← Chapters

အံ့ဖွယ်လက်နက်လေးပါး

Vol. 133 Ch. 4.1507

အံ့ဖွယ်လက်နက်လေးပါး

Vol. 133 Ch. 4.1507

သူ့စိတ်ထဲက အတွေးနဲ့အတူ လုရွှမ် သူ့လက်ထဲက အပိုင်းမဲ့ ဒိုင်းလွှားကို ကြည့်လိုက်သည်။

"ဒါကြောင့်လား?"

အဘိုးအိုက ပြုံးပြီး "အဲဒါတော့ မမှန်ဘူး ဘယ်လောက်ပဲ အစွမ်းထက်တဲ့ လက်နက်ပဲ ဖြစ်ဖြစ် အဲဒါက လက်နက်ပဲလေ အရေးကြီးတာက လက်နက်ကို သုံးတဲ့သူပဲ ဒါပေမယ့် မိုးမြေအဆောက်အအုံရဲ့ ပထမဆုံး ပိုင်ရှင်က သူ့ဘိုးဘေးတွေကို အတင်းအကြပ် ခိုင်းစေခံထားရလို့.... သားရဲနှလုံးသားကို တူးဖော်ပြီးမှသာ ဘိုး​ဘေးသားရဲကို နှိမ်နင်းနိုင်မှာ....မိုးမြေအဆောက်အအုံကမှ ဘိုးဘေးသားရဲရဲ့ နှလုံးကို ချိတ်ပိတ်ထားနိုင်မှာ...."

"အနာဂတ်မှာ မင်း မိုးမြေအဆောက်အအုံကို ပြန်ဆောက်ရမယ် ဒါ မင်းရဲ့တာဝန်ပဲ... မင်းဘိုး​ဘေးသားရဲတွေကို ထပ်ပြီး နှိမ်နင်းနိုင်ရမယ်... မိုးမြေအဆောက်အအုံ ကို ပြန်ဆောက်ချင်ရင် ရှားပါးလက်နက် လေးခုကို ရှာရမယ်... ပြိုင်ဘက်ကင်းဒိုင်းကို မင်း ရထားပြီးသား ဆိုပေမယ့် စာရင်းထဲမှာ သူက အဆင့် ၄ ပဲ ရှိသေးတယ်"

"တခြားပစ္စည်းသုံးမျိုးက ဘာလဲ"

"ပထမပစ္စည်းက.... နဂါးကိုးကောင်လက်စွပ်!"

"အာ?"

ရှန်းရှန်းသည် သူမမျက်နှာပေါ်တွင် အလွန်အံ့သြသွားသော အကြည့်ဖြင့် နူးညံ့သော ငိုသံလေးကို ထုတ်လိုက်လေသည်။ လုရွှမ်လည်း ရှန်းရှနိးကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

အဘိုးအိုက “မင်းသမီးရှန်းရှန်း အံ့သြနေစရာ မလိုပါဘူး.... ဒီနဂါးကိုးကောင်လက်စွပ်က မင်းစိတ်ကူးထားတဲ့အတိုင်း နဂါးကိုးကောင်ရဲ့ အနှစ်သာရနဲ့ အသွေးကို ရယူပြီး ကောင်းကင်နဲ့ မြေကြီးပေါ် စုစည်းပြီး သန့်စင်ထားဖို့ လိုအပ်တယ်.... အဲဒါက နဂါးကိုးကောင် လက်စွပ်ပဲ"

ရှန်းရှန်းက သူမကိုယ်သူမ လက်ညိုးထိုးပြပြီး။

"အထက်နဂါး နဂါးလေးကောင်နဲ့ အောက်နဂါးငါးကောင်... ဒါပေမယ့် သာလွန်မြင့်မြတ်တဲ့ အထက်နဂါး နဂါးလေးကောင်က ဟိုးအရင်ကတည်းက ပျောက်ကွယ်သွားခဲ့ပြီ...ကျွန်မတို့ရဲ့ နဂါးမျိုးနွယ်ထဲမှာတောင် သာလွန်မြင့်မြတ်တဲ့ အထက် နဂါးတွေရဲ့ ခြေရာတွေကိုပဲ ရှာတွေ့ခဲ့ကြတာ...."

လုရွှမ်လည်း ရယ်ရခက်ငိုရခက် ဖြစ်သွားသည်။ ဒါက ခက်ခဲလွန်းတာပဲ။ ဒါကို ဘယ်လိုလုပ်ရမလဲ။

အဘိုးအိုက တည်ငြိမ်စွာ ပြုံးနေသည်။

"စေတနာမရှိတဲ့ သူတွေကလွဲလို့ လောကကြီးမှာ ဘယ်အရာမှ မခက်ပါဘူး.... မင်းစိတ်ထား မှန်နေသမျှ တွေ့နိုင်မယ်လို့ ငါယုံကြည်တယ်"

လုရွှမ်နဲ့ ရှန်းရှန်းလည်း တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရှိုက်ကြီးတငင်သာ ပြုံးလိုက်ကြသည်။

"အံ့ဩလက်နက် ဒုတိယတစ်ခုကက ကောင်းကင်နဲ့မြေကြီးရဲ့အမြစ်ပဲ.... ဒဏ္ဍာရီအရတော့ အဲဒီအပင်ဟာ ကမ္ဘာပေါ်မှာ ပထမဆုံးပေါက်လာတဲ့ အပင်ပဲ.... တည်ဆောင်ခြင်းသစ်သား ကျန့်မုလို့ ကောလဟာလတွေ ရှိပေမယ့် အဲဒါမဟုတ်ဘူးလို့ ငါ သေချာပေါက် ပြောနိုင်ပါတယ်... ကျန့်မုသစ်ပင်ရဲ့ အမြစ်ကို ရှာဖို့ တစ်သက်လုံး ကုန်ဆုံးခဲ့ရတာ... တွေ့ခဲ့သမျှက လုံးဝ မဟုတ်ဘူး...."

"တတိယရှားပါး လက်နက်က ကိုးဘဝနှလုံးသား..."

ကိုးဘဝနှလုံးသား၊ အဲဒါ ဘာလဲ။

အဘိုးအိုက လုရွှမ်ကို ကြည့်ပြီး။

"ဒီက သူငယ်ချင်းလေးက မျိုးဆက်နှစ်ဆက်ရှိတဲ့လူပဲ... ဒါပေမဲ့ ဒီလောကမှာ မျိုးဆက်သုံးဆက်၊ မျိုးဆက်လေးဆက် ဒါမှမဟုတ် ကိုးမျိုးဆက်ရော မရှိနိုင်ဘူးလား!"

လုရွှမ် အံ့အားသင့်သွားပြီး သူ့မျက်နှာက အဆက်မပြတ် ပြောင်းလဲသွားပေမယ့် စကားမပြောနိုင်ပေ။

"ကိုးဘဝနှလုံးသား အတွက် စိတ်ပူနေစရာ မလိုပါဘူး... ငါက အဋ္ဌမဘဝရဲ့ အင်္ဂါတစ်ခုပဲ.... နဝမဘဝရောက်ဖို့ ကြိုးကြိုးစားစား လုပ်နေပါပြီ ငါက နဝမဘဝအတွက် အကျိုးပြုတယ်... မင်းထွက်သွားတဲ့အခါ ငါလည်း နတ်ရွာစံသွားမယ်... နဝမဘဝက အရင်ကနဲ့ မတူတော့ဘူး ငါ့ရဲ့ အမှတ်တရတွေ အားလုံး မေ့သွားလိမ့်မယ်... ၆၆၃၀ နှစ်ပြီးရင် မင်းငါ့ကို ရှာတွေ့ရမယ်... မဟုတ်ရင် နဝမမြောက် ဘဝရဲ့ နှလုံးသား ပြောင်းလဲမှုက ဖြစ်လာတော့မှာ မဟုတ်ဘူး...."

"အကြီးအကဲ?"

လုရွှမ်နဲ့ ရှန်းရှန်း တစ်ချိန်တည်းတွင် ရိုသေမှုအပြည့်ဖြင့် အော်ဟစ်ကြသည်။

"ကောင်းပြီ... သွားကြရအောင် ငါရှင်းပြနိုင်တာတွေကို ရှင်းပြပြီးပြီ.... ၆၆၃၀ အတွင်းမှာ လာရှာပါ...."

အဘိုးကြီးက ပြောနေချိန်မှာပဲ တင်ပျဉ်ခွေထိုင်ပြီး ပညာရှိကြီး မျက်လုံးများကို မှိတ်ကာ ရုတ်တရက် ဆုံးသွားခဲ့လေသည်။

"အကြီးအကဲ အငယ်တန်း မှတ်ထားပါပြီ"

လုရွှမ်သည် ဒူးထောက်ထိုင်ကာ သုံးကြိမ်တိုင်တိုင် ကန့်တော့လိုက်စဥ် သူ့မျက်လုံးများထဲတွင် မျက်ရည်များ စီးကျလာသည်။ ရှန်းရှန်းလည်း သုံးကြိမ် ဦးညွှတ်ပြီးနောက် လုရွှမ်ကို ဆွဲထူလိုက်သည်။

ရုတ်တရက် တံခါးပွင့်လာပြီး ရှေ့က စားပွဲထိုးနဲ့တူတဲ့ လူတစ်ယောက် ဝင်လာခဲ့သည်။ ထိုလူက သေဆုံးသွားသော အဘိုးအိုကိုမြင်တော့ ရိုသေစွာ ဦးညွှတ်ကာ။

"ကျေးဇူးပြုပြီး ဒီဘက်ကိုကြွပါ... ကျွန်တော့်ဆရာက ဒီနေ့သေဆုံးခြင်းကို ကြိုတင်မျှော်လင့်ထားပြီးသားပါ... မင်းတို့နှစ်ယောက် ဝမ်းနည်းနေစရာ မလိုပါဘူး ဆရာကြီးက ငါ့ကို အမြန်ဆုံးသတိပေးဖို့ တောင်းဆိုထားတယ် ရှေ့ဆက်ရမယ့်လမ်းက ခက်ခဲပြီး အန္တရာယ်များပေမယ့် မင်းရဲ့မူလ ရည်ရွယ်ချက်ကို မပြောင်းလဲဘဲ ရှေ့ကို ဆက်သွားနေမယ်လို့ မျှော်လင့်ပါတယ်တဲ့"

"ဟုတ်ကဲ့!"

လုရွှမ် လေးစားစွာ ခေါင်းညိတ်လိုက်သည်။

"လုရွှမ်.... နဂါးမျိုးနွယ်ကို သတိထားပါ"

လုရွှမ် အံ့အားသင့်စွာ ခေါင်းမော့ပြီး စားပွဲထိုးကို ကြည့်လိုက်သည်။ တစ်ဖက်လူမှာ ပေါ့ပေါ့တန်တန်သာ ပြုံးပြ၏။ အစောက အသံပို့လားသူက သူ လုံးဝမဟုတ်သလို သူတို့နှစ်ယောက်ကို ကြည့်​နေသည်။

သို့သော် လုရွှမ် ကြည့်လိုက်သောအခါ ၎င်းက တိတ်တဆိတ် မျက်လုံး မှိတ်တုတ်ပြလာသည်။ ၎င်းသည် သူ့သတိပေးချက် ဖြစ်ကြောင်း ညွှန်ပြ​နေသည်။

"နှုတ်ဆက်ပါတယ် ... ကျွန်တော့်ဆရာသခင်ရဲ့ လူဝင်စားခြင်းကို စုစည်းလိုက်ပါဦးမယ်...."

လုရွှမ် တစ်ဖန် ဦးညွှတ်ပြီး ရှန်းရှန်းကို ခေါ်သွားခဲ့သည်။

"သွားကြရအောင်!"

"အမ်"

သူတို့နှစ်ဦးသည် လေးလံသော စိတ်ဖြင့် မြို့တံခါးရှေ့သို့ ရောက်ရှိလာကြစဥ် အပြင်ဘက်က တိုက်ပွဲသံများကို ကြားလိုက်ရသည်။ မြို့တံခါးမှ လမ်းလျှောက်ထွက်ပြီးနောက် သူတို့နှစ်ဦးသည် အောက်ခြေလူများကို မကြည့်ဘဲ အဝေးသို့ တိုက်ရိုက် ပြေးသွားကြသည်။

"ကျုံးကျိုးထဲက တစ်ယောက်ယောက် ထွက်လာတယ်..."

"ဟေ့... သူတို့နှစ်ယောက်က ဘာလို့ နတ်မီးနယ်ပယ်ထဲမှာပဲ ရှိနေတာလဲ"

"အရမ်းမပျော့လွန်းတာ ကောင်းမယ်... မဟုတ်ရင် ဝင်ပြီးရင် ပြန်ထုတ်ခံရလိမ့်မယ် ဟားဟားဟား!"

အသံက သူတို့နားထဲ ဝင်မလာနိုင်အောင် မတားဆီးနိုင်ချေ။ ထို့အပြင် ၎င်းတို့နှစ်ဦးအပေါ် မှတ်ချက်ပေးသူများသည် ရှန်းရှန်းအသွင်အပြင်နှင့် ကျင့်ကြံမှုကို လှောင်ပြောင်ခဲ့ကြရာ ရှန်းရှန်းမျက်နှာကို ရှက်ရွံ့စွာ နီရဲသွားစေသည်။

"အစ်ကို....ဒီလူတွေက လွန်လွန်းတယ်"

လုရွှမ်ကတော့ အတွေးလွန်နေခဲ့သည်။ နဂါးများကို သတိထားဖို့ ပြောတာက ဘာကိုဆိုလိုတာလဲ။ ရှန်းရှန်းကို သတိထားရမှာလား။ တစ်နည်းဆိုရသော် နဂါးကျွန်းသွားတဲ့ ဒီခရီးစဉ်သည် အန္တရာယ်တွေနဲ ပြည့်နှက်နေမယ်လို့ အရိပ်အယောင်ပြနေတာလား။

"အစ်ကိုကြီး... ဘာတွေစဉ်းစားနေတာလဲ"

ရှန်းရှန်း လုရွှမ် လက်ကို တွန်းလိုက်သည်။ လုရွှမ် သတိပြန်ဝင်လာပြီး ရှန်းရှန်းရဲ့ ချစ်စရာ မျက်နှာလေးကို ကြည့်လိုက်တော့ သူမက စိုးရိမ်မှုအပြည့်နဲ့။ သူ ရှန်းရှန်းကို ဘယ်လိုသတိထားရမလဲ။

သတိပြန်ဝင်လာသောအခါ အနောက်မှ ညစ်ညမ်းသော မှတ်ချက်စကားများကို ချက်ချင်း ကြားလိုက်ရပြီး လုရွှမ်မျက်နှာလည်း ရုတ်တရက် မည်းမှောင်သွားတော့သည်။

လူတွေအများကြီး ၎င်းတို့ဆီသို့ ပျံသန်းလာပြီး အရှက်မရှိဘဲ လမ်းကို ပိတ်ဆို့ခဲ့ကြသည်။

"ဟေ့ ကောင်လေး မင်းမှာ ပစ္စည်းကောင်းတွေ အများကြီး ရှိတယ် မဟုတ်လား... ဘာလို့ ထုတ်မဝေ​ပေးတာလဲ..."

"ဟုတ်​တယ်​ ညီမ​လေးက အရမ်းထက်​မြက်​ပါတယ်​... ဒီ​ကောင်​နဲ့ ဘယ်​လို​​နေရမှာလဲ... ဒီအစ်​ကိုနဲ့ လိုက်ခဲ့ပါလား... မင်း​ မသေချင်​​လောက်​​အောင်​ သက်​သက်သာသာ ဖြစ်အောင် သေချာ​လုပ်​​ပေးမယ်​လေ ဟားဟားဟား...."

အထူးသဖြင့် ညစ်ညမ်းသော မျက်နှာဖြင့် လူများသည် ရှန်းရှန်းကို တစ်ယောက်ပြီးတစ်ယောက် ကြည့်ကာ ရယ်​မော​နေကြသည်။ ရှန်းရှန်း အလွန်ဒေါသထွက်နေသဖြင့် ထာဝရအသက်ဓားကို တိုက်ရိုက်ဆွဲထုတ်ပြီး တစ်ချက်တည်းနှင့် ခုတ်ပစ်လိုက်သည်။

"သြော် ဒီကောင်မလေးက တော်တော် ပူနေပုံပဲ... စိတ်ဆိုးတယ်ပေါ့ ဟားဟား... ဒီကိုကိုက ဒီလိုမျိုး မိန်းကလေးတွေကို ကြိုက်တယ်ကွ!"

"ဟင် အဲဒါက ဘာလက်နက်လဲ!"

"အား"

လူလေးဦး ရှန်းရှန်းရဲ့ ဓားတစ်ချက်တည်းဖြင့် တိုက်ရိုက် အသတ်ခံလိုက်ရစဥ် တခြားသူများမှာ ထိတ်လန့်ကာ အမြန်လှည့်ပြေးသွားကြသည်။ သူတို့ ဒီတစ်ကြိမ် ပျားအုံကို တုတ်နဲ့သွားထိုးပြီး မစော်ကားနိုင်တဲ့ သူတစ်ယောက်ကို စော်ကားမိသွားမှန်း သိလိုက်ပါပြီ။

သို့သော် လုရွှမ်က ဒီလူတွေကို လွတ်မြောက်ခွင့် ဘယ်ပေးပါ့မလဲ။ နေဖြိုခွင်းနတ်လေးကို ဆွဲထုတ်လိုက်သည်နှင့် မြှားတစ်စင်းစီက အသက်တစ်ချောင်းစီကို နှုတ်သွားတော့သည်။ အပေါ်ကလူနှစ်ယောက် သူတို့ကိုပါ အမြင်ကတ်ရင် ဓားစွမ်းအင်နဲ့ မြှားပစ်မှာကို ကြောက်တာကြောင့် အောက်က လူတွေခမျာ ခေါင်းကို လုံးဝ မထောင်ဘဲ ငုံ့ထားကြလေသည်။

"ကောင်းပြီ ရှန်းရှန်း သွားရအောင်"

"အွန်း"

ရှန်းရှန်းမျက်နှာသည် မည်းမှောင်နေဆဲ ဖြစ်သော်လည်း မိုးကုပ်စက်ဝိုင်းမှ ပျောက်ကွယ်သွားသော လုရွှမ်နောက်သို့ အမြန်လိုက်သွားခဲ့သည်။

အောက်ဖက်မှ လူအားလုံးကလည်း ထွက်ခွာသွားသော လူနှစ်ယောက်ကို ချောင်းကြည့်မိပြီးနောက်မှ သူတို့အာရုံများ ပြန်လည် ကောင်းမွန်လာခဲ့သည်။

"ကျုံးကျိုးမှာရှိတဲ့ လူတွေအကုန်လုံး အရမ်းကြောက်စရာ ကောင်းကြတာလား? သူတို့တောင် နတ်မီးနယ်ပယ်ပဲ ရှိသေးတယ် "

"ဘယ်သူက သိမှာလဲ... နောက်ပြီး သူတို့နှစ်ယောက်က လူသားတွေလားဆိုတာ ပြောဖို့ခက်တယ်"

"အဲဒီလူကို ငါတွေ့ဖူးတယ် သူက လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ပထမမြို့ကို ဝင်ခဲ့တာလေ... အဲဒီတုန်းက သူ့ရဲ့အဆင့်က နတ်မီးနယ်ပယ် ကိုးအဆင့်ပဲ ရှိသေးတယ်...."

ထို့နောက် လူတိုင်းက တုန်လှုပ်ခြောက်ခြားပြီး စကားမပြောကြတော့ပေ။

All Chapters