိုက်မှာ စိုးရိမ်သဖြင့် လူတိုင်း ထိတ်လန့်နေကြပါပြီ။ အခု လူနည်းသွားပေမယ့် ရှိနေကြသေးသည်။ ဒီနည်းနဲ့ဆို လုရွှမ် နတ်မိုးခြိမ်းသံကို မည်သည့် ဦးတည်ချက်ဖြင့်မဆို ဦးဆောင်လိုက်တာနဲ့ ပရမ်းပတာ ဖြစ်သွားစေလိမ့်မည်။

လုရွှမ်ဟာ နတ်မိုးခြိမ်းသံတွေကို ရေတွေဖြန်းနေသလိုပဲ အရပ်ရပ်သို့ ပစ်ခတ်နေသည်။ သို့သော် နတ်မိုးခြိမ်းသံကြောင့် ကြောက်လန့်သွားသူတွေဟာ ကြက်တွေလိုပဲ ရုန်းရင်းဆန်ခတ်ဖြင့် တစ်ယောက်ပြီး တစ်ယောက် လှည့်ပတ်ပြေးကုန်သည်။

လုရွှမ်ကို လွန်စွာမုန်းတီးနေပြီ ဖြစ်သော်လည်း လုရွှမ် သူတို့အသံကို ကြားသွားပါက နောက်ထပ် နတ်မိုးခြိမ်းသံကို တိုက်ရိုက် ပစ်လွှတ်လိုက်မှာ စိုးရိမ်၍ ဒေါသမထွက်ရဲပေ။ လူတိုင်းကို ပိုလို့တောင် စိတ်ရှုပ်စေတာက ဒါက အတိဒုက္ခရော ဟုတ်ရဲ့လား ဆိုတာပါပဲ။

ထို့အပြင် လုရွှမ်က အတိဒုက္ခကို အောင်နိုင်သူလား စဥ်းစားနေရသည်။ ဘာလို့ ကောင်းကင်က နတ်မိုးခြိမ်းသံက လုရွှမ်ကို မထိမှန်ရတာလဲ။ မိုးကြိုးကို လွှဲပြောင်းနိုင်တဲ့ စွမ်းအင်က ဘယ်လိုလုပ် နတ်မီးနယ်ပယ်ဆီမှာ ရှိနေရတာလဲ။

ထို့အပြင် ဒီနတ်မိုးကြိုးရဲ့ စွမ်းအားက ပိုဆိုးလာတာကို ရှင်းရှင်းလင်းလင်း ခံစား​နေရပြီး မိုးခြိမ်းသံကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရနိုင်လေသည်။

"ကောင်လေး... မင်း ငါတို့အားလုံးရဲ့ ရန်သူဖြစ်အောင် လုပ်နေတာပဲ... မင်းသေမှာ မကြောက်ဘူးလား"

လူတစ်ယောက်က ဒေါသတကြီး အော်လိုက်သည်။

လုရွှမ်: "အဲ့တော့ ဘာဖြစ်လဲ? မင်းတို့ကို ငါ့ရန်သူသာ ဖြစ်ခွင့်ပေးလိုက်မယ်..."

ထိုစကားနဲ့အတူ လုရွှမ်သည် မြေကြီးတစ်ခွင်လုံးအပေါ် လျှပ်စီးကြောင်းများစွာကို တိုက်ရိုက် ကျဲချပစ်လိုက်သည်။ နတ်မိုးကြိုးက ထိုလူကို တုနှိုင်းမရတဲ့ တိကျမှုဖြင့် ထိမှန်သွားသည်။

ကျင့်ကြံမှုအဆင့်က မြင့်တော့ ချက်ချင်း မသေသွားဘဲ သွားတွေကိုသာ အံကြိတ်ကာ ပါးစပ်ပိတ်သွားခဲ့သည်။

All Chapters