ပို့ဆောင်ခြင်း
Vol. 133 Ch. 4.1505
အားလုံးရဲ့ မျက်လုံးတွေ နီရဲလာတော့သည်။ နာမည်ကောင်းရှိတဲ့ ပညာရှင်တစ်ယောက် ဒီမှာပဲ ဆုံးသွားပြီ။ နတ်မိုးကြိုးက သခင်တစ်ဦး ဖြစ်လာလုနီးပါးပင်။ စိတ်ပျက်လက်ပျက်ဖြင့် တစ်ယောက်ပြီးတစ်ယောက်ကို မီးသွေး ဖြစ်စေခဲ့သည်။
လုရွှမ် အစောကအတိုင်း လှုပ်ရှားဆောင်ရွက်ဆဲ။ အထူးသဖြင့် ကောင်းကင်မှ နတ်မိုးခြိမ်းသံသည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသောအခါတွင် သူ့ခန္ဓာကိုယ်သည် လျှပ်စီးကြောင်းတစ်ခုလို ဖြစ်နေပြီ။ ထူးခြားသည့်အချက်မှာ နတ်မိုးကြိုးက သူ့အရှိန်ကို မနှေးစေဘဲ စွမ်းအင်တစ်ခုကို ပေးစွမ်းနေသလိုတောင် ဖြစ်နေသေးသည်။
မြန်မြန်လှုပ်ရှားရမည်။ လူတိုင်းကို ဓားနဲ့ထိုးပြီး ချက်ချင်း ထွက်သွားရလိမ့်မည်။ အတိဒုက္ခ ကျော်လွှားတဲ့ ဖြစ်စဉ်မှာ ခန္ဓာကိုယ်ဟာ ဘယ်လောက်ပဲ ခွန်အား ကောင်းနေပါစေ ကြီးမားတဲ့ ဘေးအန္တရာယ်တွေကို ဖြစ်စေနိုင်ပါ၏။
လူတိုင်းဆီက ကျိန်ဆဲသံတွေသာ ကြားလာရသည်။ သူတို့အားလုံးဟာ လုရွှမ်ဆီကနေ ကြံစည်မှု ခံခဲ့ရသူတွေပါပဲ။ လုရွှမ်ဆီက စာရင်းမှတ် ခံထားရသောကြောင့် နတ်မိုးကြိုးဆီက အပစ်ခံလိုက်ရကာ သေဆုံးသွားခဲ့သည်။
တဖြည်းဖြည်းနဲ့ လုရွှမ်က ပြေးလွှားပြီး နတ်မိုးကြိုးကို ထိန်းချုပ်နေတာ ရပ်လိုက်ပေမယ့် ငရဲလို ဖြစ်နေဆဲပါပဲ။
ဒီနေရာက လူသားနယ်မြေနဲ့ ဝေးနေသေးသည်။ သားရဲလူသား၊ မိစ္ဆာသားရဲများနှင့် မှော်ဆန်သော သတ္တဝါများ၏ မျိုးဆက်များ၊ ကောင်းကင်နဂါး မျိုးနွယ်၈ခုထဲက လူတွေလည်း အများအပြား ရှိသည်။
ဤနေရာတွင် လူသားတို့၏ အနာဂတ် ခြေရာအတွက် ကြီးမားသော အကျိုးဆက်များရှိသည်။ ဒီလူတွေကို သူ့ရဲ့အစွမ်းသတ္တိကို ရှင်းရှင်းလင်းလင်း မြင်အောင် ပြဖို့ လုရွှမ် တွေးထားပြီးသား။ သူတို့ဆန္ဒအရ လက်လှမ်းမမီနိုင်တဲ့ အရာတွေရှိတယ် ဆိုတာလည်း သိစေရမည်။
ဒါပေမဲ့ အခုအချိန်မှာတော့ ဒီလူတွေဟာ တကယ်ကို ထိတ်လန့်နေကြပုံပါပဲ။ သူတို့ သူ့ကို အကြာကြီး ထပ်မတိုက်ခိုက်တော့လောက်ချေ။ လုရွှမ် တိုးတိုးလေး သက်ပြင်းချလိုက်သည်။
သူ ဒီမှာ ဆက်နေဖို့ မလိုတော့ပါ။
ကောင်းကင်ယံမှ မိုးခြိမ်းသံကို ကြည့်လိုက်တော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဒါက သူ့အတွက် ပြီးဆုံးသွားတာကို ရည်ညွှန်းပေမယ့် တခြားသူတွေအတွက်တော့ အထူးသဖြင့် ပန်းသီးအပျော့စားတွေကို ကောက်ကိုင်ပြီး လန့်နေသူတွေအတွက်တော့ စတင်နေပြီလို့ ထင်ရပါ၏။
လုရွှမ် သူ့ပါးစပ်ကိုဖွင့်ပြီး အသက်ဝဝ ရှူလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်က ကောင်းကင်မှာ မိုးခြိမ်းသံတွေဆီ ပျံတက်သွားခဲ့သည်။ လူတိုင်းက ထိတ်လန့်နေပေမယ့် လုရွှမ်ကတော့ နတ်မိုးကြိုး အားလုံးကို သူ့ပါးစပ်ထဲသို့ စုပ်ယူသွားခဲ့သည်။
လုရွှမ် အတွက်က သူ့ခန္ဓာကိုယ်ရှိ မိုးခြိမ်းသံသည် ပိုကြီးပြီး ကြည်လင်လာတာ ခံစားလိုက်ရပြီး ခွန်အားမှာလည်း ပိုမိုအားကောင်းလာသည်။
အောက်ဖက်က လူများမှာတော့ နောက်ဆုံးတွင် နတ်မိုးကြိုးလက်ကနေ လွတ်သွားပြီမလို့ မောပန်းနွမ်းနယ်ကာ မြေပြင်ပေါ်တွင် စိတ်ပျက်လက်ပျက်နဲ့ ထိုင်ချလိုက်၏။ ယခင် တိုက်ခိုက်မှုအတွင်း ၎င်းတို့၏အသက်များကို ကယ်တင်ရန်အတွက် သဘာဝအတိုင်း ၎င်းတို့၏ အကောင်းဆုံး စွမ်းရည်အားလုံးကို အသုံးပြုကာ အကောင်းဆုံး လက်နက်များကိုလည်း ထုတ်သုံးခဲ့ကြသည်။
မရင်းနှီးသော နောက်ကျောနဲ့ ရင်းနှီးသော မျက်နှာများကို မြေကြီးပေါ်မှာ မြင်နေရသည်။ ဤသူတို့သည် ၎င်းတို့၏ မိတ်ဆွေများ၊ ဆွေမျိုးများ၊ ဂိုဏ်းဂဏများ၊ သက်ကြီးရွယ်အိုများ ဖြစ်ကာ အခုနက နတ်မိုးခြိမ်းသံကြောင့် အခုလို သေဆုံးခဲ့ကြတာပဲ ဖြစ်ပေ၏။
ဒဏ်ရာရသွားတဲ့အခါ တချို့လူတွေတောင် သေကုန်ကြပြီ။ ကျန်ရစ်ခဲ့သည့်အရာမှာ ဝမ်းနည်းမှုနှင့် အဆုံးမဲ့နောင်တများသာ။ အစမှာ ဒီကိစ္စတွေထဲမှာ မပါဝင်နိုင်ခဲ့ရင် ဒီလိုဖြစ်ပါ့မလား။
အားလုံးက လေထဲက လုရွှမ်ကို ကြည့်နေကြသည်။ အဲ့တစ်ယောက်က နတ်မီးနယ်ပယ် အဆင့်၁၁ ရှိကာ လက်ရှိအခြေအနေကြောင့် အဆင့်၁၂သာ ရောက်သွားသော်လည်း သူတို့နှင့် ယနှိုင်းယှဉ်ပါက အလွန်ဆိုးရွားနေပြီ ဖြစ်သည်။
ဘယ်သူကမှ စကားမပြောကြတာကြောင့် လေတိုက်သံသာ ကြားနေရသည်။ ခဏကြာတော့ ထိုလူများ၏ လျင်မြန်သော အသက်ရှုသံကဲ့သို့ တုန်လှုပ်နေသော အသံတွေသာ ခပ်တိုးတိုး ထွက်ပေါ်လာသည်။
နတ်မီးနယ်ပယ် ကျင့်ကြံသူသည် အတိဒုက္ခကနေ လွတ်မြောက်ပြီးနောက် ခန္ဓာကိုယ် လုံးဝမပျက်စီးဘဲ ကျင့်ကြံမှု အဆင့်ကတောင် တိုးတက်သွားသေးသည်။ လုရွှမ် ဒီအချိန်မှာ တိုက်ခိုက်လိုက်ရင် ဘယ်သူမှ လွတ်မြောက်နိုင်မှာ မဟုတ်ချေ။
ယခုအချိန်တွင် သူတို့သည် ဒဏ်ရာအပြင်းအထန် ရထားကြပြီ။ လွတ်မြောက်ချင်သော်လည်း သူ့တွင် ခွန်အား မရှိတော့တာကြောင့် ဘာမှမခံစားရဘဲ လုရွှမ် အမြန်သတ်ပစ်ပါစေလို့သာ မျှော်လင့်ထားရသည်။
"ရတနာတွေလိုချင်ရင် မင်းတို့မှာ ခွန်အားရှိရမယ်.... ခွန်အားမရှိရင် မှိုင်းတိုက်ခံရမှာပဲ"
လုရွှမ် အေးဆေးတည်ငြိမ်စွာ ပြောပြီး လူအုပ်ကြီးကို ကြည့်လိုက်တော့ ထိုလူတွေဟာ လုရွှမ်ရဲ့ မျက်လုံးတွေကို တစ်ချက် ကြည့်လိုက်ကာ တိတ်တိတ်လေး ခေါင်းညိတ်လိုက်ကြ၏။ အရင်တုန်းကတော့ လုရွှမ်ကို အလေးအနက် မထားခဲ့ကြပေမယ့် အခုအချိန်မှာတော့ လုရွှမ်က သူတို့ရဲ့ မာနကို အပိုင်းပိုင်းခွဲပြီး သူ့မျက်နှာကို ခွန်အားနဲ့ ပါးရိုက်လိုက်ပါပြီ။
စဉ်းစားကြည့်ရင် သူတို့မှာ ဘယ်လိုမာနတွေများ ရှိနိုင်ဦးမှာလဲ။ လုရွှမ်ကတော့ သူ့ရဲ့နယ်ပယ်က နည်းနည်းနိမ့်တာကလွဲလို့ သူရဲ့ ခွန်အား၊ ကျွမ်းကျင်မှု၊ မှော်လက်နက်တွေ၊ မှော်အစွမ်းတွေနဲ့ လက်နက်တွေက သူတို့ကို ချက်ချင်းသတ်ပစ်ဖို့ လုံလောက်ပါ၏။
သို့သော် ၎င်းတို့သည် မိမိကိုယ်မိမိ ဖြောင့်မတ်လွန်းတယ်လို့ ထင်နေသဖြင့် ထိုလူ့အပေါ် အခွင့်ကောင်းကို ရယူလိုခဲ့ရာ လက်ရှိအကျိုးဆက်များကို ဖြစ်ပေါ်စေခဲ့သည်။
လုရွှမ် ဘာမှ မပြောတော့ဘဲ လှည့်ပြီး ပြေးထွက်သွားခဲ့သည်။ ဒီတိုက်ပွဲမှာ ဘယ်သူကမှ သူ့ကို မတားရဲတော့ချေ။ လုရွှမ်ဟာ သူ့ရဲ့ ရက်စက်ယုတ်မာတဲ့ ဂုဏ်သိက္ခာကို ထူထောင်သွားတာမို့ အနာဂတ်မှာ ဘယ်သူကမဆို လုပ်ကြံချင်ရင် သူတို့ရဲ့ အရည်အချင်းကို အရင်ချိန်ဆရပါလိမ့်မည်။
လုရွှမ် ထွက်သွားသော်လည်း သူ့နောက်မှလူများသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး ဘယ်သူကမှ ချက်ချင်း မတ်တပ်ထရပ်မျိုး မရှိပေ။ သူတို့ လုပ်နိုင်တာက တစ်ယောက်နဲ့တစ်ယောက် ခါးသီးတဲ့ ဝမ်းနည်းမှုတွေနဲ့ ကြည့်နေကြခြင်းပင်။
ပို့ဆောင်ခြင်းအစီအရင် အနား ရောက်ရှိလာသောအခါ ရှန်းရှန်းရဲ့ရုပ်ပုံကို ထိုနေရာတွင် မြင်လိုက်ရသည်။
"မင်းထွက်သွားမှာ မဟုတ်မှန်း ငါသိတယ်...အခုအထိ စိုးရိမ်နေသေးတာလား"
ရှန်းရှန်း စိတ်လှုပ်ရှားစွာ ပြေးလာပြီး လုရွှမ်ရင်ခွင်ထဲကို တိုးဝင်လိုက်သည်။
"အစ်ကိုက အကောင်းဆုံးပဲ"
လုရွှမ် ပြုံးပြီး သူ့လက်ကိုမြှောက်ကာ ခေါင်းပုတ်ပေးလိုက်သည်။
"ဟေး အရွယ်ရောက်လာပြီပဲ..."
ရှန်းရှန်းမျက်နှာလေး အနည်းငယ် နီရဲသွားသည်။
"ညီမ နည်းနည်းပိုဝလာလို့လား?... မဟုတ်ဘူး ပိုတောင် လှလာတာပါ"
ရှန်းရှန်း ဝမ်းသာအားရ ရယ်မောလိုက်သည်။
"သွားကြရအောင်"
"အစ်ကိုကြီးလုရွှမ် ညီမတို့ အခုကစပြီး လုံခြုံသွားပြီလား? ညီိမတို့ကို လိုက်ရှာဖို့ ဘယ်သူမှ လာမှာ မဟုတ်ဘူးမလား"
လုရွှမ် ခေါင်းညိတ်လိုက်ပြီး "လူသိပ်မကျန်တော့ဘူး... ဒါပေမယ့် ငါတို့ကိုလိုက်နေတဲ့ သတ္တဝါတွေကတော့ ပြတ်တောက်မသွားမှာ သေချာတယ်"
"အစ်ကို.... ညီမတို့ကို လိုက်နေတဲ့ တခြားသတ္တဝါတွေ ရှိသေးတယ်လို့ ပြောချင်တာလား"
"ဟုတ်တယ်... လောဘက ဘယ်တော့မှ လျော့သွားမှာ မဟုတ်ဘူး အထူးသဖြင့် အဲဒီမြို့မှာ ဖြစ်ပျက်သွားတဲ့ ကောလာဟလတွေကို လူတချို့က အမြဲတမ်း မယုံဘဲ သူတို့ဘာသာသူတို့ပဲ ကြိုးစားကြည့်ချင်ကြလိမ့်မယ်... ပြီးတော့ လူသားတွေအပေါ် အထင်အမြင် သေးတာတွေက မလျော့မချင်း စိတ်မြန်လက်မြန် လုပ်လာမှာ.... သွားရအောင် စကားမပြောနဲ့ ကျုံးကျိုးက အရင်ထွက်သွားရအောင်...."
ရှန်းရှန်းက လေးလေးနက်နက် ခေါင်းညိတ်ပြပြီး ပျော်ရွှင်မှုအပြည့်နဲ့ သူမလက်ထဲမှာ ထာဝရအသက်ဓားကို ကိုင်လိုက်သည်။ ဒါက အစ်ကိုဖြစ်သူ လုရွှမ်ကပေးတဲ့ လက်ဆောင်ပဲ။