← Chapters

ဟန်သွမ့်တောင်တန်းများ

Vol. 133 Ch. 4.1508

ဟန်သွမ့်တောင်တန်းများ

Vol. 133 Ch. 4.1508

ရှန်းရှန်းကိုယ်တိုင်က ကလေးပဲရှိသေးတာ ဖြစ်သည်။ သူမမှာ ကလေးလို ဒေါသကို သဘာဝအတိုင်း ရှေ့တန်း ထားထားသော်လည်း ခဏအကြာမှာတော့ သူမရဲ့ စိတ်က ပြန်လည်ကောင်းမွန်လာကာ လုရွှမ်နဲ့ တောင်ပိုင်းဒေသ အကြောင်းပြောခဲ့သည်။

တောင်ပိုင်းဒေသသည် ဒဏ္ဍာရီအရ အဓိကဒေသကြီးငါးခုတွင် လျှို့ဝှက်ဆန်းကြယ်ဆုံး ဒေသဖြစ်ပြီး မြေမျက်နှာသွင်ပြင်က သွားလာရတာ အလွန်ခက်ခဲသည်။ အန္တရာယ်များသော်လည်း ဝိညာဉ်စွမ်းအင်ကတော့ အလွန်ပေါများပါသည်။ အားနည်းတဲ့ အရည်အချင်းရှိတဲ့သူတိုင်း အဲဒီထဲမှာ နေလို့မရချေ။

ရှန်းရှန်း ပြောပြပြီးမှ လုရွှမ်လည်း တောင်ပိုင်းနယ်မြေကို နဂါးမျိုးနွယ်မှ သိမ်းပိုက်ထားခြင်း မဟုတ်ကြောင်းနှင့် တောင်ပိုင်းနယ်မြေတွင် နဂါးမျိုးနွယ်တွေကလည်း အများအပြား မရှိခဲ့ဘဲ ရက်စက်သောတိရစ္ဆာန်များနှင့် သားရဲများစွာသာ အများဆုံး ကျက်စားကြောင်း သိလိုက်ရသည်။

လူသားချို့လည်း ရှိသော်လည်း ၎င်းတို့ထဲမှ အများစုမှာ ဝိညာဥ်သားများနှင့် နတ်သားရဲများ၏ ကျွန်များသာ ဖြစ်လာကြပြီး အဆင့်အတန်းအရ မြောက်ဖက်ဒေသက လူတွေထက်ပင် ပိုဆိုးသွားကြသည်။

နဂါးမျိုးနွယ်သည် လူသားမျိုးနွယ်အတွက် စစ်မှန်သော တားမြစ်နယ်မြေ ဖြစ်သည့်အပြင် တောင်ပိုင်းနယ်မြေရှိ နဂါးကျွန်းတွင်သာ အနေများကြသည်။

"ညီမကို ချီလီ ပြန်ပေးဆွဲခံရပြီးကတည်းက ပျောက်သွားရတာ ဆိုတော့ မိသားစုဝင်တွေ အကုန်လုံး စိတ်ပူနေပြီ ထင်တယ်..."

ရှန်းရှန်းပြောပြီး ပါးစပ်​​လေး ဟကာ သူ့မိသားစုအကြောင်း တွေးရင်း မျက်လုံးတွေ ဝေဝါးလာခဲ့လေသည်။

"စိတ်မပူပါနဲ့... ငါတို့ မကြာခင် ပြန်ရောက်တော့မှာပါ"

လုရွှမ် နှစ်သိမ့်ပေးနေပေမယ့် တောင်ပိုင်းနယ်မြေက အရမ်းဝေးနေသေးပြီး သတင်းတောင် မရသေးပေ။ အတိအကျ ပြောရသော် ဝေးလွန်းတာက ကမ္ဘာကြီးသည် အလွန်ကြီးမားသောကြောင့်ပင်။ နဂါးမျိုးနွယ်က ရှန်းရှန်းကို ဘယ်လောက်ပဲ စိုးရိမ်ပူပန်နေပါစေ ရှာမတွေ့နိုင်ပေ။

ထိုစဥ် အသံတစ်သံနှင့်အတူ အလွန်ထက်မြက်သော စွမ်းအင်တစ်ခု လေထုကို ပြင်းထန်စွာ ပွတ်တိုက်သွားသည်။ လုရွှမ် ချက်ချင်းပင် ရှန်းရှန်းကို သူ့အနောက်မှာ ထားကာ လက်နှစ်ဖက်ကို မြှောက်လိုက်သည်။

သခင်တွေ ပြိုင်ကြတဲ့အခါ အများစုဟာ လှုပ်ရှားမှုတွေ ပြီးသွားပြီးမှ အသံထွက်လာတာမလို့ အထူးသတိထားရမည်။ အစောက ခြိမ်းခြောက်မှုမျိုး မခံစားရပေ။ အခုနေ အသံကြားတော့မှ ဆိုရင် ခုခံဖို့ အရမ်းနောက်ကျနေပြီ။

စောင့်မျှော်နေသော တိုက်ခိုက်မှုသည် ရောက်မလာချေ။ ခဏအကြာတွင် လုရွှမ် ရှန်းရှန်းကို လွှတ်လိုက်ပြီး နားမလည်နိုင်သလို ဖြစ်သွားသည်။

"အစ်ကိုလုရွှမ် ဘာဖြစ်နေတာလဲ"

လုရွှမ်မျက်နှာပေါ်က အမူအရာက တစ်ခုခုကို သတိထားနေတုန်းပင်။

"ရှန်းရှန်း အစောက ကောင်းကင်ကို ဖောက်ထွက်သံကို မကြားမိဘူးလား တစ်ယောက်ယောက်က မြှားပစ်နေသလိုပဲ"

ရှန်းရှန်းက သူမခေါင်းကို ထပ်ခါတလဲလဲ ခါလိုက်ပြီး။

"ဘာမှမကြားဘူး"

"ဟုတ်လား?"

ထို့နောက် သူတို့နှစ်ယောက်က ဟန်သွမ့်တောင်ပေါ်ကို ပျံသန်းသွားခဲ့သည်။

ဝုန်း!

အစောကအသံပဲ!

လုရွှမ် ရှန်းရှန်းကို လျင်မြန်စွာ ပွေ့ဖက်လိုက်ပြီး လမ်းမှ ရှောင်ထွက်သွားသည်။ ဒါပေမဲ့ အရင်ကလို လှုပ်ရှားမှု မရှိတော့ဘူး။ ရှန်းရှန်းလည်း အံ့သြသွားသည်။

"ကိုကို...ထပ်ဖြစ်ပြန်ပြီလား"

လုရွှမ် တိုးတိုးလေး ငုံ့မေးလိုက်သည်။

"မင်းမကြားသေးဘူးလား?"

ရှန်းရှန်း ခေါင်းယမ်းလိုက်သည်။

"ခဏနေဦး...."

လုရွှမ်သည် အလယ်ပိုင်းဒေသ တစ်ခုလုံးကို ဖုံးအုပ်ထားသည့် ဟန်သွမ့်တောင်များကို ကြည့်လိုက်သည်။ တစ်ခုခုကို ခံစားမိဖို့ အနည်းငယ် ခက်ခဲနေသေးသော်လည်း ယခုတော့ လေပြေလေး ရှိနေသလို ခံစားလိုက်ရသည်။

ဝုန်း!

ပုံရိပ်တစ်ခု ပေါ်လာသည်။

မိုးကြိုးပစ်တဲ့ညဖြစ်ပေမဲ့ လဟာ ကောင်းကင်မှာ တောက်ပနေပြီး ကောင်းကင်တခွင်ကလည်း အလင်းတန်းတွေက ကမ္ဘာကြီးတစ်ခုလုံးကို နှိုင်းမရတဲ့ ကြည်လင် ပြတ်သားမှုနဲ့အတူ ရောင်ပြန်ဟပ်နေပါသည်။

ဒါ အတိဒုက္ခကို ဖြတ်ကျော်​နေတဲ့ နဂါးတစ်ကောင်ပဲ!

အနီရောင်တောက်နေသော ခန္ဓာကိုယ်က အလင်းရောင်သည် မိုင်ပေါင်းသန်းပေါင်းများစွာ ရှည်လျားစွာ ဆန့်ထွက်လျက် ရှိသည်။ နတ်မိုးခြိမ်းသံသည် အလင်းကိုးရောင် ဖြာထွက်နေ၏။ ၎င်းကိုကြည့်ရုံဖြင့် အမြင့်ဆုံးဖိအားနှင့် ကြောက်မက်ဖွယ် ခြိမ်းခြောက်နိုင်တဲ့ အငွေ့အသက်တို့ကို ခံစားနိုင်သည်။

အဆက်မပြတ် ဟောက်နေသည့် နတ်နဂါးကို နတ်မိုးကြိုးက တိုက်ခိုက်လိုက်ရာ ၎င်း၏ခန္ဓာကိုယ်သည် မိုးခြိမ်းသံကြောင့် မြေပြင်ပေါ်သို့ အထပ်ထပ် လဲကျသွားသည်။ သို့သော် နောက်တစ်ကြိမ် ထပ်ပျံသွားခဲ့သည်။ နတ်မိုးကြိုးတွေက အဆက်မပြတ် ပျံသန်းလာကြပြီး ကောင်းကင်က အရောင် ကိုးရောင်ရှိသော တိမ်တိုက် အရွယ်အစားသည်လည်း ဆက်လက် ကျယ်ပြန့်လာသည်။

အဆုံးတွင် မိုးကြိုးတိမ်များ အားလုံးနီးပါးသည် နတ်နဂါးတစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားခဲ့သည်။

ဤတစ်ကြိမ် နတ်နဂါးသည် နတ်မိုးကြိုးဆီကနေ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။ ပိုကြောက်စရာကောင်းတာက ထိုမိုးကြိုးများသည် နတ်နဂါး၏ ခန္ဓာကိုယ်ကို ရွှံ့များကဲ့သို့ အလွှာလိုက် ဖုံးအုပ်ပစ်လေရာ နတ်နဂါးလည်း ကောင်းကင်မှ ပြုတ်ကျသွားသည်။

၎င်း၏ ခန္ဓာကိုယ်ပေါ်က တောက်ပသော အလင်းတန်းများ မရှိတော့ဘဲ မည်းမှောင်သွားကာ မြေပြင်ကို ပြင်းထန်စွာ ထိမှန်၍ တောင်တန်းများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဒါက ဟန်သွမ့်တောင်များ တည်ထောင်ထားရခြင်းရဲ့ အကြောင်းရင်း ဖြစ်နိုင်လား။

ထို့နောက် အနီရောင် အရိပ်တစ်ခုက တောင်တွေပေါ်ကနေ ပြေးတက်လာပြီး မိုးကြိုးတိမ်တွေကို ဖြတ်ကျော်သွားသည်။ သို့သော် သူ၏ တက်ကြွမှုမှာ ပြင်းထန်စွာ ပျက်စီးသွားပြီ။ လက်ကျန်ဝိညာဉ်တစ်ခုသာ ကောင်းကင်သို့ တိုးဝင် ပျောက်ကွယ်သွားတာ ထင်ရှား​လေသည်။

"အစ်ကိုကြီးလုရွှမ် အစ်ကိုလုရွှမ်!"

ရှန်းရှန်း လုရွှမ်ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် တွန်းနေရင်း သူမ ထိတ်လန့်သွားသည်။

အစ်ကိုဖြစ်သူ လုရွှမ်ဟာ နတ်ဆိုးတစ်ကောင် ဝင်ပူးနေသလိုမျိုး တောင်တွေဆီ လမ်းလျှောက်လာရင်း လက်ဖဝါးတွေကို တောင်ပေါ်တင်ကာ မျက်လုံးကာ ငြိမ်သက်နေလေသည်။ သူ့ရဲ့ ညင်သာစွာ ပွတ်သပ်နေပုံက အချစ်ဆုံးအရာကို ဆုပ်ကိုင်လိုက်သလိုပင်။

ဒီလိုထိတွေ့မှုဟာ သုံးရက်လောက်ကြာတဲ့အထိ ပြောင်းလဲမသွားပေ။ သူမ ဘယ်လိုရွေ့ပြောင်း၊ တွန်းချနေပါစေ လုရွှမ်က မလှုပ်မယှက်ဘဲမလို့ သူမကို ထိတ်လန့်သွားစေခဲ့သည်။

လုရွှမ် ရုတ်​တရက်​ လှည့်​ကြည့်​လိုက်​ချိန် သူ့ခန္ဓာကိုယ်​ဘယ်​ဘက်​ခြမ်းက စွမ်းအင်​​တွေ​ကြောင့်​ တုန်​လှုပ်​သွားပြီး ​မြေပြင်​ကို လဲကျလုနီးပါး ဖြစ်​သွားသည်​။

"ရှန်းရှန်း?"

"အား! အစ်ကို အဆင်ပြေရဲ့လား?"

လုရွှမ် ခေါင်းခါပြီး ရိုးရိုးတောင်တန်းတွေဆီကို မော့ကြည့်လိုက်သည်။ သူ့နားထဲတွင် မြှားသံများကဲ့သို့ တုန်တုန်ယင်ယင် အသံများ ရှိနေသေးသော်လည်း ယခုအချိန်တွင် လုရွှမ် သူတစ်ယောက်တည်းသာ ကြား​နေရသည်။

လူတွေက မမြင်နိုင်၊ မကြားနိုင်တာကို ဘာကြောင့်မှန်း မသိပေမယ့် သူ အာရုံခံနိုင်သည်။ သို့သော် ၎င်းတို့ကို ပို၍ပင် ထိတ်လန့်စေသည့်အရာမှာ ဟန်သွမ့်တောင်များ ကျိုးပဲ့ပျက်စီးသွားရင် ဘိုး​ဘေးသားရဲရဲ့ လွတ်မြောက်မှုက သိသိသာသာပင် မရပ်တန့်နိုင်တော့ပေ။

တစ်ချိန်က လင်းလက်တောက်ပခဲ့သော နတ်နဂါးသည် သွေးချင်းနီရဲပြီး တောက်လောင်သော အလင်းတန်းများက ဖြာထွက်နေသည်။ တန်ခိုးကြီးပြီး ရှည်လျားသော ခန္ဓာကိုယ်ကို ကြည့်ရင် ၎င်းမှာ ဒဏ္ဍာရီလာ အထက်နဂါးတွေက ဖယောင်းနတ်နဂါးပဲ ဖြစ်ရမည်။

"အဆင်ပြေပါတယ်... အစောက နည်းနည်းလေး စိတ်ရှုပ်သွားလို့"

ရှန်းရှန်း မယုံပေ။

"အစ်ကို ညီမကို မခြောက်နဲ့နော်"

"ရပါတယ် စိတ်မပူပါနဲ့ သွားကြရအောင်"

နှစ်ယောက်သား တောင်များအနီးရှိ ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။ ဤသာမာန်တောင်များသည် တစ်ချိန်က နတ်နဂါးတစ်ကောင်၏ စုပုံနေသော ခန္ဓာကိုယ်ဖြစ်ကြောင်း သိလိုက်ရပြီးနောက် ရှင်းရှင်းလင်းလင်းပင် ပြန်ကြည့်မိသည်။

တောင်နံရံတွင် အမှန်တကယ် အပေါက်များ တစ်ခုပြီးတစ်ခု ရှိနေပြီး စွမ်းအင်များ လျင်မြန်စွာ လွတ်မြောက်သွားပြီးနောက် တုန်လှုပ်ချောက်ချားသော အသံတစ်ခု ထွက်ပေါ်လာသည်။ နောက်ကြောင်း ပြန်ကြည့်လိုက်ရင် ဒီနေရာကို ဘယ်သူမှမမြင်ဖူးသလို ဘယ်သူမှ မထင်မှတ်ထားတဲ့ အလွန်ကြီးကျယ်ခမ်းနားပြီး မှော်ဆန်တဲ့ တောင်တန်းတွေ ပြိုကျလုနီးပါး ဖြစ်နေပြီဆိုတာ မြင်ရပေလိမ့်မည်။

"ဟားဟား ကောင်လေး နောက်ဆုံးတော့ ထွက်လာပြီပေါ့... ငါတို့ မင်းကို စောင့်နေတာကြာပြီကွ!"

ရင်းနှီးတဲ့ အသံတစ်သံ ထွက်ပေါ်လာသည်။ ရှန်းရှန်းကို ပြန်ပေးဆွဲသွားသော ဦးချိုနဂါး ချီလီ၏ ရုပ်ပုံသည် လေထဲတွင် တောက်ပနေပြီး လူသုံးယောက်က သူ့နောက်တွင်ရပ်နေကြကာ ၎င်းတို့နှစ်ဦးကို စက်ဝိုင်းပုံတစ်ခုဖြင့် ကာရံထားသည်။

ကျန်တဲ့ သုံးယောက်ကတော့ အတူတူပါပဲ။ အားလုံးက အသိမိတ်ဆွေတွေ။

အဲ့ကောင်လေး သုံးယောက်ကတော့ ရဲ့ရှား၊ ကောင်းကင်လူသားနဲ့ မြွေလူသားတို့ပဲ ​ဖြစ်ပြီး ချီလီနဲ့ ပူးပေါင်းခဲ့ကြပုံပါပဲ။

All Chapters