← Chapters

ငရဲ

Vol. 133 Ch. 4.1504

ငရဲ

Vol. 133 Ch. 4.1504

"အားလုံး နောက်ပြန်ဆုတ်ကြ... ငါတို့ အရမ်းနီးနေပြီ"

"ဒါပေမဲ့ သူထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ"

လုရွှမ် ထွက်ပြေးသွားမှာကို ကြောက်နေလို့သာ မဟုတ်ရင် အားလုံး ရှောင်သွားကြလိမ့်မည်။ လုရွှမ် နောက်ကွယ်ရှိ ကြီးမားသော အကျိုးစီးပွားအတွက် အခုလို စွန်းစားရတာက တန်သည်။

လုရွှမ်မျက်လုံးများက လူတိုင်းရဲ့ အပြုအမူကို သတိထားမိသည်။ သူသည် ကောင်းကင်ယံက မိုးခြိမ်းသံကို တစ်ချက်ကြည့်လိုက်သော် ယခင်နတ်မိုးကြိုးနှင့် ယှဉ်လျှင်မူ သာလွန်နေချေပြီ။ လုရွှမ် အသက်ရှုသွင်းလိုက်သည်။

နောက်ဆုံးအနေနဲ့ ဆုံးဖြတ်ရရင် ဒါဟာ သူ့ကို မျှော်စင်နယ်ပယ်ဆီ မြှင့်တင်ပေးမယ့် ကြီးမားတဲ့ အတိဒုက္ခ မဟုတ်သေးဘဲ သေးငယ်တဲ့ အတိဒုက္ခ တစ်ခုပဲ ဖြစ်သည်။ ယခု အတိဒုက္ခသည် သူ့ခွန်အားနှင့် ကိုက်ညီသော်လည်း သူ့နယ်ပယ် မဟုတ်ပေ။

ဤအခြေအနေများ အောက်တွင် လုရွှမ်ရဲ့ မိုးကြိုးအတိဒုက္ခက ကန့်သတ်ချက် ရှိသေးသည်။ လက်ရှိ အတိဒုက္ခအဆင့်ဟာ နတ်ခြေလှမ်းနယ်ပယ် တက်လှမ်းတော့မယ့် မျှော်စင်နယ်ပယ် လူတစ်ယောက်နဲ့ နှိုင်းယှဉ်နိုင်သည်။ သို့သော် ထိုအတိဒုက္ခက မျှော်စင်နယ်ပယ် ခံနိုင်သော ကန့်သတ်ချက်များထက် မကျော်လွန်နိုင်ပေ။

ဒါပေမဲ့ အခုအချိန်မှာတော့ လုရွှမ်ရဲ့ မိုးကြိုးအတိဒုက္ခ ကန့်သတ်ချက်တွေက တဖြည်းဖြည်း ချဉ်းကပ်လာနေပြီ။ ယခုတစ်ကြိမ် အတိဒုက္ခက အနည်းငယ် ပိုပြင်းထန်လာပေမယ့် ကြောက်စရာ မဟုတ်သေးချေ။

လုရွှမ်ရဲ့ ထင်မြင်ယူဆချက် အရတော့ ဤအလွန် ကြောက်စရာကောင်းသော ကပ်ဆိုးကြီးက ကြောက်စရာမရှိ။ နတ်မိုးကြိုးတွေ မိုးရေစက်များလို ရွာချလာပါက သူကိုယ်တိုင် အပါအဝင် လူတိုင်း သွေးဆောင်ခံရမယ် ဆိုတာ သိထားသည်။

လူတိုင်းကလည်း ပိတ်ဆို့ခံရမှာကို ကြောက်ရွံ့​နေတာကြောင့် အနောက်ကို အတတ်နိုင်ဆုံး ချဲ့ထွင်ရန် ကြိုးစားနေကြဆဲ ဖြစ်သည်။

ဒါပေမဲ့ လုရွှမ်အတွက် ဟာသတစ်ခုပါပဲ။ သူထွက်သွားချင်ရင် ဒီလူတွေက သူ့ကို တားနိုင်မှာ မဟုတ်ဘူး။ သူက လိုက်ဖမ်းတဲ့လူတွေကို မကြောက်ပေမယ့် ဒုက္ခရောက်အောင် လုပ်မယ့်သူတွေကိုသာ ကြောက်ခြင်းပင်။

"ဟမ့် ကောင်လေး အခု ဘာပြောမလို့လဲ.... အတိဒုက္ခကနေ လွတ်မြောက်ဖို့ မင်းက ငါတို့ကို အသုံးချချင်နေတာမလား"

တချို့လူတွေအတွက်က ညီအစ်ကိုများ၊ မိတ်ဆွေများ မိုးကြိုးကြောင့် ကွယ်လွန်သွားကြပြီမလို့ လုရွှမ်ကို အပိုင်းပိုင်း ဖြတ်ပစ်ချင်နေကြသည်။ ဒါ​တွေအားလုံးသည် မိမိတို့ အမှားကြောင့်ဆိုတာ အစောကတည်းက မေ့ထားခဲ့ကြပြီ။

"ဟုတ်တယ်... မင်းဘေးဆိုးကြီးကနေ လွတ်မြောက်ဖို့ စောင့်နေတာ... ​​မင်း ငါတို့ဆီက ဖျက်စီးခဲ့တာတွေကို လက်စားပြန်ချေမယ်... ဒီလို စိတ်ပျက်အားငယ်ရတဲ့ ဝေဒနာကို မင်းလည်း သိစေရမယ်ကွ!"

လုရွှမ်ကတော့ အရှက်မရှိသော စကားများကို အသံကျယ်ကျယ်ဖြင့် ပြောနိုင်သူများကို မျက်လုံးဖြူ ဝံပုလွေများ သို့မဟုတ် အလွန်အေးစက် အတ္တဆန်သော လူများဟုသာ မှတ်ယူထားသည်။ သို့သော် ဤအလွန် ရွံရှာစရာကောင်းသော လူတွေကတော့ သူ့ကို အမှန်တကယ် အနိုင်ယူနိုင်မယ်ဆိုပြီး ယုံကြည်ချက် ရှိနေဆဲ ဖြစ်သည်။

ဒီလူတွေထဲမှာ နတ်ခြေလှမ်းနယ်ပယ်တွေ ရှိနေသေးတာကြောင့် လုရွှမ်ကို တားထားချင်ရင် အတူတူ ပူးပေါင်းနေသမျှတော့ လူခြောက်ယောက် ဒါမှမဟုတ် ခုနစ်ယောက်လောက်အထိတောင် မလိုအပ်ပါဘူး။

ဒါပေမယ့် သူတို့ထဲက တစ်ယောက်စီဟာ သူတို့အချင်းချင်းနဲ့ လုရွှမ်ကို ဆန့်ကျင်ဖို့ ကြံစည်ထားပြီးသား ဖြစ်နေသည်။ ကိုယ့်ခွန်အားကို ဖြုန်းတီးပြီး တခြားသူတွေ အမြတ်ရသွားမှာကို ကြောက်နေကြခြင်းပဲ ဖြစ်လေသည်။

ဒီလူတွေ အချင်းချင်း ပူးပေါင်းနိုင်တဲ့ ဖြစ်နိုင်ချေက 1% အောက်သာ ရှိနေလို့ မဟုတ်ပါက လုရွှမ်လည်း ဒီလောက် စိတ်ပေါ့လျော့နေမည် မဟုတ်ပေ။ ယခုမူ လုရွှမ်သည် အတိဒုက္ခ ဖြတ်ကျော်နေစဥ် အခွင့်အရေး ယူခွင့်ပေးလိုက်ရင် ယင်းမှာ သူ့ပြဿနာပင် ဖြစ်သွားပြီ။

"ကောင်းလိုက်တာ... မင်းတို့ ငါ့ကို စိတ်ဆိုးအောင် လုပ်နိုင်သွားပြီ..."

သူ့ခြေဖဝါး လှုပ်ရှားမှုက ချက်ချင်းဆိုသလို ပြောင်းလဲကာ ကောင်းကင်မှ တိမ်တိုက်တွေပေါ် ပြေးတက်သွားသည်။ အောက်ကိုအရင် ပြေးသွားရင် အတိဒုက္ခ နတ်မိုးကြိုးတွေက ထိုလူတွေအပေါ် များစွာ မထိခိုက်​စေနိုင်ချေ။

ဤအနက်ရောင် မိုးခြိမ်းသံများသည် လုရွှမ်၏ ဦးခေါင်း၊ လက်များနှင့် ခန္ဓာကိုယ်တို့ကို ရိုက်ခတ်သွားသည်။ လုရွှမ်ခန္ဓာကိုယ်ကလည်း အလိုအလျောက် စုပ်ယူသွားကာ မျက်လုံးများက နတ်ဆိုးတစ်ကောင်လို ခက်ထန်လာ၏။

"အား......"

လုရွှမ် ပြေး​နေလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားချေ။ အတိဒုက္ခ ဖြတ်ကျော်နေစဥ်အတွင်း ပြေးနိုင်သေးတာလား။

ဟုတ်တယ်။ ပြေးနေတာပဲ။

သို့သော် လုရွှမ်ဟာ အဝေးတွင်သာ မလှုပ်မယှက် ရပ်နေခဲ့သည်။ သူတို့သည် လှောင်ပြောင်နေကြသော်လည်း အနှီလူငယ်က လူတိုင်းကို မမြင်နိုင်သော ခံစားချက် တစ်ခုကို ပေးစွမ်းနိုင်ခဲ့သည်။

လုရွှမ်ရဲ့ အရှိန်က အရမ်းမြန်လွန်းသည်။ ချီထျန်းပု ခြေလှမ်းကွက်တွေ ထွက်ပေါ်လာခါနီးမှာ သူ့ခန္ဓာကိုယ်က ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီ။

လူတိုင်း၏ မျက်လုံးထဲတွင် ကောင်းကင်မှကျလာသော နတ်မိုးကြိုးများက မျဉ်းကြောင်းများစွာ ကွဲသွားကာ လုရွှမ်ကို ရိုက်ခတ်သွားသည်။ နတ်မိုးကြိုးတွေ ကောင်းကင်နှင့် မြေကြီးသည် တောက်ပစွာ လင်းထိန်နေစဥ် လုရွှမ်က စိတ်အေးလက်အေးနှင့် လွတ်လွတ်လပ်လပ် လွင့်မျောနေဆဲ။

"အား!"

လုရွှမ်က နတ်မိုးကြိုးတွေပါ ခေါ်ဆောင်လာတာကြောင့် အော်ဟစ်သံများ ဆူညံကုန်သည်။ ကောင်းကင် အတိဒုက္ခသည် လူတိုင်းအပေါ် လွှမ်းခြုံပစ်လိုက်စဥ် ချက်ချင်းပင် ပို၍ ပြင်းထန်လာသည်။

ကောင်းကင်နဲ့ မြေကြီးမှာ ဝိညာဉ်တွေရှိပေမယ့် ကောင်းကင်က နတ်မိုးကြိုးမှာ အသိစိတ်မရှိဘူးလို့ ဘယ်သူပြောနိုင်မလဲ။

လူတိုင်းကို ရိုက်ခတ်နေသော နတ်မိုးခြိမ်းသံ၏ ကျေနပ်မှုကို သူတို့ မတွေ့နိုင်ပေမယ့် အမှန်တကယ်ပင် လောဘ၊ မောဟဖြင့် အော်ဟစ်ခဲ့သော ထိုလူအများစုကို ထိမှန်သွား၏။ မထိသွားသူတွေကလည်း ဒီမြင်ကွင်းကြောင့် လုရွှမ်ကို ထိတ်လန့်ကုန်သည်။

ထိုလူများအပေါ် ပစ်ချလိုက်သော နတ်မိုးကြိုးက လုရွှမ် လက်ခံခဲ့တဲ့ နတ်မိုးကြိုးထက် ပို၍ပင် အန္တရာယ်ရှိပုံပေါ်လေသည်။

"မသေချင်ရင် ပြေးသာပြေးတော့!"

လူတွေအကုန်လုံး မငြိမ်မသက် ဖြစ်သွားကာ လမ်းပိတ်နေတဲ့ သူတို့ ပတ်ဝန်းကျင်က လူအားလုံးကိုပါ တစ်ယောက်ပြီး တစ်ယောက် ရှင်းထုတ်ပစ်ခဲ့သည်။ ဒီလူတွေရဲ့ သေရေးရှင်ရေးက သူတို့အတွက် အရေးမကြီးပါဘူး။ လူတစ်ဦး သေဆုံးသွားတာကို တွေ့ရတာ ပိုတောင်ဝမ်းသာနေသေး၏။

ထိုအချိန်တွင် လုရွှမ်ရှေ့မှောက်တွင် မိုးကြိုးပစ်ခံရသ​ဖြင့် တစ်ယောက်ပြီး တစ်ယောက် အသေခံနေတာကို မြင်နေရသည်။ ငြိမ်သက်နေခဲ့သူတွေလည်း အခုအချိန်မှာ အတွေးတစ်ခုသာ ကျန်တော့သည်။ ၎င်းမှာ ရှင်သန်ရန် ဖြစ်သည်။

ရှင်သန်ဖို့အတွက် ဘာမဆိုလုပ်နိုင်ရမည်။ လုရွှမ်ကတောင် မိုးကြိုးကို လမ်းလွှဲနိုင်တာ သူတို့ကဘာလို့ လူမသတ်နိုင်ရမှာလဲ။

သတ်ဖြတ်တာတွေ စတင်လာသောအခါတွင် လူတိုင်းရဲ့စိတ်နှလုံးက လွတ်မြောက်ဖို့အတွက် နောက်ဆုံး အတားအဆီးကို ဖျက်စီးပစ်ဖို့ပဲ သိတော့သည်။ ဒါကြောင့် တစ်ယောက်မကျန် အလန့်တကြားလှုပ်ရှားခဲ့ကြသည်။

"ငါ့လမ်းက ထွက်သွား! မဟုတ်ရင် သတ်ပစ်...."

သူ့အသံ မဆုံးခင်မှာ သူ့​လက်တစ်ဖက်ကို တခြားတစ်ယောက်က ဖြတ်တောက်လိုက်ပြီ။ သူ့အော်သံကို ကြားတော့ လူတစ်ယောက်က လှည့်ကြည့်လိုက်၏။

"အဲဒါ လူအိုလီရဲ့ အသံပဲ!"

ရုတ်တရက် နတ်မိုးခြိမ်းသံက ဆင်းသက်လာပြီး လူအိုလီကို မီးသွေးဘဝ ပြောင်းပေးလိုက်တော့သည်။

All Chapters