← Chapters

မိုးမြေအဆောက်အအုံက အဘိုးကြီး

Vol. 133 Ch. 4.1506

မိုးမြေအဆောက်အအုံက အဘိုးကြီး

Vol. 133 Ch. 4.1506

"သွားရအောင်.... ကျုံးကျိုးက အရင်ထွက်ပြီး တောင်ပိုင်းနယ်မြေမှာရှိတဲ့ နဂါးကျွန်းကို လိုက်ပို့ပေးမယ်"

ဒီဘိုးဘေးသားရဲ ပြန်ရှင်လာတဲ့ ကိစ္စက အရမ်းအရေးကြီးသည်။ နောက်ဆုံး ခွဲခြမ်းစိတ်ဖြာလိုက်ရင် ဘိုးဘေးသားရဲများကို ဆန့်ကျင်သည့် စစ်မှန်သော အဓိက စွမ်းအားသည် လူသားများနှင့် သားရဲများအပေါ်တွင် အားကိုးနေလို့ ရပါ့မလား။

လုရွှမ် အ​ဖြေကို မသိပေမယ့် အမြင့်ဆုံး တိုက်ခိုက်ရေး စွမ်းအား လိုအပ်ရင်တော့ နဂါးမျိုးနွယ်က မရှိမဖြစ်ပဲ ဆိုတာတော့ သူကောင်းကောင်းသိပါ၏။

သို့သော် ယခု ဘိုးဘေးသားရဲနှင့် ပတ်သက်သည့် သတင်းကို ဖုံးကွယ်ထားလို့ မရတော့တာ သေချာသည်။ လူသားများနှင့် မိစ္ဆာသားရဲတွေဟာ ဘိုးဘေးသားရဲကို အလွန်ကြောက်ကြသော်လည်း ဘိုးဘေးသားရဲကို နှိမ်နင်းထားသည့် လက်နက်ဆယ့်ရှစ်ခုကိုတော့ အရူးအမူး လုယူကြမှာ မလွဲပေ။

ရှားပါးသော လက်နက်နဲ့ဆို အနာဂတ်တွင် တကယ့်ဘိုးဘေးသားရဲ အစိတ်အပိုင်းက ထွက်လာရင်တောင် အနည်းဆုံး သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ကြမှာပဲ မဟုတ်ပါလား။ ဒီလူ့သဘောသဘာဝကနေ ရှောင်လွှဲလို့ မရကြချေ။

ထို့ကြောင့် ဤလူများနှင့် ပူးပေါင်းလိုက်လို့ ဘိုးဘေးသားရဲကို အနာဂတ်တွင် ရပ်တန့်နိုင်လိမ့်မယ်လို့ စိတ်ကူးကြည့်ရန်မှာ ခက်ခဲလှသည်။ ဒီလူတွေရဲ့ လောဘနဲ့ အပြုအမူကို ရပ်တန့်ရန် မဖြစ်နိုင်သောကြောင့် အဆိုးဆုံးအတွက် ပြင်ဆင်ထားဖို့သာ ရှိတော့သည်။

တောင်ပိုင်းဒေသရှိ နဂါးကျွန်းသို့ သွားရမည်။ ထိုနေရာကသာ ယခုအခါ နောက်ဆုံး သန့်စင်သောမြေ ဖြစ်လေသည်။ ကျုံးကျိုးမှ ထွက်ခွာလိုပါက ပထမမြို့သို့ သွားပြီးနောက် ဟန်သွမ့်တောင်များကို ဖြတ်ပျံသန်းရပါမည်။

သူတို့နှစ်ဦးသည် ထူးထူးခြားခြား ခွန်အားနှင့် အလွန်လျင်မြန်သော အရှိန်အဟုန်များစွာဖြင့် ပို့ဆောင်ခြင်းအစီအရင်များ သုံးပြီးနောက် ပထမမြို့သို့ ရောက်ရှိလာခဲ့ကြသည်။ ပထမမြို့က ကျုံးကျိုးရဲ့ တစ်ခုတည်းသောလမ်း ဖြစ်လို့ သဘာဝအတိုင်း အလွန်အရေးကြီးပါသည်။ ပျက်စီးမှုအချို့ရှိခဲ့သော်လည်း ပြန်လည်တည်ဆောက်ခဲ့သည်။

ပထမမြို့ကို ပြန်ရောက်တော့ ရင်းနှီးပြီးသား လူတွေတချို့ ရှိသည်။ ဟိုးအရင်ကတည်းက ရင်းနှီးပြီးသား အဆောက်အအုံတွေကို ကြည့်လိုက်တော့ ဒီအရာတွေက မှန်သလိုပါပဲ။ လူတွေကသာ မတူတော့ခြင်း ဖြစ်သည်။ လုရွှမ် ရှန်းရှန်းကို မိုးမြေအဆောက်အအုံဆီသို့ ခေါ်ဆောင်လာခဲ့သည်။ ယခင်က သခင်တစ်ဦးအနေဖြင့် ဤနေရာအပေါ် လွမ်းဆွတ်မှုနှင့် နောင်တရမှု တချို့တော့ ရှိနေသေး၏။

မိုးမြေအဆောက်အအုံကို ထပ်မံ တည်ဆောက်ခဲ့သော်လည်း ယခင်က ကျက်သရေရှိမှုတွေ မရှိတော့သလို အတွင်းခန်းတွင် ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်မျိုးလည်း လုရွှမ် မခံစားမိတော့ပေ။

ယနေ့ခေတ် မိုးမြေအဆောက်အအုံက မှော်အတတ်မရှိသော သာမန်အဆောက်အအုံ တစ်ခု ဖြစ်လာခဲ့သည်။ တံခါးပေါ်ရှိ ကမ္ပည်းပြားများကို အသစ်များဖြင့် အစားထိုးထားပြီး ၎င်းတို့သည် ရှေးဟောင်း ကျက်သရေတစ်ခုဖြင့် တောက်ပနေသော်လည်း မတူ ကွဲပြား​နေသည်။

“ဒီလူငယ်လေး... မိန်းမပျိုလေး...သခင်က ဖိတ်လိုက်ပါတယ်"

လုရွှမ် ထွက်ခွာခါနီးတွင် မိုးမြေအဆောက်အအုံထဲမှ စားပွဲထိုးနှင့်တူသော ကျင့်ကြံသူတစ်ယောက် ပြေးထွက်လာပြီး သူတို့နှစ်ဦးကို လေးလေးစားစား နှုတ်ဆက်လာခဲ့သည်။

ရှန်းရှန်း: "ရှင့်ရဲ့သခင်?"

စားပွဲထိုး၏ အဆင့်မှာ အဆင့် မမြင့်သော်လည်း နူးညံ့သိမ်မွေ့သော မျက်နှာနှင့် အသက်ဝင်သော မျက်လုံးများ ရှိသည်။ သူသည် သာမန်လူများကို နားမလည်နိုင်သော တောက်ပမှုကို ပေးစွမ်းလေသည်။

သူက အနည်းငယ် ပြုံးလိုက်ပြီး "ဟုတ်ကဲ့... သခင်လေးလုရွှမ်နဲ့ သခင်မလေးရှန်းရှန်းကို သခင်က ဖိတ်ခေါ်လိုက်ပါတယ်... သခင်လေးတို့ ပထမမြို့ကို ပြန်ရောက်ရင် ဒီကိုလာကြည့်ဖို့ သေချာပေါက် လာလိမ့်မယ်လို့လည်း ပြောခဲ့တယ်... သခင်လေးလုရွှမ်က မိုးမြေအဆောက်အအုံရဲ့ သခင် မဟုတ်လား?"

လုရွှမ်: "ဟုတ်တယ်..."

"ဟား ဟား... သခင်က ဒီနေ့လို သခင်ငယ်လေး ရောက်လာမယ်လို့ မျှော်လင့်နေတာ ကြာပြီ... သူက ကျွန်​တော့်ကို တံခါးဝမှာ အကြာကြီး စောင့်ခိုင်းထားပြီးသား..."

ရှန်းရှန်း လုရွှမ်ကို စူးစမ်းလိုစိတ် အရိပ်အမြွက်ပြလာသည်။

"ဒါဆို ငါတို့လည်း ဝင်ကြည့်လိုက်တာပေါ့!"

"သခင်လေး မင်းသမီးလေး... ဒီဘက်ကိုကြွပါ"

စားပွဲထိုးက လမ်းပြပြီး သူတို့နှစ်ယောက်ကို တတိယထပ်ကို တည့်တည့်ခေါ်သွားကာ ပင်မခန်းမတစ်ခုရှေ့မှာ ရပ်လိုက်သည်။

"ကျေးဇူးပြုပြီး ကြွပါ!"

တံခါးဝမှ အသံတစ်သံ ထွက်ပေါ်လာသည်။ လူအိုတစ်ယောက်ရဲ့ အသံဖြစ်ကာ လေသံခပ်မာမာဖြင့် ငြိမ်သက်ကာ အုပ်စိုးနေ၏။ လုရွှမ် ရှန်းရှန်းကို အချက်ပြပြီး သူ့နောက်မှာ ပုန်းနေခိုင်းလိုက်သည်။

စင်္ကြံကို ဖြတ်ကျော်ပြီးနောက် ပြတင်းပေါက်ရှေ့မှာ သူတို့ကို ကျောခိုင်းထားသည့် သွယ်လျသောရုပ်သွင်ကို မြင်လိုက်ရသည်။ ထိုလူက ပြတင်းပေါက်ကို ငေးကြည့်​နေရင်း လေပြေညှင်းလေးနှင့် သူ့အဝတ်အစားများကို လွင့်မျောနေစေသည်။

အဘိုးအို၏ ခန္ဓာကိုယ်တွင် ရောင်ဝါ အတက်အကျမရှိသဖြင့် ကျင့်ကြံမှု အတိမ်အနက်ကို မြင်ရန် ခက်ခဲစေသည်။ လုရွှမ်မှာ ဤလူကို ပို၍ ကြည့်နေလေ ပို၍ ရင်းနှီးလာသလို ခံစားလာရလေပင်။

ထိုအချိန်တွင် အဘိုးကြီးက လှည့်ကြည့်လိုက်ရင်း သူ့အသံကပါ တစ်ပါတည်း ထွက်လာ၏။

“သခင်လေး... နောက်ဆုံးတော့ ​ပြန်တွေ့ကြပြီနော်”

"ခင်ဗျားကိုး!"

လုရွှမ် အံ့သြစွာ အော်လိုက်သည်။

ဤလူသည် ပထမမြို့သို့ သူ ပထမဆုံးဝင်ရောက်စဉ်က လက်ကောက် ရောင်းခဲ့သော အဖြူအမည်း မျက်လုံးရှိ အဖိုးအိုမှလွဲ၍ အခြားသူ မဟုတ်ပေ။ သို့သော် ယခုအချိန်တွင် အဘိုးအိုသည် ထိုမျက်လုံး​တွေ မရှိတော့ဘဲ သူ့မျက်လုံးများက တောက်ပပြီး အသက်ဝင်နေကာ အမူအရာမှာ ယခင်က သာမန်လူများနှင့် လုံးဝ မတူတော့ပေ။

အဘိုးအိုက ပေါ့ပေါ့ပါးပါး ရယ်မောရင်း "ငါက မင်းထင်တဲ့လူ မဟုတ်ဘူး... အဲဒီလူက ငါ့အမွှာညီအကိုပဲ... မင်းနဲ့တွေ့ပြီးမှ မင်းကို နောက်ဆုံးတွေ့သွားပြီလို့ ပြောလာတယ်... ပြီးတော့ သူက တတ်နိုင်သမျှ မြန်မြန် ပြန်ပြေးလာခဲ့တယ်လေ..."

အဘိုးအိုက တိုးတိုးလေးပြောပြီး လက်ဖဝါးကို ဝေ့ယမ်းလိုက်သည်။ လေပြေတစ်ချက် တိုက်ခတ်လာစဥ် လုရွှမ် သူ့လက်ကောက်ဝတ်က လှုပ်ခါသွားသလို ခံစားလိုက်ရပြီး သူ့လက်ကောက်ဝတ်ပေါ်ရှိ လက်ကောက်သည် ရုတ်တရက် အပိုင်းပိုင်းကွဲကာ မီးခိုးငွေ့များ ဖြစ်သွားသည်။

ဒါပေမဲ့ လက်ကောက်ဝတ်ရဲ့ မူလနေရာမှာတော့ တက်တူးတစ်ခုလို အပိုလိုင်းတစ်ခု ရှိနေခဲ့သည်။

“အကြီးအကဲ ဒါက ဘာလဲ?"

လုရွှမ် သူ့ဘယ်ဘက် လက်ကောက်ဝတ်ကို ညင်သာစွာ ထိလိုက်သည်။ ထိုအမှတ်အသားဆီကနေ ဘာခြိမ်းခြောက်မှုကိုမျှ မခံစားရသော်လည်း အနည်းငယ် နားမလည်နိုင်တဲ့ အရာတစ်ခု ရှိနေသလိုတော့ ခံစားနေရသည်။

အဘိုးအိုသည် ရုတ်တရက် လက်ချောင်းများကို ပွတ်ဆွဲလိုက်သည်နှင့် ပြင်းထန်သော လေပြင်းက ဟိန်းဟောက်လာသည်။ ပြင်းထန်သော လေသည် ဓားစွမ်းအင်လို လုံးလုံး ပြောင်းလဲသွားသော်လည်း ၎င်း၏ စွမ်းအားသည် ဓားစွမ်းအင်ထက် များစွာပို၍ ပြင်းထန်သည်။

အရှိန်​က အရမ်းမြန်​​တော့ အသက်​တစ်ခါရှူတဲ့ အချိန်တစ်​ဝက်​ပင် မပြည့်​သေးရာ တွန်းလှန်​ဖို့​တောင်​ မစဉ်းစားမိ​သေးချေ။

တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာပြီး ဘယ်ဘက်လက်မောင်းတွင် ပြေးနေသော ကြိုးလိုင်းများ သို့မဟုတ် အတိအကျပြောရလျှင် လက်ကောက်ဝတ်က ရုတ်တရက် တောက်ပလာပြီး လေပြင်းများကို ပိတ်ဆို့ဖို့အတွက် ဒိုင်းကာတစ်ခု ထွက်ပေါ်လာသည်။

လုရွှမ်လည်း ဒီလက်ကောက်ရဲ့ အစွမ်းထက် လုပ်ဆောင်ချက် ဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်လိုက်သည်။

"ဒါက မှော်လက်နက် မဟုတ်ဘူး... ကောင်းကင်လက်နက်လည်း မဟုတ်ဘူး မင်းမှာ ရှိပြီးသား လက်နက်တွေရဲ့ နယ်နိမိတ်တွေကို ကျော်လွန်သွားပြီ... မင်း အကဲဖြတ်ချင်ရင်တော့ နေဖြိုခွင်းနတ်လေးနဲ့ ကလေးမဆီက ထာဝရအသက်ဓားလို အံ့ဖွယ်လက်နက်လို့ ခေါ်လို့ရတယ်...."

"ဒီအကာအကွယ်က မင်းစိတ်ဝိညာဉ်ရှေ့မှာ မမြင်နိုင်တဲ့ တိုက်ခိုက်မှုတွေကို ပိတ်ဆို့ထားပေးမယ်... အန္တရာယ်ရှိတဲ့ အခိုက်အတန့်မှာ မင်းခန္ဓာကိုယ်ကို ကာကွယ်ဖို့ ထွက်ပေါ်လာလိမ့်မယ်... ဒါပေါ့ သူဘယ်လောက် အစွမ်းထက်ကြောင်း ပြသနိုင်ဖို့ကတော့ မင်းအပေါ်မှာပဲ မူတည်တယ်... နောက်ဆုံးတော့ မင်းရဲ့ခရီးက အန္တရာယ်တွေ ပြည့်နှက်နေတာ... မင်းအရမ်းသတိထားဖို့ လိုတယ်"

လုရွှမ် သူ့နှလုံးသားထဲ အနည်းငယ် ချော့မော့ခံ​နေရသလို ခံစားလိုက်ရသည်။ မထင်မှတ်ပဲ ထပ်တွေ့ပြီးတဲ့ နောက်မှာ ဒီလိုရတနာတစ်ခု ထပ်ရသွားတော့ သူ အလျင်အမြန် ဦးညွှတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ"

"ကျေးဇူးတင်ပါတယ်လို့ ပြောနေဖို့ မလိုပါဘူး... မင်းက မိုးမြေအဆောက်အအုံရဲ့ သခင်လည်း ဖြစ်တယ် ဒါက မင်းနဲ့ ထိုက်တန်တယ်... ဘိုးဘေးသားရဲရဲ့ နှလုံးကို ဘာလို့ မိုးမြေအဆောက်အအုံ အောက်မှာ ဖိနှိပ်ထားလဲဆိုတာ မင်း သိလား?"

All Chapters